Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 30

{ တွေ့ဆုံဖို့ရန်နီးလာသောအခါဝယ်...}

"တောက်!!!!!!!"

ကျယ်လောင်သည့်တောက်ခေါ်သံနဲ့အတူစားပွဲပေါ်သို့အားနှင့်ပစ်ချခံလိုက်ရသည့်ဓာတ်ပုံအချို့။

တွန့်ချိုးနေသည့်မျက်ခုံးနှစ်ဖက်တို့မှာလည်းထိလုမတတ်။ ဆုပ်ထားသည့်လက်မှာသွေးတောင်လျှောက်တော့ရယ်လားမသိ။ အံကိုတင်းတင်းကြိတ်ကာစိတ်ကိုမနည်းထိန်းနေသည့်Lee Juyeonတစ်ယောက်စိတ်ထဲတွင်ဒေါသမီးနဲ့အတူသဝန်တိုခြင်းဟုခေါင်းစဥ်တပ်လို့ရသည့်စိတ်တို့ဟာကြီးစိုးနေခဲ့ပါသည်။

စားပွဲပေါ်တွင်ပစ်ချထားခြင်းခံရသည့်ဓာတ်ပုံအချို့ထဲမှကောင်လေးနှစ်ယောက်။ တစ်ယောက်ကတော့သူ့ရဲ့မူပိုင်လေးဖြစ်ခဲ့သည့်Jae....။

သို့ပေမဲ့သူမဟုတ်သည့်တစ်ပါးသူရဲ့ရင်ခွင်ထဲမှနားခိုလို့နေသည်။ သူမဟုတ်သည့်တစ်ပါးသူရဲ့လက်တို့နှင့်အတူဆုပ်ကိုင်ထားသည်။ သူမဟုတ်သည့်တစ်ပါးသူနှင့်အတူတူရှိနေသည်ကိုမြင်ရသည်မှာJuyeonအတွက်တော့ဒေါသထွက်ဖို့အလျဥ်းကိုဆောင်ကြဥ်းလေသလား။

အရှေ့မှာရပ်နေသည့်တပည့်ဖြစ်သူမှာလည်းဒေါသထွက်နေသည့်Juyeonကြောင့်ဘာမှလည်းမပြောရဲသေးသလိုတုပ်တုပ်မျှပင်မလှုပ်ရဲ။ ဒေါသထွက်နေပြီးသူ့ဘာလုပ်မယ်မှန်းမှမသိနိုင်ဘဲကို။

​ညမီးရောင်စုံရဲ့အောက်မှာလှပနေတဲ့ဟန်မြစ်ရဲ့ဘေးမှာဖက်နေခဲ့ကြသည့်သူတို့နှစ်ယောက်ရဲ့ပုံကိုရှင်းလင်းစွာမြင်နေရပြန်သည်။ စားပွဲပေါ်မှာရှိနေသည့်ဓာတ်ပုံများအားအဓိပ္ပါယ်မဲ့စွာကြည့်မိနေရင်းJuyeonဒေါသစိတ်တို့ကတစ်စတစ်စပိုမိုကြီးထွားလာရတော့သည်။

အရင်တစ်ခါMallမှာတွေ့ကတည်းကနှစ်ယောက်သားကိုသံသဝင်နေမိခဲ့သည့်သူ့စိတ်ကြောင့်လူလွှတ်ပြီးစောင့်ကြည့်ခိုင်းထားမိသည်။ သူကိုယ်တိုင်လိုက်စောင့်ကြည့်ရင်ရပေမဲ့အတူတွဲတွေ့နေမိခဲ့ပါက Juyeonဘာလုပ်မိမယ်မသိ။

ဒါကြောင့်တစ်ခြားသူနှင့်စောင့်ကြည့်ခိုင်းထားခဲ့သည်။ ယနေ့ညလိုမျိုးမြင်ကွင်းကိုပုံထဲမှာမြင်တာတောင်သူအရမ်းခံစားသွားမိတာ။ အပြင်မှာသာမြင်မိလျှင် နှလုံးသားတစ်ခုလုံးစုတ်ပြတ်သွားတဲ့အထိသူအော်မိလိမ့်မလား။

"သူတို့ကတွဲနေကြပြီလား!"

အဖြေကိုကြားမိလျှင်လည်းသူထပ်ပြီးခံစားရမှာသိပေမဲ့တိကျအောင်တော့မေးလိုက်မိသည်။

အတန်ကြာမှမေးလာသည့်မေးခွန်းကြောင့်တပည့်ဖြစ်သူခမျာမှာကြောက်ကြောက်လန့်လန့်နဲ့ပြန်ဖြေရှာသည်။

"ကျွန်တော်ကြားမိသလောက်တော့ဖွင့်ပဲပြောသေးတာပါ"

"ဒါဆိုသူတို့ကဘယ်လိုပတ်သက်မှုမျိုးရှိနေတာလည်းကောမင်းသိလား"

"ဟုတ်ကဲ့....Lee Jaehyunဆိုတဲ့တစ်ယောက်ကဂိုက်ဆရာလုပ်နေတာပါ Hyunjun Hurက H GroupရဲFashion ပိုင်းတာဝန်ခံပါ။ သူ့မှာHyunnieနဲ့Hwallieလို့ခေါ်တဲ့ညီမလေးနှစ်ယောက်ရှိပါတယ်တဲ့ သူတို့ကိုLee Jaehyunကစာသင်ပေးနေတာပါ"

"ဘယ်မှာသင်ကြတာလည်း"

"Hyunju Hur ရဲ့အိမ်မှာပါ"

Juyeonခေါင်းငြိမ့်လိုက်ပြီး

"ရပြီ...မင်းသွားလို့ရပြီ"

"ဟုတ်ကဲ့ပါ....အော်....ဒါနဲ့Bossကပြောခိုင်လိုက်တာရှိပါသေးတယ်"

"ဘာလဲ!"

"မမလေးYuJin ဆေးရုံကဆင်းပြီတဲ့ အားပြန်မွေးဖို့တော့လိုသေးလို့Japanကနေနောက်နှစ်လကျော်ကျော်မှပြန်လာပါလိမ့်မယ်တဲ့ အဲ့တာသူ့ကိုဖုန်းဆက်လိုက်ပါဦးတဲ့"

"အေးအေး သိပြီ ငါပြီးရင်ဆက်လိုက်မယ်လို့"

"ဟုတ်ကဲ့"
......................

ပြတင်းပေါက်တစ်ခုသာဖွင့်ထားပြီးလှောင်ပိတ်နေသောအခန်းတစ်ခုထဲ၌ဆေးလိပ်ငွေ့တို့ဟာပျံလွင့်လျက်ရှိသည်။ နှုတ်ခမ်းမှမှုတ်ထုတ်လိုက်တိုင်းအခန်းထဲသို့ပျံသွားသည့်ဆေးလိပ်ငွေ့များကိုJuyeonအကြောင်းမဲ့စွာကြည့်နေလိုက်သည်။

နောက်တစ်ဖန်ထပ်မံကာသောက်မည်လုပ်တော့ဆေးလိပ်ကတိုတိုသာကျန်တော့သည်မလို့စားပွဲပေါ်မှာရှိသည့်ပြာခွက်ထဲသို့ပစ်ထည့်လိုက်ပြီးဘူးထဲမှဆေးလိပ်အသစ်တစ်လိပ်ကိုယူကာနှုတ်ခမ်းတွင်တေ့လိုက်သည်။

သူသောက်နေတာဆေးလိပ်တစ်ဘူးတောင်ကုန်၍နှစ်ဘူးမြောက်တောင်ရှိနေပြီဖြစ်ပေမဲ့မရပ်မနားသောက်နေချင်မိသည်။ စားပွဲပေါ်တွင်ရှိနေသောဆေးလိပ်ပြာခွက်ဘေးတွင် ထည့်ထားသည့်ရေခဲသုံးတုံးတောင်အရည်ပျော်လုနီးနီးရှိနေသည့်အရက်ခွက်ဟာလည်းရှိနေသေးသည်။

ကြည့်ပါဦး....သူလုပ်နေတဲ့မကောင်းတာတွေကို။

"ဟက်!!!"

အကြောင်းမဲ့စွာတစ်ချက်ဟက်ခနဲရယ်လိုက်မိသည်။ အရက်လည်းသောက် ဆေးလိပ်လည်းသောက်နေသည့်သူ့ကိုယ်သူပဲသဘောကျ၍လား....ဘီယာလေးသောက်တာတောင်မကောင်းတာတွေလုပ်နေပါတယ်ဆိုပြီးပြောခဲ့သည့်ကောင်လေးသာဤအရာကိုမြင်မိလျှင်သူ့အားစိတ်ကောက်လေဦးမလား.....သူရယ်ရသည့်အကြောင်းရင်းကတော့နှစ်ခုထဲကတစ်ခုဖြစ်ပါလိမ့်မည်။

သဝန်တိုသည်ဟုပြောရင်လည်းဤသဝန်တိုခြင်းကိုဖြစ်အောင်လုပ်ခဲ့တာကသူပဲမဟုတ်ပါလား။ သူသာထွက်မလာခဲ့ရင်အခုချိန်ထိဘေးမှာရှိနေပေးနိုင်မည်ကိုသိသိရက်နဲ့သူလုပ်ခဲ့မိပါသည်။

အတိတ်ကိုပြန်သွားပြီးအမှားတွေကိုလည်းပြန်ပြင်ဆင်လို့မရတော့သည်မလို့ယခုဖြစ်လာသည့်အရာကိုပဲလက်ခံရမည်။ သူလက်မခံချင်ပါလေ။ Jaeဟာသူမဟုတ်သည့်သူနဲ့ပျော်ရွှင်နေသည်ဆိုသောအချက်အားသူလုံးဝလက်မခံချင်နေပါ။

အတွေးထဲနစ်မြောကာဆေးလိပ်သောက်နေတုန်းအိပ်ကပ်ထဲမှဖုန်းဟာမြည်လာခဲ့သည်။

"Hello"

"Hello....ကိုကိုJuyeon...."

"အင်း....ပြောYujin nah"

"လေသံကလည်းစိမ်းကားလိုက်တာ နှစ်နှစ်လောက်မကြားရတာတောင်အေးတိအေးစက်နဲ့"

"အဲ့လိုမဟုတ်ပါဘူး....ဒါနဲ့ဆေးရုံကဆင်းပြီဆို"

"အင်း..ဟုတ်တယ် အခုအဲ့တာလှမ်းပြောတာ Yujin အခုအများကြီးနေကောင်းလာပြီသိလား နှလုံးကအစားထိုးထားရတာမလို့အသားကျအောင်တစ်လလောက်နေရဦးမှာ ပြီးမှကိုကို့ဆီပြန်လာခဲ့မယ်"

"အင်းပါ အင်းပါ နေကောင်းအောင်လည်းနေဦး ခွဲစိတ်ပြီးစဆိုအရမ်းကြီးလှုပ်လှုပ်ရှားရှားတွေမလုပ်နဲ့"

"ဟုတ်ကဲ့ပါငါ့ကိုကြီးရယ်"

"ဒါဆိုဖုန်းချလိုက်တော့မယ်နော် အကိုသွားစရာရှိသေးလို့"

"ဟုတ်ပြီ ဟုတ်ပြီ bye byeနော် အရမ်းချစ်တယ်ငါ့အကိုကြီး"

"အေးပါ...."
.......................

"Hyung.....ကျွန်တော့်ရဲ့ချစ်သောHyung"

ကလေးတွေအလစ်ကိုအနားလာပြီးချွဲကာခေါ်နေသည့်Hyunjunကြောင့်Jaehyunမှာသောက်နေသည့်ရေတောင်မသီးရုံတစ်မယ်။

"Junnie! ဘယ်လိုဖြစ်နေတာလည်း ကလေးတွေကြားသွားရင်မကောင်းဘူးလေ"

"သူတို့မသိပါဘူး Hyungရဲ့ ဒါနဲ့ကလေးတွေဘယ်လိုလည်း တိုးတက်လာရဲ့လား စာကောသေချာလိုက်လုပ်လားဟင် Hyungကိုကလန်ကဆန်လုပ်တာမျိုးရှိလား"

"ကလေးတွေကလိမ္မာပါတယ် စာလည်းတော်တော်ရနေပြီ ဒီနှစ်ကျောင်းဖွင့်ရင်တန်းအပ်ပေးလို့ရပြီ"

"အင်းပါ...ဒါဆိုဒီနှစ်စဖွင့်တာနဲ့အပ်လိုက်တော့မယ်.....ကျွန်တော်စဥ်းစားနေတာ အစကတော့နှစ်ယောက်ကိုinternational schoolထားမလို့ ဒါပေမဲ့Rakwonတို့တက်နေတဲ့ကျောင်းကလည်းမဆိုးဘူးပြောလို့လေ "

"ဟုတ်တယ် အဲ့ကတော်တော်ကောင်းတယ်ပြောရမယ် ကလေးတွေနဲ့လည်းပိုအဆင်ပြေမယ်ထင်တယ်"

"အင်းပါ......ဒါနဲ့လေ Hyung...."

"ဟင်...ပြောလေJunnie"

"Hyungလက်ကောက်ဝတ်မှာကျွန်တော်ပေးထားတဲ့လက်ကောက်လေးရှိနေတာကိုအရမ်းသဘောကျတာပဲ......"

Hyungသာကျွန်တော့်အပိုင်လေးဖြစ်ရင်ကောင်းမယ်......

သူ့ရဲ့လက်ကောက်ဝတ်ကိုကြည့်ကာသဘောတစ်ကျစွာပြောလိုက်သည့်Hyunjunရဲ့စကားကြောင့်Jaehyunရင်ထဲနွေးခနဲဖြစ်သွားရပြန်သည်။

Hyunjunကသူ့ကိုဖွင့်ပြောပြီးနောက်ပိုင်းပိုပြီးတောင်ချစ်လာနေသည်ဟုလည်းခံစားမိသည်။ အနားကိုလာပြီးတီတီတာတာလေးတွေလာပြောနေသည့်မှာလည်းအခုမှအချစ်ကိုထိတွေ့ဖူးသည့်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နှယ်။

ဒီကောင်လေးကသူ့ကိုအရမ်းချစ်ပြတတ်နေတာပဲ......။

ဒါပေမဲ့ဘယ်လိုလုပ်မလည်းJunnieရယ်....Hyungကသူ့ကိုမေ့မရသေးဘူး လို့သာပြောလိုက်ချင်ပေမဲ့လည်း သူ့ကိုအရမ်းတွေချစ်ပြပြီးမျှော်လင့်နေသည့်Hyunjunအားသူမရက်စက်နိုင်ပေ။

"Hyung~~~"

"ပြောလေ....Junnie"

"ဘာတွေအဲ့လောက်တောင်တွေးနေတာလည်း ကျွန်တော်ပြောတာမကြားဘူးလား"

"ဟင်! မ..မဟုတ်ပါဘူး...ဘာပြောလိုက်တာလည်းခုနက"

"ပိတ်ရက်တွေအားရင်ကျွန်တော်နဲ့အတူစျေးဝယ်ထွက်ကြမလားလို့"

"အော်....အင်းရတယ်လေ"

................

"သား Jaehyun"

"ဟုတ် Omma"

"ခုတစ်လော သားစာသွားသင်ပေးနေတဲ့အိမ်ကဟိုရုပ်ချောချောနဲ့ကောင်လေးလေ..."

"အင်း.....Hyunjunကိုပြောတာထင်တယ်"

"ဟုတ်တယ် သူ"

"သူကဘာဖြစ်လို့လည်းOmma"

ခါတိုင်းဆိုJaehyunရဲ့အလုပ်အကြောင်းစေ့စေ့စပ်စပ်မမမေးဖူးသည့်အမေကအခုတော့Hyunjunအကြောင်းပြောလာသည်မလို့Jaehyunအနည်းငယ်တော့စိတ်ဝင်စားသွားသည်။

"ဘာမှဖြစ်တယ်ရယ်တော့မဟုတ်ပါဘူး ဟိုနေ့ကသားကိုလိုက်ပို့ပေးတာ Ommaမျက်လုံးထဲမှာတော့မသိရင်ချစ်သူရည်းစားတွေနှုတ်ဆက်သလိုဖြစ်နေကြလို့လေ အဲ့တာသားတို့နှစ်ယောက်ကြားထဲမှာပတ်သက်မှုတစ်ခုခုရှိတယ်ထင်လို့"

လက်စသတ်တော့Ommaကသူတို့နှစ်ယောက်ကိုအထင်လွဲနေသည်ပဲ။ ထင်လည်းထင်ချင်စရာပါလေ။ Hyunjunကဖွင့်ပြောပြီးနောက်ပိုင်းအရင်ကထက်Jaehyunကိုပိုပြီးဂရုစိုက်ပေးလာသည်။ ပိုချစ်ပေးလာသည်လေ။

"အာ....အဲ့တာ...Ommaအထင်လွဲနေတာပါ သားတို့ကအရွယ်လည်းသိပ်မကွာတော့ဒီအတိုင်းသူငယ်ချင်းလိုခင်ရုံပါပဲ"

"အဲ့လိုဆိုလည်းပြီးတာပါပဲ သားရယ် Ommaကတော့အမှန်တိုင်းပြောရရင်သားကိုအဲ့လို့အသိုင်းဝိုင်းကလူတွေနဲ့သိပ်ပြီးမပတ်သက်စေချင်ဘူး အကယ်လို့သားတို့ကချစ်လို့ကြိုက်လို့တွဲတယ်ပဲထားဦး သူတို့လိုမျိုးရိုးတွေကသားတို့ကိုလက်ခံပေးချင်မှလက်ခံမှာလေ မဟုတ်ရင်ငါ့သားလေးကြားထဲကနေစိတ်ဆင်းရဲရမှာစိုးလို့"

"Ommaကလည်း...မဟုတ်တာတွေတွေးပြီးပူနေပြန်ပြီ Hyunjunတို့ကအဲ့လိုတော့မဟုတ်ပေမဲ့သားကိုယ်တိုင်ကလည်းHyunjunကိုသူငယ်ချင်းလိုညီလေးလိုထက်မပိုပါဘူးOmmaရဲ့"

"အေးပါကွယ်....ဒါဆိုလည်းညစာစားပြီးရင်Ommaပေးတဲ့ဆေးသောက်လိုက်ဦးနော်"

"ဟုတ်ကဲ့ပါ အာ...ဒါနဲ့လေ အဲ့ဆေးကဘာဆေးလည်းဟင် Omma သားသောက်တာကြာနေပြီ မမေးဖြစ်လို့"

"အားဆေးလေသားရဲ့ ဘာလို့လည်း"

"အော်....အားဆေးလား...ဒါပေမဲ့တစ်ခါတစ်ခါဆိုခေါင်းမူးလာသလားလို့ အဲ့ဆေးသောက်မိရင်"

"ဆေးကနည်းနည်းတော့ပြင်းတယ်သားရဲ့ ဒါပေမဲ့ခေါင်းမူးတာ သားlaptopကြည့်တာကြာလို့လည်းပါမယ်ထင်တယ် screentimeနည်းနည်းတော့လျှော့ပေါ့ မင်းAppaနဲ့Ommaသောက်တာတော့ဘာမှမဖြစ်ပါဘူး"

"အောအော....ဟုတ်ကဲ့​ပါ Omma"

.
.
.
.
.
.
.
.
.
.
.
.
.
.
.

*Ring Ring*

"Hello"

"Hello boss ကျွန်တော်ပါ"

လေသံကြားရုံနဲ့တင်ဘယ်သူမှန်းသိသည်မလို့

"အေးပြော....ဘာထူးလည်း"

"သူတို့လှုပ်ရှားတော့မယ်ကြားတယ် သင်္ဘောကပ်မှာလာမဲ့Wednesdayပါတဲ့"

"အေးကောင်းပြီလေ ခုကတည်းကကြိုပြီးပြင်ဆင်ထားလိုက်မယ်"

ပြောပြီးဖုန်းချသည်နှင့်စားပွဲပေါ်ရှိခလုတ်တစ်ခုကိုနှိပ်ကာ

"Juyeonကိုပြောလိုက်တော့ ငါတို့ပြင်ဆင်ထားရတော့မယ်လို့"

"ဟုတ်ကဲ့ပါ Boss"

နှာခေါင်းပေါ်တွင်ကျနေသောမျက်မှန်အားအနည်းငယ်ပင့်တင့်လိုက်ပြီးစားပွဲပေါ်သို့လက်နှစ်ဖက်ကိုထောက်ကာနှုတ်ခမ်းတစ်ဖက်ကွေးညွှတ်ရုံမျှပြုံးမိလိုက်သည်။ ကျေနပ်သည့်အပြုံးဖြင့်။

"ငါ့သားကိုဘယ်လိုနည်းနဲ့မှအဲ့ဘက်ကိုအရောင်းစားမခံနိုင်ဘူး!"
__________________________________________

Thank for reading🌸

Zawgyi

{ ေတြ႕ဆုံဖို႔ရန္နီးလာေသာအခါဝယ္...}

"ေတာက္!!!!!!!"

က်ယ္ေလာင္သည့္ေတာက္ေခၚသံနဲ႕အတူစားပြဲေပၚသို႔အားႏွင့္ပစ္ခ်ခံလိုက္ရသည့္ဓာတ္ပုံအခ်ိဳ႕။

တြန့္ခ်ိဳးေနသည့္မ်က္ခုံးႏွစ္ဖက္တို႔မွာလည္းထိလုမတတ္။ ဆုပ္ထားသည့္လက္မွာေသြးေတာင္ေလွ်ာက္ေတာ့ရယ္လားမသိ။ အံကိုတင္းတင္းႀကိတ္ကာစိတ္ကိုမနည္းထိန္းေနသည့္Lee Juyeonတစ္ေယာက္စိတ္ထဲတြင္ေဒါသမီးနဲ႕အတူသဝန္တိုျခင္းဟုေခါင္းစဥ္တပ္လို႔ရသည့္စိတ္တို႔ဟာႀကီးစိုးေနခဲ့ပါသည္။

စားပြဲေပၚတြင္ပစ္ခ်ထားျခင္းခံရသည့္ဓာတ္ပုံအခ်ိဳ႕ထဲမွေကာင္ေလးႏွစ္ေယာက္။ တစ္ေယာက္ကေတာ့သူ႕ရဲ႕မူပိုင္ေလးျဖစ္ခဲ့သည့္Jae....။

သို႔ေပမဲ့သူမဟုတ္သည့္တစ္ပါးသူရဲ႕ရင္ခြင္ထဲမွနားခိုလို႔ေနသည္။ သူမဟုတ္သည့္တစ္ပါးသူရဲ႕လက္တို႔ႏွင့္အတူဆုပ္ကိုင္ထားသည္။ သူမဟုတ္သည့္တစ္ပါးသူႏွင့္အတူတူရွိေနသည္ကိုျမင္ရသည္မွာJuyeonအတြက္ေတာ့ေဒါသထြက္ဖို႔အလ်ဥ္းကိုေဆာင္ၾကဥ္းေလသလား။

အေရွ႕မွာရပ္ေနသည့္တပည့္ျဖစ္သူမွာလည္းေဒါသထြက္ေနသည့္Juyeonေၾကာင့္ဘာမွလည္းမေျပာရဲေသးသလိုတုပ္တုပ္မွ်ပင္မလႈပ္ရဲ။ ေဒါသထြက္ေနၿပီးသူ႕ဘာလုပ္မယ္မွန္းမွမသိနိုင္ဘဲကို။

​ညမီးေရာင္စုံရဲ႕ေအာက္မွာလွပေနတဲ့ဟန္ျမစ္ရဲ႕ေဘးမွာဖက္ေနခဲ့ၾကသည့္သူတို႔ႏွစ္ေယာက္ရဲ႕ပုံကိုရွင္းလင္းစြာျမင္ေနရျပန္သည္။ စားပြဲေပၚမွာရွိေနသည့္ဓာတ္ပုံမ်ားအားအဓိပၸါယ္မဲ့စြာၾကည့္မိေနရင္းJuyeonေဒါသစိတ္တို႔ကတစ္စတစ္စပိုမိုႀကီးထြားလာရေတာ့သည္။

အရင္တစ္ခါMallမွာေတြ႕ကတည္းကႏွစ္ေယာက္သားကိုသံသဝင္ေနမိခဲ့သည့္သူ႕စိတ္ေၾကာင့္လူလႊတ္ၿပီးေစာင့္ၾကည့္ခိုင္းထားမိသည္။ သူကိုယ္တိုင္လိုက္ေစာင့္ၾကည့္ရင္ရေပမဲ့အတူတြဲေတြ႕ေနမိခဲ့ပါက Juyeonဘာလုပ္မိမယ္မသိ။

ဒါေၾကာင့္တစ္ျခားသူႏွင့္ေစာင့္ၾကည့္ခိုင္းထားခဲ့သည္။ ယေန႕ညလိုမ်ိဳးျမင္ကြင္းကိုပုံထဲမွာျမင္တာေတာင္သူအရမ္းခံစားသြားမိတာ။ အျပင္မွာသာျမင္မိလွ်င္ ႏွလုံးသားတစ္ခုလုံးစုတ္ျပတ္သြားတဲ့အထိသူေအာ္မိလိမ့္မလား။

"သူတို႔ကတြဲေနၾကၿပီလား!"

အေျဖကိုၾကားမိလွ်င္လည္းသူထပ္ၿပီးခံစားရမွာသိေပမဲ့တိက်ေအာင္ေတာ့ေမးလိုက္မိသည္။

အတန္ၾကာမွေမးလာသည့္ေမးခြန္းေၾကာင့္တပည့္ျဖစ္သူခမ်ာမွာေၾကာက္ေၾကာက္လန့္လန့္နဲ႕ျပန္ေျဖရွာသည္။

"ကြၽန္ေတာ္ၾကားမိသေလာက္ေတာ့ဖြင့္ပဲေျပာေသးတာပါ"

"ဒါဆိုသူတို႔ကဘယ္လိုပတ္သက္မႈမ်ိဳးရွိေနတာလည္းေကာမင္းသိလား"

"ဟုတ္ကဲ့....Lee Jaehyunဆိုတဲ့တစ္ေယာက္ကဂိုက္ဆရာလုပ္ေနတာပါ Hyunjun Hurက H GroupရဲFasion ပိုင္းတာဝန္ခံပါ။ သူ႕မွာHyunnieနဲ႕Hwallieလို႔ေခၚတဲ့ညီမေလးႏွစ္ေယာက္ရွိပါတယ္တဲ့ သူတို႔ကိုLee Jaehyunကစာသင္ေပးေနတာပါ"

"ဘယ္မွာသင္ၾကတာလည္း"

"Hyunju Hur ရဲ႕အိမ္မွာပါ"

Juyeonေခါင္းၿငိမ့္လိုက္ၿပီး

"ရၿပီ...မင္းသြားလို႔ရၿပီ"

"ဟုတ္ကဲ့ပါ....ေအာ္....ဒါနဲ႕Bossကေျပာခိုင္လိုက္တာရွိပါေသးတယ္"

"ဘာလဲ!"

"မမေလးYuJin ေဆး႐ုံကဆင္းၿပီတဲ့ အားျပန္ေမြးဖို႔ေတာ့လိုေသးလို႔Japanကေနေနာက္ႏွစ္လေက်ာ္ေက်ာ္မွျပနမလာပါလိမ့္မယ္တဲ့ အဲ့တာသူ႕ကိုဖုန္းဆက္လိုက္ပါဦးတဲ့"

"ေအးေအး သိၿပီ ငါၿပီးရင္ဆက္လိုက္မယ္လို႔"

"ဟုတ္ကဲ့"
......................

ျပတင္းေပါက္တစ္ခုသာဖြင့္ထားၿပီးေလွာင္ပိတ္ေနေသာအခန္းတစ္ခုထဲ၌ေဆးလိပ္ေငြ႕တို႔ဟာပ်ံလြင့္လ်က္ရွိသည္။ ႏႈတ္ခမ္းမွမႈတ္ထုတ္လိုက္တိုင္းအခန္းထဲသို႔ပ်ံသြားသည့္ေဆးလိပ္ေငြ႕မ်ားကိုJuyeonအေၾကာင္းမဲ့စြာၾကည့္ေနလိုက္သည္။

ေနာက္တစ္ဖန္ထပ္မံကာေသာက္မည္လုပ္ေတာ့ေဆးလိပ္ကတိုတိုသာက်န္ေတာ့သည္မလို႔စားပြဲေပၚမွာရွိသည့္ျပာခြက္ထဲသို႔ပစ္ထည့္လိုက္ၿပီးဘူးထဲမွေဆးလိပ္အသစ္တစ္လိပ္ကိုယူကာႏႈတ္ခမ္းတြင္ေတ့လိုက္သည္။

သူေသာက္ေနတာေဆးလိပ္တစ္ဘူးေတာင္ကုန္၍ႏွစ္ဘူးေျမာက္ေတာင္ရွိေနၿပီျဖစ္ေပမဲ့မရပ္မနားေသာက္ေနခ်င္မိသည္။ စားပြဲေပၚတြင္ရွိေနေသာေဆးလိပ္ျပာခြက္ေဘးတြင္ ထည့္ထားသည့္ေရခဲသုံးတုံးေတာင္အရည္ေပ်ာ္လုနီးနီးရွိေနသည့္အရက္ခြက္ဟာလည္းရွိေနေသးသည္။

ၾကည့္ပါဦး....သူလုပ္ေနတဲ့မေကာင္းတာေတြကို။

"ဟက္!!!"

အေၾကာင္းမဲ့စြာတစ္ခ်က္ဟက္ခနဲရယ္လိုက္မိသည္။ အရက္လည္းေသာက္ ေဆးလိပ္လည္းေသာက္ေနသည့္သူ႕ကိုယ္သူပဲသေဘာက်၍လား....ဘီယာေလးေသာက္တာေတာင္မေကာင္းတာေတြလုပ္ေနပါတယ္ဆိုၿပီးေျပာခဲ့သည့္ေကာင္ေလးသာဤအရာကိုျမင္မိလွ်င္သူ႕အားစိတ္ေကာက္ေလဦးမလား.....သူရယ္ရသည့္အေၾကာင္းရင္းကေတာ့ႏွစ္ခုထဲကတစ္ခုျဖစ္ပါလိမ့္မည္။

သဝန္တိုသည္ဟုေျပာရင္လည္းဤသဝန္တိုျခင္းကိုျဖစ္ေအာင္လုပ္ခဲ့တာကသူပဲမဟုတ္ပါလား။ သူသာထြက္မလာခဲ့ရင္အခုခ်ိန္ထိေဘးမွာရွိေနေပးနိုင္မည္ကိုသိသိရက္နဲ႕သူလုပ္ခဲ့မိပါသည္။

အတိတ္ကိုျပန္သြားၿပီးအမွားေတြကိုလည္းျပန္ျပင္ဆင္လို႔မရေတာ့သည္မလို႔ယခုျဖစ္လာသည့္အရာကိုပဲလက္ခံရမည္။ သူလက္မခံခ်င္ပါေလ။ Jaeဟာသူမဟုတ္သည့္သူနဲ႕ေပ်ာ္႐ႊင္ေနသည္ဆိုေသာအခ်က္အားသူလုံးဝလက္မခံခ်င္ေနပါ။

အေတြးထဲနစ္ေျမာကာေဆးလိပ္ေသာက္ေနတုန္းအိပ္ကပ္ထဲမွဖုန္းဟာျမည္လာခဲ့သည္။

"Hello"

"Hello....ကိုကိုJuyeon...."

"အင္း....ေျပာYujin nah"

"ေလသံကလည္းစိမ္းကားလိုက္တာ ႏွစ္ႏွစ္ေလာက္မၾကားရတာေတာင္ေအးတိေအးစက္နဲ႕"

"အဲ့လိုမဟုတ္ပါဘူး....ဒါနဲ႕ေဆး႐ုံကဆင္းၿပီဆို"

"အင္း..ဟုတ္တယ္ အခုအဲ့တာလွမ္းေျပာတာ Yujin အခုအမ်ားႀကီးေနေကာင္းလာၿပီသိလား ႏွလုံးကအစားထိုးထားရတာမလို႔အသားက်ေအာင္တစ္လေလာက္ေနရဦးမွာ ၿပီးမွကိုကို႔ဆီျပန္လာခဲ့မယ္"

"အင္းပါ အင္းပါ ေနေကာင္းေအာင္လည္းေနဦး ခြဲစိတ္ၿပီးစဆိုအရမ္းႀကီးလႈပ္လႈပ္ရွားရွားေတြမလုပ္နဲ႕"

"ဟုတ္ကဲ့ပါငါ့ကိုႀကီးရယ္"

"ဒါဆိုဖုန္းခ်လိဳက္ေတာ့မယ္ေနာ္ အကိုသြားစရာရွိေသးလို႔"

"ဟုတ္ၿပီ ဟုတ္ၿပီ bye byeေနာ္ အရမ္းခ်စ္တယ္ငါ့အကိုႀကီး"

"ေအးပါ...."
.......................

"Hyung.....ကြၽန္ေတာ့္ရဲ႕ခ်စ္ေသာHyung"

ကေလးေတြအလစ္ကိုအနားလာၿပီးခြၽဲကာေခၚေနသည့္Hyunjunေၾကာင့္Jaehyunမွာေသာက္ေနသည့္ေရေတာင္မသီး႐ုံတစ္မယ္။

"Junnie! ဘယ္လိုျဖစ္ေနတာလည္း ကေလးေတြၾကားသြားရင္မေကာင္းဘူးေလ"

"သူတို႔မသိပါဘူး Hyungရဲ႕ ဒါနဲ႕ကေလးေတြဘယ္လိုလည္း တိုးတက္လာရဲ႕လား စာေကာေသခ်ာလိုက္လုပ္လားဟင္ Hyungကိုကလန္ကဆန္လုပ္တာမ်ိဳးရွိလား"

"ကေလးေတြကလိမၼာပါတယ္ စာလည္းေတာ္ေတာ္ရေနၿပီ ဒီႏွစ္ေက်ာင္းဖြင့္ရင္တန္းအပ္ေပးလို႔ရၿပီ"

"အင္းပါ...ဒါဆိုဒီႏွစ္စဖြင့္တာနဲ႕အပ္လိုက္ေတာ့မယ္.....ကြၽန္ေတာ္စဥ္းစားေနတာ အစကေတာ့ႏွစ္ေယာက္ကိုinternational schoolထားမလို႔ ဒါေပမဲ့Rakwonတို႔တက္ေနတဲ့ေက်ာင္းကလည္းမဆိုးဘူးေျပာလို႔ေလ "

"ဟုတ္တယ္ အဲ့ကေတာ္ေတာ္ေကာင္းတယ္ေျပာရမယ္ ကေလးေတြနဲ႕လည္းပိုအဆင္ေျပမယ္ထင္တယ္"

"အင္းပါ......ဒါနဲ႕ေလ Hyung...."

"ဟင္...ေျပာေလJunnie"

"Hyungလက္ေကာက္ဝတ္မွာကြၽန္ေတာ္ေပးထားတဲ့လက္ေကာက္ေလးရွိေနတာကိုအရမ္းသေဘာက်တာပဲ......"

Hyungသာကြၽန္ေတာ့္အပိုင္ေလးျဖစ္ရင္ေကာင္းမယ္......

သူ႕ရဲ႕လက္ေကာက္ဝတ္ကိုၾကည့္ကာသေဘာတစ္က်စြာေျပာလိုက္သည့္Hyunjunရဲ႕စကားေၾကာင့္Jaehyunရင္ထဲႏြေးခနဲျဖစ္သြားရျပန္သည္။

Hyunjunကသူ႕ကိုဖြင့္ေျပာၿပီးေနာက္ပိုင္းပိုၿပီးေတာင္ခ်စ္လာေနသည္ဟုလည္းခံစားမိသည္။ အနားကိုလာၿပီးတီတီတာတာေလးေတြလာေျပာေနသည့္မွာလည္းအခုမွအခ်စ္ကိုထိေတြ႕ဖူးသည့္ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္ႏွယ္။

ဒီေကာင္ေလးကသူ႕ကိုအရမ္းခ်စ္ျပတတ္ေနတာပဲ......။

ဒါေပမဲ့ဘယ္လိုလုပ္မလည္းJunnieရယ္....Hyungကသူ႕ကိုေမ့မရေသးဘူး လို႔သာေျပာလိုက္ခ်င္ေပမဲ့လည္း သူ႕ကိုအရမ္းေတြခ်စ္ျပၿပီးေမွ်ာ္လင့္ေနသည့္Hyunjunအားသူမရက္စက္နိုင္ေပ။

"Hyung~~~"

"ေျပာေလ....Junnie"

"ဘာေတြအဲ့ေလာက္ေတာင္ေတြးေနတာလည္း ကြၽန္ေတာ္ေျပာတာမၾကားဘူးလား"

"ဟင္! မ..မဟုတ္ပါဘူး...ဘာေျပာလိုက္တာလည္းခုနက"

"ပိတ္ရက္ေတြအားရင္ကြၽန္ေတာ္နဲ႕အတူေစ်းဝယ္ထြက္ၾကမလားလို႔"

"ေအာ္....အင္းရတယ္ေလ"

................

"သား Jaehyun"

"ဟုတ္ Omma"

"ခုတစ္ေလာ သားစာသြားသင္ေပးေနတဲ့အိမ္ကဟို႐ုပ္ေခ်ာေခ်ာနဲ႕ေကာင္ေလးေလ..."

"အင္း.....Hyunjunကိုေျပာတာထင္တယ္"

"ဟုတ္တယ္ သူ"

"သူကဘာျဖစ္လို႔လည္းOmma"

ခါတိုင္းဆိုJaehyunရဲ႕အလုပ္အေၾကာင္းေစ့ေစ့စပ္စပ္မမေမးဖူးသည့္အေမကအခုေတာ့Hyunjunအေၾကာင္းေျပာလာသည္မလို႔Jaehyunအနည္းငယ္ေတာ့စိတ္ဝင္စားသြားသည္။

"ဘာမွျဖစ္တယ္ရယ္ေတာ့မဟုတ္ပါဘူး ဟိုေန႕ကသားကိုလိုက္ပို႔ေပးတာ Ommaမ်က္လုံးထဲမွာေတာ့မသိရင္ခ်စ္သူရည္းစားေတြႏႈတ္ဆက္သလိုျဖစ္ေနၾကလို႔ေလ အဲ့တာသားတို႔ႏွစ္ေယာက္ၾကားထဲမွာပတ္သက္မႈတစ္ခုခုရွိတယ္ထင္လို႔"

လက္စသတ္ေတာ့Ommaကသူတို႔ႏွစ္ေယာက္ကိုအထင္လြဲေနသည္ပဲ။ ထင္လည္းထင္ခ်င္စရာပါေလ။ Hyunjunကဖြင့္ေျပာၿပီးေနာက္ပိုင္းအရင္ကထက္Jaehyunကိုပိုၿပီးဂ႐ုစိုက္ေပးလာသည္။ ပိုခ်စ္ေပးလာသည္ေလ။

"အာ....အဲ့တာ...Ommaအထင္လြဲေနတာပါ သားတို႔ကအ႐ြယ္လည္းသိပ္မကြာေတာ့ဒီအတိုင္းသူငယ္ခ်င္းလိုခင္႐ုံပါပဲ"

"အဲ့လိုဆိုလည္းၿပီးတာပါပဲ သားရယ္ Ommaကေတာ့အမွန္တိုင္းေျပာရရင္သားကိုအဲ့လို႔အသိုင္းဝိုင္းကလူေတြနဲ႕သိပ္ၿပီးမပတ္သက္ေစခ်င္ဘူး အကယ္လို႔သားတို႔ကခ်စ္လို႔ႀကိဳက္လို႔တြဲတယ္ပဲထားဦး သူတို႔လိုမ်ိဳးရိုးေတြကသားတို႔ကိုလက္ခံေပးခ်င္မွလက္ခံမွာေလ မဟုတ္ရင္ငါ့သားေလးၾကားထဲကေနစိတ္ဆင္းရဲရမွာစိုးလို႔"

"Ommaကလည္း...မဟုတ္တာေတြေတြးၿပီးပူေနျပန္ၿပီ Hyunjunတို႔ကအဲ့လိုေတာ့မဟုတ္ေပမဲ့သားကိုယ္တိုင္ကလည္းHyunjunကိုသူငယ္ခ်င္းလိုညီေလးလိုထက္မပိုပါဘူးOmmaရဲ႕"

"ေအးပါကြယ္....ဒါဆိုလည္းညစာစားၿပီးရင္Ommaေပးတဲ့ေဆးေသာက္လိုက္ဦးေနာ္"

"ဟုတ္ကဲ့ပါ အာ...ဒါနဲ႕ေလ အဲ့ေဆးကဘာေဆးလည္းဟင္ Omma သားေသာက္တာၾကာေနၿပီ မေမးျဖစ္လို႔"

"အားေဆးေလသားရဲ႕ ဘာလို႔လည္း"

"ေအာ္....အားေဆးလား...ဒါေပမဲ့တစ္ခါတစ္ခါဆိုေခါင္းမူးလာသလားလို႔ အဲ့ေဆးေသာက္မိရင္"

"ေဆးကနည္းနည္းေတာ့ျပင္းတယ္သားရဲ႕ ဒါေပမဲ့ေခါင္းမူးတာ သားlaptopၾကည့္တာၾကာလို႔လည္းပါမယ္ထင္တယ္ screentimeနည္းနည္းေတာ့ေလွ်ာ့ေပါ့ မင္းAppaနဲ႕Ommaေသာက္တာေတာ့ဘာမွမျဖစ္ပါဘူး"

"ေအာေအာ....ဟုတ္ကဲ့​ပါ Omma"

.
.
.
.
.
.
.
.
.
.
.
.
.
.
.

*Ring Ring*

"Hello"

"Hello boss ကြၽန္ေတာ္ပါ"

ေလသံၾကား႐ုံနဲ႕တင္ဘယ္သူမွန္းသိသည္မလို႔

"ေအးေျပာ....ဘာထူးလည္း"

"သူတို႔လႈပ္ရွားေတာ့မယ္ၾကားတယ္ သေဘၤာကပ္မွာလာမဲ့Wednesdayပါတဲ့"

"ေအးေကာင္းၿပီေလ ခုကတည္းကႀကိဳၿပီးျပင္ဆင္ထားလိုက္မယ္"

ေျပာၿပီးဖုန္းခ်သည္ႏွင့္စားပြဲေပၚရွိခလုတ္တစ္ခုကိုႏွိပ္ကာ

"Juyeonကိုေျပာလိုက္ေတာ့ ငါတို႔ျပင္ဆင္ထားရေတာ့မယ္လို႔"

"ဟုတ္ကဲ့ပါ Boss"

ႏွာေခါင္းေပၚတြင္က်ေနေသာမ်က္မွန္အားအနည္းငယ္ပင့္တင့္လိုက္ၿပီးစားပြဲေပၚသို႔လက္ႏွစ္ဖက္ကိုေထာက္ကာႏႈတ္ခမ္းတစ္ဖက္ေကြးၫႊတ္႐ုံမွ်ၿပဳံးမိလိုက္သည္။ ေက်နပ္သည့္အၿပဳံးျဖင့္။

"ငါ့သားကိုဘယ္လိုနည္းနဲ႕မွအဲ့ဘက္ကိုအေရာင္းစားမခံနိုင္ဘူး!"
__________________________________________

Thank for reading🌸

Bạn đang đọc truyện trên: Truyen4U.Com