Chapter 3
Juyeonရဲ့နေ့ရက်တွေဟာJaehyunသူ့ဘဝထဲဝင်ရောက်လာသည့်နေ့မှစလို့တစ်ဖြည်းဖြည်းပျော်စရာကောင်းလာခဲ့ပါသည်။သူနဲ့အတူတူအဖော်ပြုပေး....ဝမ်းနည်းနေရင်နှစ်သိမ့်ပေးနဲ့။
မကြာခင်လည်းသူတို့ရဲ့ကျောင်းပြန်ဖွင့်တော့မှာမလို့ကောင်လေးနှစ်ယောက်စလုံးအနည်းငယ်စိတ်လှုပ်ရှားနေကြသည်။
"ဒါနဲ့Jaeကဘယ်အတန်းတက်ရမှာလည်း"
"Grade-4တက်ရမှာ"
"အာ....ဒါဆိုအကိုနဲ့တူတာပဲ"
"ဟင်ဘာလို့ ကိုကိုကJaeထက်ကြီးတယ်ဟုတ်ဘူးလား"
"အင်း....ဟုတ်ပေမဲ့ကိုကိုကကျောင်းတက်တာနောက်ကျသွားလို့တစ်တန်းနောက်ဆုတ်လိုက်ရတာ"
"အော်.....ဒါလည်းကောင်းတာပဲလေ ကိုကိုနဲ့အတူတူကျောင်းတက်လို့ရပြီ"
သူနဲ့အတူတူကျောင်းတက်ရတော့မယ်ဆိုလို့ပျော်နေသောJaehyunလေးအားJuyeonပြုံးပျော်စွာပဲကြည့်မိသည်။ကလေးလေးကသူ့ကိုဆိုတစ်အားခင်တွယ်ရှာတာပဲ။
"ဒါနဲ့ကိုကို့ဖေဖေကလေ.....ဘာလို့တစ်အားရိုက်တာလည်း ကိုကိုကမဆိုးပါဘူး"
"အော်.....ဒါကတော့ဒီလိုပါပဲ.....Jaeမသိတာကောင်းပါတယ်"
"ဟင့်.....ဒါမဲ့လည်းကိုကိုကဖေဖေနဲ့အတူတူနေရသေးတာ...JaeဆိုJaeဖေဖေနဲ့တစ်လလုံးနေမှခနလေးတွေ့ရတာ"
"ဘာလို့လည်း"
"မသိပါဘူး....အလုပ်ကိစ္စလို့ပြောပြီးခရီးတွေထွက်တာခနခနပဲဒါကြောင့်အိမ်မှာJaeမေမေနဲ့မေမေ့ကိုအလုပ်ကူပေးတဲ့မမပဲရှိတာ"
"အာ......."
ဟုတ်ပါသည်။Jaehyunလေးရဲ့အဖေဟာအလုပ်ကိစ္စကိုအကြောင်းပြုပြီးမကြာခနဆိုသလိုခရီးသွားရတတ်သည်။တစ်ခါသွားရင်လည်းလနဲ့ချီကြာတတ်သည်မို့Jaehyunတောင်သူ့အဖေနဲ့တွေ့ရသည်မှာခပ်ရှားရှားရယ်။
Jaehyunတို့ဟာဒီရပ်ကွက်ကိုပြောင်းလာသည်မှာလွန်ခဲ့သောငါးလလောက်ကပင်ဖြစ်သည်။အရင်ကလည်းအခြေအနေအမျိုးမျိူးကြောင့်ပြောင်းနေရသည်မှာတစ်မြို့ပြီးတစ်မြို့။ဒါကြောင့်ဒီမြို့ငယ်လေးနဲ့ကျမှအခြေချနေထိုင်ဖို့ရန်Jaehyunဖေဖေနဲ့မေမေကဆုံးဖြတ်ထားကြခြင်းဖြစ်သည်။
"ဒါနဲ့လေ.....Jae"
"ဟုတ်..ပြောလေ"
"အကို့ကိုစတွေ့တာဘက်စကတ်ဘောကစားတဲ့နေရာမှာတွေ့တာဆိုတော့ဘယ်တုန်းကတွေ့တာလည်းပြောပြပါလား"
"အာ......ကိုကိုကJae ကိုကို့ ကိုဘယ်လိုစသိသွားလည်းဆိုတာသေချာသိချင်နေတာမလား"
"အင်း...ဟုတ်တယ်တော်ရုံဆိုအကိုနဲ့သူငယ်ချင်းမဖြစ်ချင်ကြတဲ့သူတွေကများတယ်လေ...အဲ့တာကြောင့်ပါ"
"အော်....ပြောပြမှာပေါ့"
Jaehyunတို့ဒီဖက်ရပ်ကွက်ကိုပြောင်းလာပြီးနှစ်လလောက်နေတော့Jaehyunလေးကရပ်ကွက်အသစ်မှာဆော့ရန်နေရာလိုက်ရှာလေသည်။ဖေဖေနဲ့မေမေပြောပြလို့ဒီရပ်ကွက်ရဲ့လမ်းထိပ်မှာကလေးတွေကစားလို့ရအောင်ကစားကွင်းအသေးလေးတစ်ခုထားထားပေးတယ်ဟုလည်းကြားသဖြင့်ကလေးပီပီသွားဆော့ကြည့်ချင်နေခြင်းဖြစ်သည်။ဒါကြောင့်မေမေ့အားခွင့်တောင်းပြီးသွားတော့အိမ်မှာအလုပ်ကူပေးတဲ့မမနဲ့Jaehyunတို့အတူသွားကြသည်။
နေသည့်အိမ်နှင့်လမ်းထိပ်ကလည်းမဝေးသည်မို့သူတို့ခနလေးနဲ့ရောက်သွားကြလေသည်။ညနေခင်းဘက်အချိန်လည်းဖြစ်နေသောကြောင့်ကစားနေသည့်ကလေးတွေမှာလည်းအမြောက်အများရှိသည်။ထိုစဥ်Jaehyunလေးမှကစားကွင်းထဲမှာတစ်ခြားကလေးတွေနဲ့မကစားပဲတစ်ယောက်တည်းသီးသန့်ထိုင်နေသောသူ့အရွယ်ကောင်လေးတစ်ယောက်သွားတွေ့လေသည်။
ထိုကောင်လေးကိုဆော့ဖို့လည်းခေါ်မည့်သူမရှိသလို...အဲ့ကောင်လေးကိုယ်တိုင်ကလည်းဘယ်သူနဲ့မှမဆော့ပေ။တစ်ယောက်တည်းထိုင်ကာမြေပြင်ပေါ်ကိုသာငုံ့ကြည့်နေလေသည်။Jaehyunလည်းမေမေပြောထားတာကြောင့်တစ်ခြားသူတွေနဲ့မဆော့ရဘူးလို့တွေးပေမဲ့တစ်ယောက်တည်းဆော့ရသည်မှာလည်းအတော်လေးပျင်းစရာကောင်းလှသည်။ဒါကြောင့်ထိုင်နေသည့်ကောင်လေးနှင့်အတူတူဆော့ရန်သူသွားမယ်လုပ်တော့အဲ့ကောင်လေးကထိုင်နေရာမှထကာတစ်ဖက်သို့သွားလိုက်လေသည်။
Jaehyunလည်းအတော်လေးစပ်စုချင်နေသဖြင့်ပါလာသည့်မမအားမုန့်စားချင်တယ်လို့ပြောကာမုန့်သွားဝယ်ခိုင်းလိုက်ပြီးသူကတော့တိတ်တိတ်လေးလိုက်ချောင်းတော့သည်။သွားကြည့်တော့မှထိုကောင်လေးဟာအတန်းကြီးတွေဆော့တဲ့basketball ကွင်းထဲမှာသူတစ်ယောက်တည်းဘောလုံးကိုပစ်လိုက်....မြေပြင်ပေါ်မှာဆော့လိုက်နဲ့တစ်ယောက်တည်းပဲဆော့နေလေသည်။
အဲ့ဒီ့ကနေစပြီးJaehyunလေးကထိုကောင်လေးအပေါ်ကိုစတင်စိတ်ဝင်စားခဲ့သည်။ထိုရက်ပြီးနောက်ပိုင်းသိလိုက်ရတာကထိုကောင်လေးကသူ့အိမ်နီးနားချင်းဖြစ်ကြောင်းကိုပင်။အဲ့ဒီတစ်လျှောက်လုံးJaehyunလေးကJuyeonကိုခင်မင်ချင်ခဲ့လေသည်။ဒါပေမဲ့သူစိမ်းတွေနဲ့ပေးမတွေ့သည့်မေမေ့ကြောင့်သူ့မှာပေါ်တင်တောင်Juyeonအားမကြည့်ရဲခဲ့ပေ။
ဒါပေမဲ့ထိုနေ့Juyeonသူ့အမေဆုံးလို့ငိုနေတဲ့အချိန်မှာတော့Jaehyunဘယ်လိုမှမနေနိုင်တော့ဘဲJuyeonအားသွားနှစ်သိမ့်မိခဲ့သည်။အဲ့ကနေစခဲ့သည်ပေါ့နော်။
"အာ.....အဲ့လိုကိုး"
"စိတ်မပူပါနဲ့....အခုကိုကို့ဆီမှာJaeတစ်ယောက်လုံးရှိတယ်သိလား.....ကိုကို့ကိုဘယ်သူမှသူငယ်ချင်းမလုပ်ရင်တောင်Jaeရှိနေတယ်လို့သိထားပေးနော်"
Juyeonတစ်ကယ့်ကိုဝမ်းသာမိပါသည်။ဒီကလေးလေးကသူ့အတွက်ရှိနေပေးမယ်ဆိုတာကသူ့အားတစ်ကယ့်ကိုဝမ်းသာစေပါသည်။
....................
Jaehyunလေးနှင့်ခနလောက်စကားပြောပြီးသွားတော့Juyeonသူ့အိမ်ဘက်ကိုပြန်လာခဲ့လိုက်သည်။ဒီအချိန်ဆိုသူ့ရဲ့ပထွေးဖြစ်သူကအခန်းထဲမှာပဲရှိနေမှာသိတာမလို့သူအေးအေးဆေးဆေးပဲအိမ်ထဲဝင်လိုက်သည်။ဒါပေမဲ့မီးဖိုချောင်ထဲကထွက်လာသည့်သူ့ပထွေးကိုမြင်တော့အိမ်ပေါ်ထပ်တက်မည့်Juyeonခြေလှမ်းတွေရပ်တန့်သွားခဲ့သည်။
"ဘယ်သွားတာလည်း!!"
"ဟိုနား......ခနသူငယ်ချင်းနဲ့သွားဆော့တာပါ"
ခနလောက်ငြိမ်ပြီးတော့မှခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြရင်း
"အေးအေး.....မင်းကိုငါကျောင်းအပ်ပြီးပြီကျောင်းလစာလည်းတစ်နှစ်လုံးအတွက်ပေးပြီးပြီ...ကျောင်းဖွင့်လို့ကျောင်းမတက်ရင်တော့ငါ့အကြောင်းသိတယ်နော်"
"ဟု...ဟုတ်ကဲ့ပါ"
ထိုအခါထွက်သွားမလိုလုပ်သည့်ပထွေးအား
"ဟိုလေ........."
Juyeonဘက်မှစပြီးစကားပြောသည့်အခါရှားတာမလို့ရယ်ပြီးတော့တစ်ခါမှသူ့ပထွေးကိုဘာနာမ်စားမှသုံးပြီးမခေါ်ဖူးတာရယ်မလို့Juyeonပြောပြီးခနရပ်နေလေသည်။ထိုအခါစိတ်မရှည်တတ်သည့်ပထွေးက
"ဘာလည်းမြန်မြန်ပြော!!"
"ဟို....ကျောင်းလခကဘယ်လိုပေးလိုက်တာလည်းဟင်.....အရင်တုန်းကမေမေပေးနေကျဆိုတော့"
"ရှာမလျှည်နဲ့!!!!ငါ့ဘာသာငါဘယ်ကပိုက်ဆံနဲ့ပေးပေးမင်းအလုပ်မဟုတ်ဘူး....ကျောင်းသာမှန်အောင်တက်...စာလိုက်လုပ်ကြားလား!!!!"
"ဟုတ်ကဲ့ပါ"
သူ့အသက်အရွယ်နဲ့ဒီလိုကိစ္စမျိုးကိုစိတ်မပူရမယ်မှန်းသိပါသော်လည်းနဂိုကတည်းကရင့်ကျက်နေသည့်စိတ်ကလေးကြောင့်သူမေးလိုက်ခြင်းသာဖြစ်သည်။Juyeonတို့ဟာငွေရေးကြေးရေးအရမ်းခက်ခဲတဲ့မိသားစုထဲကတော့မဟုတ်ပေမဲ့ပေါများနေခြင်းမျိိုးတော့မဟုတ်ချေ။
ပထွေးဖြစ်သူဟာလည်းဘာအလုပ်လုပ်နေမှန်းသူမသိ။အားနေရင်အရက်သောက်ပြီးသူ့ဟာသူနေတတ်သည့်သူဖြစ်သည်။Juyeonအစကတော့သူ့ပထွေးကိုဒီထက်ကောင်းမယ်ထင်ခဲ့မိသည်။
ဖေဖေကမေမေနဲ့သူ့ကိုထားခဲ့ပြီးအိမ်မှာအလုပ်လုပ်လေ့ရှိတဲ့မမနဲ့အိမ်ကထွက်သွားခဲ့သည်။မေမေကလည်းသစ္စာမရှိဘဲဖောက်ပြန်ခဲ့တဲ့ဖေဖေ့ကိုဘာအကူညီမှမယူဘဲထွက်သွားခိုင်းခဲ့သည်။အဲ့အချိန်မှာJuyeonအသက်ငါးနှစ်အရွယ်သာရှိသေးသည်။
သူမှတ်မိပါသေးသည်။Luggageတစ်လုံးကိုဆွဲပြီးထွက်သွားတော့မည့်ဖေဖေကမသွားခင်သူ့အား
"ဖေဖေကသားမေမေနဲ့ဘယ်လိုမှအဆင်မပြေနိုင်တော့လို့ပါ...ဖေဖေ့ကိုခွင့်လွှတ်ပါသားလေး"
ဟုတစ်ခွန်းတည်းပြောကာကျောခိုင်းခဲ့ပါသည်။
မေမေကလည်းအစကတော့သူတစ်ယောက်တည်းပျိိုးထောင်မယ်ဆိုပြီးJuyeonကိုစောင့်ရှောက်ပေးခဲ့သည်။မေမေဟာသိပ်ကိုတော်လွန်းလှပါသည်။ဖေဖေထွက်သွားခဲ့ပေမဲ့တစ်ယောက်တည်းရုန်းကန်လှုပ်ရှားကာသူ့အားထိန်းကျောင်းခဲ့သည်။ဒါပေမဲ့ဘယ်လိုကနေဘယ်လိုဖြစ်တယ်ရယ်မှန်းမသိ။
တစ်ရက်သားကျတော့မေမေကအိမ်ကိုသူစိမ်းလူကြီးတစ်ယောက်ခေါ်လာခဲ့ပြီးဒါသားဖေဖေအသစ်ပဲလို့မိတ်ဆက်ပေးခဲ့သည့်အချိန်မှစ၍ဤပထွေးဖြစ်သူဟာသူတို့သားအမိနှစ်ယောက်ရဲ့ဘဝထဲကိုဝင်ရောက်လာခဲ့သည်။
အရက်ကြိုက်တတ်တဲ့သူ.....ဆိုးသွမ်းတဲ့သူမှန်းမသိခဲ့ပဲပေါ့။အစကတော့ကောင်းပါသည်။ဒါပေမဲ့နောက်ပိုင်းကျတော့စရိုက်အစစ်အမှန်တွေပေါ်လာကာမေမေ့ကိုလည်းခိုင်းစားခဲ့သည်။သူ့ကိုလည်းမညှာမတာဆက်ဆံပြောဆိုလာသည်။
မေမေဆုံးသွားတော့လည်းဝမ်းနည်းခြင်းအရိပ်ယောင်တောင်မပြဘဲသွေးအေးစွာသူသောက်နေကျအရက်ကိုသောက်သည်။နေချင်သလိုနေသည်။
ဒါပေမဲ့လည်းဘယ်တတ်နိုင်မလည်းနော်။မေမေကယူခဲ့သည့်ယောကျာ်းဖြစ်တာမလို့သူနဲ့လည်းအခုသွေးသားမတော်စပ်တောင်အမျိုးဟုတော့ခေါ်လို့ရပါသည်။Juyeonကတော့သူ့ပထွေးကိုဘယ်လိုမှသူ့အဖေနေရာအစားမထိုးနိုင်။
ဦးလေးတစ်ယောက်လိုသာသတ်မှတ်ပြီးအခုလိုနေခြင်းဖြစ်သည်။Juyeonသိချင်ပါရဲ့။သူ့ပထွေးဟာလည်းသူ့အားဘယ်လိုသတ်မှတ်သလည်းဆိုတာ။မယားပါသားလို့ပဲသတ်မှတ်မလား။ငါယူခဲ့တဲ့မိန်းမတစ်ယောက်ရဲ့သားမလို့ငါ့သားပဲဆိုပြီးသတ်မှတ်မလား။ခိုင်းဖော်ခိုင်းဖော်တစ်ယောက်လို့ပဲသတ်မှတ်မလား။
__________________________________________
Thanks for reading🌸
Zawgyi ver.
Juyeonရဲ႕ေန႕ရက္ေတြဟာJaehyunသူ႕ဘဝထဲဝင္ေရာက္လာသည့္ေန႕မွစလို႔တစ္ျဖည္းျဖည္းေပ်ာ္စရာေကာင္းလာခဲ့ပါသည္။သူနဲ႕အတူတူအေဖာ္ျပဳေပး....ဝမ္းနည္းေနရင္ႏွစ္သိမ့္ေပးနဲ႕။
မၾကာခင္လည္းသူတို႔ရဲ႕ေက်ာင္းျပန္ဖြင့္ေတာ့မွာမလို႔ေကာင္ေလးႏွစ္ေယာက္စလုံးအနည္းငယ္စိတ္လႈပ္ရွားေနၾကသည္။
"ဒါနဲ႕Jaeကဘယ္အတန္းတက္ရမွာလည္း"
"Grade-4တက္ရမွာ"
"အာ....ဒါဆိုအကိုနဲ႕တူတာပဲ"
"ဟင္ဘာလို႔ ကိုကိုကJaeထက္ႀကီးတယ္ဟုတ္ဘူးလား"
"အင္း....ဟုတ္ေပမဲ့ကိုကိုကေက်ာင္းတက္တာေနာက္က်သြားလို႔တစ္တန္းေနာက္ဆုတ္လိုက္ရတာ"
"ေအာ္.....ဒါလည္းေကာင္းတာပဲေလ ကိုကိုနဲ႕အတူတူေက်ာင္းတက္လို႔ရၿပီ"
သူနဲ႕အတူတူေက်ာင္းတက္ရေတာ့မယ္ဆိုလို႔ေပ်ာ္ေနေသာJaehyunေလးအားJuyeonၿပဳံးေပ်ာ္စြာပဲၾကည့္မိသည္။ကေလးေလးကသူ႕ကိုဆိုတစ္အားခင္တြယ္ရွာတာပဲ။
"ဒါနဲ႕ကိုကို႔ေဖေဖကေလ.....ဘာလို႔တစ္အားရိုက္တာလည္း ကိုကိုကမဆိုးပါဘူး"
"ေအာ္.....ဒါကေတာ့ဒီလိုပါပဲ.....Jaeမသိတာေကာင္းပါတယ္"
"ဟင့္.....ဒါမဲ့လည္းကိုကိုကေဖေဖနဲ႕အတူတူေနရေသးတာ...JaeဆိုJaeေဖေဖနဲ႕တစ္လလုံးေနမွခနေလးေတြ႕ရတာ"
"ဘာလို႔လည္း"
"မသိပါဘူး....အလုပ္ကိစၥလို႔ေျပာၿပီးခရီးေတြထြက္တာခနခနပဲဒါေၾကာင့္အိမ္မွာJaeေမေမနဲ႕ေမေမ့ကိုအလုပ္ကူေပးတဲ့မမပဲရွိတာ"
"အာ......."
ဟုတ္ပါသည္။Jaehyunေလးရဲ႕အေဖဟာအလုပ္ကိစၥကိုအေၾကာင္းျပဳၿပီးမၾကာခနဆိုသလိုခရီးသြားရတတ္သည္။တစ္ခါသြားရင္လည္းလနဲ႕ခ်ီၾကာတတ္သည္မို႔Jaehyunေတာင္သူ႕အေဖနဲ႕ေတြ႕ရသည္မွာခပ္ရွားရွားရယ္။
Jaehyunတို႔ဟာဒီရပ္ကြက္ကိုေျပာင္းလာသည္မွာလြန္ခဲ့ေသာငါးလေလာက္ကပင္ျဖစ္သည္။အရင္ကလည္းအေျခအေနအမ်ိဳးမ်ိဴးေၾကာင့္ေျပာင္းေနရသည္မွာတစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕။ဒါေၾကာင့္ဒီၿမိဳ႕ငယ္ေလးနဲ႕က်မွအေျခခ်ေနထိုင္ဖို႔ရန္Jaehyunေဖေဖနဲ႕ေမေမကဆုံးျဖတ္ထားၾကျခင္းျဖစ္သည္။
"ဒါနဲ႕ေလ.....Jae"
"ဟုတ္..ေျပာေလ"
"အကို႔ကိုစေတြ႕တာဘက္စကတ္ေဘာကစားတဲ့ေနရာမွာေတြ႕တာဆိုေတာ့ဘယ္တုန္းကေတြ႕တာလည္းေျပာျပပါလား"
"အာ......ကိုကိုကJae ကိုကို႔ ကိုဘယ္လိုစသိသြားလည္းဆိုတာေသခ်ာသိခ်င္ေနတာမလား"
"အင္း...ဟုတ္တယ္ေတာ္႐ုံဆိုအကိုနဲ႕သူငယ္ခ်င္းမျဖစ္ခ်င္ၾကတဲ့သူေတြကမ်ားတယ္ေလ...အဲ့တာေၾကာင့္ပါ"
"ေအာ္....ေျပာျပမွာေပါ့"
Jaehyunတို႔ဒီဖက္ရပ္ကြက္ကိုေျပာင္းလာၿပီးႏွစ္လေလာက္ေနေတာ့Jaehyunေလးကရပ္ကြက္အသစ္မွာေဆာ့ရန္ေနရာလိုက္ရွာေလသည္။ေဖေဖနဲ႕ေမေမေျပာျပလို႔ဒီရပ္ကြက္ရဲ႕လမ္းထိပ္မွာကေလးေတြကစားလို႔ရေအာင္ကစားကြင္းအေသးေလးတစ္ခုထားထားေပးတယ္ဟုလည္းၾကားသျဖင့္ကေလးပီပီသြားေဆာ့ၾကည့္ခ်င္ေနျခင္းျဖစ္သည္။ဒါေၾကာင့္ေမေမ့အားခြင့္ေတာင္းၿပီးသြားေတာ့အိမ္မွာအလုပ္ကူေပးတဲ့မမနဲ႕Jaehyunတို႔အတူသြားၾကသည္။
ေနသည့္အိမ္ႏွင့္လမ္းထိပ္ကလည္းမေဝးသည္မို႔သူတို႔ခနေလးနဲ႕ေရာက္သြားၾကေလသည္။ညေနခင္းဘက္အခ်ိန္လည္းျဖစ္ေနေသာေၾကာင့္ကစားေနသည့္ကေလးေတြမွာလည္းအေျမာက္အမ်ားရွိသည္။ထိုစဥ္Jaehyunေလးမွကစားကြင္းထဲမွာတစ္ျခားကေလးေတြနဲ႕မကစားပဲတစ္ေယာက္တည္းသီးသန့္ထိုင္ေနေသာသူ႕အ႐ြယ္ေကာင္ေလးတစ္ေယာက္သြားေတြ႕ေလသည္။
ထိုေကာင္ေလးကိုေဆာ့ဖို႔လည္းေခၚမည့္သူမရွိသလို...အဲ့ေကာင္ေလးကိုယ္တိုင္ကလည္းဘယ္သူနဲ႕မွမေဆာ့ေပ။တစ္ေယာက္တည္းထိုင္ကာေျမျပင္ေပၚကိုသာငုံ႕ၾကည့္ေနေလသည္။Jaehyunလည္းေမေမေျပာထားတာေၾကာင့္တစ္ျခားသူေတြနဲ႕မေဆာ့ရဘူးလို႔ေတြးေပမဲ့တစ္ေယာက္တည္းေဆာ့ရသည္မွာလည္းအေတာ္ေလးပ်င္းစရာေကာင္းလွသည္။ဒါေၾကာင့္ထိုင္ေနသည့္ေကာင္ေလးႏွင့္အတူတူေဆာ့ရန္သူသြားမယ္လုပ္ေတာ့အဲ့ေကာင္ေလးကထိုင္ေနရာမွထကာတစ္ဖက္သို႔သြားလိုက္ေလသည္။
Jaehyunလည္းအေတာ္ေလးစပ္စုခ်င္ေနသျဖင့္ပါလာသည့္မမအားမုန့္စားခ်င္တယ္လို႔ေျပာကာမုန့္သြားဝယ္ခိုင္းလိုက္ၿပီးသူကေတာ့တိတ္တိတ္ေလးလိုက္ေခ်ာင္းေတာ့သည္။သြားၾကည့္ေတာ့မွထိုေကာင္ေလးဟာအတန္းႀကီးေတြေဆာ့တဲ့basketball ကြင္းထဲမွာသူတစ္ေယာက္တည္းေဘာလုံးကိုပစ္လိုက္....ေျမျပင္ေပၚမွာေဆာ့လိုက္နဲ႕တစ္ေယာက္တည္းပဲေဆာ့ေနေလသည္။
အဲ့ဒီ့ကေနစၿပီးJaehyunေလးကထိုေကာင္ေလးအေပၚကိုစတင္စိတ္ဝင္စားခဲ့သည္။ထိုရက္ၿပီးေနာက္ပိုင္းသိလိုက္ရတာကထိုေကာင္ေလးကသူ႕အိမ္နီးနားခ်င္းျဖစ္ေၾကာင္းကိုပင္။အဲ့ဒီတစ္ေလွ်ာက္လုံးJaehyunေလးကJuyeonကိုခင္မင္ခ်င္ခဲ့ေလသည္။ဒါေပမဲ့သူစိမ္းေတြနဲ႕ေပးမေတြ႕သည့္ေမေမ့ေၾကာင့္သူ႕မွာေပၚတင္ေတာင္Juyeonအားမၾကည့္ရဲခဲ့ေပ။
ဒါေပမဲ့ထိုေန႕Juyeonသူ႕အေမဆုံးလို႔ငိုေနတဲ့အခ်ိန္မွာေတာ့Jaehyunဘယ္လိုမွမေနနိုင္ေတာ့ဘဲJuyeonအားသြားႏွစ္သိမ့္မိခဲ့သည္။အဲ့ကေနစခဲ့သည္ေပါ့ေနာ္။
"အာ.....အဲ့လိုကိုး"
"စိတ္မပူပါနဲ႕....အခုကိုကို႔ဆီမွာJaeတစ္ေယာက္လုံးရွိတယ္သိလား.....ကိုကို႔ကိုဘယ္သူမွသူငယ္ခ်င္းမလုပ္ရင္ေတာင္Jaeရွိေနတယ္လို႔သိထားေပးေနာ္"
Juyeonတစ္ကယ့္ကိုဝမ္းသာမိပါသည္။ဒီကေလးေလးကသူ႕အတြက္ရွိေနေပးမယ္ဆိုတာကသူ႕အားတစ္ကယ့္ကိုဝမ္းသာေစပါသည္။
....................
Jaehyunေလးႏွင့္ခနေလာက္စကားေျပာၿပီးသြားေတာ့Juyeonသူ႕အိမ္ဘက္ကိုျပန္လာခဲ့လိုက္သည္။ဒီအခ်ိန္ဆိုသူ႕ရဲ႕ပေထြးျဖစ္သူကအခန္းထဲမွာပဲရွိေနမွာသိတာမလို႔သူေအးေအးေဆးေဆးပဲအိမ္ထဲဝင္လိုက္သည္။ဒါေပမဲ့မီးဖိုေခ်ာင္ထဲကထြက္လာသည့္သူ႕ပေထြးကိုျမင္ေတာ့အိမ္ေပၚထပ္တက္မည့္Juyeonေျခလွမ္းေတြရပ္တန့္သြားခဲ့သည္။
"ဘယ္သြားတာလည္း!!"
"ဟိုနား......ခနသူငယ္ခ်င္းနဲ႕သြားေဆာ့တာပါ"
ခနေလာက္ၿငိမ္ၿပီးေတာ့မွေခါင္းကိုတစ္ဆတ္ဆတ္ၿငိမ့္ျပရင္း
"ေအးေအး.....မင္းကိုငါေက်ာင္းအပ္ၿပီးၿပီေက်ာင္းလစာလည္းတစ္ႏွစ္လုံးအတြက္ေပးၿပီးၿပီ...ေက်ာင္းဖြင့္လို႔ေက်ာင္းမတက္ရင္ေတာ့ငါ့အေၾကာင္းသိတယ္ေနာ္"
"ဟု...ဟုတ္ကဲ့ပါ"
ထိုအခါထြက္သြားမလိုလုပ္သည့္ပေထြးအား
"ဟိုေလ........."
Juyeonဘက္မွစၿပီးစကားေျပာသည့္အခါရွားတာမလို႔ရယ္ၿပီးေတာ့တစ္ခါမွသူ႕ပေထြးကိုဘာနာမ္စားမွသုံးၿပီးမေခၚဖူးတာရယ္မလို႔Juyeonေျပာၿပီးခနရပ္ေနေလသည္။ထိုအခါစိတ္မရွည္တတ္သည့္ပေထြးက
"ဘာလည္းျမန္ျမန္ေျပာ!!"
"ဟို....ေက်ာင္းလခကဘယ္လိုေပးလိုက္တာလည္းဟင္.....အရင္တုန္းကေမေမေပးေနက်ဆိဳေတာ့"
"ရွာမလွ်ည္နဲ႕!!!!ငါ့ဘာသာငါဘယ္ကပိုက္ဆံနဲ႕ေပးေပးမင္းအလုပ္မဟုတ္ဘူး....ေက်ာင္းသာမွန္ေအာင္တက္...စာလိုက္လုပ္ၾကားလား!!!!"
"ဟုတ္ကဲ့ပါ"
သူ႕အသက္အ႐ြယ္နဲ႕ဒီလိုကိစၥမ်ိဳးကိုစိတ္မပူရမယ္မွန္းသိပါေသာ္လည္းနဂိုကတည္းကရင့္က်က္ေနသည့္စိတ္ကေလးေၾကာင့္သူေမးလိုက္ျခင္းသာျဖစ္သည္။Juyeonတို႔ဟာေငြေရးေၾကးေရးအရမ္းခက္ခဲတဲ့မိသားစုထဲကေတာ့မဟုတ္ေပမဲ့ေပါမ်ားေနျခင္းမ်ိိုးေတာ့မဟုတ္ေခ်။
ပေထြးျဖစ္သူဟာလည္းဘာအလုပ္လုပ္ေနမွန္းသူမသိ။အားေနရင္အရက္ေသာက္ၿပီးသူ႕ဟာသူေနတတ္သည့္သူျဖစ္သည္။Juyeonအစကေတာ့သူ႕ပေထြးကိုဒီထက္ေကာင္းမယ္ထင္ခဲ့မိသည္။
ေဖေဖကေမေမနဲ႕သူ႕ကိုထားခဲ့ၿပီးအိမ္မွာအလုပ္လုပ္ေလ့ရွိတဲ့မမနဲ႕အိမ္ကထြက္သြားခဲ့သည္။ေမေမကလည္းသစၥာမရွိဘဲေဖာက္ျပန္ခဲ့တဲ့ေဖေဖ့ကိုဘာအကူညီမွမယူဘဲထြက္သြားခိုင္းခဲ့သည္။အဲ့အခ်ိန္မွာJuyeonအသက္ငါးႏွစ္အ႐ြယ္သာရွိေသးသည္။
သူမွတ္မိပါေသးသည္။Luggageတစ္လုံးကိုဆြဲၿပီးထြက္သြားေတာ့မည့္ေဖေဖကမသြားခင္သူ႕အား
"ေဖေဖကသားေမေမနဲ႕ဘယ္လိုမွအဆင္မေျပနိုင္ေတာ့လို႔ပါ...ေဖေဖ့ကိုခြင့္လႊတ္ပါသားေလး"
ဟုတစ္ခြန္းတည္းေျပာကာေက်ာခိုင္းခဲ့ပါသည္။
ေမေမကလည္းအစကေတာ့သူတစ္ေယာက္တည္းပ်ိိုးေထာင္မယ္ဆိုၿပီးJuyeonကိုေစာင့္ေရွာက္ေပးခဲ့သည္။ေမေမဟာသိပ္ကိုေတာ္လြန္းလွပါသည္။ေဖေဖထြက္သြားခဲ့ေပမဲ့တစ္ေယာက္တည္း႐ုန္းကန္လႈပ္ရွားကာသူ႕အားထိန္းေက်ာင္းခဲ့သည္။ဒါေပမဲ့ဘယ္လိုကေနဘယ္လိုျဖစ္တယ္ရယ္မွန္းမသိ။
တစ္ရက္သားက်ေတာ့ေမေမကအိမ္ကိုသူစိမ္းလူႀကီးတစ္ေယာက္ေခၚလာခဲ့ၿပီးဒါသားေဖေဖအသစ္ပဲလို႔မိတ္ဆက္ေပးခဲ့သည့္အခ်ိန္မွစ၍ဤပေထြးျဖစ္သူဟာသူတို႔သားအမိႏွစ္ေယာက္ရဲ႕ဘဝထဲကိုဝင္ေရာက္လာခဲ့သည္။
အရက္ႀကိဳက္တတ္တဲ့သူ.....ဆိုးသြမ္းတဲ့သူမွန္းမသိခဲ့ပဲေပါ့။အစကေတာ့ေကာင္းပါသည္။ဒါေပမဲ့ေနာက္ပိုင္းက်ေတာ့စရိုက္အစစ္အမွန္ေတြေပၚလာကာေမေမ့ကိုလည္းခိုင္းစားခဲ့သည္။သူ႕ကိုလည္းမညွာမတာဆက္ဆံေျပာဆိုလာသည္။
ေမေမဆုံးသြားေတာ့လည္းဝမ္းနည္းျခင္းအရိပ္ေယာင္ေတာင္မျပဘဲေသြးေအးစြာသူေသာက္ေနက်အရက္ကိုေသာက္သည္။ေနခ်င္သလိုေနသည္။
ဒါေပမဲ့လည္းဘယ္တတ္နိုင္မလည္းေနာ္။ေမေမကယူခဲ့သည့္ေယာက်ာ္းျဖစ္တာမလို႔သူနဲ႕လည္းအခုေသြးသားမေတာ္စပ္ေတာင္အမ်ိဳးဟုေတာ့ေခၚလို႔ရပါသည္။Juyeonကေတာ့သူ႕ပေထြးကိုဘယ္လိုမွသူ႕အေဖေနရာအစားမထိုးနိုင္။
ဦးေလးတစ္ေယာက္လိုသာသတ္မွတ္ၿပီးအခုလိုေနျခင္းျဖစ္သည္။Juyeonသိခ်င္ပါရဲ႕။သူ႕ပေထြးဟာလည္းသူ႕အားဘယ္လိုသတ္မွတ္သလည္းဆိုတာ။မယားပါသားလို႔ပဲသတ္မွတ္မလား။ငါယူခဲ့တဲ့မိန္းမတစ္ေယာက္ရဲ႕သားမလို႔ငါ့သားပဲဆိုၿပီးသတ္မွတ္မလား။ခိုင္းေဖာ္ခိုင္းေဖာ္တစ္ေယာက္လို႔ပဲသတ္မွတ္မလား။
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com