Chapter 29
{ နှလုံးသားထဲမှာနေရာယူထားသူကသပ်သပ်ရှိပါသော်လည်း...,.}
အခန်းတစ်ခုထဲတွင်Juyeonတစ်ယောက်စားပွဲမှာတင်ထားသည့်စာရွက်မှလိပ်စာတစ်ခုအားသေချာကြည့်ရင်းအတွေးများလို့နေသည်။
သူစဥ်းစားနေသည်မှာနာရီပိုင်းမျှကြာပြီဖြစ်သော်လည်းယခုအချိန်ထိဘာကဘာမှန်းကိုမသိရသေးချေ။ Bossရဲ့သားဖြစ်သူကိုခေါ်သွားတဲ့နှစ်ယောက်ရဲ့အိမ်လိပ်စာဟာအဘယ်ကြောင့်များသူ့အိမ်လိပ်စာဖြစ်နေရသနည်း။
တွေးကြည့်လျှင်သူ့ရဲ့အဖေအရင်းဖြစ်သူဟာလည်းသူနဲ့သူ့အမေကိုထားသွားပြီးကတည်းကလုံးဝပြန်မလာတော့။ ဒါဆို.....သူ့ရဲ့ပထွေးကများလုပ်ခဲ့တာလား။ သူကBossရဲ့သားလား။
Juyeonတွေးရင်းခေါင်းရှုပ်လာမိသည်။ ဒီကိစ္စအားBossကိုသေချာရှင်းပြပြီးတိုင်ပင်လိုက်ရင်ကောင်းမလားဟုလည်းတွေးမိသည်။
သို့ပေမဲ့သူ့ခေါင်းထဲသို့ရုတ်တစ်ရက်ပေါ်လာသောအတွေးတစ်ခု။ အိမ်လိပ်စာကဆင်တူရိုးမှားဖြစ်နေခဲ့လို့မှားပြောမိတယ်ဆိုရင်ကော။ Bossရဲ့သားကသူ့ရဲ့အိမ်နီးချင်းဖြစ်ခဲ့သည့် Jaeများလား။
အသေချာစဥ်းစားကြည့်မည်ဆိုလျှင်Jaeပြောဖူးတာ သူ့မိဘတွေကခရီးခနခနထွက်တဲ့အကြောင်းပြီးတော့ပိုပြီးသံသယဝင်စရာကောင်းတာကJaeတို့အိမ်ကအိမ်အကူမမ။
အဲ့နေ့ညကတောင်Juyeonတွေ့လိုက်တာသေချာပေမဲ့နောက်နေ့ကျတော့မွေးရပ်မြေပြန်သွားသည်ဟုပြောခဲ့သည်။ နောက်နေ့ကျတော့ဖုန်းကအိမ်မှာကျန်နေခဲ့သည်တဲ့။ လွန်ခဲ့သည့်ခုနှစ်နှစ်ကျော်ကကိစ္စများကိုပြန်လည်ကာအစဖော်ရင်းJuyeonအကြောင်းရာတွေအားဆက်စပ်ကြည့်မိသည်။
သတင်းရလာသည့်သူကလည်းအလိမ်ညာမဖြစ်နိုင်ဆိုတာသေချာပါသည်။သို့ပေမဲ့မသေချာသည်ကသူကဟာBossရဲ့သားလား ဒါမှမဟုတ် JaeကပဲBossရဲ့သားလား။
ဒီကိစ္စနဲ့ပတ်သက်ပြီးJuyeonအရင်ကထက်ပိုပြီးတိကျအောင်စုံစမ်းမှဖြစ်တော့မည်။ သူဟာBossရဲ့သားဆိုတာတော့မဖြစ်နိုင်ဘူးဟုလည်းတွေးမိပါသည်။ လူချင်းမသိတောင်သွေးကစကားပြောတတ်သည်မလို့Bossသာသူ့အဖေအရင်းဖြစ်နေခဲ့ရင်စတွေ့ကတည်းကရင်းနှီးသည့်ခံစားချက်မျိုးရရမှာကို ဘယ်လိုမှမနေတော့သူဟာBossရဲ့သားဘယ်လိုမှမဖြစ်န်ိုင်ပါလေဟုသာကောက်ချက်ချလိုက်မိသည်။
လက်နှစ်ဖက်ကိုစားပွဲပေါ်သို့တံတောင်ဖြင့်ထောက်ကာထောင်လိုက်ပြီးမျက်နှာကိုအုပ်ကာသေချာစဥ်းစားနေမိပါသည်။
တစ်အောင့်လောက်ကြာတော့မှအသိစိတ်ကိုပြန်ကပ်ကာစားပွဲပေါ်မှဖုန်းကိုယူလိုက်ပြီးသူ့ရဲ့လူတစ်ယောက်ဆီသို့ဆက်လိုက်သည်။
"ငါ့ကိုမနေ့ကတွေ့ခဲ့တဲ့သူရဲ့အိမ်လိပ်စာပို့ထားပေး"
"ဟုတ်ကဲ့ပါ အကိုလေး"
သိပ်မကြာလိုက်အိမ်လိပ်စာရလာတော့ခုံနောက်ကျောမှလွှားထားသည့်သူ့ရဲ့coatကိုဝတ်ခဲ့လိုက်ပြီးကားမောင်းကာထွက်လာလိုက်သည်။
"JaeကBossရဲ့သားလား......."
ခေါင်းထဲမှာပြန့်လာသည့်မေးခွန်းတစ်ခု။
မိနစ်ပိုင်းအနည်းငယ်လောက်အကြာမှာလိုရာအရပ်ကိုရောက်သွားတော့ကားထဲမှအိမ်ကိုလှမ်းကြည့်မိသည်။
သာမန်ရပ်ကွက်လေးမှာဆောက်ထားသည့်တိုက်အိမ်အသေးလေးရယ် အိမ်ရှေ့ကပန်းခြံလေးရယ်ကသာယာသည့်ပတ်ဝန်းကျင်လေးကိုပြသနေဟန်တူသည်။
ကားပေါ်မှဆင်းကာအိမ်ရှေ့ကိုရပ်လိုက်တော့မူလတန်းအရွယ်ကောင်လေးနှစ်ယောက်ကJuyeonရှေ့ပြေးလာကာ
"ဒီကဦးဦးကဘယ်သူလည်း"
"မင်းတို့အဖေနဲ့တွေ့ဖို့လာခဲ့တာ"
Juyeonကပြောတော့ကောင်လေးနှစ်ယောက်ထဲမှတစ်ယောက်ကအိမ်ထဲသို့လှမ်းအော်ပြောသည်။
"Appa!!!!! Appaနဲ့တွေ့ချင်လို့တဲ့"
အိမ်ထဲမှသူ့ရဲ့အဖေဖြစ်သူထွက်လာသည်နှင့်Juyeonကိုမြင်တော့အလန့်တစ်ကြားဖြစ်သွားကာကလေးနှစ်ယောက်နားကိုအမြန်ပြေးလာသည်။
"သားတို့....ဟိုဘက်မှာသွားဆော့နေ သွား!"
"ဟုတ်ကဲ့"
"ဟို.....ဒီကအကိုလေး.....ဘာ...ဘာများ....အလိုရှိသေးလို့ပါလည်း"
"မေးစရာနည်းနည်းကျန်နေသေးလို့.....စိတ်ချပါ...ဘာမှမလုပ်ပါဘူး"
ထိုစဥ်ထိုလူရဲ့မိန်းမဖြစ်ပုံဟန်ရသည့်အမျိုးသမီးတစ်ယောက်မှထွက်လာကာ
"Yeobo.....ဧည့်သည်ကိုအဲ့အတိုင်းပဲမရပ်ခိုင်းနဲ့လေ အိမ်ထဲခေါ်လိုက်ပါလား"
Juyeonကိုအားနာနေပုံရသည့်ထိုအမျိုးသမီးမှပြောလာပေမဲ့ကြောက်လန့်နေပုံရသည့်ထိုလူကြောင့်
"ရပါတယ်ခင်ဗျ.....ကျွန်တော်စကားခနလေးပြောပြီးပြန်မှာမလို့ပါ"
"ဟုတ်ကဲ့ပါရှင်"
"အကိုလေး...မေးမယ်ဆိုတာ"
"မင်းပေးလိုက်တဲ့အိမ်လိပ်စာကမှန်လား"
"ဗျာ!....မှန်....မှန်ပါတယ်.....ကျွန်တော့်ကိုပေးသွားတဲ့အိမ်လိပ်စာကအဲ့တာပဲ"
Juyeonမှသက်ပြင်းတစ်ချက်ချလိုက်မိပြီး
"မင်းကိုကလေးခနလာအပ်တော့သူတို့ပုံမှတ်မိလား"
"သူတို့ကမမြင်ရအောင်maskတော့တပ်ထားတယ်....ဒါပေမဲ့အမျိုးသမီးရဲ့ပုံကဆံပင်တိုတယ်ပြောလို့ရတယ်......အနက်ရောင်ကိုမှရင်ဘတ်နားလောက်"
"အင်း.....သိပြီ"
"ဟုတ်ကဲ့........ဟို....အကိုလေးမေးမှာဒါပဲမလား"
သူ့ရဲ့အိမ်အထိရောက်လာတော့သူ့မိသားစုကိုတစ်ခုခုလုပ်မှာကြောက်နေသည့်ပုံရသောထိုလူအားJuyeonအားနာမိလာပါသည်။
ငွေဆိုသည့်အရာနှင့်ချုပ်တည်းထား၍ကြောက်ရသည်ကတစ်ကြောင်း အင်းအားချင်းမမျှတော့အသက်အန္တရာယ်နှင့်ခြိမ်းခြောက်၍ကြောက်ရသည်ကတစ်ကြောင်းမလို့ ထိုလူခမျာမှာလည်းလွယ်ကူနေမည်တော့မဟုတ်ပါလေ။
အော်....လူ့ဘဝကြီးကငွေနဲ့အင်အားသာရှိရင်အရာရာဖြစ်မြောက်အောင်လုပ်န်ိုင်တာပါလား။
"ဒါပဲမေးမှာ....သွားပြီ"
"ဟုတ်ကဲ့ပါအကိုလေးJuyeon"
Juyeonလည်းလှည့်ထွက်လာပြီးကားပေါ်တက်ကာအိမ်ကိုပြန်မောင်းလာလိုက်သည်။သို့ပေမဲ့လမ်းထိပ်ရောက်တော့စောနကလူရဲ့သားဖြစ်သူနှင့်သူ၏သူငယ်ချင်းကောင်လေးတို့မှလမ်းထိပ်ကအုတ်ခုံလေးတစ်ခုပေါ်မှာထိုင်ကာမုန့်အတူတူစာနေကြသည်ကိုသူမြင်သွားသည်။
အသေချာကားကိုရပ်ပြီးကြည့်တော့ကလေးနှစ်ယောက်စားနေသည်ကမုန့်မဟုတ်ဘဲကြက်ဥပြုတ်လေးသာဖြစ်နေလေသည်။
ကလေးနှစ်ယောက်ကြက်ဥပြုတ်စားတာကိုJuyeonလည်းဘာရယ်မဟုတ်ပါဘဲကြည့်ကာပြုံးမိသည်။
သူနဲ့Jaeလည်းစခင်ပြီးနောက်ရက်နေတော့အဲ့လိုကြက်ဥပြုတ်အတူတူစားခဲ့ဖူးသည်မလား....။
Jaeကခွာရင်အနှစ်ပါပါတတ်လို့သူ့ကိုခွာခိုင်းတာလည်းသတိရပါသေးသည်။
ပြန်စဥ်းစားကြည့်ရင်ဒါတွေဟာသူ့ဘဝရဲ့အတိတ်မှာဖြစ်ပျက်ခဲ့သောအရာလေးတွေ။ Jaeနဲ့အတူတူဖြတ်သန်းရတဲ့နေ့ရက်တွေအကုန်လုံးပေါ့။
ပျော်စရာကောင်းခဲ့ပါသည်လေ။ သူစိတ်ချမ်းသာခဲ့ရပါသည်။ သို့ပေမဲ့ထိုအရာတွေဟာအခုတော့အတိတ်မှာကျန်ခဲ့သည့်အမှတ်တရတွေသာသာ။ တန်ဖိုးရှိပြီးဘာနဲ့မှလဲလို့မရသည့်အမှတ်တရလေးတွေပေါ့။
သူJaeအပေါ်ခံစားချက်တွေစရှိလာခဲ့တော့တွေးဖူးခဲ့သည်။ Jaeနဲ့ပဲအတူတူနေ့ရက်တိုင်းကိုပျော်ရွှင်အောင်ဖြတ်သန်းရမယ်ဆိုပြီးတော့ပေါ့။ အခုတော့အဲ့ဒီ့ဖြတ်သန်းရမဲ့အမှတ်တရထဲကနေရုန်းထွက်လာသူကသူကိုယ်တိုင်ဖြစ်နေခဲ့သည်မလို့နောင်တလည်းအကြီးကျယ်ရမိပါသည်။
Jaeကောင်းအောင်လုပ်ဖို့ဆိုပေမဲ့လည်းခံစားရသူမှာတော့မကောင်းနိုင်ပါလေ.....။
.........................
"Juyeon!!"
"ဟုတ်ကဲ့"
"မင်းဘာသတင်းသိရသေးလည်း"
"ကလေးကိုခေါ်သွားတဲ့လင်မယားနှစ်ယောက်ရဲ့အရင်အိမ်လိပ်စာတော့ရခဲ့ပါတယ်...ဒါပေမဲ့အဲ့တာက...."
ပြောဖို့ရန်တွန့်ဆုတ်နေသည့်JuyeonအားSunghyunမှ
"ပြောပါ....ဘာဖြစ်လို့လည်း"
Juyeonခနတာအားယူလိုက်ပြီး
"အဲ့အိမ်လိပ်စာက ကျွန်တော်အရင်နေခဲ့တဲ့အိမ်လိပ်စာဖြစ်နေတယ်"
"ဘာ?"
"ဟုတ်ပါတယ်......"
Sunghyunမှတစ်ချက်တွေဝေသွားပြီး
"အင်း......ဒီလိုဆိုမင်းသိထားတာ တစ်ခုခုမှားနေလောက်မယ် ငါအခုသတင်းရထားတာ အဲ့လူတွေနေတဲ့အိမ်ကိုသိထားတယ် သူတို့Seoulကိုပြောင်းလာတယ်တဲ့"
"ဟုတ်ကဲ့.....ဒါဆိုလှုပ်ရှားလိုက်ရတော့မလား"
"နေဦး!! ခနစောင့်လိုက်......ဟိုဘက်ကပြောတာ ဒီလကုန်ကျရင်ဆိပ်ကမ်းဘက်ကိုအသစ်ရောက်လာဖို့ရှိတယ်တဲ့ အဲ့ကျရင်ထည့်ပေးလိုက်မလားပြောမရဘူး အဲ့ကျမှငါတို့အစီစဥ်ချပြီးလှုပ်ရှားကြမယ် သူတို့မှောင်ခိုသွင်းလာတာတွေပါတစ်ခါတည်းအပြတ်ရှင်းချင်လို့"
"ဟုတ်ကဲ့ပါ Boss ကျွန်တော်နားလည်ပါပြီ"
Sunghyunပြောတာအဓိပ္ပါယ်တော့ရှိပါသည်။သတင်းရတယ်ဆိုပြီးချက်ချင်းလှုပ်ရှားမိလျှင်အမှားပါတတ်သည်မလ်ို့သူတို့သတိထားဖို့တော့လိုလိမ့်မည်။
ဒါဆို....Juyeonထင်နေသလိုမျိုး Bossရဲ့သားကJaeလား........။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Hyung!"
Hyunnieနဲ့Hwallieကိုစာသင်ပေးနေတုန်းခေါ်လာသည့်Hyunjunကြောင့်Jaehyunကဘာလဲဆိုသည့်သဘောအနေနဲ့မေးငေါ့ပြသည်။
"ဒီတစ်ပတ်Sundayအားတယ်မလားဟင်"
Hyunnieနှင့်Hwallieမှာချက်ချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးလိုက်ကြသည်။ သူတို့အကိုစတင်လှုပ်ရှားတော့မှာပါလားဆိုသည့်အတွေးဖြင့်။
"အင်း....အားပါတယ် ဘာလို့လည်း"
"ဒါဆို......ကျွန်တော်တို့နဲ့အတူLotte Worldလိုက်ခဲ့ပါလား အဲ့နေ့ကျရင်Hyunnieနဲ့Hwallieကိုလည်းခေါ်သွားချင်လို့ လက်မှတ်ကနှစ်ယောက်တစ်စောင်ဟာပိုတန်တယ်လေ discountလည်းချနေတာဆိုတော့"
သူဌေးသားကလက်မှတ်ပိုတန်ကြောင်းနှင့်discountအကြောင်းတွေပြောလာတော့Jaehyunအနည်းငယ်တော့အံ့အားသင့်မိသည်။ Hyunjunလိုလူမျိုးကအဲ့လိုတွေစောင့်စရာမှမလိုဘဲ။ သို့ပေမဲ့လည်း
"အင်း...........လိုက်ခဲ့ရမလား"
စဥ်းစားတွေဝေနေသည့်Jaehyunကြောင့်Hyunnieနဲ့Hwallieမှ
"Teacherအချောလေးကလည်းလိုက်ခဲ့ပါနော်....သမီးတို့အတူတူသွားချင်လို့"
"ဟုတ်တယ်....လိုက်ခဲ့ပါHyungရဲ့ အဲ့နေ့ကျရင်Younghoon Hyungတောင်သူ့ကောင်လေးနဲ့မိတ်ဆက်ပေးမယ်ပြောတယ်"
"အော်...အင်းပါ...ဒါဆိုလိုက်ခဲ့ပါ့မယ်"
"Yay!!!!"
...................
Sundayရောက်သော်......
ဆောင်းရာသီရဲ့မနက်ခင်းဟာနှင်းပွင့်လေးတွေတွဲလွဲကျနေသည့်သစ်ပင်ရဲ့အရွက်ပေါ်သို့ထိုးနေသောနေရောင်ကြောင့်နွေးထွေးမှုလေးကိုရနေပါသည်။
နေရှိန်ရေးရေးလေးဖြစ်ပေမဲ့နွေးထွေးမှုအပြည့်ပေးနိုင်သောကြောင့်မနက်ခင်းမှာလူတွေကိုစိတ်ကြည်လင်လန်းဆန်းစေသည်။
အထဲမှမီးခိုးရောင်hoodieလေးကိုအပေါ်မှအညိုရောင်coatလေးနှင့်တွဲကာဝတ်ထားပြီးအောက်ကလည်းဂျင်းဘောင်းဘီအနက်ဖြင့်ဝတ်ထားသည့်ကောင်လေးတစ်ယောက်။
အိမ်အပြင်ထွက်ထွက်ချင်းအရင်ဆုံးဆောင်းလေရဲ့အေးစက်စက်အရသာကိုတစ်ဝကြီးရှုသွင်းကာနေရောင်လေးအောက်၌ခိုလှုံမိသည်။ဆောင်းရာသီကတစ်ကယ့်ကိုလှပသည့်ရာသီဥတုပါပဲလား။
သို့ပေမဲ့တစ်ဖက်မှာတော့......
"ငါ့အကိုသေချာမှတ်ထားတယ်နော်...."
"အေးပါ မှတ်ထားပါတယ်"
"သူလိုအပ်တာမှန်သမျှအကုန်မျက်စိဒေါက်ထောက်လိုက်ကြည့်ပြီးဖြည့်စည်းပေးရမှာအကို့တာဝန်နော်....ဟိုရောက်ရင်ညီမလေးတို့ဘာမှကူမပြောပေးဘူး "
"ဟုတ်တယ်...အာ....အဓိကက လျှောက်မလုပ်မိဖို့ဘဲ ရှက်တာတွေဘာတွေမရှိဘဲ စိတ်ပါလက်ပါလုပ် သိပြီလား"
"အေးပါ....နင်တို့ကလည်းငါ့ကိုမသိရင်ငဒူကြီးထင်နေဦးမယ်"
"အမလေး.....ငါ့အကိုကငဒူမဟုတ်ဘဲငအူဖြစ်နေမှာစိုးလို့ပေါ့....ဖက်ရှင်ကတော့ဟုတ်နေပေမဲ့ပြီးရင်တစ်လွဲတွေဖြစ်လာမှာစိုးလို့ "
"ဟုတ်တယ်....ငါ့အကိုကြိုစားထားသိလား Teacherလိုလူမျိုးကဒီလောကကြီးမှာနှစ်ယောက်မရှိဘူး ရတဲ့အခွင့်ရေးကိုရအောင်ယူထားရတယ်"
အကိုဖြစ်သူအားတရားတွေချနေသည့်ညီအစ်မနှစ်ယောက်ကြောင့်သူတို့အကိုမှာလည်းမနိုင်တော့ပါလေ။
....................
"Hyung!!"
"အော်....Junnie....."
"Sorry Hyungကျွန်တော်လာခေါ်တာနည်းနည်းနောက်ကျသွားတယ်"
"ရပါတယ်....အရမ်းကြီးလည်းမနောက်ကျပါဘူး ဒါနဲ့ကလေးနှစ်ယောက်ရော"
"ကားထဲမှာလေ "
Hyunjunကကားကိုထိုးပြရင်းပြောတော့Jaehyunကခေါင်းလေးငြိမ့်ကာHyunjunကိုသေချာကြည့်မိသည်။
အနက်ရောင်sweaterကိုအထဲမှဝတ်ဆင်ထားပြီးအပေါ်ကနေအနက်နှင့်အနီစပ်ထားသည့်အကွက် long coatကိုဝတ်ဆင်ထားသည်မှာလိုက်ဖက်လှသည်။
ခြေတံရှည်ရှည်မှာဝတ်ဆင်ထားသည့်အနက်ရောင်Jeansကလည်းအကျပ်ဆိုတော့Hyunjunရဲ့အရပ်အမောင်းကိုသေချာပေါ်လွင်စေပါသည်။
ခေါင်းပေါ်တွင်ဆောင်းထားသည့်beretအနက်လေးနှင့်တွဲလွဲကျနေသည့်နားကပ်မျှင်လေးတွေကြောင့်Hyunjunအားလူငယ်ရုပ်ပါပေါက်စေသည်။
အလုံးစုံခြုံပြီးပြောရမည်ဆိုလျှင်Hyunjunကချောမောလွန်းပြီးဆွဲဆောင်မှုရှိလွန်းသည့်လူတစ်ယောက်ဟုJaehyunမြင်မိသည်။
"Junnie ဒီနေ့ဝတ်လာတာလေးသဘောကျတယ်....beretလေးနဲ့လည်းလိုက်ဖက်နေရော"
JaehyunကHyunjunရဲ့beretလေးကိုအသာထိကာပြောတော့Hyunjunကလည်းပြုံးပြုံးကြီးဖြင့်
"ဝတ်လာတာပဲသဘောကျတာလား ဝတ်ထားတဲ့လူကိုရော သဘောမကျချင်ဘူးလား"
"ဟင်!.....Junnie.....တစ်ကယ်လူနောက်လေး သွားရအောင်ပါ....ကလေးနှစ်ယောက်ကစောင့်နေပြီ"
"အင်းပါ......"
သူမေးလိုက်သည့်မေးခွန်းလေးကစနောက်ရုံပဲမဟုတ်ဘူးဆိုတာကိုJaehyunသိရင်ကောင်းမည်။
.....................
"Younghoon Hyung!!!!"
"အော်...အေးHyunjunနဲ့Jaehyun"
ကလေးနှစ်ယောက်ကတော့ပြောစရာမလိုပါဘူး။ Rakwonနဲ့Yeonkyuကိုတွေ့တော့အပြေးသွားပြီးသွားဆော့ကြလေသည်မှာဘယ်သူမှတောင်ခေါ်ချိန်မရလိုက်။
"ဒါနဲ့.....ဒီကတစ်ယောက်ကဘယ်သူလည်း"
"JaehyunမှYounghoonဘေးမှာရပ်နေသည့်ကောင်လေးကိုမေးတော့
"အာ....ဒါလေးလား....ငါ့babyလေးလေ"
"Babyလေး?....မဟုတ်မှလွဲရော....ဒါမင်းကောင်လေးလား"
Jaehyunကအလန့်တစ်ကြားမေးတော့Younghoonဘေးမှကောင်လေးက
"ဟုတ်....တွေ့ရတာဝမ်းသာပါတယ်ဗျ ကျွန်တော်Ji Changminပါ"
"အော်...ဟုတ်ဟုတ်...တွေ့ရတာဝမ်းသာပါတယ်နော်...ဒါနဲ့ဘယ်အရွယ်လည်းမသိဘူး"
"ကျွန်တော်က97ဖွား"
"ဒါဆို...Younghoonထက်တော့ငယ်တာပဲ"
"ဟုတ်ကဲ့ "
Hyunjunမှလည်း...
"ဒါဆို...Yuri Noonaပြောပြောနေတဲ့ Hyungလိုက်ကြိုက်နေတယ်ဆိုတဲ့အကဆရာကဒီကသူလား"
"အင်း...ဟုတ်တယ်...ငါ့မယ်...ဒီကလေးနဲ့နီးစပ်ဖို့ကိုကြိုးစားလိုက်ရတာ "
"အဲ့တော့....မကြိုးစားချင်တော့ဘူးပေါ့"
"ဟဲ....မဟုတ်ပါဘူး...ကလေးကလည်း ကိုယ်ကကလေးကိုဘယ်လောက်ထိချစ်လွန်းလို့...ပင်ပင်ပန်းပန်း...."
Younghoonကတစ်မင်သက်သက်Jaehyunနဲ့Hyunjunကိုစချင်သောကြောင့်ပြောနေသည်ကိုသိသဖြင့်Jaehyunမှ
"အမလေး....အကဲကိုပိုတယ်....တော်ပြီ...လာJunnieသွားမယ်...."
ဆိုကာHyunjunလက်ကိုJaehyunမှဆွဲပြီးအထဲဝင်သွားလေသည်။ Hyunjunကတော့ဘုမသိဘမသိရုပ်လေးဖြင့်ပါသွားရှာပါသည်။
"ကိုကို...သူတို့နှစ်ယောက်ကလည်းအတွဲပဲလား"
"အယ်.......ဘယ်လိုပြောရမလည်း....အခုထိနှစ်ယောက်က flirt zoneမှာလို့ပြောရမလား HyunjunကJaehyunကိုလိုက်နေတုန်း"
"အော်....နှစ်ယောက်ကလိုက်တော့လိုက်ဖက်သားနော်"
"ကလေးနဲ့ကိုယ်လောက်တော့ဘယ်လိုလုပ်လိုက်ဖက်မှာလည်း"
"Kim Younghoon shi....မနေ့က ပြတဲ့ကကွက်ထဲကလိုကန်ထုတ်ပေးရမလား"
"မလုပ်ပါနဲ့...ကလေးကို ကိုကိုကြောက်"
............................
"Hyunnieနဲ့Hwallie!!!!"
"ဟုတ်ကဲ့.....ပြောTeacher"
"အရမ်းအဝေးကြီးမသွားနဲ့နော်....လမ်းပျောက်နေမယ်..."
"ရပါတယ်...ဒီမှာRakwonနဲ့Yeonkyuလည်းပါတယ် သူတို့ကခနခနရောက်ဖူးနေတော့ သမီးတို့လမ်းမပျောက်ပါဘူး"
"အင်းပါ...အဲ့တာဆိုလည်း...ဖြေးဖြေးသွားနော် ကလေးတို့"
"ဟုတ်ကဲ့ပါ"
ခုန်ပေါက်ပြီးထွက်သွားသည့်ကလေးတွေကိုကြည့်ပြီးJaehyunပြုံးနေတုန်းဘေးနားကိုရောက်လာသည့်Hyunjun။
"Hyung!"
"အင်း...Junnie"
"ကျွန်တော်တို့ Younghoon Hyungတို့နဲ့အတူတူcoffeeသွားသောက်ရအောင်"
"အင်း...ကောင်းပြီလေ"
Cafeဆိုင်ရောက်တော့ပြတင်းပေါက်နဲ့နီးသည့်နေရာတွင်သူတို့လေးယောက်အတူတူထိုင်လိုက်ကြသည်။
"Hyungဘာသောက်မှာလည်း"
"Ice Americano "
ကော်ဖီဆိုခါးတာမကြိုက်တတ်သည့်Jaehyunမှ Ice Americano မှာတော့YounghoonကMenuစာအုပ်ကိုကိုင်ကာ
"နေပါဦး....မင်းဘယ်တုန်းကကော်ဖီအခါးတွေကြိုက်တတ်လို့တုန်း"
"ဟင်......ဒီလိုပါပဲ.......သောက်ဖြစ်တာကြာပြီ"
ပြီးတော့Younghoonမှသတိရသွားဟန်ဖြင့်
"အာ.....ငါသိပြီ....JuyeonကIce Americanoကြိုက်--"
"ကိုကို!!!!"
Younghoonလည်းသူ့ဟာသူပြောပြီးမှလွန်သွားပြီဖြစ်မှန်းသိတာမလို့စကားကိုအမြန်ဖြတ်ကာချောင်းတစ်ချက်ဟန့်လိုက်သည်။
"အဟမ်း! sorry......မှာပါ....Hyunjunကောဘာသောက်မှာလည်း"
ကြောင်တောင်တောင်လေးဖြစ်နေသည့်HyunjunကYounghoonမေးတော့မှ
"အော်....ကျွန်တော်ကတော့...Latteပဲသောက်တော့မယ်"
....................
"Hyung...Coffee အခါးတွေမကြိုက်ဘဲအတင်းမသောက်ပါနဲ့လား"
Lotte Worldထိလာပြီးcafeမှာပဲထိုင်နေရင်အချိန်တွေအလကားဖြစ်ကုန်မှာစိုးသည်ဟူသောHyunjunရဲ့စကားကြောင့်လေးယောက်လုံးကော်ဖီမှာပြီး ရသည်နှင့်ဆိုင်မှထွက်ကာအထဲတွင်လမ်းလျှောက်နေကြသည်။
Younghoonနှင့်သူ့ကောင်လေးကတော့Hyunjunတို့ကိုရှောင်ပေးသည့်သဘောဖြင့်နှစ်ယောက်အတူတစ်ခြားနေရာသို့သွားလိုက်ကြသည်။
Hyunjunနှင့်Jaehyunတို့လမ်းအတူလျှောက်နေရင်းပြောလာသည့်Hyunjunရဲ့စကားတစ်ခွန်းကြောင့်Jaehyunလျှောက်နေသည့်ခြေလှမ်းများရပ်ကာတစ်ဖက်သို့လှည့်ကြည့်မိသည်။
"Hyung....သောက်နိုင်ပါတယ်"
"မလိမ်တတ်ဘဲနဲ့မလိမ်ချင်စမ်းပါနဲ့ Hyung.....ဘာလဲ....သူကIce Americano ကြိုက်တတ်တယ်ဆိုလို့သူသောက်တဲ့အရသာကိုသောက်နေတာလား"
Hyunjunရည်ရွယ်ပြောသည့်သူကိုJaehyunချက်ချင်းသိပါသည်။ အမှန်တရားကိုပြောတော့Jaehyunမှာဘာမှပြန်မပြောနိုင်သေးချေ။
"မဟုတ်ပါဘူး....ဒီလိုပါပဲ.....သောက်ချင်လို့"
Hyunjunမှသက်ပြင်းတစ်ချက်ချလိုက်ပြီး
"မလိမ်တတ်ဘဲနဲ့မလိမ်ပါနဲ့ဆို"
ဆိုကာပြောရင်းဆိုရင်းJaehyunလက်ထဲမှကော်ဖီခွက်ကိုဆွဲယူပြီးအနားရှိအမှိုက်ပုံးထဲသို့သွန်ပစ်လိုက်သည်။
"Junnie...ဒါဘာလုပ်တာလည်း!!!"
"မကြိုက်လို့လေ.....Hyungလည်းမသောက်နိုင်တာကိုအတင်းဇွတ်သောက်နေတာ ရော့....ကျွန်တော်Strawberry milkshakeတစ်ဘူးထပ်ဝယ်လာတယ် အဲ့တာသောက်လိုက်"
သူ့ရှေ့ကိုထိုးပေးလာတဲ့milkshakeဘူးလေး။
မကြိုက်ပါဘူး Hyungရယ်.....သူနဲ့ဝေးနေလို့ဆိုပြီးသူ့အငွေ့အသက်တွေရအောင်သူကြိုက်တတ်တဲ့အရာတွေလိုက်လုပ်နေတာကိုကျွန်တော်မကြိုက်ဘူးHyung။
Jaehyunလည်းဘာမှမပြောသာတော့ဘဲHyunjunပေးတဲ့milkshakeဘူးလေးကိုသာယူရင်းသောက်လိုက်မိပါသည်။ အေးလေ....သူမှမသောက်နိုင်တဲ့အရာကိုဇွတ်သောက်နေဖို့မှမလိုတာ။
Hyunjunစောနကအနည်းငယ်လေသံမာဖြင့်ပြောလိုက်လို့လားမသိ။ Jaehyunမျက်နှာလေးကညှိုးနွမ်းလို့နေသည်။ ဒါကြောင့်Hyunjunလည်းစိတ်မကောင်းသည်မလို့Jaehyunတစ်ဖန်ပျော်လာစေရန်သူကြံဆောင်ရတော့မည်။
"Hyung...ကျွန်တော်တို့ဂိမ်းတွေသွားဆော့ရအောင်"
"အင်း......"
Hyunjunကတော့Jaehyumလက်ကိုဆွဲပြီးဂိမ်းတွေတစ်ခုပြီးတစ်ခုလိုက်ဆော့ကြသည်။ ဘောလုံးပစ်လိုက်....မြှားပစ်လိုက်....အရုပ်ကောက်လိုက်နဲ့ ပျော်စရာကြီးပင်။
Hyunjunကလည်းလူငယ်ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ရသူမဟုတ်ပါချေ။ မိဘတွေကအတူမရှိနေနိုင်တော့ ညီမလေးနှစ်ယောက်ကို အကိုကြီးအဖရာဆိုသလိုထိန်းကျောင်းပေးရင်းနဲ့လုပ်ငန်းကလည်းတစ်ဖက်ဆိုတော့သူအခုလိုမျိုးပျော်ဖူးတာရှားပါသည်။
ထူးထူးခြားခြားအနေနဲ့သူ့ဘဝမှာပထမဦးဆုံးရင်ခုန်မိပြီးနှစ်နှစ်ကာကာချစ်ရသည့်သူလေးနဲ့အတူအခုလိုပျော်ရွှင်ချိန်တွေကိုဖြတ်သန်းရတော့သူ့အတွက်အရမ်းကိုအဓိပ္ပါယ်ရှိနေတာပေါ့။
တစ်နာရီနီးနီးလောက်သူတို့အတူဆော့ပြီးတော့နှစ်ယောက်လုံးလည်းအနည်းငယ်တော့မောနေကြသည်။Jaehyunကတော့စောနကလိုမဟုတ်တော့ဘဲပြုံးရွှင်ရွှင်လေးဖြစ်လာသည်မလို့Hyunjunစိတ်ချမ်းသာရပါသည်။
"Junnie...."
"ပြောလေ...Hyung"
"Hyungတို့....အာတာပူစီသွားဝယ်စားရအောင်"
"အာတာပူစီ?"
"အင်း...."
"ဟာ...Hyungကလည်းအဲ့တာသကြားတွေအများကြီးပါတယ်လေ Hyungချောင်းဆိုးနေမှာပေါ့"
"မဆိုးပါဘူး.....Junnieကလည်း.....လာပါသွားဝယ်စားရအောင်"
ဆိုကာဇွတ်အတင်းဆွဲသွားသည်မှာအာတာပူစီစားချင်နေသည့်ကလေးလေးတစ်ယောက်နှယ်။
"အန်တီကြီး....ကျွန်တော့်ကိုအာတာပူစီတစ်ခုပေးပါ"
"ဟုတ်ကဲ့ပါ.....အာဒါနဲ့လေ...ဒီနေ့promotionတစ်ခုရှိတယ်...စုံတွဲတွေအတူဓာတ်ပုံရိုက်ပြီးဒီမှာကပ်ပေးရင်နောက်တစ်ခုလက်ဆောင်ရမယ်နော်......"
အန်တီကြီးကသူတို့နှစ်ယောက်ကိုအတွဲအထင်နှင့်ပြောလာတော့Jaehyunကအပြုံးချိုချိုလေးနှင့်ငြင်းမည်ကြံနေတုန်းမှာပဲHyunjunကသူ့လက်ကိုဆွဲကိုင်ကာ
"ဟုတ်....ရိုက်မယ် အန်တီ....ကျွန်တော်တို့ကိုတစ်ပုံလောက်"
"ဟင်...Junnie!!"
"လာပါ ရိုက်ရအောင်လေ Hyungရဲ့ တစ်ခုတောင်အလကားရမှာ"
အလကားရမှာကိုတော်တော်သဘောတွေ့နေသည့်သူဌေးသားလေးအားJaehyunမှာအံ့သြပေးရုံကလွဲလို့မတတ်န်ိုင်။
"ဒါဆို...အသင့်ပြင်နော်...အန်တီဓာတ်ပုံရိုက်ပေးမယ်"
ဆိုကာကင်မရာကိုကိုင်ရင်းပြောတော့လက်မြန်သည့်HyunjunကJaehyunခါးကိုဖက်ကာသူ့အနားသို့ဆွဲကပ်လိုက်သည်။ဘယ်လောက်တောင်နီးနေလည်းဆိုလျှင်Jaehyunသာမျက်နှာကိုတစ်ဖက်လှည့်လိုက်ပါကHyunjunပါးကိုထိမိတော့လောက်မည်အထိကိုနီးကပ်နေကြပါသည်။
Jaehyunလည်းHyunjunနဲ့ရုတ်တစ်ရက်နီးကပ်သွားတော့အနည်းငယ်ရှက်မိသည်မှာပါးလေးတွေတောင်နီမြန်းလာရတော့သည်။
"ရိုက်ပြီနော်...1...2...3!"
ရိုက်ပြီးသွားတော့ဓာတ်ပုံထွက်လာသည်နှင့်အန်တီကြီးမှ
"အိုက်ဂူးး......ကလေးတို့ကလိုက်ဖက်လိုက်တာကွယ်....နှစ်ယောက်လုံးချစ်ဖို့ကောင်းနေကြရော"
"ဟုတ်....ကျေးဇူးအန်တီ"
Jaehyunကတော့ရှက်နေဆဲပင်။
.................
*Ring....Ring*
"Hello...Younghoon Hyung........အော်...ဟုတ်ကဲ့...ဒါဆိုကျွန်တော်Jaehyun Hyungနဲ့ပဲဆက်လည်လိုက်တော့မယ်"
Hyunjunဖုန်းချပြီးသွားတော့
"ဘာတဲ့လည်းJunnie"
"Younghoon Hyungကိုပန်းချီသင်တန်းကဆရာမဖုန်းဆက်လာလို့တဲ့ သင်တန်းကခနနေအချ်ိန်ကိုရွှေ့ထားတယ်ဆိုပြီး အဲ့တာ ကလေး လေးယောက်လုံးကိုသူပဲခေါ်သွားပေးလိုက်တော့မယ်တဲ့ "
"အော်....အင်းပါ ဒါဆိုHyungတို့နှစ်ယောက်တည်းပဲပေါ့"
"အင်း....Hyung...."
သို့နှင့်သူတို့နှစ်ယောက်လည်းLotte Worldထဲမှာအာတာပူစီလေးကိုင်စားရင်းအတူတူလမ်းလျှောက်လို့နေကြသည်။ Jaehyunကတော့စောနကကိစ္စကြောင့်အနည်းငယ်တော့ရှက်နေပါသေးသည်။
"Hyung!"
"ဟင်...ပြောလေJunnie"
"ဟို......ကျွန်တော်တို့.......ဒီမှာပဲနေ နေတာပျင်းလာပြီ.......အဲ့တာ...ရုပ်ရှင်လေးဘာလေးသွားကြည့်မလား"
"Junnie သဘောလေ Junnieသွားချင်ရင်သွားကြတာပေါ့"
"ဒါဆို.....ကျွန်တော်တို့movie dateကြမယ်"
Movie Dateကြမယ်ဆိုပြီးအနားကပ်ပြောလာသည့်Hyunjunကြောင့်Jaehyunရင်မခုန်မိဘူးဆိုလျှင်လိမ်ရာကျမည်။ သူရုပ်ရှင်ရုံမှာသွားမကြည့်ရသည်မှာလည်းကြာလှပြီလေ။ ထို့ကြောင့်Hyunjunနှင့်သွားကြည့်ရန်သဘောတူလိုက်သည်။
................
Shopping mallအတွင်းမှာရှိသည့်ရုပ်ရှင်ရုံကိုသွားတာပိတ်ရက်ကလည်းဖြစ်နေသည်မလို့လူတော့အတော်လေးရှုပ်ရှက်ခက်နေကြသည်။
Mallအတွင်းကိုဝင်တော့တစ်ခြားသူများနှင့်မတိုက်မိစေရန်လည်းHyunjunကJaehyunအားဆွဲထားလေသည်။ ပြောရမည်ဆိုလျှင်Jaehyunခါးကိုဖက်ကာဆွဲယူထားခြင်းဖြစ်သည်။
သူတို့တစ်ဖန်ထပ်ပြီးနီးကပ်နေကြသည်မလို့နှစ်ယောက်လုံးရင်တွေခုန်နေကြသည်လေ။ Hyunjunကပိုခုန်နေသည်ဆိုမှန်လိမ့်မည်။
ရုပ်ရှင်မှာMallရဲ့အပေါ်ဆုံးထပ်တွင်ရှိသည်မလို့နှစ်ယောက်သားအတူသွားလိုက်ကြရက်းလက်မှတ်ဖြတ်ပြီးမုန့်တစ်ချို့ဝယ်ကာအတူတူရုပ်ရှင်ကြည့်ကြလေသည်။
ဇာတ်ကားမှာလည်းအချစ်ကားလေးဖြစ်သည်မလို့နှစ်ယောက်သားငြိမ်ငြိမ်လေးပင်ထိုင်ကြည့်နေကြသည်။ ဇာတ်ကားကိုအေးဆေးမကြည့်နိုင်ဘဲဘေးကသူကိုငမ်းနေတာကတော့Hyunjunပေါ့။
မင်းသားနဲ့မင်းသမီးဇာတ်ကားထဲမှာနမ်းသည့်အခန်းရောက်တော့Hyunjunမယ်ဘေးမှာရှိသည့်အအေးဘူးကိုစုပ်သောက်နေသောJaehyunနှုတ်ခမ်းလေးကိုကြည့်ပြီးတံတွေးမျိုချနေရသည်မှာအကြိမ်ကြိမ်။
ဒါကိုJaehyunကသတိထားမိသွားသည်ထင်ပါရဲ့။အနားကပ်လာကာ
"Junnie....အအေးသောက်ချင်လို့တံတွေးတွေခနခနမျိုချနေတာလား "
"ဟင်.....အော....Hyung.....ကျွန်တော့်ကိုတိုက်ပါဦး"
"အဲ့တာကြောင့်စောနကတည်းကနှစ်ဘူးဝယ်ဖို့ပြောတာလေ အခုHyungသောက်ပြီးသားကြီးကို ပိုက်ကလည်းတစ်ခုပဲပါတယ်"
"ရ...ရတယ်...Hyung...ကျွန်တော်ရေအရမ်းဆာလာလို့သောက်လိုက်မယ်"
ဆိုကာJaehyunလက်ထဲမှအအေးဘူးကိုလှမ်းဆွဲယူပြီးသောက်လိုက်မိသည်။ပြီးတော့ခေါင်းထဲမှာအတွေးတစ်ခုလည်းပေါ်လာပြီးJaehyunကိုစချင်သည်မလို့
"ပိုက်တစ်ခုတည်းပါတော့လည်း ဘာဖြစ်တုန်းHyungရဲ့...... ဇာတ်ကားထဲကမင်းသားနဲ့မင်းသမီးလိုနမ်းတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ကသွယ်ဝိုက်ပြီးနမ်းတာပေါ့"
အနားကပ်ကာပြုံးပြုံးကြီးပြောလာသောHyunjunရဲ့စကားကြောင့်Jaehyunမှာမပျော်နိုင်ပါလေ။
သွယ်ဝိုက်ပြီးနမ်းတာ......။
ဒါသူလည်းပြောဖူးတဲ့စကားပဲလေ။ မှတ်မှတ်ရရမခွဲသွားခင်ပထမဆုံးအကြိမ်dateလုပ်ဖူးတုန်းကပြောသည့်စကားလေးပဲ။ အဲ့တုန်းကလည်းအခုလိုဆောင်းရာသီအချိန်။
"Hyung....Hyung.....ကျွန်တော်ပြောတာကြာလား Hyung!"
"ဟင်! အော်....အင်း....Ju- sorry Junnie..."
စနောက်ရုံပဲပြောလိုက်သည့်စကားကြောင့်မှိုင်တွေသွားသောJaehyunအားHyunjunမှာကြည့်ပြီးအားနာမိပါသည်။ သူ့ကိုတောင်အဲ့တစ်ယောက်ရဲ့နာမည်နဲ့မှားခေါ်မိတော့မလိုဖြစ်သည်ဆိုတော့သူစနောက်ဖူးသလိုအဲ့တစ်ယောက်ကလည်းစနောက်ဖူးသည်ထင်ပါရဲ့။
ဟူး......ချစ်နေရသူကရင်ထဲမှာမမေ့နိုင်တဲ့သူရှိတာHyunjunအတွက်ခက်ခဲလှပါသည်။ဒါကြောင့်သူလည်းဘာမှဆက်မပြောတော့ဘဲဇာတ်ကားသာဆက်ကြည့်နေလိုက်မိသည်။
တစ်နာရီခွဲလောက်ကြာသည့်ဇာတ်ကားဟာအဆုံးသတ်တော့လှပခြင်းမရှိခဲ့ပါလေ။ တစ်ကားလုံးမင်းသားနဲ့မင်းသမီးဟာတစ်ယောက်နဲ့တစ်ယောက်အခြားသူတွေအရှုံးပေးရလောက်အောင်နှစ်နှစ်ကာကာချစ်ခဲ့ကြပါသော်လည်းကွဲကွာခြင်းနှင့်ပင်နိဂုံးချုပ်ခဲ့သည်။
ရုံထဲရှိသူတွေမှာလည်းမင်းသားနဲ့မင်းသမီးအတွက်စိတ်မကောင်းဖြစ်သူကဖြစ်။ ငိုသည့်သူကငိုနှင့်။ Hyunjunကတော့ဇာတ်ကားတွေအပေါ်သိပ်ပြီးမခံစားတတ်သူမလို့ဘာမှတော့မဖြစ်ပေမဲ့ဘေးကJaehyunကတော့မျက်ရည်ကျနေပြီဖြစ်သည်။
သူ့အဖြစ်နဲ့လည်းတူညီနေသည်ကိုး.....။
........................
"Hyungကလည်း...အရမ်းကြီးမခံစားပါနဲ့ အဲ့တာဇာတ်ကားသပ်သပ်ပဲကို"
အပြင်ရောက်သည်အထိမျက်ရည်ကျမပြတ်နေသောJaehyunအားHyunjunမှာပခုံးလေးပုတ်ပြီးချော့နေရပါသည်။ Jaehyunကဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးသိပ်ကိုခံစားလွယ်တာပဲ။
"Hyung....ဖြစ်ခဲ့တာလည်းသူတို့နဲ့တူတယ်"
"အင်း.....ရိပ်မိတယ်..... အဲ့တစ်ယောက်နဲ့လည်းချစ်ခဲ့ကြတာပဲမလား "
"အင်း..................ချစ်ခဲ့ကြတာပေါ့"
"Hyungစဥ်းစားရမှာ အတိတ်ကိုမဟုတ်ဘူး လက်ရှိကိုစဥ်းစားရမှာ အတိတ်မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုထိလိုက်ပြီးခံစားနေစရာမလိုပါဘူး Hyungရယ်....အဲ့တာကြောင့်မငိုနဲ့တော့နော်....Hyungငိုရင်ကျွန်တော်မကြည့်ရက်ဘူး နေလည်းမနေတတ်ဘူး ပြီးတော့....Hyungကိုပြန်တွေးမိတိုင်းခနခနငိုအောင်လုပ်တဲ့အဲ့ကောင်ကိုပါသွားသတ်ချင်စိတ်ပေါက်တယ်"
Hyunjunပြောသည့်စကားများကြောင့်Jaehyunမျက်ရည်များကိုသုတ်လိုက်မိသည်။ သူရောက်နေသည်ကpublic areaကြီးလေ။ ပြီးတော့Hyunjunကိုလည်းထပ်ပြီးအားနာစရာတွေမဖြစ်စေချင်တော့ပါလေ။
"တော်တယ်....ငါတို့Hyungက....ဒါနဲ့Hyungဘာစားချင်လည်းပြော ကျွန်တော်သွားဝယ်ပေးမယ်"
"ရပါတယ်....မစားတော့ပါဘူး စောနကလည်းပေါက်ပေါက်ဆုပ်တွေစားထားတာကို"
"တစ်ခုခုထပ်စားလိုက်ပါHyungရဲ့ ချောကလက်ပဲဖြစ်ဖြစ်စားမလား"
"အင်း......KitKatတော့စားချင်တယ်"
"Ok...ကျွန်တော်သွားဝယ်ပေးမယ် Hyungဒီမှာခနစောင့်နေနော်"
"အင်းပါ....."
Jaehyunကတော့HyunjunကိုKitKatသွားဝယ်သည်ဟုပဲထင်နေပါသည်။ သို့ပေမဲ့Hyunjunတစ်ယောက်ကတော့မုန့်ဆိုင်တန်းတွေထက်လက်ဝတ်ရတနာရောင်းသည့်ဆိုင်ဘက်ကိုအရင်သွားလိုက်တာJaehyunတစ်ယောက်သတိမထားမိပါလေ။
....................
သူတို့တစ်နေကုန်လည်ကြပတ်ကြနှင့်အချိန်တွေကုန်လို့ကုန်မှန်းမသိလိုက်သည်မှာညပိုင်းတောင်ရောက်နေပြီဖြစ်သည်။
ဆောင်းလေအေးတို့တိုက်ခတ်သည့်ဟန်မြစ်ဘေးတွင်လမ်းလျှောက်နေကြသည့်ကောင်လေးနှစ်ယောက်။ HyunjunမှJaehyunနဲ့နှစ်ယောက်တည်းလေးရှိချင်သောကြောင့်တစ်မင်တစ်ကာဟန်မြစ်ဘက်ကိုလာခဲ့ကြခြင်းဖြစ်သည်။
"ကျွန်တော့်ရဲ့Hyungအေးနေပြီလား"
"Junnieကလည်း Hyungဆိုရပြီပေါ့ ဘယ်လိုလုပ် ကျွန်တော့်ရဲ့Hyungဆိုပြီးခေါ်နေတာလည်း"
"ဘာလည်း Hyungက ကျွန်တော့်ရဲ့Hyungမဖြစ်ချင်လို့လား"
"Junnieနော်.....နောက်စရာမရှိရှာကြံနောက်နေတယ်"
Hyunjunကတော့ခပ်ဖွဖွလေးသာရယ်မိလျက်။ သူကနောက်နေသည်မှမဟုတ်ဘဲကို။
"Hyungလက်တွေအေးစက်နေတာပဲရော်"
ရုတ်တစ်ရက်Jaehyunလက်ကိုသွားထိမိတော့ပြောလိုက်သည့်Hyunjunရဲ့စကားကြောင့်Jaehyunမှာသူ့လက်သူစမ်းကြည့်မိသည်။ သို့ပေမဲ့တစ်ကယ်နှစ်ဖက်လုံးအေးနေတော့ခံစားလို့တောင်မရတော့။
"Hyungက အိပ်ကပ်လည်းပါနေတာကို ထည့်ထားတာမဟုတ်ဘူး အဲ့တစ်ယောက်ဆီအတွေးရောက်နေလို့ကိုယ့်ကိုယ်ကိုတောင်ဂရုစိုက်ဖို့မေ့နေတာလားHyung..."
"မ...မဟုတ်ပါဘူးJunnieကလည်း"
Jaehyunငြင်းမှာကိုသိပြီးသားHyunjunမှJaehyunလက်ကိုဆွဲယူလိုက်ကာယှက်နွယ်ကိုင်လိုက်ပြီးသူ့ရဲ့အိပ်ကပ်ထဲကိုထည့်လိုက်လေသည်။
"ဒီလိုလေးထည့်ထားမှHyungလက်လေးတွေနွေးမှာပေါ့"
Jaehyunကတော့အနည်းငယ်ရှက်မိပြန်ပါသည်။
ဟန်မြစ်ရဲ့ဘေးပတ်လည်မှာတစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီးအတူတူလမ်းလျှောက်နေကြသည့်ကောင်လေးနှစ်ယောက်ရဲ့မြင်ကွင်းဟာအလွန်လှပပါသည်လေ။
Jaehyunရဲ့လက်လေးဟာလည်းHyunjunကြောင့်အနွေးဓာတ်လေးစတင်ရလာပြီဖြစ်သည်။ HyunjunကJaehyunအတွက်တော့သိပ်ကိုနွေးထွေးသည့်သူလေးပါပဲ။
သူ့ကိုအစစအရာရာဂရုစိုက်ပေးတတ်သူလေး။
အဲ့လိုလူမျိုးကိုJaehyunသဘောကျမိပါသည်။သို့ပေမဲ့ရင်ထဲမှာနေရာယူနှင့်ပြီးသားသူကရှိတော့သူ့မှာဘယ်လိုမှအစားထိုးမရချေ။
လမ်းအတူလျှောက်နေတုန်းလုံလောက်သည့်အနွေးဓာတ်လေးရတော့Hyunjunကရပ်လိုက်ကာသူ့အိပ်ကပ်ထဲမှJaehyunရဲ့လက်ကိုထုတ်လိုက်လေသည်။ ထို့နောက်တစ်ဖက်အိပ်ကပ်ထဲမှာထည့်ထားသည့်ဘူးလေးကိုထုတ်ယူလိုက်သည်။
Jaehyunကတော့Hyunjunလုပ်ရပ်များကိုကြောင်တောင်တောင်လေးကြည့်နေလျက်။
Hyunjunကဘူးလေးထဲမှရွှေမျှင်ရောင်လက်ကောက်လေးကိုထုတ်ယူလိုက်ကာJaehyunရဲ့လက်ကောက်ဝတ်သွယ်သွယ်လေးမှာတပ်ဆင်ပေးလိုက်သည်။
စိတ်နဲ့ပဲမှန်းပြီးဝယ်လာသည့်ရွှေရောင်လက်ကောက်လေးဟာJaehyunရဲ့လက်သွယ်သွယ်လေးနှင့်အလွန်ပင်လိုက်ဖက်လွန်းလှပါသသည်။ သူရွေးတာမှန်သွားပြီပဲ။
Hyunjunမှာဝတ်ပေးရုံနဲ့တင်မပြီးသေးဘဲJaehyunလက်ကလေးကိုအနည်းငယ်မြှောက်ယူလိုက်ကာသူ့ရဲ့နှုတ်ခမ်းပါးတို့နဲ့ထိကပ်ပြီးညှင်သာလှသည့်အနမ်းလေးတစ်ပွင့်လေးကိုပေးလိုက်တော့Jaehyunမှာရုတ်တစ်ရက်လည်းဆန်သွားသည်မလို့ရှက်လာရပြန်သည်။
"Junnie.....ဒါဘာလုပ်တာလည်း...."
Jaehyunမှမေးတော့Hyunjunကပြုံးလာကာ
"Hyungကို ကျွန်တော်လက်ကောက်အစားထိုးပေးရဦးမှာလေ အစကတော့အရင်ဟာလေးကိုပဲပြန်ပြင်ပေးမလို့ ဒါပေမဲ့အဲ့တာ ဟိုတစ်ယောက်ပေးထားတာမလား "
"အင်း...ဟုတ်တယ်"
"အဲ့တာကြောင့်မလို့ကျွန်တော်ပေးထားတာလေးပဲဝတ်စေချင်လို့ဝယ်ပေးတာ Hyungသူနဲ့ပတ်သက်ပြီးအရာအားလုံးကိုခံစားစရာမလိုပါဘူး Hyungခံစားရရင်ကျွန်တော်လည်းနာကျင်ရလို့ "
"Junnieကဘာလို့လည်း......"
Jaehyunမေးလာသည့်မေးခွန်းရဲ့အဖြေကိုဖြေရန်Hyunjunအားယူလိုက်ကာ
"ကျွန်တော်Hyungအပေါ်ကိုခံစားချက်တွေရှိနေမိပြီ Hyungအတွက်ခိုနားဖို့ရင်ခွင်ကိုကျွန်တော်ပေးချင်တယ် "
"ဒါပေမဲ့ Hyungမှာ Juyeon ရှိ-"
"မပြောနဲ့Hyung! သူ့နာမည်ကိုမပြောပါနဲ့ Hyungဘယ်လောက်ထိသူ့ကိုချစ်တယ်ဆိုတာကိုကျွန်တော်သိတယ် Hyungအတွက်မလွယ်ကူမှာမှန်းသိပေမဲ့ ကျွန်တော့်ကိုဖြေးဖြေးချင်းလက်ခံပေးလို့ရပါတယ် "
"ဒါပေမဲ့ Junnieစိတ်ကစားတာလည်းဖြစ်နိုင်တာပဲ.....Hyungကိုအခုလိုမျိုးခံစားချက်ရှိတယ်ဆိုတာ......"
"ကျွန်တော့်နှလုံးသားတစ်ခုလုံးHyungဆီပုံအပ်ထားတာမလို့ Hyungယုံကြည်လို့ရပါတယ် Hyungကိုအပျော်ကြံချင်လို့အခုလိုပြောတာလည်းမဟုတ်ရပါဘူး "
"အင်းပါ......ဒါပေမဲ့Hyungကိုအချိန်တော့နည်းနည်းပေးဦး"
"အင်း...ရတယ် ကျွန်တော့်ကိုချက်ချင်းကြီးလက်ခံပေးစရာမလိုဘူးHyung.....ကျွန်တော့်အချစ်တွေကိုနားလည်ပေးရင်ရပြီ"
ဆိုကာJaehyunရဲ့ကိုယ်လုံးလေးကိုဆွဲယူပြီးသူ့ရင်ခွင်ထဲသွင်းလိုက်တော့ဟိုကသဲ့သဲ့လေးဝင်လာသည်။
ဝတ်ထားသည့်အနွေးထည်ကြောင့်ဆိုသည်ထက်နှစ်ယောက်ကြားထဲကအနွေးဓာတ်လေးကြောင့်သူတို့မအေးကြတာဆိုပိုမှန်ပါလိမ့်မည်။
Jaehyunလည်းHyunjunကိုအားတော့နာမိသည်။ သူကတစ်ယောက်ကိုချစ်နေမှန်းသိရက်နဲ့တောင်Hyunjunကသူ့အပေါ်အခုလိုစိတ်မျိုးထားနိုင်ပေးတာတစ်ကယ်ကျေးဇူးလည်းတင်သလိုအားလည်းနာမိသည်။
သူကြိုးစားပြီးHyunjunကိုလက်ခံကြည့်ပါဦးမည်လေ။
သူ့ကိုဖက်ကာရင်ခွင်ထဲသွင်းထားသည့်Hyunjunရဲ့လည်တိုင်ကိုJaehyunပြန်လည်ဖက်လိုက်ပြီးမျက်လုံးလေးများကိုလည်းမှိတ်ကာHyunjunဆီကအနွေးဓာတ်လေးကိုယူမိနေပါသည်။
ဟန်မြစ်ရဲ့ညပိုင်းအလှဟာ လှပလွန်းပါသည်။ သို့ပေမဲ့ နှစ်နှစ်ကာကာဖက်ထားကြသည့်ကောင်လေးနှစ်ယောက်လောက်တော့ဘယ်ဟုတ်ပါ့မလည်းကွယ်။
.
.
.
.
.
.
.
တစ်ဖက်တွင်လည်းသူတို့နှစ်ဦးဖက်နေကြသလိုတစ်ဖက်တွင်လည်းကင်မရာနှင့်ဓာတ်ပုံရိုက်သံတစ်ဖျတ်ဖျတ်..............
__________________________________________
Thanks for reading🌸
Zawgyi
{ ႏွလုံးသားထဲမွာေနရာယူထားသူကသပ္သပ္ရွိပါေသာ္လည္း...,.}
အခန္းတစ္ခုထဲတြင္Juyeonတစ္ေယာက္စားပြဲမွာတင္ထားသည့္စာ႐ြက္မွလိပ္စာတစ္ခုအားေသခ်ာၾကည့္ရင္းအေတြးမ်ားလို႔ေနသည္။
သူစဥ္းစားေနသည္မွာနာရီပိုင္းမွ်ၾကာၿပီျဖစ္ေသာ္လည္းယခုအခ်ိန္ထိဘာကဘာမွန္းကိုမသိရေသးေခ်။ Bossရဲ႕သားျဖစ္သူကိုေခၚသြားတဲ့ႏွစ္ေယာက္ရဲ႕အိမ္လိပ္စာဟာအဘယ္ေၾကာင့္မ်ားသူ႕အိမ္လိပ္စာျဖစ္ေနရသနည္း။
ေတြးၾကည့္လွ်င္သူ႕ရဲ႕အေဖအရင္းျဖစ္သူဟာလည္းသူနဲ႕သူ႕အေမကိုထားသြားၿပီးကတည္းကလုံးဝျပန္မလာေတာ့။ ဒါဆို.....သူ႕ရဲ႕ပေထြးကမ်ားလုပ္ခဲ့တာလား။ သူကBossရဲ႕သားလား။
Juyeonေတြးရင္းေခါင္းရႈပ္လာမိသည္။ ဒီကိစၥအားBossကိုေသခ်ာရွင္းျပၿပီးတိုင္ပင္လိုက္ရင္ေကာင္းမလားဟုလည္းေတြးမိသည္။
သို႔ေပမဲ့သူ႕ေခါင္းထဲသို႔႐ုတ္တစ္ရက္ေပၚလာေသာအေတြးတစ္ခု။ အိမ္လိပ္စာကဆင္တူရိုးမွားျဖစ္ေနခဲ့လို႔မွားေျပာမိတယ္ဆိုရင္ေကာ။ Bossရဲ႕သားကသူ႕ရဲ႕အိမ္နီးခ်င္းျဖစ္ခဲ့သည့္ Jaeမ်ားလား။
အေသခ်ာစဥ္းစားၾကည့္မည္ဆိုလွ်င္Jaeေျပာဖူးတာ သူ႕မိဘေတြကခရီးခနခနထြက္တဲ့အေၾကာင္းၿပီးေတာ့ပိုၿပီးသံသယဝင္စရာေကာင္းတာကJaeတို႔အိမ္ကအိမ္အကူမမ။
အဲ့ေန႕ညကေတာင္Juyeonေတြ႕လိုက္တာေသခ်ာေပမဲ့ေနာက္ေန႕က်ေတာ့ေမြးရပ္ေျမျပန္သြားသည္ဟုေျပာခဲ့သည္။ ေနာက္ေန႕က်ေတာ့ဖုန္းကအိမ္မွာက်န္ေနခဲ့သည္တဲ့။ လြန္ခဲ့သည့္ခုႏွစ္ႏွစ္ေက်ာ္ကကိစၥမ်ားကိုျပန္လည္ကာအစေဖာ္ရင္းJuyeonအေၾကာင္းရာေတြအားဆက္စပ္ၾကည့္မိသည္။
သတင္းရလာသည့္သူကလည္းအလိမ္ညာမျဖစ္နိုင္ဆိုတာေသခ်ာပါသည္။သို႔ေပမဲ့မေသခ်ာသည္ကသူကဟာBossရဲ႕သားလား ဒါမွမဟုတ္ JaeကပဲBossရဲ႕သားလား။
ဒီကိစၥနဲ႕ပတ္သက္ၿပီးJuyeonအရင္ကထက္ပိုၿပီးတိက်ေအာင္စုံစမ္းမွျဖစ္ေတာ့မည္။ သူဟာBossရဲ႕သားဆိုတာေတာ့မျဖစ္နိုင္ဘူးဟုလည္းေတြးမိပါသည္။ လူခ်င္းမသိေတာင္ေသြးကစကားေျပာတတ္သည္မလို႔Bossသာသူ႕အေဖအရင္းျဖစ္ေနခဲ့ရင္စေတြ႕ကတည္းကရင္းႏွီးသည့္ခံစားခ်က္မ်ိဳးရရမွာကို ဘယ္လိုမွမေနေတာ့သူဟာBossရဲ႕သားဘယ္လိုမွမျဖစ္န္ိုင္ပါေလဟုသာေကာက္ခ်က္ခ်လိဳက္မိသည္။
လက္ႏွစ္ဖက္ကိုစားပြဲေပၚသို႔တံေတာင္ျဖင့္ေထာက္ကာေထာင္လိုက္ၿပီးမ်က္ႏွာကိုအုပ္ကာေသခ်ာစဥ္းစားေနမိပါသည္။
တစ္ေအာင့္ေလာက္ၾကာေတာ့မွအသိစိတ္ကိုျပန္ကပ္ကာစားပြဲေပၚမွဖုန္းကိုယူလိုက္ၿပီးသူ႕ရဲ႕လူတစ္ေယာက္ဆီသို႔ဆက္လိုက္သည္။
"ငါ့ကိုမေန႕ကေတြ႕ခဲ့တဲ့သူရဲ႕အိမ္လိပ္စာပို႔ထားေပး"
"ဟုတ္ကဲ့ပါ အကိုေလး"
သိပ္မၾကာလိုက္အိမ္လိပ္စာရလာေတာ့ခုံေနာက္ေက်ာမွလႊားထားသည့္သူ႕ရဲ႕coatကိုဝတ္ခဲ့လိုက္ၿပီးကားေမာင္းကာထြက္လာလိုက္သည္။
"JaeကBossရဲ႕သားလား......."
ေခါင္းထဲမွာျပန့္လာသည့္ေမးခြန္းတစ္ခု။
မိနစ္ပိုင္းအနည္းငယ္ေလာက္အၾကာမွာလိုရာအရပ္ကိုေရာက္သြားေတာ့ကားထဲမွအိမ္ကိုလွမ္းၾကည့္မိသည္။
သာမန္ရပ္ကြက္ေလးမွာေဆာက္ထားသည့္တိုက္အိမ္အေသးေလးရယ္ အိမ္ေရွ႕ကပန္းၿခံေလးရယ္ကသာယာသည့္ပတ္ဝန္းက်င္ေလးကိုျပသေနဟန္တူသည္။
ကားေပၚမွဆင္းကာအိမ္ေရွ႕ကိုရပ္လိုက္ေတာ့မူလတန္းအ႐ြယ္ေကာင္ေလးႏွစ္ေယာက္ကJuyeonေရွ႕ေျပးလာကာ
"ဒီကဦးဦးကဘယ္သူလည္း"
"မင္းတို႔အေဖနဲ႕ေတြ႕ဖို႔လာခဲ့တာ"
Juyeonကေျပာေတာ့ေကာင္ေလးႏွစ္ေယာက္ထဲမွတစ္ေယာက္ကအိမ္ထဲသို႔လွမ္းေအာ္ေျပာသည္။
"Appa!!!!! Appaနဲ႕ေတြ႕ခ်င္လို႔တဲ့"
အိမ္ထဲမွသူ႕ရဲ႕အေဖျဖစ္သူထြက္လာသည္ႏွင့္Juyeonကိုျမင္ေတာ့အလန့္တစ္ၾကားျဖစ္သြားကာကေလးႏွစ္ေယာက္နားကိုအျမန္ေျပးလာသည္။
"သားတို႔....ဟိုဘက္မွာသြားေဆာ့ေန သြား!"
"ဟုတ္ကဲ့"
"ဟို.....ဒီကအကိုေလး.....ဘာ...ဘာမ်ား....အလိုရွိေသးလို႔ပါလည္း"
"ေမးစရာနည္းနည္းက်န္ေနေသးလို႔.....စိတ္ခ်ပါ...ဘာမွမလုပ္ပါဘူး"
ထိုစဥ္ထိုလူရဲ႕မိန္းမျဖစ္ပုံဟန္ရသည့္အမ်ိဳးသမီးတစ္ေယာက္မွထြက္လာကာ
"Yeobo.....ဧည့္သည္ကိုအဲ့အတိုင္းပဲမရပ္ခိုင္းနဲ႕ေလ အိမ္ထဲေခၚလိုက္ပါလား"
Juyeonကိုအားနာေနပုံရသည့္ထိုအမ်ိဳးသမီးမွေျပာလာေပမဲ့ေၾကာက္လန့္ေနပုံရသည့္ထိုလူေၾကာင့္
"ရပါတယ္ခင္ဗ်.....ကြၽန္ေတာ္စကားခနေလးေျပာၿပီးျပန္မွာမလို႔ပါ"
"ဟုတ္ကဲ့ပါရွင္"
"အကိုေလး...ေမးမယ္ဆိုတာ"
"မင္းေပးလိုက္တဲ့အိမ္လိပ္စာကမွန္လား"
"ဗ်ာ!....မွန္....မွန္ပါတယ္.....ကြၽန္ေတာ့္ကိုေပးသြားတဲ့အိမ္လိပ္စာကအဲ့တာပဲ"
Juyeonမွသက္ျပင္းတစ္ခ်က္ခ်လိဳက္မိၿပီး
"မင္းကိုကေလးခနလာအပ္ေတာ့သူတို႔ပုံမွတ္မိလား"
"သူတို႔ကမျမင္ရေအာင္maskေတာ့တပ္ထားတယ္....ဒါေပမဲ့အမ်ိဳးသမီးရဲ႕ပုံကဆံပင္တိုတယ္ေျပာလို႔ရတယ္......အနက္ေရာင္ကိုမွရင္ဘတ္နားေလာက္"
"အင္း.....သိၿပီ"
"ဟုတ္ကဲ့........ဟို....အကိုေလးေမးမွာဒါပဲမလား"
သူ႕ရဲ႕အိမ္အထိေရာက္လာေတာ့သူ႕မိသားစုကိုတစ္ခုခုလုပ္မွာေၾကာက္ေနသည့္ပုံရေသာထိုလူအားJuyeonအားနာမိလာပါသည္။
ေငြဆိုသည့္အရာႏွင့္ခ်ဳပ္တည္းထား၍ေၾကာက္ရသည္ကတစ္ေၾကာင္း အင္းအားခ်င္းမမွ်ေတာ့အသက္အႏၱရာယ္ႏွင့္ၿခိမ္းေျခာက္၍ေၾကာက္ရသည္ကတစ္ေၾကာင္းမလို႔ ထိုလူခမ်ာမွာလည္းလြယ္ကူေနမည္ေတာ့မဟုတ္ပါေလ။
ေအာ္....လူ႕ဘဝႀကီးကေငြနဲ႕အင္အားသာရွိရင္အရာရာျဖစ္ေျမာက္ေအာင္လုပ္န္ိုင္တာပါလား။
"ဒါပဲေမးမွာ....သြားၿပီ"
"ဟုတ္ကဲ့ပါအကိုေလးJuyeon"
Juyeonလည္းလွည့္ထြက္လာၿပီးကားေပၚတက္ကာအိမ္ကိုျပန္ေမာင္းလာလိုက္သည္။သို႔ေပမဲ့လမ္းထိပ္ေရာက္ေတာ့ေစာနကလူရဲ႕သားျဖစ္သူႏွင့္သူ၏သူငယ္ခ်င္းေကာင္ေလးတို႔မွလမ္းထိပ္ကအုတ္ခုံေလးတစ္ခုေပၚမွာထိုင္ကာမုန့္အတူတူစာေနၾကသည္ကိုသူျမင္သြားသည္။
အေသခ်ာကားကိုရပ္ၿပီးၾကည့္ေတာ့ကေလးႏွစ္ေယာက္စားေနသည္ကမုန့္မဟုတ္ဘဲၾကက္ဥျပဳတ္ေလးသာျဖစ္ေနေလသည္။
ကေလးႏွစ္ေယာက္ၾကက္ဥျပဳတ္စားတာကိုJuyeonလည္းဘာရယ္မဟုတ္ပါဘဲၾကည့္ကာၿပဳံးမိသည္။
သူနဲ႕Jaeလည္းစခင္ၿပီးေနာက္ရက္ေနေတာ့အဲ့လိုၾကက္ဥျပဳတ္အတူတူစားခဲ့ဖူးသည္မလား....။
Jaeကခြာရင္အႏွစ္ပါပါတတ္လို႔သူ႕ကိုခြာခိုင္းတာလည္းသတိရပါေသးသည္။
ျပန္စဥ္းစားၾကည့္ရင္ဒါေတြဟာသူ႕ဘဝရဲ႕အတိတ္မွာျဖစ္ပ်က္ခဲ့ေသာအရာေလးေတြ။ Jaeနဲ႕အတူတူျဖတ္သန္းရတဲ့ေန႕ရက္ေတြအကုန္လုံးေပါ့။
ေပ်ာ္စရာေကာင္းခဲ့ပါသည္ေလ။ သူစိတ္ခ်မ္းသာခဲ့ရပါသည္။ သို႔ေပမဲ့ထိုအရာေတြဟာအခုေတာ့အတိတ္မွာက်န္ခဲ့သည့္အမွတ္တရေတြသာသာ။ တန္ဖိုးရွိၿပီးဘာနဲ႕မွလဲလို႔မရသည့္အမွတ္တရေလးေတြေပါ့။
သူJaeအေပၚခံစားခ်က္ေတြစရွိလာခဲ့ေတာ့ေတြးဖူးခဲ့သည္။ Jaeနဲ႕ပဲအတူတူေန႕ရက္တိုင္းကိုေပ်ာ္႐ႊင္ေအာင္ျဖတ္သန္းရမယ္ဆိုၿပီးေတာ့ေပါ့။ အခုေတာ့အဲ့ဒီ့ျဖတ္သန္းရမဲ့အမွတ္တရထဲကေန႐ုန္းထြက္လာသူကသူကိုယ္တိုင္ျဖစ္ေနခဲ့သည္မလို႔ေနာင္တလည္းအႀကီးက်ယ္ရမိပါသည္။
Jaeေကာင္းေအာင္လုပ္ဖို႔ဆိုေပမဲ့လည္းခံစားရသူမွာေတာ့မေကာင္းနိုင္ပါေလ.....။
.........................
"Juyeon!!"
"ဟုတ္ကဲ့"
"မင္းဘာသတင္းသိရေသးလည္း"
"ကေလးကိုေခၚသြားတဲ့လင္မယားႏွစ္ေယာက္ရဲ႕အရင္အိမ္လိပ္စာေတာ့ရခဲ့ပါတယ္...ဒါေပမဲ့အဲ့တာက...."
ေျပာဖို႔ရန္တြန့္ဆုတ္ေနသည့္JuyeonအားSunghyunမွ
"ေျပာပါ....ဘာျဖစ္လို႔လည္း"
Juyeonခနတာအားယူလိုက္ၿပီး
"အဲ့အိမ္လိပ္စာက ကြၽန္ေတာ္အရင္ေနခဲ့တဲ့အိမ္လိပ္စာျဖစ္ေနတယ္"
"ဘာ?"
"ဟုတ္ပါတယ္......"
Sunghyunမွတစ္ခ်က္ေတြေဝသြားၿပီး
"အင္း......ဒီလိုဆိုမင္းသိထားတာ တစ္ခုခုမွားေနေလာက္မယ္ ငါအခုသတင္းရထားတာ အဲ့လူေတြေနတဲ့အိမ္ကိုသိထားတယ္ သူတို႔Seoulကိုေျပာင္းလာတယ္တဲ့"
"ဟုတ္ကဲ့.....ဒါဆိုလႈပ္ရွားလိုက္ရေတာ့မလား"
"ေနဦး!! ခနေစာင့္လိုက္......ဟိုဘက္ကေျပာတာ ဒီလကုန္က်ရင္ဆိပ္ကမ္းဘက္ကိုအသစ္ေရာက္လာဖို႔ရွိတယ္တဲ့ အဲ့က်ရင္ထည့္ေပးလိုက္မလားေျပာမရဘူး အဲ့က်မွငါတို႔အစီစဥ္ခ်ၿပီးလႈပ္ရွားၾကမယ္ သူတို႔ေမွာင္ခိုသြင္းလာတာေတြပါတစ္ခါတည္းအျပတ္ရွင္းခ်င္လို႔"
"ဟုတ္ကဲ့ပါ Boss ကြၽန္ေတာ္နားလည္ပါၿပီ"
Sunghyunေျပာတာအဓိပၸါယ္ေတာ့ရွိပါသည္။သတင္းရတယ္ဆိုၿပီးခ်က္ခ်င္းလႈပ္ရွားမိလွ်င္အမွားပါတတ္သည္မလ္ို႔သူတို႔သတိထားဖို႔ေတာ့လိုလိမ့္မည္။
ဒါဆို....Juyeonထင္ေနသလိုမ်ိဳး Bossရဲ႕သားကJaeလား........။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Hyung!"
Hyunnieနဲ႕Hwallieကိုစာသင္ေပးေနတုန္းေခၚလာသည့္Hyunjunေၾကာင့္Jaehyunကဘာလဲဆိုသည့္သေဘာအေနနဲ႕ေမးေငါ့ျပသည္။
"ဒီတစ္ပတ္Sundayအားတယ္မလားဟင္"
Hyunnieႏွင့္Hwallieမွာခ်က္ခ်င္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာၿပဳံးလိုက္ၾကသည္။ သူတို႔အကိုစတင္လႈပ္ရွားေတာ့မွာပါလားဆိုသည့္အေတြးျဖင့္။
"အင္း....အားပါတယ္ ဘာလို႔လည္း"
"ဒါဆို......ကြၽန္ေတာ္တို႔နဲ႕အတူLotte Worldလိုက္ခဲ့ပါလား အဲ့ေန႕က်ရင္Hyunnieနဲ႕Hwallieကိုလည္းေခၚသြားခ်င္လို႔ လက္မွတ္ကႏွစ္ေယာက္တစ္ေစာင္ဟာပိုတန္တယ္ေလ discountလည္းခ်ေနတာဆိုေတာ့"
သူေဌးသားကလက္မွတ္ပိုတန္ေၾကာင္းႏွင့္discountအေၾကာင္းေတြေျပာလာေတာ့Jaehyunအနည္းငယ္ေတာ့အံ့အားသင့္မိသည္။ Hyunjunလိုလူမ်ိဳးကအဲ့လိုေတြေစာင့္စရာမွမလိုဘဲ။ သို႔ေပမဲ့လည္း
"အင္း...........လိုက္ခဲ့ရမလား"
စဥ္းစားေတြေဝေနသည့္Jaehyunေၾကာင့္Hyunnieနဲ႕Hwallieမွ
"Teacherအေခ်ာေလးကလည္းလိုက္ခဲ့ပါေနာ္....သမီးတို႔အတူတူသြားခ်င္လို႔"
"ဟုတ္တယ္....လိုက္ခဲ့ပါHyungရဲ႕ အဲ့ေန႕က်ရင္Younghoon Hyungေတာင္သူ႕ေကာင္ေလးနဲ႕မိတ္ဆက္ေပးမယ္ေျပာတယ္"
"ေအာ္...အင္းပါ...ဒါဆိုလိုက္ခဲ့ပါ့မယ္"
"Yay!!!!"
...................
Sundayေရာက္ေသာ္......
ေဆာင္းရာသီရဲ႕မနက္ခင္းဟာႏွင္းပြင့္ေလးေတြတြဲလြဲက်ေနသည့္သစ္ပင္ရဲ႕အ႐ြက္ေပၚသို႔ထိုးေနေသာေနေရာင္ေၾကာင့္ႏြေးေထြးမႈေလးကိုရေနပါသည္။
ေနရွိန္ေရးေရးေလးျဖစ္ေပမဲ့ႏြေးေထြးမႈအျပည့္ေပးနိုင္ေသာေၾကာင့္မနက္ခင္းမွာလူေတြကိုစိတ္ၾကည္လင္လန္းဆန္းေစသည္။
အထဲမွမီးခိုးေရာင္hoodieေလးကိုအေပၚမွအညိုေရာင္coatေလးႏွင့္တြဲကာဝတ္ထားၿပီးေအာက္ကလည္းဂ်င္းေဘာင္းဘီအနက္ျဖင့္ဝတ္ထားသည့္ေကာင္ေလးတစ္ေယာက္။
အိမ္အျပင္ထြက္ထြက္ခ်င္းအရင္ဆုံးေဆာင္းေလရဲ႕ေအးစက္စက္အရသာကိုတစ္ဝႀကီးရႈသြင္းကာေနေရာင္ေလးေအာက္၌ခိုလႈံမိသည္။ေဆာင္းရာသီကတစ္ကယ့္ကိုလွပသည့္ရာသီဥတုပါပဲလား။
သို႔ေပမဲ့တစ္ဖက္မွာေတာ့......
"ငါ့အကိုေသခ်ာမွတ္ထားတယ္ေနာ္...."
"ေအးပါ မွတ္ထားပါတယ္"
"သူလိုအပ္တာမွန္သမွ်အကုန္မ်က္စိေဒါက္ေထာက္လိုက္ၾကည့္ၿပီးျဖည့္စည္းေပးရမွာအကို႔တာဝန္ေနာ္....ဟိုေရာက္ရင္ညီမေလးတို႔ဘာမွကူမေျပာေပးဘူး "
"ဟုတ္တယ္...အာ....အဓိကက ေလွ်ာက္မလုပ္မိဖို႔ဘဲ ရွက္တာေတြဘာေတြမရွိဘဲ စိတ္ပါလက္ပါလုပ္ သိၿပီလား"
"ေအးပါ....နင္တို႔ကလည္းငါ့ကိုမသိရင္ငဒူႀကီးထင္ေနဦးမယ္"
"အမေလး.....ငါ့အကိုကငဒူမဟုတ္ဘဲငအူျဖစ္ေနမွာစိုးလို႔ေပါ့....ဖက္ရွင္ကေတာ့ဟုတ္ေနေပမဲ့ၿပီးရင္တစ္လြဲေတြျဖစ္လာမွာစိုးလို႔ "
"ဟုတ္တယ္....ငါ့အကိုႀကိဳစားထားသိလား Teacherလိုလူမ်ိဳးကဒီေလာကႀကီးမွာႏွစ္ေယာက္မရွိဘူး ရတဲ့အခြင့္ေရးကိုရေအာင္ယူထားရတယ္"
အကိုျဖစ္သူအားတရားေတြခ်ေနသည့္ညီအစ္မႏွစ္ေယာက္ေၾကာင့္သူတို႔အကိုမွာလည္းမနိုင္ေတာ့ပါေလ။
....................
"Hyung!!"
"ေအာ္....Junnie....."
"Sorry Hyungကြၽန္ေတာ္လာေခၚတာနည္းနည္းေနာက္က်သြားတယ္"
"ရပါတယ္....အရမ္းႀကီးလည္းမေနာက္က်ပါဘူး ဒါနဲ႕ကေလးႏွစ္ေယာက္ေရာ"
"ကားထဲမွာေလ "
Hyunjunကကားကိုထိုးျပရင္းေျပာေတာ့Jaehyunကေခါင္းေလးၿငိမ့္ကာHyunjunကိုေသခ်ာၾကည့္မိသည္။
အနက္ေရာင္sweaterကိုအထဲမွဝတ္ဆင္ထားၿပီးအေပၚကေနအနက္ႏွင့္အနီစပ္ထားသည့္အကြက္ long coatကိုဝတ္ဆင္ထားသည္မွာလိုက္ဖက္လွသည္။
ေျခတံရွည္ရွည္မွာဝတ္ဆင္ထားသည့္အနက္ေရာင္Jeansကလည္းအက်ပ္ဆိုေတာ့Hyunjunရဲ႕အရပ္အေမာင္းကိုေသခ်ာေပၚလြင္ေစပါသည္။
ေခါင္းေပၚတြင္ေဆာင္းထားသည့္beretအနက္ေလးႏွင့္တြဲလြဲက်ေနသည့္နားကပ္မွ်င္ေလးေတြေၾကာင့္Hyunjunအားလူငယ္႐ုပ္ပါေပါက္ေစသည္။
အလုံးစုံၿခဳံၿပီးေျပာရမည္ဆိုလွ်င္Hyunjunကေခ်ာေမာလြန္းၿပီးဆြဲေဆာင္မႈရွိလြန္းသည့္လူတစ္ေယာက္ဟုJaehyunျမင္မိသည္။
"Junnie ဒီေန႕ဝတ္လာတာေလးသေဘာက်တယ္....beretေလးနဲ႕လည္းလိုက္ဖက္ေနေရာ"
JaehyunကHyunjunရဲ႕beretေလးကိုအသာထိကာေျပာေတာ့Hyunjunကလည္းၿပဳံးၿပဳံးႀကီးျဖင့္
"ဝတ္လာတာပဲသေဘာက်တာလား ဝတ္ထားတဲ့လူကိုေရာ သေဘာမက်ခ်င္ဘူးလား"
"ဟင္!.....Junnie.....တစ္ကယ္လူေနာက္ေလး သြားရေအာင္ပါ....ကေလးႏွစ္ေယာက္ကေစာင့္ေနၿပီ"
"အင္းပါ......"
သူေမးလိုက္သည့္ေမးခြန္းေလးကစေနာက္႐ုံပဲမဟုတ္ဘူးဆိုတာကိုJaehyunသိရင္ေကာင္းမည္။
.....................
"Younghoon Hyung!!!!"
"ေအာ္...ေအးHyunjunနဲ႕Jaehyun"
ကေလးႏွစ္ေယာက္ကေတာ့ေျပာစရာမလိုပါဘူး။ Rakwonနဲ႕Yeonkyuကိုေတြ႕ေတာ့အေျပးသြားၿပီးသြားေဆာ့ၾကေလသည္မွာဘယ္သူမွေတာင္ေခၚခ်ိန္မရလိုက္။
"ဒါနဲ႕.....ဒီကတစ္ေယာက္ကဘယ္သူလည္း"
"JaehyunမွYounghoonေဘးမွာရပ္ေနသည့္ေကာင္ေလးကိုေမးေတာ့
"အာ....ဒါေလးလား....ငါ့babyေလးေလ"
"Babyေလး?....မဟုတ္မွလြဲေရာ....ဒါမင္းေကာင္ေလးလား"
Jaehyunကအလန့္တစ္ၾကားေမးေတာ့Younghoonေဘးမွေကာင္ေလးက
"ဟုတ္....ေတြ႕ရတာဝမ္းသာပါတယ္ဗ် ကြၽန္ေတာ္Ji Changminပါ"
"ေအာ္...ဟုတ္ဟုတ္...ေတြ႕ရတာဝမ္းသာပါတယ္ေနာ္...ဒါနဲ႕ဘယ္အ႐ြယ္လည္းမသိဘူး"
"ကြၽန္ေတာ္က97ဖြား"
"ဒါဆို...Younghoonထက္ေတာ့ငယ္တာပဲ"
"ဟုတ္ကဲ့ "
Hyunjunမွလည္း...
"ဒါဆို...Yuri Noonaေျပာေျပာေနတဲ့ Hyungလိုက္ႀကိဳက္ေနတယ္ဆိုတဲ့အကဆရာကဒီကသူလား"
"အင္း...ဟုတ္တယ္...ငါ့မယ္...ဒီကေလးနဲ႕နီးစပ္ဖို႔ကိုႀကိဳးစားလိုက္ရတာ "
"အဲ့ေတာ့....မႀကိဳးစားခ်င္ေတာ့ဘူးေပါ့"
"ဟဲ....မဟုတ္ပါဘူး...ကေလးကလည္း ကိုယ္ကကေလးကိုဘယ္ေလာက္ထိခ်စ္လြန္းလို႔...ပင္ပင္ပန္းပန္း...."
Younghoonကတစ္မင္သက္သက္Jaehyunနဲ႕Hyunjunကိုစခ်င္ေသာေၾကာင့္ေျပာေနသည္ကိုသိသျဖင့္Jaehyunမွ
"အမေလး....အကဲကိုပိုတယ္....ေတာ္ၿပီ...လာJunnieသြားမယ္...."
ဆိုကာHyunjunလက္ကိုJaehyunမွဆြဲၿပီးအထဲဝင္သြားေလသည္။ Hyunjunကေတာ့ဘုမသိဘမသိ႐ုပ္ေလးျဖင့္ပါသြားရွာပါသည္။
"ကိုကို...သူတို႔ႏွစ္ေယာက္ကလည္းအတြဲပဲလား"
"အယ္.......ဘယ္လိုေျပာရမလည္း....အခုထိႏွစ္ေယာက္က flirt zoneမွာလို႔ေျပာရမလား HyunjunကJaehyunကိုလိုက္ေနတုန္း"
"ေအာ္....ႏွစ္ေယာက္ကလိုက္ေတာ့လိုက္ဖက္သားေနာ္"
"ကေလးနဲ႕ကိုယ္ေလာက္ေတာ့ဘယ္လိုလုပ္လိုက္ဖက္မွာလည္း"
"Kim Younghoon shi....မေန႕က ျပတဲ့ကကြက္ထဲကလိုကန္ထုတ္ေပးရမလား"
"မလုပ္ပါနဲ႕...ကေလးကို ကိုကိုေၾကာက္"
............................
"Hyunnieနဲ႕Hwallie!!!!"
"ဟုတ္ကဲ့.....ေျပာTeacher"
"အရမ္းအေဝးႀကီးမသြားနဲ႕ေနာ္....လမ္းေပ်ာက္ေနမယ္..."
"ရပါတယ္...ဒီမွာRakwonနဲ႕Yeonkyuလည္းပါတယ္ သူတို႔ကခနခနေရာက္ဖူးေနေတာ့ သမီးတို႔လမ္းမေပ်ာက္ပါဘူး"
"အင္းပါ...အဲ့တာဆိုလည္း...ေျဖးေျဖးသြားေနာ္ ကေလးတို႔"
"ဟုတ္ကဲ့ပါ"
ခုန္ေပါက္ၿပီးထြက္သြားသည့္ကေလးေတြကိုၾကည့္ၿပီးJaehyunၿပဳံးေနတုန္းေဘးနားကိုေရာက္လာသည့္Hyunjun။
"Hyung!"
"အင္း...Junnie"
"ကြၽန္ေတာ္တို႔ Younghoon Hyungတို႔နဲ႕အတူတူcoffeeသြားေသာက္ရေအာင္"
"အင္း...ေကာင္းၿပီေလ"
Cafeဆိုင္ေရာက္ေတာ့ျပတင္းေပါက္နဲ႕နီးသည့္ေနရာတြင္သူတို႔ေလးေယာက္အတူတူထိုင္လိုက္ၾကသည္။
"Hyungဘာေသာက္မွာလည္း"
"Ice Americano "
ေကာ္ဖီဆိုခါးတာမႀကိဳက္တတ္သည့္Jaehyunမွ Ice Americano မွာေတာ့YounghoonကMenuစာအုပ္ကိုကိုင္ကာ
"ေနပါဦး....မင္းဘယ္တုန္းကေကာ္ဖီအခါးေတြႀကိဳက္တတ္လို႔တုန္း"
"ဟင္......ဒီလိုပါပဲ.......ေသာက္ျဖစ္တာၾကာၿပီ"
ၿပီးေတာ့Younghoonမွသတိရသြားဟန္ျဖင့္
"အာ.....ငါသိၿပီ....JuyeonကIce Americanoႀကိဳက္--"
"ကိုကို!!!!"
Younghoonလည္းသူ႕ဟာသူေျပာၿပီးမွလြန္သြားၿပီျဖစ္မွန္းသိတာမလို႔စကားကိုအျမန္ျဖတ္ကာေခ်ာင္းတစ္ခ်က္ဟန့္လိုက္သည္။
"အဟမ္း! sorry......မွာပါ....Hyunjunေကာဘာေသာက္မွာလည္း"
ေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနသည့္HyunjunကYounghoonေမးေတာ့မွ
"ေအာ္....ကြၽန္ေတာ္ကေတာ့...Latteပဲေသာက္ေတာ့မယ္"
....................
"Hyung...Coffee အခါးေတြမႀကိဳက္ဘဲအတင္းမေသာက္ပါနဲ႕လား"
Lotte Worldထိလာၿပီးcafeမွာပဲထိုင္ေနရင္အခ်ိန္ေတြအလကားျဖစ္ကုန္မွာစိုးသည္ဟူေသာHyunjunရဲ႕စကားေၾကာင့္ေလးေယာက္လုံးေကာ္ဖီမွာၿပီး ရသည္ႏွင့္ဆိုင္မွထြက္ကာအထဲတြင္လမ္းေလွ်ာက္ေနၾကသည္။
Younghoonႏွင့္သူ႕ေကာင္ေလးကေတာ့Hyunjunတို႔ကိုေရွာင္ေပးသည့္သေဘာျဖင့္ႏွစ္ေယာက္အတူတစ္ျခားေနရာသို႔သြားလိုက္ၾကသည္။
Hyunjunႏွင့္Jaehyunတို႔လမ္းအတူေလွ်ာက္ေနရင္းေျပာလာသည့္Hyunjunရဲ႕စကားတစ္ခြန္းေၾကာင့္Jaehyunေလွ်ာက္ေနသည့္ေျခလွမ္းမ်ားရပ္ကာတစ္ဖက္သို႔လွည့္ၾကည့္မိသည္။
"Hyung....ေသာက္နိုင္ပါတယ္"
"မလိမ္တတ္ဘဲနဲ႕မလိမ္ခ်င္စမ္းပါနဲ႕ Hyung.....ဘာလဲ....သူကIce Americano ႀကိဳက္တတ္တယ္ဆိုလို႔သူေသာက္တဲ့အရသာကိုေသာက္ေနတာလား"
Hyunjunရည္႐ြယ္ေျပာသည့္သူကိုJaehyunခ်က္ခ်င္းသိပါသည္။ အမွန္တရားကိုေျပာေတာ့Jaehyunမွာဘာမွျပန္မေျပာနိုင္ေသးေခ်။
"မဟုတ္ပါဘူး....ဒီလိုပါပဲ.....ေသာက္ခ်င္လို႔"
Hyunjunမွသက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး
"မလိမ္တတ္ဘဲနဲ႕မလိမ္ပါနဲ႕ဆို"
ဆိုကာေျပာရင္းဆိုရင္းJaehyunလက္ထဲမွေကာ္ဖီခြက္ကိုဆြဲယူၿပီးအနားရွိအမွိုက္ပုံးထဲသို႔သြန္ပစ္လိုက္သည္။
"Junnie...ဒါဘာလုပ္တာလည္း!!!"
"မႀကိဳက္လို႔ေလ.....Hyungလည္းမေသာက္နိုင္တာကိုအတင္းဇြတ္ေသာက္ေနတာ ေရာ့....ကြၽန္ေတာ္Strawberry milkshakeတစ္ဘူးထပ္ဝယ္လာတယ္ အဲ့တာေသာက္လိုက္"
သူ႕ေရွ႕ကိုထိုးေပးလာတဲ့milkshakeဘူးေလး။
မႀကိဳက္ပါဘူး Hyungရယ္.....သူနဲ႕ေဝးေနလို႔ဆိုၿပီးသူ႕အေငြ႕အသက္ေတြရေအာင္သူႀကိဳက္တတ္တဲ့အရာေတြလိုက္လုပ္ေနတာကိုကြၽန္ေတာ္မႀကိဳက္ဘူးHyung။
Jaehyunလည္းဘာမွမေျပာသာေတာ့ဘဲHyunjunေပးတဲ့milkshakeဘူးေလးကိုသာယူရင္းေသာက္လိုက္မိပါသည္။ ေအးေလ....သူမွမေသာက္နိုင္တဲ့အရာကိုဇြတ္ေသာက္ေနဖို႔မွမလိုတာ။
Hyunjunေစာနကအနည္းငယ္ေလသံမာျဖင့္ေျပာလိုက္လို႔လားမသိ။ Jaehyunမ်က္ႏွာေလးကညွိုးႏြမ္းလို႔ေနသည္။ ဒါေၾကာင့္Hyunjunလည္းစိတ္မေကာင္းသည္မလို႔Jaehyunတစ္ဖန္ေပ်ာ္လာေစရန္သူႀကံေဆာင္ရေတာ့မည္။
"Hyung...ကြၽန္ေတာ္တို႔ဂိမ္းေတြသြားေဆာ့ရေအာင္"
"အင္း......"
Hyunjunကေတာ့Jaehyumလက္ကိုဆြဲၿပီးဂိမ္းေတြတစ္ခုၿပီးတစ္ခုလိုက္ေဆာ့ၾကသည္။ ေဘာလုံးပစ္လိုက္....ျမႇားပစ္လိုက္....အ႐ုပ္ေကာက္လိုက္နဲ႕ ေပ်ာ္စရာႀကီးပင္။
Hyunjunကလည္းလူငယ္ဘဝကိုေပါ့ေပါ့ပါးပါးျဖတ္သန္းခဲ့ရသူမဟုတ္ပါေခ်။ မိဘေတြကအတူမရွိေနနိုင္ေတာ့ ညီမေလးႏွစ္ေယာက္ကို အကိုႀကီးအဖရာဆိုသလိုထိန္းေက်ာင္းေပးရင္းနဲ႕လုပ္ငန္းကလည္းတစ္ဖက္ဆိုေတာ့သူအခုလိုမ်ိဳးေပ်ာ္ဖူးတာရွားပါသည္။
ထူးထူးျခားျခားအေနနဲ႕သူ႕ဘဝမွာပထမဦးဆုံးရင္ခုန္မိၿပီးႏွစ္ႏွစ္ကာကာခ်စ္ရသည့္သူေလးနဲ႕အတူအခုလိုေပ်ာ္႐ႊင္ခ်ိန္ေတြကိုျဖတ္သန္းရေတာ့သူ႕အတြက္အရမ္းကိုအဓိပၸါယ္ရွိေနတာေပါ့။
တစ္နာရီနီးနီးေလာက္သူတို႔အတူေဆာ့ၿပီးေတာ့ႏွစ္ေယာက္လုံးလည္းအနည္းငယ္ေတာ့ေမာေနၾကသည္။Jaehyunကေတာ့ေစာနကလိုမဟုတ္ေတာ့ဘဲၿပဳံး႐ႊင္႐ႊင္ေလးျဖစ္လာသည္မလို႔Hyunjunစိတ္ခ်မ္းသာရပါသည္။
"Junnie...."
"ေျပာေလ...Hyung"
"Hyungတို႔....အာတာပူစီသြားဝယ္စားရေအာင္"
"အာတာပူစီ?"
"အင္း...."
"ဟာ...Hyungကလည္းအဲ့တာသၾကားေတြအမ်ားႀကီးပါတယ္ေလ Hyungေခ်ာင္းဆိုးေနမွာေပါ့"
"မဆိုးပါဘူး.....Junnieကလည္း.....လာပါသြားဝယ္စားရေအာင္"
ဆိုကာဇြတ္အတင္းဆြဲသြားသည္မွာအာတာပူစီစားခ်င္ေနသည့္ကေလးေလးတစ္ေယာက္ႏွယ္။
"အန္တီႀကီး....ကြၽန္ေတာ့္ကိုအာတာပူစီတစ္ခုေပးပါ"
"ဟုတ္ကဲ့ပါ.....အာဒါနဲ႕ေလ...ဒီေန႕promotionတစ္ခုရွိတယ္...စုံတြဲေတြအတူဓာတ္ပုံရိုက္ၿပီးဒီမွာကပ္ေပးရင္ေနာက္တစ္ခုလက္ေဆာင္ရမယ္ေနာ္......"
အန္တီႀကီးကသူတို႔ႏွစ္ေယာက္ကိုအတြဲအထင္ႏွင့္ေျပာလာေတာ့Jaehyunကအၿပဳံးခ်ိဳခ်ိဳေလးႏွင့္ျငင္းမည္ႀကံေနတုန္းမွာပဲHyunjunကသူ႕လက္ကိုဆြဲကိုင္ကာ
"ဟုတ္....ရိုက္မယ္ အန္တီ....ကြၽန္ေတာ္တို႔ကိုတစ္ပုံေလာက္"
"ဟင္...Junnie!!"
"လာပါ ရိုက္ရေအာင္ေလ Hyungရဲ႕ တစ္ခုေတာင္အလကားရမွာ"
အလကားရမွာကိုေတာ္ေတာ္သေဘာေတြ႕ေနသည့္သူေဌးသားေလးအားJaehyunမွာအံ့ၾသေပး႐ုံကလြဲလို႔မတတ္န္ိုင္။
"ဒါဆို...အသင့္ျပင္ေနာ္...အန္တီဓာတ္ပုံရိုက္ေပးမယ္"
ဆိုကာကင္မရာကိုကိုင္ရင္းေျပာေတာ့လက္ျမန္သည့္HyunjunကJaehyunခါးကိုဖက္ကာသူ႕အနားသို႔ဆြဲကပ္လိုက္သည္။ဘယ္ေလာက္ေတာင္နီးေနလည္းဆိုလွ်င္Jaehyunသာမ်က္ႏွာကိုတစ္ဖက္လွည့္လိုက္ပါကHyunjunပါးကိုထိမိေတာ့ေလာက္မည္အထိကိုနီးကပ္ေနၾကပါသည္။
Jaehyunလည္းHyunjunနဲ႕႐ုတ္တစ္ရက္နီးကပ္သြားေတာ့အနည္းငယ္ရွက္မိသည္မွာပါးေလးေတြေတာင္နီျမန္းလာရေတာ့သည္။
"ရိုက္ၿပီေနာ္...1...2...3!"
ရိုက္ၿပီးသြားေတာ့ဓာတ္ပုံထြက္လာသည္ႏွင့္အန္တီႀကီးမွ
"အိုက္ဂူးး......ကေလးတို႔ကလိုက္ဖက္လိုက္တာကြယ္....ႏွစ္ေယာက္လုံးခ်စ္ဖို႔ေကာင္းေနၾကေရာ"
"ဟုတ္....ေက်းဇူးအန္တီ"
Jaehyunကေတာ့ရွက္ေနဆဲပင္။
.................
*Ring....Ring*
"Hello...Younghoon Hyung........ေအာ္...ဟုတ္ကဲ့...ဒါဆိုကြၽန္ေတာ္Jaehyun Hyungနဲ႕ပဲဆက္လည္လိုက္ေတာ့မယ္"
Hyunjunဖုန္းခ်ၿပီးသြားေတာ့
"ဘာတဲ့လည္းJunnie"
"Younghoon Hyungကိုပန္းခ်ီသင္တန္းကဆရာမဖုန္းဆက္လာလို႔တဲ့ သင္တန္းကခနေနအခ်္ိန္ကိုေ႐ႊ႕ထားတယ္ဆိုၿပီး အဲ့တာ ကေလး ေလးေယာက္လုံးကိုသူပဲေခၚသြားေပးလိုက္ေတာ့မယ္တဲ့ "
"ေအာ္....အင္းပါ ဒါဆိုHyungတို႔ႏွစ္ေယာက္တည္းပဲေပါ့"
"အင္း....Hyung...."
သို႔ႏွင့္သူတို႔ႏွစ္ေယာက္လည္းLotte Worldထဲမွာအာတာပူစီေလးကိုင္စားရင္းအတူတူလမ္းေလွ်ာက္လို႔ေနၾကသည္။ Jaehyunကေတာ့ေစာနကကိစၥေၾကာင့္အနည္းငယ္ေတာ့ရွက္ေနပါေသးသည္။
"Hyung!"
"ဟင္...ေျပာေလJunnie"
"ဟို......ကြၽန္ေတာ္တို႔.......ဒီမွာပဲေန ေနတာပ်င္းလာၿပီ.......အဲ့တာ...႐ုပ္ရွင္ေလးဘာေလးသြားၾကည့္မလား"
"Junnie သေဘာေလ Junnieသြားခ်င္ရင္သြားၾကတာေပါ့"
"ဒါဆို.....ကြၽန္ေတာ္တို႔movie dateၾကမယ္"
Movie Dateၾကမယ္ဆိုၿပီးအနားကပ္ေျပာလာသည့္Hyunjunေၾကာင့္Jaehyunရင္မခုန္မိဘူးဆိုလွ်င္လိမ္ရာက်မည္။ သူ႐ုပ္ရွင္႐ုံမွာသြားမၾကည့္ရသည္မွာလည္းၾကာလွၿပီေလ။ ထို႔ေၾကာင့္Hyunjunႏွင့္သြားၾကည့္ရန္သေဘာတူလိုက္သည္။
................
Shopping mallအတြင္းမွာရွိသည့္႐ုပ္ရွင္႐ုံကိုသြားတာပိတ္ရက္ကလည္းျဖစ္ေနသည္မလို႔လူေတာ့အေတာ္ေလးရႈပ္ရွက္ခက္ေနၾကသည္။
Mallအတြင္းကိုဝင္ေတာ့တစ္ျခားသူမ်ားႏွင့္မတိုက္မိေစရန္လည္းHyunjunကJaehyunအားဆြဲထားေလသည္။ ေျပာရမည္ဆိုလွ်င္Jaehyunခါးကိုဖက္ကာဆြဲယူထားျခင္းျဖစ္သည္။
သူတို႔တစ္ဖန္ထပ္ၿပီးနီးကပ္ေနၾကသည္မလို႔ႏွစ္ေယာက္လုံးရင္ေတြခုန္ေနၾကသည္ေလ။ Hyunjunကပိုခုန္ေနသည္ဆိုမွန္လိမ့္မည္။
႐ုပ္ရွင္မွာMallရဲ႕အေပၚဆုံးထပ္တြင္ရွိသည္မလို႔ႏွစ္ေယာက္သားအတူသြားလိုက္ၾကရက္းလက္မွတ္ျဖတ္ၿပီးမုန့္တစ္ခ်ိဳ႕ဝယ္ကာအတူတူ႐ုပ္ရွင္ၾကည့္ၾကေလသည္။
ဇာတ္ကားမွာလည္းအခ်စ္ကားေလးျဖစ္သည္မလို႔ႏွစ္ေယာက္သားၿငိမ္ၿငိမ္ေလးပင္ထိုင္ၾကည့္ေနၾကသည္။ ဇာတ္ကားကိုေအးေဆးမၾကည့္နိုင္ဘဲေဘးကသူကိုငမ္းေနတာကေတာ့Hyunjunေပါ့။
မင္းသားနဲ႕မင္းသမီးဇာတ္ကားထဲမွာနမ္းသည့္အခန္းေရာက္ေတာ့Hyunjunမယ္ေဘးမွာရွိသည့္အေအးဘူးကိုစုပ္ေသာက္ေနေသာJaehyunႏႈတ္ခမ္းေလးကိုၾကည့္ၿပီးတံေတြးမ်ိဳခ်ေနရသည္မွာအႀကိမ္ႀကိမ္။
ဒါကိုJaehyunကသတိထားမိသြားသည္ထင္ပါရဲ႕။အနားကပ္လာကာ
"Junnie....အေအးေသာက္ခ်င္လို႔တံေတြးေတြခနခနမ်ိဳခ်ေနတာလား "
"ဟင္.....ေအာ....Hyung.....ကြၽန္ေတာ့္ကိုတိုက္ပါဦး"
"အဲ့တာေၾကာင့္ေစာနကတည္းကႏွစ္ဘူးဝယ္ဖို႔ေျပာတာေလ အခုHyungေသာက္ၿပီးသားႀကီးကို ပိုက္ကလည္းတစ္ခုပဲပါတယ္"
"ရ...ရတယ္...Hyung...ကြၽန္ေတာ္ေရအရမ္းဆာလာလို႔ေသာက္လိုက္မယ္"
ဆိုကာJaehyunလက္ထဲမွအေအးဘူးကိုလွမ္းဆြဲယူၿပီးေသာက္လိုက္မိသည္။ၿပီးေတာ့ေခါင္းထဲမွာအေတြးတစ္ခုလည္းေပၚလာၿပီးJaehyunကိုစခ်င္သည္မလို႔
"ပိုက္တစ္ခုတည္းပါေတာ့လည္း ဘာျဖစ္တုန္းHyungရဲ႕...... ဇာတ္ကားထဲကမင္းသားနဲ႕မင္းသမီးလိုနမ္းတာမ်ိဳးမဟုတ္ဘဲ ကြၽန္ေတာ္တို႔ကသြယ္ဝိုက္ၿပီးနမ္းတာေပါ့"
အနားကပ္ကာၿပဳံးၿပဳံးႀကီးေျပာလာေသာHyunjunရဲ႕စကားေၾကာင့္Jaehyunမွာမေပ်ာ္နိုင္ပါေလ။
သြယ္ဝိုက္ၿပီးနမ္းတာ......။
ဒါသူလည္းေျပာဖူးတဲ့စကားပဲေလ။ မွတ္မွတ္ရရမခြဲသြားခင္ပထမဆုံးအႀကိမ္dateလုပ္ဖူးတုန္းကေျပာသည့္စကားေလးပဲ။ အဲ့တုန္းကလည္းအခုလိုေဆာင္းရာသီအခ်ိန္။
"Hyung....Hyung.....ကြၽန္ေတာ္ေျပာတာၾကာလား Hyung!"
"ဟင္! ေအာ္....အင္း....Ju- sorry Junnie..."
စေနာက္႐ုံပဲေျပာလိုက္သည့္စကားေၾကာင့္မွိုင္ေတြသြားေသာJaehyunအားHyunjunမွာၾကည့္ၿပီးအားနာမိပါသည္။ သူ႕ကိုေတာင္အဲ့တစ္ေယာက္ရဲ႕နာမည္နဲ႕မွားေခၚမိေတာ့မလိုျဖစ္သည္ဆိုေတာ့သူစေနာက္ဖူးသလိုအဲ့တစ္ေယာက္ကလည္းစေနာက္ဖူးသည္ထင္ပါရဲ႕။
ဟူး......ခ်စ္ေနရသူကရင္ထဲမွာမေမ့နိုင္တဲ့သူရွိတာHyunjunအတြက္ခက္ခဲလွပါသည္။ဒါေၾကာင့္သူလည္းဘာမွဆက္မေျပာေတာ့ဘဲဇာတ္ကားသာဆက္ၾကည့္ေနလိုက္မိသည္။
တစ္နာရီခြဲေလာက္ၾကာသည့္ဇာတ္ကားဟာအဆုံးသတ္ေတာ့လွပျခင္းမရွိခဲ့ပါေလ။ တစ္ကားလုံးမင္းသားနဲ႕မင္းသမီးဟာတစ္ေယာက္နဲ႕တစ္ေယာက္အျခားသူေတြအရႈံးေပးရေလာက္ေအာင္ႏွစ္ႏွစ္ကာကာခ်စ္ခဲ့ၾကပါေသာ္လည္းကြဲကြာျခင္းႏွင့္ပင္နိဂုံးခ်ဳပ္ခဲ့သည္။
႐ုံထဲရွိသူေတြမွာလည္းမင္းသားနဲ႕မင္းသမီးအတြက္စိတ္မေကာင္းျဖစ္သူကျဖစ္။ ငိုသည့္သူကငိုႏွင့္။ Hyunjunကေတာ့ဇာတ္ကားေတြအေပၚသိပ္ၿပီးမခံစားတတ္သူမလို႔ဘာမွေတာ့မျဖစ္ေပမဲ့ေဘးကJaehyunကေတာ့မ်က္ရည္က်ေနၿပီျဖစ္သည္။
သူ႕အျဖစ္နဲ႕လည္းတူညီေနသည္ကိုး.....။
........................
"Hyungကလည္း...အရမ္းႀကီးမခံစားပါနဲ႕ အဲ့တာဇာတ္ကားသပ္သပ္ပဲကို"
အျပင္ေရာက္သည္အထိမ်က္ရည္က်မျပတ္ေနေသာJaehyunအားHyunjunမွာပခုံးေလးပုတ္ၿပီးေခ်ာ့ေနရပါသည္။ Jaehyunကဒီလိုကိစၥေတြနဲ႕ပတ္သက္ၿပီးသိပ္ကိုခံစားလြယ္တာပဲ။
"Hyung....ျဖစ္ခဲ့တာလည္းသူတို႔နဲ႕တူတယ္"
"အင္း.....ရိပ္မိတယ္..... အဲ့တစ္ေယာက္နဲ႕လည္းခ်စ္ခဲ့ၾကတာပဲမလား "
"အင္း..................ခ်စ္ခဲ့ၾကတာေပါ့"
"Hyungစဥ္းစားရမွာ အတိတ္ကိုမဟုတ္ဘူး လက္ရွိကိုစဥ္းစားရမွာ အတိတ္မွာဘာေတြျဖစ္ခဲ့ျဖစ္ခဲ့ အခုထိလိုက္ၿပီးခံစားေနစရာမလိုပါဘူး Hyungရယ္....အဲ့တာေၾကာင့္မငိုနဲ႕ေတာ့ေနာ္....Hyungငိုရင္ကြၽန္ေတာ္မၾကည့္ရက္ဘူး ေနလည္းမေနတတ္ဘူး ၿပီးေတာ့....Hyungကိုျပန္ေတြးမိတိုင္းခနခနငိုေအာင္လုပ္တဲ့အဲ့ေကာင္ကိုပါသြားသတ္ခ်င္စိတ္ေပါက္တယ္"
Hyunjunေျပာသည့္စကားမ်ားေၾကာင့္Jaehyunမ်က္ရည္မ်ားကိုသုတ္လိုက္မိသည္။ သူေရာက္ေနသည္ကpublic areaႀကီးေလ။ ၿပီးေတာ့Hyunjunကိုလည္းထပ္ၿပီးအားနာစရာေတြမျဖစ္ေစခ်င္ေတာ့ပါေလ။
"ေတာ္တယ္....ငါတို႔Hyungက....ဒါနဲ႕Hyungဘာစားခ်င္လည္းေျပာ ကြၽန္ေတာ္သြားဝယ္ေပးမယ္"
"ရပါတယ္....မစားေတာ့ပါဘူး ေစာနကလည္းေပါက္ေပါက္ဆုပ္ေတြစားထားတာကို"
"တစ္ခုခုထပ္စားလိုက္ပါHyungရဲ႕ ေခ်ာကလက္ပဲျဖစ္ျဖစ္စားမလား"
"အင္း......KitKatေတာ့စားခ်င္တယ္"
"Ok...ကြၽန္ေတာ္သြားဝယ္ေပးမယ္ Hyungဒီမွာခနေစာင့္ေနေနာ္"
"အင္းပါ....."
Jaehyunကေတာ့HyunjunကိုKitKatသြားဝယ္သည္ဟုပဲထင္ေနပါသည္။ သို႔ေပမဲ့Hyunjunတစ္ေယာက္ကေတာ့မုန့္ဆိုင္တန္းေတြထက္လက္ဝတ္ရတနာေရာင္းသည့္ဆိုင္ဘက္ကိုအရင္သြားလိုက္တာJaehyunတစ္ေယာက္သတိမထားမိပါေလ။
....................
သူတို႔တစ္ေနကုန္လည္ၾကပတ္ၾကႏွင့္အခ်ိန္ေတြကုန္လို႔ကုန္မွန္းမသိလိုက္သည္မွာညပိုင္းေတာင္ေရာက္ေနၿပီျဖစ္သည္။
ေဆာင္းေလေအးတို႔တိုက္ခတ္သည့္ဟန္ျမစ္ေဘးတြင္လမ္းေလွ်ာက္ေနၾကသည့္ေကာင္ေလးႏွစ္ေယာက္။ HyunjunမွJaehyunနဲ႕ႏွစ္ေယာက္တည္းေလးရွိခ်င္ေသာေၾကာင့္တစ္မင္တစ္ကာဟန္ျမစ္ဘက္ကိုလာခဲ့ၾကျခင္းျဖစ္သည္။
"ကြၽန္ေတာ့္ရဲ႕Hyungေအးေနၿပီလား"
"Junnieကလည္း Hyungဆိုရၿပီေပါ့ ဘယ္လိုလုပ္ ကြၽန္ေတာ့္ရဲ႕Hyungဆိုၿပီးေခၚေနတာလည္း"
"ဘာလည္း Hyungက ကြၽန္ေတာ့္ရဲ႕Hyungမျဖစ္ခ်င္လို႔လား"
"Junnieေနာ္.....ေနာက္စရာမရွိရွာႀကံေနာက္ေနတယ္"
Hyunjunကေတာ့ခပ္ဖြဖြေလးသာရယ္မိလ်က္။ သူကေနာက္ေနသည္မွမဟုတ္ဘဲကို။
"Hyungလက္ေတြေအးစက္ေနတာပဲေရာ္"
႐ုတ္တစ္ရက္Jaehyunလက္ကိုသြားထိမိေတာ့ေျပာလိုက္သည့္Hyunjunရဲ႕စကားေၾကာင့္Jaehyunမွာသူ႕လက္သူစမ္းၾကည့္မိသည္။ သို႔ေပမဲ့တစ္ကယ္ႏွစ္ဖက္လုံးေအးေနေတာ့ခံစားလို႔ေတာင္မရေတာ့။
"Hyungက အိပ္ကပ္လည္းပါေနတာကို ထည့္ထားတာမဟုတ္ဘူး အဲ့တစ္ေယာက္ဆီအေတြးေရာက္ေနလို႔ကိုယ့္ကိုယ္ကိုေတာင္ဂ႐ုစိုက္ဖို႔ေမ့ေနတာလားHyung..."
"မ...မဟုတ္ပါဘူးJunnieကလည္း"
Jaehyunျငင္းမွာကိုသိၿပီးသားHyunjunမွJaehyunလက္ကိုဆြဲယူလိုက္ကာယွက္ႏြယ္ကိုင္လိုက္ၿပီးသူ႕ရဲ႕အိပ္ကပ္ထဲကိုထည့္လိုက္ေလသည္။
"ဒီလိုေလးထည့္ထားမွHyungလက္ေလးေတြႏြေးမွာေပါ့"
Jaehyunကေတာ့အနည္းငယ္ရွက္မိျပန္ပါသည္။
ဟန္ျမစ္ရဲ႕ေဘးပတ္လည္မွာတစ္ေယာက္လက္တစ္ေယာက္ဆုပ္ကိုင္ၿပီးအတူတူလမ္းေလွ်ာက္ေနၾကသည့္ေကာင္ေလးႏွစ္ေယာက္ရဲ႕ျမင္ကြင္းဟာအလြန္လွပပါသည္ေလ။
Jaehyunရဲ႕လက္ေလးဟာလည္းHyunjunေၾကာင့္အႏြေးဓာတ္ေလးစတင္ရလာၿပီျဖစ္သည္။ HyunjunကJaehyunအတြက္ေတာ့သိပ္ကိုႏြေးေထြးသည့္သူေလးပါပဲ။
သူ႕ကိုအစစအရာရာဂ႐ုစိုက္ေပးတတ္သူေလး။
အဲ့လိုလူမ်ိဳးကိုJaehyunသေဘာက်မိပါသည္။သို႔ေပမဲ့ရင္ထဲမွာေနရာယူႏွင့္ၿပီးသားသူကရွိေတာ့သူ႕မွာဘယ္လိုမွအစားထိုးမရေခ်။
လမ္းအတူေလွ်ာက္ေနတုန္းလုံေလာက္သည့္အႏြေးဓာတ္ေလးရေတာ့Hyunjunကရပ္လိုက္ကာသူ႕အိပ္ကပ္ထဲမွJaehyunရဲ႕လက္ကိုထုတ္လိုက္ေလသည္။ ထို႔ေနာက္တစ္ဖက္အိပ္ကပ္ထဲမွာထည့္ထားသည့္ဘူးေလးကိုထုတ္ယူလိုက္သည္။
Jaehyunကေတာ့Hyunjunလုပ္ရပ္မ်ားကိုေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနလ်က္။
Hyunjunကဘူးေလးထဲမွေ႐ႊမွ်င္ေရာင္လက္ေကာက္ေလးကိုထုတ္ယူလိုက္ကာJaehyunရဲ႕လက္ေကာက္ဝတ္သြယ္သြယ္ေလးမွာတပ္ဆင္ေပးလိုက္သည္။
စိတ္နဲ႕ပဲမွန္းၿပီးဝယ္လာသည့္ေ႐ႊေရာင္လက္ေကာက္ေလးဟာJaehyunရဲ႕လက္သြယ္သြယ္ေလးႏွင့္အလြန္ပင္လိုက္ဖက္လြန္းလွပါသသည္။ သူေ႐ြးတာမွန္သြားၿပီပဲ။
Hyunjunမွာဝတ္ေပး႐ုံနဲ႕တင္မၿပီးေသးဘဲJaehyunလက္ကေလးကိုအနည္းငယ္ျမႇောက္ယူလိုက္ကာသူ႕ရဲ႕ႏႈတ္ခမ္းပါးတို႔နဲ႕ထိကပ္ၿပီးညွင္သာလွသည့္အနမ္းေလးတစ္ပြင့္ေလးကိုေပးလိုက္ေတာ့Jaehyunမွာ႐ုတ္တစ္ရက္လည္းဆန္သြားသည္မလို႔ရွက္လာရျပန္သည္။
"Junnie.....ဒါဘာလုပ္တာလည္း...."
Jaehyunမွေမးေတာ့Hyunjunကၿပဳံးလာကာ
"Hyungကို ကြၽန္ေတာ္လက္ေကာက္အစားထိုးေပးရဦးမွာေလ အစကေတာ့အရင္ဟာေလးကိုပဲျပန္ျပင္ေပးမလို႔ ဒါေပမဲ့အဲ့တာ ဟိုတစ္ေယာက္ေပးထားတာမလား "
"အင္း...ဟုတ္တယ္"
"အဲ့တာေၾကာင့္မလို႔ကြၽန္ေတာ္ေပးထားတာေလးပဲဝတ္ေစခ်င္လို႔ဝယ္ေပးတာ Hyungသူနဲ႕ပတ္သက္ၿပီးအရာအားလုံးကိုခံစားစရာမလိုပါဘူး Hyungခံစားရရင္ကြၽန္ေတာ္လည္းနာက်င္ရလို႔ "
"Junnieကဘာလို႔လည္း......"
Jaehyunေမးလာသည့္ေမးခြန္းရဲ႕အေျဖကိုေျဖရန္Hyunjunအားယူလိုက္ကာ
"ကြၽန္ေတာ္Hyungအေပၚကိုခံစားခ်က္ေတြရွိေနမိၿပီ Hyungအတြက္ခိုနားဖို႔ရင္ခြင္ကိုကြၽန္ေတာ္ေပးခ်င္တယ္ "
"ဒါေပမဲ့ Hyungမွာ Juyeon ရွိ-"
"မေျပာနဲ႕Hyung! သူ႕နာမည္ကိုမေျပာပါနဲ႕ Hyungဘယ္ေလာက္ထိသူ႕ကိုခ်စ္တယ္ဆိုတာကိုကြၽန္ေတာ္သိတယ္ Hyungအတြက္မလြယ္ကူမွာမွန္းသိေပမဲ့ ကြၽန္ေတာ့္ကိုေျဖးေျဖးခ်င္းလက္ခံေပးလို႔ရပါတယ္ "
"ဒါေပမဲ့ Junnieစိတ္ကစားတာလည္းျဖစ္နိုင္တာပဲ.....Hyungကိုအခုလိုမ်ိဳးခံစားခ်က္ရွိတယ္ဆိုတာ......"
"ကြၽန္ေတာ့္ႏွလုံးသားတစ္ခုလုံးHyungဆီပုံအပ္ထားတာမလို႔ Hyungယုံၾကည္လို႔ရပါတယ္ Hyungကိုအေပ်ာ္ႀကံခ်င္လို႔အခုလိုေျပာတာလည္းမဟုတ္ရပါဘူး "
"အင္းပါ......ဒါေပမဲ့Hyungကိုအခ်ိန္ေတာ့နည္းနည္းေပးဦး"
"အင္း...ရတယ္ ကြၽန္ေတာ့္ကိုခ်က္ခ်င္းႀကီးလက္ခံေပးစရာမလိုဘူးHyung.....ကြၽန္ေတာ့္အခ်စ္ေတြကိုနားလည္ေပးရင္ရၿပီ"
ဆိုကာJaehyunရဲ႕ကိုယ္လုံးေလးကိုဆြဲယူၿပီးသူ႕ရင္ခြင္ထဲသြင္းလိုက္ေတာ့ဟိုကသဲ့သဲ့ေလးဝင္လာသည္။
ဝတ္ထားသည့္အႏြေးထည္ေၾကာင့္ဆိုသည္ထက္ႏွစ္ေယာက္ၾကားထဲကအႏြေးဓာတ္ေလးေၾကာင့္သူတို႔မေအးၾကတာဆိုပိုမွန္ပါလိမ့္မည္။
Jaehyunလည္းHyunjunကိုအားေတာ့နာမိသည္။ သူကတစ္ေယာက္ကိုခ်စ္ေနမွန္းသိရက္နဲ႕ေတာင္Hyunjunကသူ႕အေပၚအခုလိုစိတ္မ်ိဳးထားနိုင္ေပးတာတစ္ကယ္ေက်းဇူးလည္းတင္သလိုအားလည္းနာမိသည္။
သူႀကိဳးစားၿပီးHyunjunကိုလက္ခံၾကည့္ပါဦးမည္ေလ။
သူ႕ကိုဖက္ကာရင္ခြင္ထဲသြင္းထားသည့္Hyunjunရဲ႕လည္တိုင္ကိုJaehyunျပန္လည္ဖက္လိုက္ၿပီးမ်က္လုံးေလးမ်ားကိုလည္းမွိတ္ကာHyunjunဆီကအႏြေးဓာတ္ေလးကိုယူမိေနပါသည္။
ဟန္ျမစ္ရဲ႕ညပိုင္းအလွဟာ လွပလြန္းပါသည္။ သို႔ေပမဲ့ ႏွစ္ႏွစ္ကာကာဖက္ထားၾကသည့္ေကာင္ေလးႏွစ္ေယာက္ေလာက္ေတာ့ဘယ္ဟုတ္ပါ့မလည္းကြယ္။
.
.
.
.
.
.
.
တစ္ဖက္တြင္လည္းသူတို႔ႏွစ္ဦးဖက္ေနၾကသလိုတစ္ဖက္တြင္လည္းကင္မရာႏွင့္ဓာတ္ပုံရိုက္သံတစ္ဖ်တ္ဖ်တ္..............
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com