Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥
Chapter 26
{မြင်သာမြင်ပေမဲ့မကြင်ရသလိုထွေးပွေ့ခွင့်လေးတောင်မရှိနေခဲ့ပါ}
"Hyung....ရောက်ပြီ.....HyungပြောတာဒီMallမလား"
"အင်းဟုတ်တယ်....ဒီကစာအုပ်ဆိုင်တစ်ခုမှာဆိုတော်တော်စုံတယ်"
"ဟုတ်လား....ဒါဆိုအတော်ပဲဖြစ်သွားတာပေါ့"
သူတို့နှစ်ဦးလည်းMallရဲ့မြေအောက်ကားပါကင်ဆီမောင်းသွားလိုက်ကြပြီးJaehyunမှကားပေါ်ကဆင်းမယ်လုပ်တော့Hyunjunကအမြန်ဆင်းကာကားတံခါးကိုလာဖွင့်ပေးသည်။
"ကျေးဇူးပါ Hyunjun "
"ဟုတ်.....ရပါတယ်"
အခုမှစသိတဲ့သူကသူ့အတွက်အခုလိုမျိုးတွေလုပ်ပေးတာJaehyunနည်းနည်းတော့အားနာမိပါသည်။သို့ပေမဲ့Hyunjunပုံစံကိုကဖော်ရွေသည်မလို့Jaehyunလည်းနှစ်သက်မိပါသည်။နှစ်ယောက်သားကခင်မင်တတ်သူတွေလည်းဖြစ်တော့ခနလေးနှင့်ပင်ရင်းနှီးသွားကြသည်။
"ဒါနဲ့Hyungက Seoulမှာပဲမွေးတာလား"
"မဟုတ်ဘူး....HyungကIncheonမှာမွေးတာ "
"အော်....ဒါဆိုကြီးတာကလည်းIncheonပဲပေါ့"
Hyunjunမှမေးတော့Jaehyunကခပ်ဖွဖွလေးရယ်ရင်း
"မဟုတ်ဘူး....Hyungကငယ်ငယ်လေးကတည်းကခနခနအိမ်ပြောင်းနေရတယ် ဒါမဲ့မူလတန်းစတက်ပြီးအထက်တန်းထိကတော့Incheonနားကနယ်မြို့လေးတစ်မြို့မှာနေခဲ့တာ"
Jaehyunလည်းပြောရင်းအတွေးများကတစ်ယောက်သောသူလေးဆီသို့ရောက်သွားပြန်သည်။
"အာ....အဲ့လိုလား ပြီးတော့မှဒီမှာUniတက်ပြီးနေတာပေါ့"
"အင်း...ဟုတ်တယ်....Junnieကရော"
"Junnie?? "
"အာ.....sorry စာသင်ပေးတဲ့ကလေးတွေကိုဆိုနာမည်အဖျားစွတ်ပြီးခေါ်နေကြဆိုတော့အကျင့်ပါသွားလို့ပါ"
"ရပါတယ်....ကျွန်တော်ကြိုက်တယ်....Junnieလို့ခေါ်လည်းရပါတယ်....ကျွန်တော်လည်းကလေးလုပ်တာပေါ့"
Hyunjunမှ စ တော့Jaehyunကရယ်သည်။နှုတ်ခမ်းပါးလေးနှစ်ဖက်ကွေးညွှတ်တက်သွားပြီးရယ်လိုက်သည့်JaehyunပုံဟာHyunjunမျက်လုံးထဲမှာတော့အရမ်းကိုချစ်ဖို့ကောင်းနေသည်မလို့စိတ်ကိုမနည်းထိန်းထားရလေသည်။
သူ လူတစ်ယောက်ပြုံးရယ်တာလေးကြည့်မိပြီးဘာလို့နှလုံးသားတစ်နေရာကအခုန်နှုန်းတွေမြန်လာပါလိမ့်။ ပထမဦးဆုံးစတွေ့ဖူးတဲ့သူကိုသူရင်တွေခုန်နေမိပြီလား။
"Junnieဘာတွေတွေးနေတာလည်း ဓာတ်လှေကားပွင့်လာပြီလေ"
"အာ....ဟုတ်ကဲ့ဟုတ်ကဲ့"
ထိုစဥ်ဓာတ်လှေကားပိတ်ခါနီးကျမှဝုန်းခနဲအရှေ့ကိုရောက်လာကာတံခါးအားလာတားသည်သူတစ်ယောက်။ အထက်အောက်အနက်ဝမ်းဆက်ကိုဝတ်ထားပြီးMaskလည်းတပ် ဦးထုပ်လည်းဆောင်းထားသည်မလို့JaehyunကောHyunjunကောအနည်းငယ်လန့်သွားကြသည်။
"Sorryပါ...တံခါးပိတ်သွားမှာစိုးလို့"
ထိုmaskတပ်ထားသည့်သူမှပြောပြီးဓာတ်လှေကားထဲသို့ဝင်လာတော့Jaehyunအနည်းငယ်လန့်နေမိပေမဲ့ရင်းနှီးနေသည်ဟုလည်းစိတ်ကထင်မိသည်။ဘာကြောင့်ရယ်လည်းသူ့ကိုယ်သူမသိပါလေ။
ထိုစဥ်သူ့ပခုံးပေါ်သို့ရောက်လာသည့်Hyunjunလက်။ သူတွန့်သွားတော့Hyunjunကအနားကပ်ကာလေသံလေးဖြင့်
"Hyung ဟိုလူကိုကြောက်နေမှာစိုးလို့"
HyunjunကJaehyunကြောက်နေမှာစိုးကာJaehyunပခုံးကိုဖက်ထားရင်းအနားကိုလည်းကပ်ထားသည်မလို့အခုအခြေနေအရHyunjunရဲ့ရင်ခွင်ထဲမှာJaehyunကဝင်နေသလိုဖြစ်နေသည်။
ဘယ်သူသိနိုင်မှာလည်းနော်။ ထိုmaskတပ်ထားသည့်အနက်ဝမ်းဆက်နဲ့ကောင်လေးရဲ့ရင်ထဲမှာအနီးကပ်မြင်နေရသည့်မြင်ကွင်းကြောင့်ဘယ်လောက်တောင်ဗလောင်ဆူနေမလည်းဆိုတာ။
"ကိုယ်မဟုတ်ဘဲနဲ့ တစ်ခြားသူတစ်ယောက်ရဲ့ရင်ခွင်ထဲကိုဝင်နိုင်တယ်ပေါ့Jaeရယ်....."
သူလိုက်လာမိတာများမှားသွားပြီလား။ နှစ်ယောက်ကသူသံသယဝင်နေခဲ့သလိုမျိုးတော့မဟုတ်လောက်ပါဘူးနော်။
......................
"ဒီဆိုင်မှာလေ စာအုပ်အစုံရှိတယ်ဆိုတာ"
"အာ......ဆိုင်ကမိုက်သားပဲ ကျွန်တော်တို့ဝင်ကြည့်ရအောင်"
"အင်း...."
ဒီလိုနဲ့နှစ်ယောက်သားလည်းကလေးနှစ်ယောက်အတွက်သင်ပေးမည့်စာအုပ်တွေကိုအတူတူရွေးဝယ်ကြလေသည်။ စာဖတ်ရတာကြိုက်သည့်Jaehyunအတွက်စာအုပ်ဆိုင်ဟာဘုံဗိမ္မာန်တစ်ခုပင်ဖြစ်သည်မလို့စာအုပ်ရွေးနေရတာကိုသူအရမ်းတွေပျော်နေမိလေသည်။
"Junnie!!! ဒီမှာလာကြည့်ကြည့် ဒီစာအုပ်ဆိုမကြာသေးခင်ကမှအသစ်ထွက်ထားတာ"
"ဟုတ်လား...ပြကြည့်Hyung....ကျွန်တော်ဒီစာရေးဆရာကိုမဖတ်ဖူးသေးဘူးပဲ"
"အရမ်းကောင်းတာဒီစာအုပ်က "
"ဟုတ်လား....ဒါဆိုHyungကကောင်းတယ်ပြောတော့ကျွန်တော်ဖတ်ကြည့်ရမယ်"
နှစ်ယောက်သားစာအုပ်တွေလိုက်ကြည့်ရင်းJaehyunပြောသမျှကိုလည်းHyunjunကလိုက်နားထောင်ပေးရင်အတိုင်ဖောက်ညီညီပင်။အတိုင်ဖောက်မညီနိုင်ဘဲရင်ထဲကိုငရဲမီးအိုးတောက်သလိုဗလာင်ဆူနေသူကတော့စာအုပ်ဆိုင်ရဲ့အကွယ်တစ်နေရာမှJuyeonပင်ဖြစ်သည်။
သူနဲ့သာလျှင်ပြုံးရယ်နေတတ်သည့်Jaeကအခုတော့သူမဟုတ်သည့်အခြားတစ်ယောက်နဲ့အတူပြုံးရယ်ကာပျော်ရွှင်နေပြီး သူ့ရင်ခွင်ကိုသာမှီခဲ့လေ့ရှိသည့်Jaeက စောနကတော့သူမဟုတ်တဲ့တစ်ပါးသူရဲ့ရင်ခွင်ထဲရောက်လို့နေသည်။
သူမ​ကြိုက်ဘူး လုံးဝမကြိုက်ဘူး။ သူတစ်ယောက်သာလျှင်ပိုင်တဲ့သူ့ရဲ့မြတ်နိုးရာလေးကိုတစ်ခြားသူနဲ့အတူတူတွဲပြီးတွေ့နေရတာမျိုးကိုသူမ​ကြိုက်ဘူး။ စိတ်ထဲရှိတဲ့အတိုင်းသာဆိုJaehyunကိုချီသွားပြီးသူတစ်ယောက်သာလျှင်မြင်တွေ့နိုင်မည့်နေရာတစ်ခုသို့ခေါ်သွားမိချင်သည်။လောဘကြီးပြီးတစ်ကိုယ်ကောင်းဆန်ချင်မိသည်။
ဒါပေမဲ့သူမလုပ်နိုင်ဘူး။သူ့မှာအဲ့လိုလုပ်နိုင်တဲ့သတ္တိမှမရှိသေးဘဲ။လူဘယ်နှစ်ယောက်ကိုပဲဖြစ်ဖြစ်တွေဝေခြင်းမရှိစွာသတ်နိုင်ခဲ့သည့်Juyeonကဒီကိစ္စနဲ့ပတ်သက်လာရင်တော့သူဟာအလိုလိုအားပျော့သည့်သူဖြစ်သွားခဲ့လေသည်။
"Jaeရယ်......စာထဲမှာကိုယ်ရေးထားခဲ့တဲ့နောက်ဆုံးအကြောင်းလေးကိုအရေးမလုပ်တော့တာလား"
.......................
"ညနေ4နာရီတောင်ရှိနေပြီပဲ ကျွန်တော်တို့လက်ကောက်သွားကြည့်ရဦးမှာကို"
"ရပါတယ် Junnieရဲ့.....Hyungကိုပြန်မဝယ်ပေးလည်းရပါတယ်...အဲ့လိုဒီဇိုင်းမျိုးကလည်းရှာလို့ခက်နေမှာ ကြာပြီဆိုတော့လေ"
"အေးနော်.....ဒါဆိုလည်းကျွန်တော့်အိမ်အရင်ပြန်ကြတာပေါ့....အဲ့မှာYounghoon hyungလည်းရှိတယ်"
"အင်းအင်း...ကောင်းပြီလေ ကလေးတွေနဲ့လည်းအရင်မိတ်ဆက်ရတာပေါ့"
"ဟုတ်....ဒါဆိုလာ...သွားရအောင်Hyung"
ဆိုကာHyunjunမှကားတံခါးကိုအဆင်သင့်ဖွင့်ပေးပြန်သည်။Jaehyunကတော့အပြုံးလေးတစ်ခုနဲ့သာပြန်တုံ့ပြန်ရင်းကားထဲဝင်လိုက်သည်။
Jaehyunပုံက လာတုန်းကလိုမျိုးမှိုင်တွေတွေလေးမဖြစ်နေတော့တာပဲHyunjunစိတ်ချမ်းသာရပါသည်။သို့ပေမဲ့သူဘာကြောင့်ရယ်မသိJaehyunနားကနေဝမ်းနည်းသည့်အငွေ့အသက်တွေကိုရသေးသည်။
...............
မိနစ်တော်တော်ကြာကြာမောင်းပြီးတဲ့နောက်မှာတော့အုတ်တံတိုင်းတွေကာရံထားသည့်ခြံအကျယ်ကြီးနှင့်အိမ်အားJaehyunတို့ရောက်သွားလေသည်။
အိမ်မှာသုံးထပ်တိုက်အကြီးဖြစ်ပြီးhigh classဆန်ပုံကိုကြည့်သည်နှင့်Hyunjunကသာမန်လူလတ်တန်းစားမျိုးရိုးထဲကတော့မဟုတ်လောက်မှန်းJaehyunခန့်မှန်းမိပါသည်။
သို့ပေမဲ့Hyunjunကသူဌေးသားဆိုပြီးမာန်မာနမျိုးလည်းမရှိတော့Jaehyunစိတ်သက်သာရာရပါသည်။
သူတို့လည်းကားပေါ်မှဆင်းတော့ဂါဝန်ဝတ်ထားသည့်ကောင်မလေးတစ်ယောက်ရယ်shirtအပွအမည်းရောင်ကိုဝတ်ထားသည့်ကောင်မလေးတစ်ယောက်ရယ်ကအပြေးလေးလာကြိုရှာသည်။ကြည့်ရတာHyunjunညီမလေးတွေဖြစ်မည်ထင်။
"You're back!!!! Did you get that I ordered??"
ထိုကောင်မလေးနှစ်ယောက်ထဲမှတစ်ယောက်ကမေးတော့Hyunjunမှအထုတ်တစ်ထုတ်ကိုကမ်းပေးလိုက်ကာ
"Ofcourse why should I forget about it"
"Yayyy!!!! Our big bro is the best!!!"
ဆိုကာကောင်မလေးနှစ်​ယောက်မှJaehyunကိုတောင်သတိမထားမိလိုက်ဘဲမုန့်ထုတ်လေးတွေဆွဲကာအိမ်ထဲကိုပြေးဝင်သွားကြလေသည်။
"Junnie ရဲ့accent ကနားထောင်လို့ကောင်းသားပဲ ဆွဲဆောင်မှုရှိတယ်"
"ဟုတ်လို့လား....ကျွန်တော်ကလူပါဆွဲဆောင်မှာရှိတာမဟုတ်ဘူးလား"
Hyunjunမှစသလိုလိုနောက်သလိုလိုဖြင့်Jaehyunမျက်နှာနားကပ်ကာမေးတော့ဟိုကရယ်မိလေသည်။
"အမလေး!!!! မင်းတို့နှစ်ယောက်ကလည်းဟယ်....အိမ်ရှေ့ကြီးမှာ"
ဘယ်တုန်းကပေါ်လာမှန်းမသိသည့်Younghoonပြောတော့မှHyunjunကခွာလိုက်လေသည်။Jaehyunကလည်းထိုမှသာအနည်းငယ်ရှက်သွားသယောင်ယောင်။
..........
"နှုတ်ဆက်လိုက်ဦး....ဒါနင်တို့ကိုစာသင်ပေးမဲ့ဆရာပဲ"
Hyunjunမှကိုရီးယားလိုပြောတော့ကောင်မလေးနှစ်ယောက်ကအတော်ကိုနားထောင်ယူရသည့်ပုံပင်။တစ်အောင့်လောက်ကြာနားလည်သွားတော့မှမပီကလာပီကလာလေးနဲ့Jaehyunကိုနှုတ်ဆက်လာသည်။
"မင်္ဂလာပါ Teacher"
"အင်း.....တွေ့ရတာဝမ်းသာပါတယ် ကလေးတို့...ဒါနဲ့မင်းတို့လေးတွေနာမည်ဘယ်လိုခေါ်လည်း"
ကောင်မလေးနှစ်ယောက်ကJaehyunပြောသည်ကိုသေချာစွာနားထောင်ပြီးမှ
"သမီးက Hyunnie Hurပါ သမီးကတော့Hwallie Hur ပါ"
"အာ....Hyunnieနဲ့Hwallie နာမည်လေးတွေအဆန်းလေးတွေနဲ့ ချစ်စရာလေး"
"ဟုတ်ကဲ့....ကျေးဇူးပါTeacher"
"ဒါဆို.....နင်တို့နှစ်ယောက်မနက်ဖြန်စာစသင်ရမယ်နော်....လိုအပ်တဲ့စာအုပ်တွေလည်းအကုန်ဝယ်ပြီးသွားပြီ"
Hyunjunမှပြောလာတော့ကောင်မလေးနှစ်ယောက်ကနားလည်သည့်ပုံဖြင့်ခေါင်းလေးငြိမ့်ကာ
"အာ...ဟုတ်ဟုတ်...."
ကလေးများကိုလည်းနှုတ်ဆက်ပြီးသွားတော့အချိန်လည်းနောက်ကျနေပြီမလို့Jaehyunလည်းပြန်ရတော့မည်။
"ကဲ...ဒါဆိုJaehyunပြန်တော့မှာမလား....ငါနဲ့ပဲတစ်ခါတည်းလိုက်ခဲ့လိုက်တော့လေ"
Younghoonကပြောလည်းပြောရင်းထိုင်နေရာမှထကာ
"ဟိုမျောက်နှစ်ကောင်!!!! "
"ဗျာ....ဦးလေးငယ်!!!"
"အဲ့မှာအစားပဲငမ်းမနေနဲ့ ပြန်မယ်!!!!"
"ဟုတ်ဟုတ်....လာပါပြီ"
သို့နှင့်အတူတူပြန်လာခဲ့လိုက်ကြလေသည်။
Hyunjunတစ်ယောက်ကတော့ဒီနေ့သူ့ကိုပြုံးပြုုံးပြနေခဲ့သည့်ကောင်လေးတစ်ယောက်ရဲ့ပုံအားမျက်လုံးထဲကနေထွက်နိုင်တော့မည်မထင်ပါ။
သူဟာ ဒုတိယလူဖြစ်လာမယ်မှန်းတောင်မသိဘဲJaehyunကိုမြင်မြင်ချင်းစချစ်မိသွားခဲ့ပြီလား။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မဟူရာရောင်သမ်းနေသည့်ကောင်းကင်ကြီးတစ်ခွင်ရဲ့အောက်မှာအေးစက်စွာတိုက်ခတ်နေသည့်လေတွေကိုပင်ဂရုမစိုက်နိုင်ဘဲထိုင်ခုံတန်းတစ်ခုပေါ်မှာထိုင်ကာခါးသီးလှပါသည်ဆိုသည့်ဘီယာအားရေသောက်သလိုပင်မျိုချနေသည့်Juyeonတစ်ယောက်။
တစ်ခါပြီးတစ်ခါ.....တစ်ဘူးပြီးတစ်ဘူး။ သူသောက်နေသည်မှာဘယ်နှစ်ဘူးတောင်ရှိပြီလည်းမသိနိုင်တော့။ ရင်ထဲမှစူးအောင့်နေသောနေရာသက်သာစေဖို့ရန်ခါးသီးလှသည့်ဘီယာတွေနဲ့မျောချနေခဲ့ပေမဲ့အချည်းနှီးသား။
သူဟာဘီယာပဲဖြစ်ဖြစ်အရက်ပဲဖြစ်ဖြစ်ဝိုင်ပဲဖြစ်ဖြစ် ဘယ်တော့မှလက်လွတ်စပယ်မသောက်တတ်။ သတိအမြဲတမ်းထားပြီးသောက်နေကျဖြစ်သော်လည်းဒီနေ့ညတော့စိတ်အလိုအရသူသောက်နေမိသည်။
ချစ်ရသူရဲ့ပုံလေးကိုလည်းပြန်မြင်ယောင်ပေမဲ့ဘေးနားမှာအလိုမကျသည့်သူနှင့်အတူတွဲတွေ့ခဲ့ရသည်မလို့Juyeonနာကျင်လားဟုမေးလျှင်ပါးစပ်ကနေတောင်ပြန်ဖြေစရာမလိုအခုသူ့ပုံကိုသာလာကြည့်ရင်သိလောက်ကြပါမည်လေ။
"ကိုယ်အခုဘီယာတွေအများကြီးသောက်နေမိလို့ မကောင်းတဲ့ဟာတွေလုပ်နေပြီလားဆိုပြီးလာဆူပါဦးလားJaeရယ်......."
အထက်ကောင်းကင်ယံကိုကြည့်ပြီးသူပြောလိုက်သည့်စကားလေးတစ်ခု။မှောင်မည်းနေသည့်ကောင်းကင်ကြီးပေါ်မှာဟိုတစ်စ ဒီတစ်စမှိတ်တုပ် မှိတ်တုပ် ဖြစ်နေသည့်ကြယ်လေးတွေအားမြင်တော့Juyeonတစ်ချက်ပြုံးကာငယ်ငယ်ကသူ့ကိုကဗျာဆိုပြခဲ့သည့်Jaehyunကိုထပ်လွမ်းရပြန်သည်။
ပြီးတော့Jaehyunပြောဖူးတာ သူ့ရဲ့မေမေဆုံးတုန်းက မေမေကကောင်းကင်ပေါ်ကကြယ်လေးတွေနဲ့အတူတူရှိနေမှာတဲ့။ ထိုအရာကိုပြန်အမှတ်ရမိတော့
"မေမေ.........ဘာလို့လည်းဟင်......သားဘာလို့.....သူ့ကိုသွားပြီးထိတွေ့ခွင့်လေးတောင်မရှိခဲ့လိုက်ရတာလည်းဟင်.....သားကအရမ်းဆိုးနေတဲ့သူဖြစ်နေလို့လား....သား.....သား...ဘာလို့အဲ့လောက်ထိသတ္တိမရှိနေရတာလည်း"
ဆိုကာရှိုက်ကြီးတစ်ငင်ငိုကြွေးနေသည့်ကောင်လေးမှာသနားဖွယ်ရာအတိ။ သူဘယ်လောက်တောင်စိတ်ပင်ပန်းနေမလည်း။ သူ့ကိုယ်သူအပြစ်တင်စိတ်တွေဘယ်လောက်တောင်များနေမလည်း။
"Juyeon....."
Sunghyunမှခေါ်လိုက်ခြင်းဖြစ်လေသည်။ Sunghyunရဲ့အသံကိုလည်းကြားတော့Juyeonမှာငိုနေသည်ကိုချက်ချင်းရပ် မျက်ရည်များကိုလည်းသူ့လက်ခုံဖြင့်အကြမ်းပတမ်းပွတ်သုတ်လိုက်ပြီးပုံမှန်အနေထားကိုပြန်နေလေသည်။ ဒါဟာခုနှစ်နှစ်ကျော်ကြာလေ့ကျင့်ခဲ့ရသည့်အကြောင်းကြောင့်ရလာခဲ့သည့်အကျင့်တစ်ခုပင်ဖြစ်သည်။
"မင်း....ငိုချင်ရင်ငိုချလိုက်လို့ရပါတယ်.....ငါမင်းကိုအပြစ်မပေးပါဘူး"
ယောကျာ်းဆိုငိုချင်ရင်တောင်တင်းခံထားမယ််ဆိုသည့်ကိုယ်ပိုင်ဆောင်ပုဒ်ကိုလက်ကိုင်ထားသည့်Sunghyunမှာ အရင်နှစ်တွေများက Juyeonအကြောင်းတစ်ခုခုကြောင့်ငိုလျှင် အစာငတ်ခံခိုင်းသည်အထိအပြစ်ပေးလေ့ရှိသည်။ ဒါဟာJuyeonမှမဟုတ် သူ့လေ့ကျင့်ပေးရသည့်လူတွေအကုန်လုံးကိုထိုကဲ့သို့ကျင့်ပေးလာခြင်းဖြစ်သည်။
သို့ပေမဲ့အခုတော့ကွဲလွဲစွာပင်ငိုခွင့်ပေးနေသည်လေ။
"ရ..ရပါတယ်....ကျွန်တော်ငိုလို့ဝပါပြီ "
Juyeonမှပြောလာတော့SunghyunကJuyeonဘေးကိုဘီယာတစ်ဘူးဖောက်ရင်းထိုင်လိုက်လေသည်။
"မင်းကောင်လေးကိုလွမ်းပြန်ပြီလား"
"လွမ်းတာတော့မဟုတ်ပါဘူး...."
"ဒါဆို....မလွမ်းတော့ဘူးပေါ့....မင်းအရင်နှစ်တွေကဆိုမင်းကောင်လေးနာမည်ရွတ်ပြီးဒီမှာငါမသိအောင်လာလာခိုးငိုနေခဲ့တာမလား"
အမှန်တရားတွေကိုပြောလိုက်တော့Juyeonကအံ့အားသင့်သည့်မျက်လုံးဖြင့်ကြည့်လာလေသည်။
Sunghyunကတော့တစ်ချက်ရယ်ရင်း
"ငါသိပါတယ်ကွာ.....အခုကရော...ဘာလို့ငိုတာလည်းပြော"
Juyeonကခနလောက်တိတ်ဆိတ်သွားပြီးမှ
"ကျွန်တော်ဒီနေ့....ပစ္စည်းသွားယူရင်း....ကော်ဖီဆိုင်မှာသူ့ကိုတွေ့ခဲ့တယ်.......ဒါပေမဲ့နောက်ကောင်လေးတစ်ယောက်လည်းဘေးမှာပါနေတယ်.."
ဆိုကာJuyeonမှသူ့ရင်ထဲရှိသည့်အတိုင်းဒီနေ့မြင်တွေ့ခဲ့ရသမျှကိုပြန်ပြောပြလေသည်။
"ကျွန်တော့်မှာ....သူ့ကိုသွားပြီးထိတွေ့ဖို့အတွက်တောင်သတ္တိမရှိတော့တာလား ကျွန်တော်အဲ့လောက်ထိပျော့ညံ့တာလား Boss"
"အင်း..........ပြောရမယ်ဆိုရင်...မင်းကပျော့ညံ့နေတာမဟုတ်ပါဘူး.....ကြောက်နေတာ....မင်းကောင်လေးကိုသွားတွေ့လိုက်လို့သူကမင်းကိုအရင်လိုဆက်ပြီးမချစ်နေတော့မှာကို​ကြောက်နေတာ"
"ကျွန်တော်.....ကျွန်တော့်စိတ်ထဲဘာတွေဖြစ်နေမှန်းတောင်မသိတော့ဘူး....ရင်ဘတ်ထဲနာနေတာပဲသိတယ်..."
Juyeonဘယ်လောက်ထိဝမ်းနည်းနေလည်းဆိုတာSunghyunသိသည်မလို့
"Juyeon.....ဘယ်သူမဆိုဘယ်လောက်ပဲသန်မာပါတယ်ပြောပြော တစ်ကယ်တမ်းလူမှန်ရင်အကြောက်တရားတွေရှိကြတာပဲ ဒါကြောင့်မင်းမှာအဲလိုစိတ်မျိုးရှိနေရင် မင်းကပျော့ညံ့လို့မဟုတ်ဘူး "
"ဒါပေမဲ့ အခုချိန်ထိကျွန်တော်သူ့ကိုသွားမတွေ့ရဲသေးဘူး "
"အင်း.....ဖြေးဖြေးချင်းအချိန်ယူပေါ့......မင်းကောင်လေးကမင်းထင်နေသလိုလည်းဟုတ်ချင်မှဟုတ်မှာပါ........တော်တော့ဒီတစ်ဘူးကုန်ရင် မနက်ဖြန်လည်းငါပြောတဲ့နေရာသွားရဦးမယ်လေ "
"ဟုတ်ကဲ့ပါ"
ဟူးးး....မြင်သာမြင်မကြင်ရသလိုသူ့မှာထွေးပွေ့ ခွင့်လေးတောင်မရှိတော့ပါလား။ သူသတ္တိရှိတဲ့နေ့ကျရင်တော့ဘယ်လောက်ထိလွမ်းနေခဲ့ကြောင်းကိုရင်ခွင်ထဲထည့်ပြီးတော့ မကုန်မချင်းထိုင်ပြောချင်ပါသေးသည်လေ။
_________________________________________
Thanks for reading🌸
Zawgyi
"ကျေးဇူးပါ Hyunjun "
"ဟုတ်.....ရပါတယ်"
"Junnie?? "
"အာ....ဟုတ်ကဲ့ဟုတ်ကဲ့"
......................
"အင်း...."
.......................
...............
..........
"မင်္ဂလာပါ Teacher"
"အာ...ဟုတ်ဟုတ်...."
"ဟိုမျောက်နှစ်ကောင်!!!! "
"ဗျာ....ဦးလေးငယ်!!!"
"ဟုတ်ဟုတ်....လာပါပြီ"
Hyunjunတစ်ယောက်ကတော့ဒီနေ့သူ့ကိုပြုံးပြုံးပြနေခဲ့သည့်ကောင်လေးတစ်ယောက်ရဲ့ပုံအားမျက်လုံးထဲကနေထွက်နိုင်တော့မည်မထင်ပါ။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Juyeon....."
"ဟုတ်ကဲ့ပါ"
_________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com