Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥
Chapter 27
{Juyeonမဟုတ်သည့်သူအားရင်ခုန်တတ်ခဲ့ပြီလား}
"Younghoon Hyung"
"ပြော"
"ဟိုဟာလေ.......ကျွန်တော်တစ်ခုလောက်မေးချင်လို့"
"အေးမေးလေ"
HyunjunမှYounghoonဆီသို့အလုပ်ကိစ္စဖြင့်လာရင်းJaehyunအကြောင်းမေးရန်အစဖော်လိုက်လေသည်။
"Jaehyun Hyungမှာလေ....တစ်ခုခုဝမ်းနည်းစရာကိစ္စမျိုးရှိနေတာလား"
မေးလာသည့်မေးခွန်းကြောင့်Younghoonမျက်ခုံးအနည်းငယ်တွန့်သွားမိရင်းHyunjunကိုလည်းအရိပ်ကဲတော်တော်သိပါလားဟုသာတွေးမိသည်။
"အင်း........ပြောရမယ်ဆိုရင်....သူ့အတိတ်မှာနည်းနည်းမကောင်းတဲ့ကိစ္စမျိုးဖြစ်ခဲ့တာပေါ့"
"ဘယ်လိုကိစ္စမျိုးလည်းHyung"
စိတ်ဝင်တစားမေးလာသည့်Hyunjunရဲ့ပုံကိုYounghoonမှတစ်ချက်ပြုံးရင်း
"မင်းJaehyunကိုစိတ်ဝင်စားနေတာလားHyunjun"
Younghoonမေးလာသည့်မေးခွန်းကြောင့်Hyunjunမှာဖြေရခက်နေသည်။ လူတစ်ယောက်ကိုမြင်မြင်ချင်း ရက်တောင်မကူးဘဲသူစိတ်ဝင်စားသွားမိတာကိုဝန်မခံချင်နေပါလေ။ ဒါပေမဲ့Younghoonကသူ့စိတ်ကိုသိနေသည့်အလားမေးလာသည်မလို့
"ဟုတ်တယ်.....Hyung....ကျွန်တော်စိတ်ဝင်စားနေမိတယ်......Jaehyun Hyungကိုကြည့်လိုက်ရင်ပြုံးနေပေမဲ့သူ့မျက်ဝန်းတွေကအဲ့လိုမဟုတ်နေဘူး တစ်ခုခုဝမ်းနည်းစရာတွေရှိနေသလိုပဲ"
မျက်နှာဖတ်တတ်သည့်HyunjunအားYounghoonအတော်လေးချီးကျူးမိပါသည်။
"ဟုတ်တယ် Hyunjun သူ့မှာဝမ်းနည်းစရာတွေရှိခဲ့ဖူးတာ ကြာတော့ကြာပါပြီလေ....ဒါပေမဲ့အဲ့တုန်းကဆိုသူအရမ်းခံစားခဲ့ရတာ "
"ဘာကြောင့်လည်းHyung"
"ဒါမျိုးကိစ္စကမင်းကာယကံရှင်ကိုသွားမေးတာပိုကောင်းတယ် ဘေးလူဖြစ်တဲ့ငါကပြောလို့မကောင်းဘူးလေ "
"ဟုတ်ကဲ့ပါ Hyung"
ပြီးတော့Younghoonမှထပ်ပြီး
"မင်း...Jaehyunကိုစိတ်ဝင်စားနေတာသေချာရင်သူ့အတွက်ရှိနေပေးစေချင်တယ်.....ဘာလို့ဆိုသူပေးဆပ်ခဲ့ရတာတွေများတော့ သူ့အပေါ်ချစ်ပေးနိုင်တဲ့သူမျိုးသူလိုအပ်နေတယ်လေ"
Younghoonပြောသည့်စကားရဲ့အဓိပ္ပါယ်ကိုHyunjunကောင်းကောင်းနားလည်သည်မလို့အရင်ကဝမ်းနည်းဖူးသည့်ကိစ္စဟာလူတစ်ယောက်ကြောင့်ဖြစ်လော့မည်ဟုလည်းHyunjunကောက်ချက်ချမိသည်။
.....................
"ဒါဆို....မနေ့ကသင်လိုက်တဲ့ကဗျာလေးပြန်ဆိုရမယ်နော်"
"ဟုတ်ကဲ့ပါ Teacher "
"ပြန်နွှေးချင်သေးလား"
"ဟုတ် နည်းနည်း....Hyunnieကတော့ရပြီ Hwallieက သိပ်မရသေးလို့"
"အော်...အင်းပါ...ဒါဆိုပြန်နွှေးလိုက်ဦးနော်"
"ဟုတ်ကဲ့"
အခုဆိုလျှင် Hyunjunရဲ့ညီမလေးနှစ်ယောက်Jaehyunနဲ့အတူတူစာသင်နေသည်မှာတစ်ပတ်ကျော်ရှိပြီမလို့ကောင်မလေးနှစ်ယောက်ကလည်းJaehyunနဲ့ပြောရဲဆိုရဲရှိလာပြီဖြစ်သည်။
Jaehyunကတော့စာလည်းသင်ပေးရင်းအခြားရိုးရာယဥ်ကျေးမှုအကြောင်းတွေပါပြောပြသည်မလို့နှစ်ယောက်သားကလည်းစိတ်ဝင်တစားရှိကြပါသည်။ ကျောင်းသူတွေကလိုက်လုပ်ကြတော့သင်ပေးသည့်ဆရာမှာလည်းပင်ပန်းရကျိုးနပ်ပါသည်လေ။
Jaehyunလည်းကလေးနှစ်ယောက်စာပြန်နွှေးတာကို​စောင့်နေရင်းစောနကHyunjunတိုက်သည့်အအေးတွေကြောင့်လားမသိ။ Toiletသွားချင်လာပါသည်။ဒါကြောင့်
"ဟိုလေ...Hyunnie"
"ဟုတ်"
"Teacherအခုtoilet ခနသုံးချင်လို့ အဲ့တာဘယ်နားမှာလည်း"
"အာ....ဟုတ်...Hyunnie လိုက်ပို့ပေးမယ်လေ"
"ရပါတယ်...ဘယ်နားမှာလည်းပဲ ပြောလိုက်ပါ Hyunnieကစာကျက်နေဦး"
"ဟုတ်ကဲ့....အခုဒီအတိုင်းကနေတန်းတန်းလေးသွားလိုက်ရင် အဆုံးမှာအခန်းနှစ်ခုရှိတယ် ညာဘက်ကတစ်ခန်းပဲ"
"ဟုတ်ပြီ....ဒါဆိုခနလေးနော် "
"ဟုတ်ကဲ့ပါ Teacher"
Jaehyunလည်းHyunnieပြောသည့်အတိုင်းသွားတော့အခန်းနှစ်ခုကိုအဆုံးမှာတွေ့လိုက်ရသည်။ Hyunjunတို့ရဲ့အိမ်ပုံစံဟာ အပြင်ဘက်တွင်မဟုတ်ဘဲအတွင်းဘက်မှာရော အတော်လေးထူးခြားသည့်ပုံဖြင့်တည်ရှိနေလေသည်။
သူလည်းအပေါ့အရမ်းသွားချင်နေပြီမလို့မပြေးရုံတစ်မယ်လေးအခန်းရှေ့ကိုရောက်သွားချ်ိန်မှာပဲတစ်ဖက်ရေချိုးခန်းကနေရေချိုးပြီးထွက်လာသည့်Hyunjunနဲ့တိုက်မိလေတော့သည်။
"အမလေး...ဘုရားရေ!!!!"
Hyunjunကလည်းတံခါးအလှပ် အပြေးလေးရောက်လာသည့်Jaehyunနဲ့တိုက်မိတော့Jaehyunကလန့်ပြီးနောက်လန်လဲကျတော့မည့်အချိန်မှာပဲHyunjunကJaehyunခါးသိမ်သိမ်လေးကနေဆွဲကာဖမ်းထားလိုက်မိသွားသည်။
အရာအားလုံးဟာစက္ကန့်ပိုင်းအတွင်းဖြစ်သွားသည်မလို့Jaehyunတစ်ယောက်မျက်လုံးကိုသာစုံမှတ်ထားမိသည်။ အေးစက်စက်ကိုယ်လုံးနဲ့ထိတွေ့နေသည်ကိုခံစားမိတော့မှမျက်လုံးလေးအသာဖွင့်ကြည့်မိတော့ Hyunjunနဲ့အနီးဆုံးနေရာမှာသူရှိလို့နေသည်။
သူ့ရဲ့ခါးမှာလည်းHyunjunရဲ့လက်တို့ကစိုးမိုးထားပြီးသူကိုယ်တိုင်ကလည်းHyunjunရင်ခွင်ထဲမှာနစ်မြုပ်လို့နေသည်။ Hyunjunကသူ့ထက်အရပ်အနည်းငယ်ပိုရှည်သည်ကိုး။
ရေချိုးပြီးခါစဖြစ်လို့လားမသိ။ အဝတ်မပါသည့်အပေါ်ပိုင်းတစ်ခုလုံးအေးစက်နေပြီး နက်မှောင်သည့်ဆံနွယ်တို့မှာလည်းရေခြောက်အောင်မသုတ်ရသေးတော့ရေသီးလေးများတွဲလွဲခိုနေသည်မှာစွဲမက်ချင်စရာ။
အမေရိကန် ကိုရီးယားကပြားလေးဖြစ်လို့လားမသိ။ တစ်မူးထူးခြားသည့်ရုပ်ရည်လေးနဲ့Hyunjunဟာ တစ်ခနတာအနီးကပ်မြင်လိုက်ရသည့်Jaehyunအဖို့တော့ရင်ခုန်ဖို့ရန်လုံလောက်နေခဲ့ပါသည်။
သူနောက်တစ်ယောက်ကိုထပ်ရင်ခုန်မိပြီလား။ Juyeonမဟုတ်တဲ့နောက်တစ်ယောက်ကိုလေ။
.................
စာသင်သည့်နေရာတစ်ဖက်မှာတော့
"Wait....Hyunnie "
"What??"
"နင်....TeacherကိုToilet ကညာဘက်မှာလို့ပြောလိုက်မိတာမလား"
"အင်းလေ.....ဘာလို့"
"ဟဲ့....Hyunnie!!! ညာဘက်က Rightလေ အမှန်ဆိုtoiletက ဘယ်ဘက်မှာရှိတာကို နင်ဘယ်နဲ့ညာမှားပြောလိုက်မိပြီ"
"အယ်.....Left နဲ့ Right မှားပြောမိသွားတာပဲ သွားပါပြီ အမ်....နေဦး.....ညာဘက်ကရေချိုးခန်းမလား ရေချိုးခန်းထဲမှာ ငါတို့အကိုရှိတယ်"
နှစ်ယောက်သားပြောရင်းဆိုရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကာ
"ငါတို့အမြန်လိုက်သွားရအောင်!!!"
......................................
"Hyung.....Jaehyun Hyung!!"
"ဟင်....အော်.....Junnie...."
"Hyungဘာတွေအဲလောက်တောင်ကြည့်နေတာလည်း ကျွန်တော်တော်တော်ချောနေလို့လား"
"မ...မဟုတ်ပါဘူး....ဒီအတိုင်း....ရုတ်တစ်ရက်ဆိုတော့လန့်သွားလို့ပါ"
မဟုတ်ဘူးသာပြောပေမဲ့သူ့ရင်ခွင်ထဲရောက်လာသည့်Jaehyunတစ်ယောက်နားရွက်ဖျားလေးတွေကအစနီတာရဲလေးဖြစ်နေသည်ကိုHyunjunသတိထားမိပါသည်။
ရှက်ကိုးရှက်ကန်းလေးဖြစ်ပြီးသူ့ရင်ခွင်ထဲမှထွက်မည်လုပ်တော့Hyunjunတစ်ယောက်စနောက်ချင်လာသဖြင့်Jaehyunကိုမလွှတ်ပေးဘဲပိုလို့ပင်တိုးကာဖက်လိုက်လေသည်။ နီးကပ်ပါသည်ဆိုမှပို၍ပင်နီးကပ်သွားလေတော့Jaehyunတစ်ယောက်ဘုရားမတမိရုံတစ်မယ်ပါပဲ။
"Junnie.....ဘာလုပ်တာလည်း လွှတ်ပေး!"
Jaehyunကပြောလာတော့Hyunjunကသဘောကျစွာရယ်ရင်း
"ကျွန်တော့်ရင်ခွင်ထဲရောက်လို့Hyungရှက်နေပုံလေးကသေလောက်အောင်ချစ်ဖို့ကောင်းနေလို့လေ"
ဟော်တော်....ဒီကောင်လေးနဲ့တော့ခက်ပါသည်။ ရင်ခွင်ထဲရောက်တာတောင်ရှက်နေပါတယ်ဆိုအခုလိုမျိုးပြောလာတော့Jaehyunသူ့မျက်နှာတောင်ဘယ်နားသွားထားရမယ်မှန်းမသိတော့ချေ။ Hyunjunကတော်တော်အပြောကောင်းတဲ့သူပါလား။
Hyunjunလည်းJaehyunနေရခက်နေသည်ကိုသတိထားမိသောကြောင့်ဖက်ထားသည်ကိုမလွှတ်ပေးချင်ပါသော်လည်းလွှတ်ပေးမိလိုက်သည်။
"ဒါနဲ့ Hyung toiletသွားမလို့မလား"
"အင်း.....ဟုတ်တယ်"
"ဒီဖက်မှာ"
Hyunjunကပြောလည်းပြောဘယ်ဘက်မှာရှိသည့်toiletအခန်းတံခါးကိုဖွင့်ပေးလိုက်တော့မှJaehyunလည်းခပ်သုတ်သုတ်လေးဝင်သွားမိသည်။
အပြင်ဘက်မှHyunjunကတော့ရှက်ရမ်းရမ်းကာဝင်သွားသည့်Jaehyunကိုအသည်းတစ်ယားယားသာဖြစ်နေရပါတော့သည်။
"Hyungကဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလည်းကွာ"
Hyunjunသူ့ကိုယ်သူပြောလိုက်သည့်စကားအားတစ်ဖက်နံရံအကွယ်မှချောင်းကာကြည့်နေသည့်ညီအစ်မနှစ်ယောက်ကြားသွားတော့
"Hwallie.....အခုငါတို့အကိုက Teacherကိုcuteဖြစ်တယ်လို့ပြောလိုက်တာမလား"
"အေး....ဟုတ်လောက်တယ်....ချစ်ဖို့ကောင်းတာကcuteလေ "
သို့နှင့်နှစ်ယောက်သားလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးရင်းသူတို့အကိုအကြောင်းသိသွားသောကြောင့်ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်သာဖြစ်နေကြတော့သည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"အကိုလေး...စုံစမ်းခိုင်းထားတာရပါပြီ"
တပည့်ဖြစ်သူတစ်ယောက်မှစာရွက်စာတမ်းထည့်ထားသည့်အိတ်တစ်ခုအားJuyeonထိုင်နေသည့်ခုံရဲ့ရှေ့မှာရှိသည့်စားပွဲပေါ်တင်ပေးရင်းပြောလိုက်သည်။
"သေချာစုံစမ်းခဲ့တယ်မလား"
"ဟုတ်ကဲ့ပါ ကျွန်တော်သိုသိုသိပ်သိပ်အကုန်လုပ်ခဲ့ပါတယ်"
"ကောင်းပြီ....မင်းလုပ်စရာရှိတာသွားလုပ်တော့"
"ဟုတ်ကဲ့"
တပည့်ဖြစ်သူထွက်သွားတော့မှJuyeonလည်းစာရွက်စာတမ်းများကိုထုတ်ကာကြည့်လေသည်။
တစ်ယောက်သောသူရဲ့ကိုယ်ရေးရာဇဝင်မှတ်တမ်းလေးပေါ့။
ပထမစာရွက်ကိုလှန်ကြည့်လိုက်တော့တွေ့လိုက်ရသည့်ဓာတ်ပုံလေး။ အချိန်အတော်ကြာမတွေ့ခဲ့ရသည့်မျက်နှာလေးဟာပိုလိုပင်ကြည့်ကောင်းလာခဲ့လေသည်။ ပို၍လည်းလှလာပေမဲ့ယောကျာ်းပီသသည့်မျက်နှာထားလေးနဲ့သူ့ရဲ့ချစ်ရသူ။
ဓာတ်ပုံထဲမှာဖြစ်ပေမဲ့လည်းနှာတံပေါ်ကမှဲ့နက်လေးကိုတော့ရေးရေးလေးတွေ့ရသေးသည်။ ရိုးရိုးရှင်းရှင်းအဖြူရောင်လေးတွေကိုပိုကြိုက်တတ်သည်ထင်ပါရဲ့။ အခုဓာတ်ပုံထဲမှာလည်းအဖြူရောင်shirtလေးနှင့်ပင်။
ကိုယ်ရေးရာဇဝင်များကိုဖတ်ပြီးသွားတော့Jaehyunဟာအထက်တန်းအောင်ပြီးတက္ကသိုလ်တက်ရန်ဒီကိုပြောင်းလာမှန်းသိခဲ့ရသည်။
ဒါဆိုသူထွက်လာပြီးနှစ်နှစ်နေတော့ဒီကိုပြောင်းလာတာပဲ။ သို့ပေမဲ့လွန်ခဲ့သည့်ငါးနှစ်တုန်းကမတွေ့ရသည့်အကြောင်းကတော့Juyeonဟာငါးနှစ်လုံးလုံးအပြင်လောကကိုထွက်ခွင့်မရသေးသောကြောင့်ပင်ဖြစ်သည်။
တစ်နေ့လုံးအိမ်ထဲမှာပဲလေ့ကျင့်ရင်းအချိန်တွေကိုကုန်ဆုံးခဲ့ရသူမလို့အပြင်လောကမှာဘာတွေဖြစ်နေသည်လည်းဆိုတာကိုသူမသိခဲ့ပါလေ။
ကိုယ်ရေးရာဇဝင်မှဓာတ်ပုံလေးကိုသူဖြုတ်ယူလိုက်ပြီး အံဆွဲထဲမှဘူးလေးထဲသို့ထည့်ကာသိမ်းထားမိသည်။ အပြင်မှာသေချာမတွေ့ရတောင်ဒီလိုဓာတ်ပုံလေးထဲကနေတွေ့ရလည်းသူကျေနပ်လိုက်ပါ့မယ်လေ။
"ဒေါက် ဒေါက်!!!!!"
"ဝင်ခဲ့"
Bossရဲ့အတွင်းရေးမှူးဖြစ်သူဝင်လာတော့
"အကိုလေးကို Bossရှာနေပါတယ်"
"အေးအေး...လာခဲ့မယ်"
Juyeonလည်းစာရွက်စာတမ်းတွေအကုန်ကိုသိမ်းခဲ့ကာBossဖြစ်သူ၏အခန်းထဲသို့သွားလိုက်သည်။အထဲရောက်တော့
"တစ်ခုခုထူးခြားသေးလား"
"ကျွန်တော်စုံစမ်းမိသလောက်တော့....မိသားစုတစ်ခုကိုရောင်းစားလိုက်တယ်လို့တော့ကြားတယ်"
"ရောင်းစားတယ်?"
"အင်း....ဟုတ်တယ်.....ဒါပေမဲ့လေ ကျွန်တော့်အထင်အရတော့ သူတို့က ကလေးကိုလူငှားပြီးကြည့်ခိုင်းထားတာလည်းဖြစ်နိုင်တယ်....ကလေးအရွယ်ရောက်တဲ့အထိစောင့်ပြီးမှအဲ့ဘက်ကိုရောင်းစားမယ်ထင်တယ် ခုထိရှင်နေသေးတယ်လို့ပြောနေပုံထောက်ရင်......"
JuyeonပြောတာကိုSunghyunနားလည်သည်မလို့
"အင်း.......မင်းပြောတာလည်းဖြစ်နိုင်တယ်....ဒါဆိုအခုမင်းဆက်လုပ်ရမှာ ငါ့သားကိုဘယ်သူတွေခေါ်သွားလည်းဆိုတာပဲ ခေါ်သွားတဲ့မိသားစုက်ုသိရင်လိုက်လို့လွယ်သွားပြီ"
"ဟုတ်ကဲ့ ကျွန်တော်ဆက်ရှာထားလိုက်ပါ့မယ်"
အင်းအင်း....ကောင်းပြီ"
.............................
{ Extra part }
"Hey Hyunnie နဲ့ Hwallie!!!"
"အင်း.....Rakwon နဲ့ Yeonkyu "
"နင်တို့နှစ်ယောက်ဘာတွေအဲ့လောက်တောင်စဥ်းစားနေတာလည်း"
"အော်....ဟိုဟာလေ...."
ဟုHwallieကအစဖော်ပြီးHyunnieကိုလှမ်းကြည့်သေးသည်။ဟိုကခေါင်းငြိမ့််ပြမှ
"ငါတို့လေ....Teacher Jaehyunနဲ့စာသင်နေရတာနင်တို့သိတယ်မလား"
"အင်းသိတယ်လေ အဲ့တာကြောင့်လည်းအခုနင်တို့နှစ်ယောက်စကားကောင်းကောင်းပြောတတ်လာတာမလား"
"အေးဟုတ်တယ်....ဒါမဲ့လေ ငါတို့တွေးနေတာကိုပြောပြမယ်ဟာ"
Hwallieမှပြောလာတော့Rakwonနဲ့Yeonkyuနှစ်​ယောက်လုံးကစိတ်ဝင်စားသည့်ပုံလေးဖြင့်ကြည့်လာကြသည်။
"တစ်နေ့ကလေ Teacher ကိုHyunnieက toiletအခန်း ဘယ်နဲ့ညာမှားပြောမိသွားတာ Teacherက ညာဘက်ကရေချိုးခန်းကိုToiletထင်ပြီးဝင်သွားမိတယ်ထင်တယ် အဲ့တာ.........."
ဆိုကာ အကြောင်းအရာအပြည့်စုံကိုပြန်ပြောပြတော့Rakwonနဲ့Yeonkyuက
"ဒါဆို နင်တို့အကိုက Teacherကိုကြိုက်နေတယ်ပေါ့ "
"အေးဟ.....ငါတို့အကိုကမိသားစုဝင်မဟုတ်တဲ့သူတွေနဲ့အသားချင်းထိရတာကြိုက်တာမဟုတ်ဘူး ဒါပေမဲ့အဲ့နေ့က Teacherကိုဖက်ထားတာများတင်းနေတာပဲ"
Rakwonမှထပ်ပြီး
"ငါ အစတုန်းက ငါတို့ဦးလေးငယ် ကTeacherကိုကြိုက်နေတယ်ထင်နေတာ"
Yeonkyuမှလည်းထပ်ပြီး
"ဟာ...မင်းကလည်း ဦးလေးငယ် ကြိုက်နေတာသပ်သပ်တစ်ယောက်ရှိတယ်လေ အန်တီလေးပြောပြဖူးတာကို"
"အာ....ဟုတ်သားပဲ"
Hwallieနဲ့Hyunnieမှစိတ်ဝင်တစ်စားဖြင့်
"ဘယ်သူကြီးလည်း နင်တို့ဦးလေးကချောတော့ရည်းစားရှိမယ်ထင်နေတာ"
"အေး....အန်တီလေးပြောပြတာတော့ သူလိုက်နေတာအထက်တန်းကတည်းကတဲ့ ခုထိမရသေးဘုးပြောတယ် အခုအဲ့အကိုကDance mentorလုပ်နေတယ်ဆိုလား"
"အော်......"
"ဒါပေမဲ့လေ သေချာစဥ်းစားကြည့်တော့မှTeacherက နင်တို့အကိုနဲ့မှပိုလိုက်သလိုပဲနော်"
Yeonkyuပြောသည်ကိုညီအစ်မနှစ်ယောက်ကလည်းထောက်ခံရင်း
"ဟုတ်တယ်ဟုတ်တယ် ငါတို့အကိုကလည်းချော Teacher Jaehyunကလည်းချောဆိုတော့နှစ်ယောက်သားကတစ်ကယ်လိုက်ဖက်တယ် ငါတော့သဘောတူတယ်"
"အေး...ငါတို့လည်းသဘောတူတယ်"
"ဒါပေမဲ့ခက်တာက ငါ့အကိုကတစ်ခါမှအဲ့လိုတွေနဲ့အတွေ့အကြုံမရှိသေးဘူးဟ ဟိုမှာဆိုကောင်မလေးချော​ချောတွေနဲအလုပ်တွဲလုပ်ရင်တောင်ဘယ်လိုမှမနေဘူး"
"ဒါဆို နင်တို့အကိုနဲ့Teacher Jaehyunကိုငါတို့အောင်သွယ်ပေးရတော့မယ်ထင်တယ်"
Rakwonကထပ်ပြောလာတော့Yeonkyuကလည်း
"ဟုတ်တယ်......ခုချိန်ကစပြီး နင်တို့အကိုHyunjun Hyungနဲ့Teacher Jaehyunတို့ညားမဲ့အရေးငါတို့အရေးဖြစ်သွားပြီ"
"ဟုတ်တယ် ဟုတ်တယ်!!!"
__________________________________________
Thanks for reading🌸
Zawgyi
{Juyeonမဟုတ္သည့္သူအားရင္ခုန္တတ္ခဲ့ၿပီလား}
"Younghoon Hyung"
"ပြော"
"အေးမေးလေ"
"ဘာကြောင့်လည်းHyung"
"ဟုတ်ကဲ့ပါ Hyung"
.....................
"ဟုတ်ကဲ့ပါ Teacher "
"ပြန်နွှေးချင်သေးလား"
"ဟုတ်ကဲ့"
"ဟိုလေ...Hyunnie"
"ဟုတ်"
"ဟုတ်ကဲ့ပါ Teacher"
သူလည်းအပေါ့အရမ်းသွားချင်နေပြီမလို့မပြေးရုံတစ်မယ်လေးအခန်းရှေ့ကိုရောက်သွားခ်ျိန်မှာပဲတစ်ဖက်ရေချိုးခန်းကနေရေချိုးပြီးထွက်လာသည့်Hyunjunနဲ့တိုက်မိလေတော့သည်။
"အမလေး...ဘုရားရေ!!!!"
.................
"Wait....Hyunnie "
"What??"
"အင်းလေ.....ဘာလို့"
......................................
"Hyung.....Jaehyun Hyung!!"
"ဟင်....အော်.....Junnie...."
"အင်း.....ဟုတ်တယ်"
"ဒီဖက်မှာ"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဟုတ်ကဲ့"
"ဒေါက် ဒေါက်!!!!!"
"ဝင်ခဲ့"
"အေးအေး...လာခဲ့မယ်"
"ရောင်းစားတယ်?"
အင်းအင်း....ကောင်းပြီ"
.............................
{ Extra part }
"အော်....ဟိုဟာလေ...."
Rakwonမှထပ်ပြီး
"အာ....ဟုတ်သားပဲ"
"အော်......"
"ဟုတ်တယ် ဟုတ်တယ်!!!"
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com