Chapter 31
A/N - အပိုင်း30ရှေ့မှာရှိပါသေးတယ်နော် ဟိုတစ်နေ့ကမှားပြီးupမိလိုက်လို့ပြန်unထားတာnotiမဝင်မှာစိုးလို့ရယ်....
{ပြန်လည်တွေ့ဆုံခြင်းဟာအကျည်းတန်ခဲ့လေမလား}
ဆောင်းရာသီရဲ့မနက်ခင်းလေးဟာအေးစက်မှုတို့နဲ့စတင်ခဲ့ပေမဲ့နေရှိန်ရေးရေးလေးကြောင့်အနွေးဓာတ်ကိုပါသယ်ယူနေလေသည်။
သာယာသည်ဟုသတ်မှတ်ရလောက်သည့်ရာသီဥတုလေးဖြစ်သည်မလို့မနက်ခင်းစာသွားသင်ကတည်းJaehyunရဲ့မျက်နှာမှာအပြုံးပန်းလေးတို့ကရောက်ရှိနေခဲ့သည်။
သူစာသင်ပေးရမည့်အိမ်သို့သွားရန်busကားပေါ်တက်ကာထိုင်ခုံတွင်ထိုင်ရုံရှိသေး၊ အိတ်ကပ်ထဲမှဖုန်းထဲသို့ရောက်ရှိလာသည့်messageလေးတစ်စောင်။
"ကျွန်တော့်ရဲ့Hyung....အခုစာသင်ဖို့သွားနေပြီလား?..."
Hyunjunမှပို့လာခြင်းဖြစ်သည်။ သူဘယ်လောက်ပဲပြောပါစေ။Hyunjunက ကျန်တာနားထောင်ပေမဲ့သူ့ကို ကျွန်တော့်ရဲ့Hyungလို့ခေါ်တာကိုတားတာတော့နားမထောင်ပါလေ။ အကြောင်းရင်းကိုမေးတော့စကားနောက်တရားပါဆိုသလိုမကြာခင်သူ့အပိုင်လေးဖြစ်လာအောင်လို့တဲ့။
Jaehyunလည်းပြောမရသည့်အဆုံးမှာတော့လွှတ်ထားပေးလိုက်ရတော့သည်။ သို့ပေမဲ့လူရှေ့သူရှေ့မခေါ်မိစေရန်တော့ဆင်ခြင်ခိုင်းရသည်လေ။
"အင်း....အခုbusကားပေါ်ရောက်နေပြီ Hyunnieတို့ကိုကဒီနေ့3နာရီမှသင်ရမှာ"
"အာ....okok အဲ့အချိန်ဆိုကျွန်တော်ပြန်ရောက်လောက်နေပြီ အဲ့ကျမှတွေ့တာပေါ့ ဒီနေ့အတွက် ဖိုက်တင်း ကျွန်တော်ချစ်ရတဲ့Hyung♡"
ကျွန်တော်ချစ်ရတဲ့Hyung.....တဲ့။ Hyunjunအဲ့လိုခေါ်တိုင်းJaehyunအားနာမိပါသည်လေ။ သူမှထပ်တူညီတဲ့ခံစားချက်မျိုးကိုမပေးနိုင်ဘဲကိုး။
..................
တစ်ဖက်တွင်တော့....
အရင်ကလိိုစိတ်ထဲရှိသည့်အတိုင်းခေါ်ပြောကာချစ်ကြောင်းကိုတစ်စိုးတစ်စလေးပိုကာရိပ်မိစေချင်သောကြောင့်Messageပို့သည်အခါတိုင်းလိုလိုရယ်...စကားပြောနေရင်းနှုတ်ဆက်သည့်အခါတိုင်းလိုလိုရယ် မှာသူသုံးနေကျစကားလေး။
ကျွန်တော်ချစ်ရတဲ့Hyung...။
Hyunjunကတော့စိတ်ရင်းနဲ့ပြောလိုက်သော်လည်းထိုသို့စကားမျိုးတွေပြောသည့်အခါတိုင်းဘာတုန့်ပြန်မှုမှမပေးသည့်JaehyunအားHyunjunလည်းမငြိုငြင်ရက်ပါလေ။
သူကိုယ်တိုင်ကိုက ချစ်ရသူရှိပြီးသားလူတစ်ယောက်ကိုသွားချစ်မိတာကိုး။ ဘယ်တတ်န်ိုင်မလည်းကွယ်။
Messageလေးပို့ပြီးဖုန်းလေးကိုကိုင်ကာJaehyunဘာမှမပြန်လာမည်ကိုသိနေပါသော်လည်းချည်မျှင်စလောက်မျှော်လင့်ချက်သေးသေးလေးကရှိနေသောကြောင့်ဆက်ပြီးမပို့လာတော့သည့်Message boxလေးကိုသာကြည့်နေမိသည်မှာအရူးတစ်ယောက်နှယ်။
"Manager Hur shi....အစည်းဝေးစပါတော့မယ်ရှင့်"
အတွင်းရေးမှူးမလေးကလာသတိပေးတော့မှHyunjunလည်းကြည့်နေမိသည့်ဖုန်းscreenကိုပိတ်ကာအလုပ်ထဲသို့စိတ်မနည်းပြန်ထားရတော့သည်။စိုးမိုးလိုက်တာLee Jaehyunရယ်။
.....................
အနက်ရောင်ဝတ်စုံပြည့်တွေဝတ်ဆင်ထားသောလူအများကြားထဲတွင်အနက်ရောင်leather jacketကိုဝတ်ဆင်ထားသည့်သူ.. Juyeon။
အရင်လိုဝတ်နေကျအရောင်ဖျော့ဖျော့အဝတ်တွေအစားအခုလိုမည်းနက်နေသည့်အဝတ်များကိုသာရွေးချယ်ပြီးဝတ်ဆင်ခဲ့သည်မှာလည်းကြာခဲ့ပြီလေ။
စားပွဲပေါ်တွင်တင်ထားသောသေနတ်ပေါင်းစုံကိုသေချာစစ်ဆေးနေသည့်မျက်လုံးများဟာလည်းစူးရှလျက်ပင်။ အစွန်ဆုံးမှပစ္စတိုတစ်လက်အားရွေးကာယူလိုက်ပြီးကျည်ဆန်ဖြည့်ပြီးသည်နှင့်သူ့jacketအတွင်းအိတ်ထောင်ထဲသို့ထည့်လိုက်သည်။
ခန့်ညားလှပါသောရုပ်ရှည်ရှိသူမို့ဝတ်ထားသည့်leather jacketနဲ့အတူjean pantsကိုတွဲဝတ်ထားသည့်ခြေတံရှည်တို့မှာလည်းကြည့်ကောင်းလှပါသည်။
သို့ပေမဲ့ထိုသို့ကြည့်ကောင်းလှသည့်ကောင်ငယ်လေးဟာမကြာခင်မှာမကောင်းတဲ့အရာတစ်ခုကိုလုပ်တော့မည့်သူလို့ပြောရင်ယုံကြပါ့မလား။
"ပစ္စည်းတွေစစ်ပြီးပြီလား Juyeon!"
အခန်းတံခါးဝမှထွက်ပေါ်လာသောသြဇာအာဏာသံတစ်ခုကြောင့်Juyeonလှည့်ကြည့်ကာ
"ဟုတ်ကဲ့ အားလုံးစုံပါတယ်Boss"
"ဂိုဒေါင်ထဲမှာမင်းအတွက်လက်ဆောင်ရှာပေးထားတယ် မေးစရာလေးတွေမေးပြီးလက်စသတ်လိုက်ဦး"
Bossဖြစ်သူဘာကိုရည်ညွှန်းသည်ဆိုတာကိုJuyeonရိပ်မိသည်မလို့စားပွဲပေါ်မှာတင်ထားသည့်သေနတ်တွေကြားထဲမှဓားမြှောင်တစ်ခုကိုယူကာနေရာတစ်ခုဆီသို့ဦးတည်သွားလေသည်။
"ဝုန်း!!!!"
သံတံခါးပွတ်ဆွဲသံရဲ့အဆုံးမှာကြားလိုက်ရသည့်နံရံနှင့်တံခါးတို့၏ဖိတိုက်မှုအသံဟာအထဲတွင်မူးမေ့လဲနေပါသောလူတစ်ယောက်အားမျက်လုံးနှစ်လုံးကိုပွင့်စေလာသည်အထိကျယ်လောင်လွန်းလှပါသည်။
မဆိုစလောက်ပြတင်းပေါက်ရဲ့အလင်းရောင်သာရှိသည့်ဤဂိုဒေါင်ဟာတံခါးဖွင့်လိုက်တော့အပြင်ဘက်မှချက်ချင်းဝင်ရောက်လာသည့်အလင်းရောင်တို့အားလဲနေသောသူမခံနိုင်ပါလေ။
ထို့ကြောင့်လက်နှစ်ဖက်ဖြင့်မျက်စိအားကာမည်လုပ်တော့ခံစားမိသည်ကသူ့လက်နှစ်ဖက်လုံးကိုနောက်ပြန်ကြိုးတုပ်ထားသည်မှာတင်းရင်းနေသည်။
ထို့ကြောင့်လွတ်မြောက်ဖို့ရန်အတင်းရုန်းကန်ကြိုးစားနေတုန်းမှာပဲ
"အဲ့လောက်ထိလည်းထွက်ပြေးချင်မနေပါနဲ့ ငါမင်းကိုမကိုက်စားပါဘူး!"
ပြတ်သားစွာထွက်လာသည့်လေသံမာဟာအလင်းရောင်တွေဝင်လာသောတံခါးဆီမှဖြစ်သည်မလို့လဲနေသူအကြည့်ပို့လိုက်မိသည်။
တစ်လှမ်းချင်းလျှောက်လှမ်းလာနေသူအားအနီးကပ်ခါနီးတော့မှသတိထားမိသည်မလို့ပါးစပ်ကကြောက်ကြောက်နဲ့ရေရွတ်လိုက်မိသည်။
"Lee...Ju....Juyeon?"
"ဟုတ်တယ် ကျွန်တော်Lee Juyeonပဲ သိနေလို့တော်ပါသေးတယ်"
ခပ်ထေ့ထေ့လှောင်ပြုံးတစ်ခုကိုတပ်ဆင်ကာဆိုလာသောစကားရယ်နဲ့အတူလဲနေသည့်သူ့အနားအားနီးကပ်လာသည်ကြောင့်လည်းလန့်နေမိသည်။
"မဟုတ်တာတွေလုပ်တုန်းကလုပ်ထားပြီးတော့မှအခုတော့ကြောက်နေပြီလား ဟမ်!!"
"ကျွန်...ကျွန်....ကျွန်တော်တောင်း...တောင်းပန်ပါတယ်....လွှတ်....လွှတ်ပေးပါ"
သနားကမားရုပ်လေးဖြင့်တောင်းဆိုလာသောထိုလူအားJuyeonကြည့်လိုက်ပြီး
"မင်းတောင်းပန်ရမှာငါ့ကိုမဟုတ်ဘူး မင်းလူကုန်ကူးဖို့ဖမ်းခဲ့တဲ့သူတွေကိုတောင်းပန်ရမှာ!"
Juyeonပြောလိုက်သည့်စကားကြောင့်ထိုလူမှာအတော်လေးတုန်လှုပ်သွားသည်။သို့ပေမဲ့Juyeonမှဆက်ပြီး
"ကဲပါ.....ရှည်ရှည်ဝေးဝေးတွေမပြောနေတော့ဘူး ငါမေးချင်တာမေးမယ် မင်းအမှန်တိုင်းဖြေ"
ထိုလူမှခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြလာသည်။
"မင်းကူပေးနေကျကောင်ရဲ့သင်္ဘောဘယ်အချိန်ဆိပ်ကမ်းကပ်မှာလည်းမင်းသိတယ်မလား ပြီးတော့....ဘယ်သူ့ကိုခေါ်မလည်းဆိုတာရော မင်းသိတယ်မလား"
Juyeonမေးလာသည့်မေးခွန်းအားဖြေဖို့ရန်ထိုလူမှာတုန်လှုပ်နေပြန်သည်။ဒါကိုJuyeonစိတ်မရှည်ချင်တော့ပါ။ ဒါကြောင့်မသူံးဘူးဟုဆုံးဖြတ်ထားခဲ့သော်လည်းယူလာခဲ့မိသည့်ဓားမြှောင်အားထုတ်ကာထိုလူရဲ့လည်ပင်းနားသို့တေ့ပေးလိုက်သည်။
ချက်ချင်းကြီးဓားဟာလည်ပင်းမှာအထောက်ခံလိုက်ရသည်မလို့ထိူမှာချက်ချင်းသွေးပျက်သွားသည့်မျက်နှာဖြင့်Juyeonအားတုန်တုန်ယင်ယင်ဖြင့်ပြန်ဖြေလာသည်။
"မနက်ဖြန်ည.....7နာရီကမ်းကပ်မှာပါ!!ခေါ်သွားမဲ့သူကတစ်ယောက်တည်းလို့ပဲပြောပါတယ် ဘယ်သူလည်းလို့တော့အသေချာမပြောပေမဲ့သွားခေါ်ရမဲ့အိမ်လိပ်စာကျွန်တော့်ကိုပေးထားပါတယ်"
အသက်အန္တရာယ်ကိုခြိမ်းခြောက်လာတော့ဆက်တိုက်ထွက်ပေါ်လာသည့်စကားကြောင့်Juyeonဟက်ခနဲတစ်ချက်ရယ်မိသည်။ လူတွေကကိုယ့်အသက်ကိုတော့နှမြောတတ်ကြသားပဲ။
"ကောင်းပြီလေ......မင်းကိုခနနေကျရင်အိမ်လိပ်စာရေးပေးဖို့အတွက်ငါ့လူတွေထဲကတစ်ယောက်ကိုလွှတ်လိုက်မယ် ထွက်ပြေးမယ်တော့မကြံနဲ့နော် သိလို့ကတော့အသေပဲ!!!!"
ဆိုကာဓားကိုပြန်ရုတ်လိုက်ပြီးဂိုဒေါင်ထဲတွင်ထိုလူအားထားခဲ့လိုက်သည်။ ဟိုဘက်အဖွဲ့ကလူတွေကိုသစ္စာရှိလှပြီထင်နေခဲ့တာ။သို့ပေမဲ့လည်းအသက်ကိုခြိမ်းခြောက်လာမှတော့ဘယ်တတ်နိုင်တော့မလည်း။ ငွေတစ်ခုတည်းကိုသာကြည့်တတ်တဲ့လူတွေရဲ့အသက်ကိုခြိမ်းခြောက်ပြီးကစားရသည့်အရသာအားJuyeonကြိုက်မိသည်။
သူတို့ကပိုကြောက်တတ်ကြသည်မလား...။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Hyungရေ......"
ကလေးနှစ်ယောက်အားစာသင်ပြီးဖြစ်သည်မလို့ပြန်ဖို့ရန်အတွက်ပြင်နေတုန်းမှာပဲခေါ်လာသည့်Hyunjunအသံ။
"ပြောလေ Junnie"
"ကျွန်တော်နဲ့စျေးသွားဝယ်ဖို့ပြောထားတာလေ"
"အင်း အဲ့တာမနက်ဖြန်မှမလား"
"ဟင့်အင်း....အခုသွားမလို့Hyung"
"ဟင်....အခုလား?"
"ဟုတ်တယ်လေ အခုသွားကြမယ်လို့Hyungပဲကျွန်တော့်ကိုလိုက်ကူပေးမယ်ပြောထားတယ်လေ"
"အာ....အဲ့တာတော့ဟုတ်ပေမဲ့လည်းလေ အခုသွားဖို့ကျတော့Hyungအဝတ်အစားမလဲရသေးဘူး ဒီအတိုင်းပေါ့ပေါ့ပါးပါးပဲဝတ်လာမိလို့"
"ဟာ....Hyungကလည်း ဒီအတိုင်းလည်းချစ်ဖို့ကောင်းနေပြီးသားကို လဲစရာမလိုတော့ပါဘူး ပြီးတော့ကျွန်တော်သွားဝယ်မှာကအိပ်ယာခင်းနဲ့ခေါင်းအုံးစွတ်။ မနေ့ကအိပ်ယာပေါ်ကော်ဖီတွေမှောက်ကုန်တာလေ အဲ့တာအသစ်ဝယ်ထားတာလည်းမရှိသေးလို့တစ်ခါတည်းလဲချင်လို့ နော်...လိုက်ကူပေးပါနော်...."
ကလေးမဟုတ်ပေမဲ့လည်းကလေးလိုသေချာစွာရှင်းပြပြီးလာချွဲနေသည့်Hyunjunအားကြည့်ပြီးJaehyunသဘောတကျရယ်မိတော့သည်။
"ဟဟ....အင်းပါ ဒါဆိုလည်းလိုက်ကူပေးပါ့မယ်"
"ဒါဆို လာသွားမယ်"
ဆိုကာJaehyunတောင်ဘာမှပြောချိန်မရလိုက်ဘဲHyunjunမှသူ့လက်ကိုဆွဲခေါ်သွားလေတော့သည်။
ဝယ်မည့်ဆိုင်ကိုရောက်တော့လည်းဆိုင်ထဲမှာကလူတွေအများကြီးတော့မရှိသောကြောင့်လွတ်လွတ်လပ်လပ်ရွေးလို့ရတာတစ်ခုကောင်းလေသည်။
"Hyung....ဒိအရောင်လေးဘယ်လိုနေလည်းဟင်"
"အင်း.....မဆိုးပါဘူး...ဒါမဲ့အရောင်ကအရမ်းဖျော့နေသလားလို့ ဖျော့ရင်ပေတဲ့အခါသိသာတယ်လေ"
"အေးနော်...Hyungပြောတာလည်းဟုတ်တယ် "
ဘယ်လောက်ပဲအရောင်ဖျော့တွေကြိုက်တတ်ပါစေသူ့Hyungကအကြံပေးတော့ချက်ချင်းပြောင်းကာနောက်တစ်ခုကိုကောက်ယူလိုက်သောHyunjunရယ်ပါ။
ထို့နောက်အပြာရင့်ရောင်အိပ်ယာခင်းတစ်ခုကိုယူပြလာပြန်သည့်Hyunjun။
"ဒါလေးရော ဘယ်လိုနေလည်းHyung"
"အင်း..ဒီတစ်ခုလေးမဆိုးဘူး အရောင်လွင်လွင်လေး"
"okok ဒါဆိုဒါပဲယူလိုက်တော့မယ်"
Jaehyunလည်းကြိုက်သည်ဆိုရောချက်ချင်းကိုယူမယ်လုပ်နေသည့်Hyunjunအားကြည့်ကာတစ်ခြားသူမြင်လျှင်တော့အိပ်ယာခင်းကHyunjunအတွက်လားJaehyunအတွက်လားပင်မသဲကွဲတော့ချေ။
"Hyungဗိုက်မဆာဘူးလား "
အချိန်အားဖြင့်လည်းညနေခင်းလေးနာရီကိုထိုးနေပြီဖြစ်တာမလို့အနည်းငယ်တော့ဆာနေသောကြောင့်သူခေါင်းအသာလေးငြိမ့်မိသည်။
"ဒါဆို...ကျွန်တော်သိတဲ့Sushiဆိုင်တစ်ဆိုင်ဒီနားမှာရှိတယ် သွားစားရအောင်"
Hyunjunကတော့Jaehyunနဲ့အချိန်အတူဖြုန်းရမည်ဆိုလျှင်ပျော်နေသောသူလေးပီပီအခုလည်းJaehyunလက်ကိုဆွဲကာခေါ်သွားပြန်လေသည်။
ဆိုင်ထဲသို့ရောက်တော့လည်း
"Hyungရယ်...ကလေးလည်းမဟုတ်တာကိုfish sauceတွေမေးစေ့မှာပေနေပြီ"
ဆိုကာတစ်ယုတစ်ယလာသုတ်ပေးပြန်သည်။
"Junnie....Hyungကိုယ့်ဘာသာကိုသုတ်လည်းရပါတယ် ဒိလောက်ထိလိုက်လုပ်ပေးစရာမလိုပါဘူး"
"ဟာ....Hyungကလည်း ကျွန်တော်ကHyungက်ုချစ်လွန်းလို့လုပ်ပေးချင်တာလေ "
ဒီတစ်ခါပြောလာသည့်Hyunjunရဲ့စကားကြောင့်Jaehyunမှာရှက်သွေးဖြာသွားပြီးမကြားချင်ယောင်ဆောင်ကာအစားကိုပဲဆက်စားနေလိုက်သည်။
သူချစ်တယ်ဟုပါးစပ်ကပြောလိုက်တိုင်းမသိချင်ယောင်ဆောင်နေတတ်သည့်Jaehyunကိုလည်းHyunjunတစ်ကယ်အားမရတော့ချေ။ သူ့အချစ်တွေကိုJaehyunကတစ်ကယ်မယုံတာလား။ playတယ်လို့ပဲထင်နေလို့များလား။
ဝေခွဲမရတော့ချေ။ သေချာတာတစ်ခုကတော့Hyunjun Jaehyunကိုစိတ်နှစ်ပြီးပြောပြမှရတော့မည်။
................
Jaehyunခမျာမှာလည်းစျေးအတူလိုက်ဝယ်ပေးပြီးတာတောင်မှHyunjunရဲ့ အိပ်ယာခင်းတစ်ယောက်တည်းမခင်းတတ်လို့ဆိုသည့်အပြောကြောင့်ထပ်ပြီးသူ့အိမ်သို့လိုက်သွားရပြန်ပါသည်။ Jaehyunကတော့Hyunjunကိုအပြစ်မမြင်ရက်ပါလေ။
ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့သားလေးတစ်ယောက်ဖြစ်တော့ဒီလိုအလုပ်တွေသူတစ်ယောက်တည်းမလုပ်တတ်တာမဆန်းဘူးဟုလည်းတွေးမိသောကြောင့်ဖြစ်သည်။
"ဒါကဒီလိုလှည့်ရမှာထင်တယ်Hyung"
"အယ်....မဟုတ်ဘူးJunnieရဲ့ ပေးဒီကို Hyungလုပ်ပေးမယ်"
ဆိုကာစနစ်တကျအိပ်ယာခင်းခင်းနည်းကိုပြနေသည့်Jaehyunရဲ့ပုံစံလေးကိုကြည့်ကာHyunjunပြုံးမိသည်။
သူသဘောကျနေရသူလေးကသိပ်ကိုကြည့်လှတာပဲ။ အခုလိုသူ့ကိုသင်ပြနေပုံကလည်းမသိရင်သူနဲ့လက်ထပ်ယူပြီးသွားတဲ့သူလိုလို။ပြောရမည်ဆိုလျှင်ကြင်စဦးမောင်နှံတွေလိုလို။ အဲ့လောက်ထိတော့မမှန်းရဲသေးပေမဲ့လည်းလက်ရှိမြင်တွေ့နေရသည့်မြင်ကွင်းလေးကြောင့်Hyunjunလောဘတို့ပိုတက်လာခဲ့ပါသည်။
Hyunjunကိုကျောခိုင်းထားပြီးအိပ်ယာခင်းခင်းနည်းကိုသာသေချာပြောပြပြီးလုပ်ပြနေသည့်Jaehyunကတော့သူ့နောက်ကနေပြုံးပြုံးကြီးကြည့်နေသူကိုတော့ဘယ်မြင်နိုင်ပါ့မလည်း။
ပြနေရင်းတန်းလန်းမှာပဲရုတ်တစ်ရက်Jaehyunရဲ့ခါးနောက်ကနေရောက်ရှိလာသည့်Hyunjunရဲ့လက်တစ်စုံ.....။
အနောက်ကနေဆွဲယူသိမ်းပွေ့ကာဖက်ခြင်းခံလိုက်ရသည်မလို့Jaehyunကျောတစ်ခုလုံးနွေးထွေးသွားရတော့သည်။ဒါ့အပြင်ကိုသူ့ရဲ့ဂုတ်ပိုးနေရာလေးကိုပါနှာခေါင်းလေးနဲ့အသာထိကာနမ်းရှုံ့လာသည့်Hyunjun။
"Junnie!....ဘာလုပ်တာလည်း!!"
အနည်းငယ်သူ့ရင်ခွင်ထဲမှရုန်းလာတော့Hyunjunကမလွှတ်ပေးသေးပဲ
"ကျွန်တော်Hyungကိုချစ်လွန်းလို့ပါ Hyungရယ်....."
ပြောလိုက်သည့်စကားကြောင့်Jaehyunမှာလည်းအဖြေပြန်ပေးစရာမရှိနေပါ။
သူမေးလိုက်တော့ဘာမှပြန်ပြီးမတုံ့ပြန်လာသည်ဖြစ်တာမလို့နောက်ကနေဖက်ထားရာကနေလွှတ်လိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင်စေလိုက်သည်။ ထိုအချိန်ထိJaehyunမှာHyunjunမျက်လုံးကိုတည့်တည့်တောင်မကြည့်ပါ။
"ကျွန်တော့်ကိုရော မချစ်ဘူးလားHyung"
"Hyungပြောပြီးပြီလေ Junnie....Hyungမှာသဘောကျရနေတဲ့သူရှိတယ်လို့ Junnieလည်းသိပြီးသားပဲ"
"ဒါပေမဲ့.....Hyungကျွန်တော့်အတွက်အချိန်ယူပြီးစဥ်းစားပေးမယ်ပြောထားတယ်လေ အခုတောင်ကျွန်တော်Hyungကိုဖွင့်ပြောထားတာတစ်လကျော်ပြီ Hyungဘက်ကဘာမှတုန့်ပြန်မှုမရှိသေးဘူး"
Hyunjunပြောသည်များကလည်းအမှန်တရားတွေဖြစ်နေသည်မလို့Jaehyunမှာသက်ပြင်းချရုံမှတစ်ပါးမတတ်သာချေ။
"Hyung........"
ညင်သာစွာခေါ်လိုက်ရင်းHyunjunရဲ့လက်ချောင်းသွယ်သွယ်လေးများဟာJaehyunရဲ့မေးထက်သို့ရောက်ရှိသွားပြီးအကြည့်ချင်းဆုံစေရန်ဆွဲယူလိုက်မိသည်။
Jaehyunရဲ့ကြည်လင်တောက်ပနေသောမျက်ဝန်းများကြောင့်Hyunjunနှလုံးသားလေးအဘယ်နည်းနဲ့မှခံနိုင်ရည်မရှိတော့ချေ။ထို့ကြောင့်နောက်လက်တစ်ဖက်ကပါJaehyunမျက်နှာလေးအားတစ်ယုတစ်ယကိုင်လိုက်ပြီးနှုတ်ခမ်းနှစ်ခုအားဆုံမိစေရန်အနီးသို့တိုးသွားလိုက်သည်။
သူ့အားနမ်းမည်ကြံနေသည့်HyunjunအားJaehyunပုံသေအတိုင်းပင်ရပ်ကြည့်နေရလေသည်။ အမှန်ကသူ့စိတ်ထဲမှာဝေခွဲရခက်နေခြင်းသာ။ Hyunjunကသူ့အပေါ်ချစ်မြတ်နိုးပေးတာကိုသူသိပါသည်။ ခံလည်းခံစားမိသည်။ သို့ပေမဲ့တူညီသည့်ခံစားချက်မျိုးကိုတော့မပေးနိုင်တာသူ့အပြစ်မှမဟုတ်ဘဲ။
နှုတ်ခမ်းပါးလေးနှစ်ခုဟာထိရုံမျှရှိသေး....ရုတ်တစ်ရက်Hyunjunရင်ဘတ်ကိုတွန်းထုတ်ပြီးမျက်နှာပြန်လွှဲသွားမိသည်။
"တောင်းပန်ပါတယ် Junnie.....ငါမင်းကိုတူညီတဲ့ခံစားချက်တွေမပေးနိုင်ဘူး"
ငြင်းခြင်းခံလိုက်ရပေမဲ့လည်းHyunjunကလက်မလျှော့သေးပါ။
"Hyungဘဝကနေထွက်သွားခဲ့တဲ့ကောင်ကိုအဲ့လောက်ချစ်တာလား ဟမ်!!! သူကHyungအတွက်ဘာတွေများလုပ်ပေးခဲ့လို့လည်း Hyungဆီပြန်လာမယ်ဆိုတာတောင်မသေချာတဲ့သူတစ်ယောက်ကိုတွယ်ငြိနေမဲ့အစား Hyungကိုလက်ရှိအချိန်မှာဂရုစိုက်ပြီးချစ်ပေးနေတဲ့ကျွန်တော့်ကိုရော ဘာလို့မရွေးချယ်ချင်ရတာလည်း!!!!!"
Hyunjunပြောလာသည့်အမှန်တရားတွေအားJaehyunမခံစားနိုင်တော့ပါ။
Jaehyunရဲ့ပခုံးနှစ်ဖက်ကိုသေချာဆုပ်ကိုင်လိုက်ပြီး
"အဲ့ကောင်မှာကျွန်တော့်ထက်ဘာတွေများသာနေတာရှိလို့လည်းHyungရဲ့ "
"အဲ့လိုမဟုတ်ဘူး Junnie....Hyungမရွေးချယ်တာကဘယ်သူကဘယ်သူ့ထက်ပိုသာလည်းဆိုတာနဲ့မဆိုင်ဘူး Hyung Junnieကိုချစ်ဖို့ကြိုးစားခဲ့ပါသေးတယ် ဒါပေမဲ့............HyungနှလုံးသားထဲမှာJuyeonတစ်ယောက်ပဲရှိတယ်"
Jaehyunပြောစကားတွေရဲ့အဆုံးသတ်မှာတော့Hyunjunတစ်ယောက်ကိုင်ထားမိသည့်လက်တွေတောင်ဖြေလျော့ကာမျက်ဝန်းထဲကပင်မျက်ရည်ကျလုနီးနီးဖြစ်လာရတော့သည်။
"HyungနှလုံးသားထဲမှာJuyeonတစ်ယောက်ပဲရှိတယ်" ဆိုတဲ့စကားဟာHyunjunရင်ကိုဓားနဲ့အစိမ်းလိုက်ခွဲလိုက်သကဲ့သို့ပင်နာကျင်ရပါသည်လေ။
"ကျွန်တော်...နားလည်ပါပြီ Hyung.....ဒါဆိုကျွန်တော့်အတွက်လည်းမျှော်လင့်ချက်လေးတောင်မရှိတော့ဘူးပေါ့နော်"
အဆုံးစွန်ထိမျှော်လင့်ချက်တွေထားမိပါသော်လည်းJaehyunရဲ့မျက်ဝန်းတွေကနေရောနှုတ်ခမ်းဖျားကနေပါ "တောင်းပန်ပါတယ် Junnie" ဆိုတဲ့စကားကြောင့်ထားခဲ့မိသည့်မျှော်လင့်ချက်လေးတွေဟာရိုက်ချိုးခံလိုက်ရသလိုပင်။
ကျလာခါနီးမျက်ရည်တွေကိုပြန်သွင်းရင်း
"Hyungပြန်တော့မယ်မလား နောက်ကျနေလိမ့်မယ် ကျွန်တော်လိုက်ပို့ပေးမယ်"
ဆိုကာစားပွဲပေါ်မှကားသော့ကိုယူပြီးအရင်ထွက်သွားသူHyunjun။ Jaehyunမှာတော့သနားပြီးတောင်းပန်ရုံကလွဲလို့မတတ်နိုင်ခဲ့ပါလေ။
......................
ကားပေါ်ကနေဆင်းခါနီးသည်အထိသူ့မျက်နှာကိုတောင်သေချာမကြည့်ဘဲအရှေ့ဘဲလှည့်ထားသည့်Hyunjunကြောင့်Jaehyunအနေခက်ရပြန်ပါသည်။
"Junnie Hyungကိုစိတ်ဆိုးနေတာလားဟင်"
မေးတတ်ပါတယ်Lee Jaehyunရယ်....ဒီလောက်ထိချစ်တယ်တစ်ဖွဖွပြောတာတောင်မသေချာနေတဲ့လူတစ်ယောက်ကိုရွေးချယ်ထားပြီးမှစိတ်ဆိုးနေတာလားဆိုတော့Hyunjunဘယ်လိုတောင်ပြန်ဖြေရပ။
"ကျွန်တော့်မှာစိတ်ဆိုးပိုင်ခွင့်ကောရှိလို့လားHyungရယ်.........ကျွန်တော်စိတ်ဆိုးရမယ်ဆိုရင်တောင်မှHyungက ကျွန်တော့်အပိုင်ဖြစ်ဦးမှလေ"
"အင်းပါ.....Hyungမေးမိတာမှားသွားပါတယ် ဒါဆိုသွားတော့မယ် ကားဂရုစိုက်မောင်း"
ကားထဲမှထွက်ပြီးအိမ်ထဲကိုဝင်သွားသည်အထိHyunjunမသိမသာလိုက်ကြည့်မိပါသည်။သူ့အပိုင်ဖြစ်လာလိမ့်မည်ဟုထင်ခဲ့သောသူတစ်ယောက်ကမဖြစ်လာနိုင်တော့ပါလေ။
....................
"သားမျက်နှာလည်းမကောင်းပါလား တစ်ခုခုစိတ်ညစ်စရာများရှိနေလို့လား"
ညစာအတူစားနေရင်းJaehyunရဲ့ပုံကိုရိပ်မိသည့်အမေဖြစ်သူမှမေးလာတော့Jaehyunကခေါင်းလေးအသာခါပြသည်။
"သားဒီအတိုင်းပဲ နည်းနည်းပင်ပန်းနေလို့ပါ"
"အော်...ဒါဆိုသားညစာစားပြီးရင်အားဆေးနှစ်လုံးလောက်သောက်လိုက်ပေါ့ မင်းအမေပေးလိမ့်မယ်"
"ဟုတ်ကဲ့ပါ Appa"
ညစာစားပြီးသွားတော့အမေဖြစ်သူမှဆေးလာပေးသည်မလို့Jaehyunလည်းယူကာသောက်လိုက်မိသည်။သို့ပေမဲ့တစ်ခုထူးခြားနေသည်ကဆေးတစ်လုံးဟာသူသောက်နေကျတစ်လုံးဆိုပေမဲ့နောက်တစ်လုံးကတော့သူသောက်နေကျဟာမဟုတ်ပေ။
"Omma ဒီတစ်လုံးကလည်းအားဆေးပဲလား"
"ဟုတ်တယ်လေ သားရဲ့ဘာလို့လည်း"
"အော်...ပုံစံမတူနေလို့ပါ ရပါတယ် သားသောက်လိုက်ပါ့မယ်"
"ဟုတ်ပါပြီ ဒါဆိုဆေးသောက်ပြီးရင်စောစောအိပ်နော်"
"ဟုတ်ကဲ့ပါ Omma"
Jaehyunလည်းသူ့အမေအခန်းထဲကထွက်သွားသည်နှင့်စစ်စရာရှိသေးသည့်ကလေးတွေရဲ့အိမ်စာအချို့ကိုစစ်နေရင်းညနေကHyunjunပြောသည့်စကားများကိုပြန်ကြားယောင်လာပြန်သည်။
Juyeonရဲ့သတင်းအစနလေးတောင်မသိရဘဲဝေးကွာနေရသည်မှာနှစ်အတော်လေးကြာနေပြီဖြစ်သည်။ နေ့ရက်တိုင်းလည်းJuyeonကိုမေ့မရခဲ့ဘဲလွမ်းဆွတ်နေခဲ့သည်။ ပြန်လာမှာပါဟူသောစကားအားယုံကြည်လက်ကိုင်ထားမိရင်းစောင့်နေခဲ့သည်မှာလည်းကြာခဲ့ပါပြီလား။
ဒါပေမဲ့သူကပဲစောင့်နေရသည်ဆိုလျှင်ရော? Hyunjunပြောသလိုမသေချာတော့တဲ့သူကိုစောင့်နေသည်ဆိုလျှင်ရော?
Juyeonဟာတစ်ကယ်ပဲအဲ့နေ့ကတည်းကနေJaehyunဘဝထဲကနေထွက်သွားခဲ့ပြီလား။ ပြန်မလာတော့ဘူးလား။
တွေးရင်းတွေးရင်းမျက်ရည်စက်တို့ဟာစားပွဲခုံပေါ်သို့တစ်ပေါက်ချင်းကျလာတော့သည်။ငိုနေတာတော့မဟုတ် မျက်ရည်ကျခြင်းသာ။ အသေလိုက်မျက်နှာထားနှင့်ပင် မျက်ဝန်းနှစ်စုံမှကျလာသောမျက်ရည်ပေါက်များဟာစားပွဲခုံပေါ်သို့နေရာယူလေသည်။
ထိုစဥ်Jaehyunခေါင်းထဲမှာမိုက်ခနဲမူးဝေခြင်းကိုခံစားလိုက်ရသည်မလို့စားပွဲခုံကိုအမြန်ကိုင်လိုက်ရသည်။
"အား....ခေါင်းမူးလိုက်တာ!"
ရုတ်တစ်ရက်ကြီးအကောင်းကနေခေါင်းနောက်လာသဖြင့်Jaehyunလည်းသေချာမသိတော့။နားထင်နှစ်ဖက်ကိုလည်းလက်နှစ်ဖက်နဲ့နာနာဖိထားရင်းထကာအားယူလိုက်သည်။
အမြင်အာရုံတွေပါဝေဝါးလာသည်မလို့သူခေါင်းတော်တော်လေးမူးလာသည်ဟုလည်းခံစားမိပါသည်။ဒါကြောင့်အနားရှိအိတ်ထဲမှသူနေ့လည်ကဝယ်လာသောပျားသံပုရာအချိုရည်ဘူးအားမြန်မြန်ထုတ်ကာအနည်းငယ်သောက်လိုက်တော့မှပဲသက်သာလေတော့သည်။
"ငါဘာလို့ဖြစ်တာပါလည်း....အရင်ကဆိုဒီလောက်ထိမမူးဖူးပါဘူး "
သူ့ဟာသူရေရွတ်နေရင်းခေါင်းမူးတာကလည်းအရှင်းမပျောက်သေးသည်မလို့အိပ်ရန်သာဆုံးဖြတ်လိုက်တော့သည်။ သူအရမ်းကိုလည်းအိပ်ချင်နေပြီလေ။
Jaehyunခုတင်ထက်မှာအိပ်ပျော်သွားသည်နှင့်အိပ်ခန်းတံခါးဟာလည်းပွင့်လာခဲ့သည်။အထဲတော့ဝင်ခြင်းမရှိဘဲချက်ချင်းပြန်ပိတ်သွားပါသည်။
......................
"Jaehyun အိပ်ပျော်သွားပြီ ရှင်ဟိုလူတွေကိုဖုန်းဆက်လိုက်တော့!"
လှေကားအဆုံးမှာရပ်နေသည့်မိန်းမဖြစ်သူစကားကြောင့်ယောကျာ်းဖြစ်သူဟာပစ္စည်းတစ်ချို့ကိုသိမ်းဆည်းနေရင်း
"သေချာလား အိပ်ပျော်သွားတာ တော်ကြာလမ်းမှာတင်နိုးလာမှဖြင့်ငါတို့အကုန်ပြဿနာတက်နေမယ်"
"အော်...သေချာပါတယ်ရှင်ကလည်း ရှင်ပေးတဲ့ဆေးလည်းကျွန်မတိုက်လိုက်တယ် အခုလည်းသူ့အခန်းထဲကနေကိုကြည့်ပြီးတော့မှလာပြောတာ"
"အင်းပါ သေချာရင်လည်းပြီးတာပဲငါတို့လည်းပစ္စည်းတွေသိမ်းစရာရှိတာသိမ်းထားရမယ် Jaehyunကိုပေးပြီးလို့ပိုက်ဆံအပြီးရတာနဲ့USကိုချက်ချင်းရှောင်ရမယ်"
"ဒါနဲ့....Jaehyunကိုတစ််််ကယ်ပဲပေးရတော့မှာနော် "
သနားဂရုဏာသက်သလိုလိုလေသံဖြင့်ပြောလာသည့်မိန်းမဖြစ်သူရဲ့စကားကိုယောကျာ်းဖြစ်သူကမျက်မှောင်ကြုတ်ကာကြည့်ရင်း
"ဘာလည်း မင်းကငယ်ငယ်လေးကတည်းကထိန်းလာတာဆိုတော့သံယောဇဥ်ရှိနေတာလား!!"
"အဲ့လိုရယ်လည်းမဟူတ်ပါဘူး လူကောင်းလေးဆိုတော့ဟိုဘက်ကိုပေးဖို့ကျ...."
"တော်စမ်း!!!! မင်းအဲ့လိုတွေပျော့ညံ့လွန်းလို့ငါနဲ့မရခင်ကဘယ်လောက်ထိသူတစ်ပါးအနိုင်ကျင့်တာခံခဲ့ရပြီးပြီလည်း ဟမ်!!! မင်းကိုပျော့ညံ့ဖို့အတွက်ငါမသင်ပေးထားဘူးနော် Jaehyunအပေါ်သံယောဇဥ်ရှိနေတယ်ဆိုလည်းချက်ချင်းဖြတ်! အချိန်တန်ရင်ဟိုဘက်ကိုပေးရမှာတွေချည်းပဲ!!"
ယောကျာ်းဖြစ်သူရဲ့အော်ငေါက်မှုကြောင့်မိန်းမဖြစ်သူမှာလည်းပါးစပ်ပိတ်သွားရုံမှလွဲပြီးမတတ်သာတော့ချေ။
လင်မယားနှစ်ယောက်အောက်ထပ်မှာတင်ပစ္စည်းများထုတ်ပိုးပြီးခါစရှိသေး အိမ်တံခါးသို့ဘဲလိတီးသံကြားလေသည်။
"ဟော....ဟိုလူတွေလာပြီထင်တယ် ငါတံခါးသွားဖွင့်လိုက်ဦးမယ်"
ပြောပြောဆိုဆိုဖြင့်ယောကျာ်းဖြစ်သူမှတံခါးဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက်မြင်လိုက်ရသည်ကသူမျှော်မှန်းထားသည့်သူမဟုတ်ပါဘဲအနက်ရောင်leather jacket ကိုဝတ်ဆင်ထားပြီးဒေါသထွက်နေသည့်မျက်ဝန်းများဖြင့်စူးရှစွာကြည့်လာသည့်သူစိမ်းလူတစ်ယောက်ကိုတွေ့လိုက်ရသည်။
"ခင်ဗျား ဘယ်သူလည်း!!!"
မေးရုံသာမေးရသည်ရှိသေး ထိုလူ့ဆီမှချိန်ရွယ်လာသောသေနတ်။
"စောက်စကားမများနဲ့ "
ဆိုကာသေနတ်ဖြင့်ချိန်ပြီးလက်ကိုလှမ်းဆွဲကာချုပ်လိုက်သည်။ယောကျာ်းဖြစ်သူမှအတော်လေးလန့်ဖြန့်သွားပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်ကာတုန်လှုပ်လာလေတော့သည်။
မိန်းမဖြစ်သူမှာလည်းအိမ်ထဲသို့သူ့ယောကျာ်းအားသေနတ်ဖြင့်ချိန်ထားသည့်သူရယ်နဲ့အတူတစ်ခြားလူငါးယောက်လောက်ကပါထပ်ဝင်လာသည်မလို့အတော်လေးကြောက်ရွံ့နေသည်။
"ရှင်တို့ကဘယ်သူတွေလည်း ဘာလိုချင်လို့အခုလိုမျိုးသူများအိမ်ထဲပိုင်စိုးပိုင်နက်ဝင်လာရတာလည်း!!!"
"ဟက်! ဒါဆိုကျွန်တော်ကလည်းမေးပါဦးမယ် ဘာလို့ပိုင်စိုးပိုင်နက်နဲ့သူများသားသမီးကိုရောင်းစားဖို့လုပ်ရတာလည်း"
Juyeonမေးလာသည့်မေးခွန်းကြောင့်နှစ်ယောက်စလုံးတုန်လှုပ်သွားကြသည်မှာသိသာလွန်းလှပါသည်။
"ဘာ...ဘာ..ကိုပြောချင်နေတာလည်း!!!"
"ဒိုင်း!!!!"
"မသိချင်ယောင်ဆောင်မနေနဲ့!'
ကျယ်လောင်လှစွာသောသေနတ်သံတစ်ချက်နှင့်အတူအော်ဟစ်လိုက်သောJuyeonရဲ့အသံတို့တွင်ဒေါသအပြည့်ပါနေလေသည်။
သူပစ်လိုက်သည့်အနားကပန်းအိုးဟာလည်းကြမ်းပြင်ပေါ်သို့အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေပြန်သည်ကိုမြင်ပါသော်လည်းအပေါ်ထပ်တစ်နေရာမှာအိပ်ပျော်နေသည့်ကောင်လေးဟာလည်းနိုးလာသည်ကိုတော့သူမသိပါလေ။
.................
ကျယ်လောင်လှပါသောဆူညံသံတစ်ခုကြောင့်Jaehyunလှဲနေရာမှဆတ်ခနဲပင်မျက်လုံးပွင့်လာရတော့သည်။ မျက်လုံးပွင့်သည်နှင့်အတူစူးခနဲထိုးကိုက်လာသောခေါင်းကြောင့်လည်းအားယူကာထရသေးသည်။
"စောနကကြားလိုက်တာဘာအသံလည်း"
အသံဟာတော်တော်လေးကိုကျယ်လောင်သည်မလို့အိမ်အောက်ထပ်ကဖြစ်မည်မှန်းသူခန့်မှန်းမိပါသည်။ထို့ကြောင့်အားယူကာသွားရင်းအခန်းတံခါးဝကိုရောက်တော့နောက်တစ်ခေါက်ကြားလိုက်ရသည့်ထိုအသံ။
"ဒိုင်း!!!!"
Jaehyunရဲ့တံခါးကိုဖွင့်ခါနီးလက်တို့တုန့်ဆိုင်းသွားရတော့သည်။
"ဒါ....သေနတ်သံလား?"
သူမသင်္ကါတော့ချေ။ ဒါဆိုဘယ်လိုကနေဘယ်လိုမျိုးကြောင့်သူတို့အိမ်ထဲမှာသေနတ်သံကြားရတာလည်း။ လူဆိုးတွေရောက်နေတာဖြစ်ကောင်းဖြစ်လိမ့်မည်ဟုတွေးရင်းJaehyunတံခါးကိုအသာလေးဖွင့်ကာအောက်ထပ်ကိုဆင်းရန်ကြံရွယ်လိုက်သည်။
သူ့မိဘတွေကအောက်ထပ်မှာဖြစ်နေပါကပို၍စိုးရိမ်ရမည်လေ။ Jaehyunသူ့အခန်းကနေမိဘတွေအခန်းကိုဖြတ်တော့အခန်းတံခါးကပွင့်နေပြီးမည်သူမျှမရှိနေ။ ဒါဆိုသေချာပြီ သူ့မိဘတွေအောက်ထပ်မှာ။
စိုးရိမ်စိတ်နဲ့အတူကြောက်စိတ်တို့ကလွှမ်းမိုးလာပါသော်လည်းယောကျာ်းပီပီမိဘနှစ်ပါးအားအန္တရာယ်ကြုံနေမှာစိုး၍သူအားတင်းပြီးလာခဲ့လိုက်သည်။
လှေကားအဆင်းမှာလည်းခြေသံကြားရုံမျှသာဖြေးဖြေးချင်းတစ်ထစ်ချင်းဆင်းလာခဲ့သည်။
"ပြောလေ!!!!! ဘာလို့သူများကလေးကိုယူသွားခဲ့တာလည်း!!!"
အော်ငေါက်ကာပြောလိုက်သည့်အသံကြောင့်Jaehyunဆင်းနေရင်းမှာပင်ထပ်ပြီးတွန့်ဆုတ်သွားရပြန်သည်။ သို့ပေမဲ့လည်းဒီလေသံဟာကြားဖူးနေသည့်လေသံလိုလို။
"ငါဒီအသံကိုသိသလိုလိုပဲ.....ဘယ်သူတွေရောက်နေတာလည်း ငါစိတ်ညစ်လာပြီ"
စိတ်ထဲမှာရေရွတ်လိုက်ရင်းလှေကားကနေထပ်ဆင်းလာခဲ့သည်။ကံကောင်းသည်တစ်ခုကလှေကားမီးကိုပိတ်ထားသည်မလို့သူအောက်ဆုံးထိဆင်းလျှင်တောင်သေချာသတိမထားမိသေးမှာမဟုတ်ချေ။
ဆင်းရင်းဆင်းရင်းအောက်ထပ်ကမြင်ကွင်းဟာပို၍သိသာလာခဲ့သည်။ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်ကရပ်နေသည်ကိုလည်းတွေ့ရသည်။ ထိုလူ့ရဲ့ရှေ့မှာဒူးထောက်လျက်နေနေရသူတွေကိုကြည့်လိုက်တော့သူရဲ့မိဘနှစ်ပါးဖြစ်နေသည်။
ကျန်သည့်သူများကမိဘနှစ်ပါးလုံးကိုချုပ်ကိုင်ထာပြီးအရှေ့မှာရပ်နေသည့်သူကတစ်ခုခုဖြင့်ချိန်ရွယ်နေသည်ကိုတွေ့လိုက်ရသည်မလို့Jaehyunစိုးရိမ်စိတ်တို့ကပို၍ပင်များလာရတော့သည်။
သေချာအောင်ကြည့်မိတော့သူအပေါ်ထပ်မှာကြားခဲ့သည့်သေနတ်သံရဲ့တရားခံအစစ်ကိုတွေ့လေသည်။ ထိုသေနတ်ဖြင့်မိဘနှစ်ပါးဟာလည်းချိန်ရွယ်ထားခြင်းကိုခံနေရသည်။
Jaehyunနားမလည်နိုင်တော့ပါ။ အဘယ်ကြောင့်များချက်ချင်းကြီးသူ့မိဘတွေကအခုလိုဖြစ်နေရတာလည်း။ ကြောက်စိတ်တို့ဟာလည်းပို၍ပင်ရောက်လာခဲ့သည်။ အသံမထွက်မိစေရန်ပါးစပ်ကိုလက်ဖြင့်အုပ်ထားမိရင်းလှေကားကနေသာသာလေးထပ်ဆင်းလာလိုက်သည်။
"မင်းတို့ငါ့ကိုမပြောဘူးပေါ့!!!!ယုတ်မာတုန်းကျတော့ယုတ်မာကြပြီးအခုမှရေငုံနှုတ်ပိတ်နေလည်းမထူးဘူးနော်!!!"
အနက်ရောင်ဝတ်စုံနဲ့လူကဘာတွေအဲ့လောက်တောင်ဒေါသထွက်နေလည်းမသိ စကားတစ်ခုပြောလိုက်တိုင်းဒေါသသံအပြည့်နဲ့မလို့ကြားနေရသည့်Jaehyunတောင်အတော်လေးတုန်လှုပ်နေရသည်။
"သူများကလေးကိုခိုးယူတဲ့အပြစ်ရယ် ရေငုံနှုတ်ပိတ်နေတဲ့အပြစ်ရယ် မင်းတို့ကိုအပြစ်ပေးမှရတော့မယ်!!!"
အပြစ်ပေးမယ်? Jaehyunပို၍ပင်ထိတ်လန့်လာရတော့သည်။ ထိုစဥ်သူသွားသတိရမိသည်ကရဲကိုဖုန်းဆက်ရန်ပင်ဖြစ်သည်။ ဘောင်းဘီအိပ်ကပ်ထဲမှာဖုန်းကိုထုတ်ကြည့်တော့ဖုန်းကမပွင့်လာပြန်သောကြောင့်ပို၍တုန်လှုပ်လာပြန်သည်။
သူဘာလုပ်ရမလည်း အခုချိန်မှာဘာလုပ်ရမှာလည်း။ သူ့မိဘတွေအသက်အန္တရာယ်နဲ့ကြုံနေရချိန်မှာသူဘာလုပ်ရမှာလည်း။တွေးရင်းနှင့်ပင်ငိုမိပြန်ပါသည်။သို့ပေမဲ့အသံတော့မထွက်ရဲ။
ထိုစဥ်ရုန်းရင်းဆန်ခတ်တစ်ခုကဖြစ်ပျက်သွားသည်။ ဒူးထောက်နေရင်းသူ့အဖေမှာချုပ်ထားသည့်လူတွေထဲကတစ်ယောက်ကိုခေါင်းဖြင့်တိုက်လိုက်ပြီးပြန်လည်တိုက်ခိုက်ရန်လုပ်တော့သည်။
သို့ပေမဲ့လျင်မြန်သည့်Juyeonမှပြန်ဖမ်းချုပ်လိုက်ပြီးခေါင်းကိုရိုက်လိုက်သည်မလို့တစ်ချက်တည်းထဲပင်မေ့လဲသွားတော့သည်။
မျက်စိရှေ့လေးလောက်မှာတင်ကိုယ့်ရဲ့အဖေဖြစ်သူအရိုက်ခံလိုက်ရတာကိုမြင်သည်အထိJaehyunမှာကြောက်လွန်း၍ဘာမှတောင်မလုပ်နိုင်တော့ပါ။
"ငါဆိုတဲ့Lee Juyeonကိုပေါ့သေးသေးများမှတ်နေတာလား ဟမ်!!! မင်းတို့လင်မယားနှစ်ယောက်လုံးကတစ်ကယ်ပဲသေချင်နေပြီလား! Bossကမသတ်ခိုင်းလို့သာမသတ်တာ မဟုတ်ရင်မင်းတို့နှစ်ယောက်လုံးကိုငါလက်စသတ်ပြီးတာကြာပြီ!!!"
ကြောက်လန့်နေလို့မပြီးသေးခင်မှာပဲထပ်မံကြားလိုက်ရသည့်နာမည်တစ်ခုကြောင့်Jaehyunအံ့အားသင့်သွားရပြန်သည်။
Lee Juyeon?
Juလား.....အသံကိုသိနေပါတယ်လို့တွေးမိကတည်းကထင်နေခဲ့ပေမဲ့Juyeonဟာဤကဲ့သို့လူဆိုးမဟုတ်လောက်ဘူးဟုတွေးနေခဲ့ကာမှJuyeonဖြစ်နေသည်လား။
ရပ်နေရင်းမှာတင်ပဲကြောက်စိတ်ကိုအရဲတင်းပြီးလှေကားအောက်ကနေဆင်းကာတစ်လှမ်းချင်းသွားမိသည်။
"Ju....လား...."
ငိုသံလည်းပါ ကြောက်ရွံနေသံလည်းပါသည့်လေသံလေးဖြင့်ဘေးဘက်ကနေကြားလိုက်ရတော့Juyeonတစ်ကိုယ်လုံးတောင့်တင်းသွားရသည်။
"တစ်ကယ်ပဲ Juလား!"
Juyeonဖြေးဖြေးချင်းလှည့်မိသွားသည်။တစ်ဖက်ကိုကြည့်လိုက်သည့်အချိန်မှာတော့တစ်ကိုယ်လုံးတုန်ယင်နေပြီးမျက်ရည်ရွှန်းလဲ့နေသာမျက်ဝန်းများဖြင့်ကြည့်နေသည့်သူ့ရဲ့Jae။
မဟုတ်ပါစေနဲ့ဟုဆုတောင်းနေပါသော်လည်းတစ်ဖက်ကိုလှည့်လာသည့်အချိန်မှာတော့Jaehyunရဲ့ဆုတောင်းတွေဟာတစ်ချက်တည်းရိုက်ချိုးခံလိုက်ရသည့်နှယ်။
ဒီမျက်နှာ...ဒီမျက်ဝန်းတွေ...ဒီနှုတ်ခမ်းပါးလေးတွေ....ဒီနှာတံချွန်မြမြလေးတွေဟာ...ဘယ်တော့မှမမှားနိုင်သည့်တစ်ယောက်။ Juyeon။
"Jae........."
မျက်ဝန်းချင်းစုံကာခေါ်လိုက်သည့်နာမ်စားလေး။ ဤနာမ်စားလေးကိုခေါ်တာတောင်မကြားရတာကြာပြီပဲ။ သို့ပေမဲ့ပြန်ကြားလိုက်ရသည့်အခြေနေကမတူတော့။
Jaehyunနားမလည်နိုင်တော့ပါ။မျက်စိရှေ့တွင်ရက်ရက်စက်စက်သူ့အဖေအားရိုက်နှက်ခဲ့သည့်သူက သူနှစ်ပေါင်းများစွာတိုင်အောင်ချစ်ခဲ့ရသည့်Juyeonဖြစ်နေမည်ဆိုတာကိုဘယ်တုန်းကများမျှော်လင့်ထားမိပါ့မလည်းနော်။
စိတ်တွေအတော်လေးပင်ရှုပ်ထွေးလာရပြီးလွှတ်ချလိုက်သည့်အချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ဟာမြေပြင်ထက်သို့ပစ်ကျသွားခဲ့တော့သည်။
မျက်လုံးနှစ်လုံးမမှိတ်သွားခင်မှာမြင်တွေ့လိုက်ရသည်ကသူ့ဆီကိုပြေးလာသည့်Juyeon။
ဟင့်အင်း...မလာပါနဲ့...Juကိုကြောက်တယ်....
သူစိတ်ထဲကနေရေရွတ်လိုက်မိပါသည်။
နှစ်တွေအကြာကြီးခွဲလာရပြီးတော့မှပြန်တွေ့ရင်ကောင်းသောပြန်တွေ့ခြင်းတွေနဲ့တွေရမယ်ထင်ထားခဲ့တာ။ မှန်းချက်နဲ့နှမ်းထွက်နဲ့မကိုက်သလိုမျိုး တက်တက်စင်အောင်လွဲခဲ့လေတော့လည်းကံကြမ္မာကပဲရက်စက်လွန်းသည်ပြောရမလားကွယ်။
__________________________________________
Thanks for reading🌸
အကြာကြီးနေပြီးမှပြန်upတာမလို့နှစ်ပိုင်းတစ်ခါတည်းအပ်ပေးလိုက်ပါတယ်နော်👀
Zawgyi ver.
{ျပန္လည္ေတြ႕ဆုံျခင္းဟာအက်ည္းတန္ခဲ့ေလမလား}
ေဆာင္းရာသီရဲ႕မနက္ခင္းေလးဟာေအးစက္မႈတို႔နဲ႕စတင္ခဲ့ေပမဲ့ေနရွိန္ေရးေရးေလးေၾကာင့္အႏြေးဓာတ္ကိုပါသယ္ယူေနေလသည္။
သာယာသည္ဟုသတ္မွတ္ရေလာက္သည့္ရာသီဥတုေလးျဖစ္သည္မလို႔မနက္ခင္းစာသြားသင္ကတည္းJaehyunရဲ႕မ်က္ႏွာမွာအၿပဳံးပန္းေလးတို႔ကေရာက္ရွိေနခဲ့သည္။
သူစာသင္ေပးရမည့္အိမ္သို႔သြားရန္busကားေပၚတက္ကာထိုင္ခုံတြင္ထိုင္႐ုံရွိေသး၊ အိတ္ကပ္ထဲမွဖုန္းထဲသို႔ေရာက္ရွိလာသည့္messageေလးတစ္ေစာင္။
"ကြၽန္ေတာ့္ရဲ႕Hyung....အခုစာသင္ဖို႔သြားေနၿပီလား?..."
Hyunjunမွပို႔လာျခင္းျဖစ္သည္။ သူဘယ္ေလာက္ပဲေျပာပါေစ။Hyunjunက က်န္တာနားေထာင္ေပမဲ့သူ႕ကို ကြၽန္ေတာ့္ရဲ႕Hyungလို႔ေခၚတာကိုတားတာေတာ့နားမေထာင္ပါေလ။ အေၾကာင္းရင္းကိုေမးေတာ့စကားေနာက္တရားပါဆိုသလိုမၾကာခင္သူ႕အပိုင္ေလးျဖစ္လာေအာင္လို႔တဲ့။
Jaehyunလည္းေျပာမရသည့္အဆုံးမွာေတာ့လႊတ္ထားေပးလိုက္ရေတာ့သည္။ သို႔ေပမဲ့လူေရွ႕သူေရွ႕မေခၚမိေစရန္ေတာ့ဆင္ျခင္ခိုင္းရသည္ေလ။
"အင္း....အခုbusကားေပၚေရာက္ေနၿပီ Hyunnieတို႔ကိုကဒီေန႕3နာရီမွသင္ရမွာ"
"အာ....okok အဲ့အခ်ိန္ဆိုကြၽန္ေတာ္ျပန္ေရာက္ေလာက္ေနၿပီ အဲ့က်မွေတြ႕တာေပါ့ ဒီေန႕အတြက္ ဖိုက္တင္း ကြၽန္ေတာ္ခ်စ္ရတဲ့Hyung♡"
ကြၽန္ေတာ္ခ်စ္ရတဲ့Hyung.....တဲ့။ Hyunjunအဲ့လိုေခၚတိုင္းJaehyunအားနာမိပါသည္ေလ။ သူမွထပ္တူညီတဲ့ခံစားခ်က္မ်ိဳးကိုမေပးနိုင္ဘဲကိုး။
..................
တစ္ဖက္တြင္ေတာ့....
အရင္ကလိိုစိတ္ထဲရွိသည့္အတိုင္းေခၚေျပာကာခ်စ္ေၾကာင္းကိုတစ္စိုးတစ္စေလးပိုကာရိပ္မိေစခ်င္ေသာေၾကာင့္Messageပို႔သည္အခါတိုင္းလိုလိုရယ္...စကားေျပာေနရင္းႏႈတ္ဆက္သည့္အခါတိုင္းလိုလိုရယ္ မွာသူသုံးေနက်စကားေလး။
ကြၽန္ေတာ္ခ်စ္ရတဲ့Hyung...။
Hyunjunကေတာ့စိတ္ရင္းနဲ႕ေျပာလိုက္ေသာ္လည္းထိုသို႔စကားမ်ိဳးေတြေျပာသည့္အခါတိုင္းဘာတုန့္ျပန္မႈမွမေပးသည့္JaehyunအားHyunjunလည္းမၿငိဳျငင္ရက္ပါေလ။
သူကိုယ္တိုင္ကိုက ခ်စ္ရသူရွိၿပီးသားလူတစ္ေယာက္ကိုသြားခ်စ္မိတာကိုး။ ဘယ္တတ္န္ိုင္မလည္းကြယ္။
Messageေလးပို႔ၿပီးဖုန္းေလးကိုကိုင္ကာJaehyunဘာမွမျပန္လာမည္ကိုသိေနပါေသာ္လည္းခ်ည္မွ်င္စေလာက္ေမွ်ာ္လင့္ခ်က္ေသးေသးေလးကရွိေနေသာေၾကာင့္ဆက္ၿပီးမပို႔လာေတာ့သည့္Message boxေလးကိုသာၾကည့္ေနမိသည္မွာအ႐ူးတစ္ေယာက္ႏွယ္။
"Manager Hur shi....အစည္းေဝးစပါေတာ့မယ္ရွင့္"
အတြင္းေရးမႉးမေလးကလာသတိေပးေတာ့မွHyunjunလည္းၾကည့္ေနမိသည့္ဖုန္းscreenကိုပိတ္ကာအလုပ္ထဲသို႔စိတ္မနည္းျပန္ထားရေတာ့သည္။စိုးမိုးလိုက္တာLee Jaehyunရယ္။
.....................
အနက္ေရာင္ဝတ္စုံျပည့္ေတြဝတ္ဆင္ထားေသာလူအမ်ားၾကားထဲတြင္အနက္ေရာင္leather jacketကိုဝတ္ဆင္ထားသည့္သူ.. Juyeon။
အရင္လိုဝတ္ေနက်အေရာင္ေဖ်ာ့ေဖ်ာ့အဝတ္ေတြအစားအခုလိုမည္းနက္ေနသည့္အဝတ္မ်ားကိုသာေ႐ြးခ်ယ္ၿပီးဝတ္ဆင္ခဲ့သည္မွာလည္းၾကာခဲ့ၿပီေလ။
စားပြဲေပၚတြင္တင္ထားေသာေသနတ္ေပါင္းစုံကိုေသခ်ာစစ္ေဆးေနသည့္မ်က္လုံးမ်ားဟာလည္းစူးရွလ်က္ပင္။ အစြန္ဆုံးမွပစၥတိုတစ္လက္အားေ႐ြးကာယူလိုက္ၿပီးက်ည္ဆန္ျဖည့္ၿပီးသည္ႏွင့္သူ႕jacketအတြင္းအိတ္ေထာင္ထဲသို႔ထည့္လိုက္သည္။
ခန့္ညားလွပါေသာ႐ုပ္ရွည္ရွိသူမို႔ဝတ္ထားသည့္leather jacketနဲ႕အတူjean pantsကိုတြဲဝတ္ထားသည့္ေျခတံရွည္တို႔မွာလည္းၾကည့္ေကာင္းလွပါသည္။
သို႔ေပမဲ့ထိုသို႔ၾကည့္ေကာင္းလွသည့္ေကာင္ငယ္ေလးဟာမၾကာခင္မွာမေကာင္းတဲ့အရာတစ္ခုကိုလုပ္ေတာ့မည့္သူလို႔ေျပာရင္ယုံၾကပါ့မလား။
"ပစၥည္းေတြစစ္ၿပီးၿပီလား Juyeon!"
အခန္းတံခါးဝမွထြက္ေပၚလာေသာၾသဇာအာဏာသံတစ္ခုေၾကာင့္Juyeonလွည့္ၾကည့္ကာ
"ဟုတ္ကဲ့ အားလုံးစုံပါတယ္Boss"
"ဂိုေဒါင္ထဲမွာမင္းအတြက္လက္ေဆာင္ရွာေပးထားတယ္ ေမးစရာေလးေတြေမးၿပီးလက္စသတ္လိုက္ဦး"
Bossျဖစ္သူဘာကိုရည္ၫႊန္းသည္ဆိုတာကိုJuyeonရိပ္မိသည္မလို႔စားပြဲေပၚမွာတင္ထားသည့္ေသနတ္ေတြၾကားထဲမွဓားျမႇောင္တစ္ခုကိုယူကာေနရာတစ္ခုဆီသို႔ဦးတည္သြားေလသည္။
"ဝုန္း!!!!"
သံတံခါးပြတ္ဆြဲသံရဲ႕အဆုံးမွာၾကားလိုက္ရသည့္နံရံႏွင့္တံခါးတို႔၏ဖိတိုက္မႈအသံဟာအထဲတြင္မူးေမ့လဲေနပါေသာလူတစ္ေယာက္အားမ်က္လုံးႏွစ္လုံးကိုပြင့္ေစလာသည္အထိက်ယ္ေလာင္လြန္းလွပါသည္။
မဆိုစေလာက္ျပတင္းေပါက္ရဲ႕အလင္းေရာင္သာရွိသည့္ဤဂိုေဒါင္ဟာတံခါးဖြင့္လိုက္ေတာ့အျပင္ဘက္မွခ်က္ခ်င္းဝင္ေရာက္လာသည့္အလင္းေရာင္တို႔အားလဲေနေသာသူမခံနိုင္ပါေလ။
ထို႔ေၾကာင့္လက္ႏွစ္ဖက္ျဖင့္မ်က္စိအားကာမည္လုပ္ေတာ့ခံစားမိသည္ကသူ႕လက္ႏွစ္ဖက္လုံးကိုေနာက္ျပန္ႀကိဳးတုပ္ထားသည္မွာတင္းရင္းေနသည္။
ထို႔ေၾကာင့္လြတ္ေျမာက္ဖို႔ရန္အတင္း႐ုန္းကန္ႀကိဳးစားေနတုန္းမွာပဲ
"အဲ့ေလာက္ထိလည္းထြက္ေျပးခ်င္မေနပါနဲ႕ ငါမင္းကိုမကိုက္စားပါဘူး!"
ျပတ္သားစြာထြက္လာသည့္ေလသံမာဟာအလင္းေရာင္ေတြဝင္လာေသာတံခါးဆီမွျဖစ္သည္မလို႔လဲေနသူအၾကည့္ပို႔လိုက္မိသည္။
တစ္လွမ္းခ်င္းေလွ်ာက္လွမ္းလာေနသူအားအနီးကပ္ခါနီးေတာ့မွသတိထားမိသည္မလို႔ပါးစပ္ကေၾကာက္ေၾကာက္နဲ႕ေရ႐ြတ္လိုက္မိသည္။
"Lee...Ju....Juyeon?"
"ဟုတ္တယ္ ကြၽန္ေတာ္Lee Juyeonပဲ သိေနလို႔ေတာ္ပါေသးတယ္"
ခပ္ေထ့ေထ့ေလွာင္ၿပဳံးတစ္ခုကိုတပ္ဆင္ကာဆိုလာေသာစကားရယ္နဲ႕အတူလဲေနသည့္သူ႕အနားအားနီးကပ္လာသည္ေၾကာင့္လည္းလန့္ေနမိသည္။
"မဟုတ္တာေတြလုပ္တုန္းကလုပ္ထားၿပီးေတာ့မွအခုေတာ့ေၾကာက္ေနၿပီလား ဟမ္!!"
"ကြၽန္...ကြၽန္....ကြၽန္ေတာ္ေတာင္း...ေတာင္းပန္ပါတယ္....လႊတ္....လႊတ္ေပးပါ"
သနားကမား႐ုပ္ေလးျဖင့္ေတာင္းဆိုလာေသာထိုလူအားJuyeonၾကည့္လိုက္ၿပီး
"မင္းေတာင္းပန္ရမွာငါ့ကိုမဟုတ္ဘူး မင္းလူကုန္ကူးဖို႔ဖမ္းခဲ့တဲ့သူေတြကိုေတာင္းပန္ရမွာ!"
Juyeonေျပာလိုက္သည့္စကားေၾကာင့္ထိုလူမွာအေတာ္ေလးတုန္လႈပ္သြားသည္။သို႔ေပမဲ့Juyeonမွဆက္ၿပီး
"ကဲပါ.....ရွည္ရွည္ေဝးေဝးေတြမေျပာေနေတာ့ဘူး ငါေမးခ်င္တာေမးမယ္ မင္းအမွန္တိုင္းေျဖ"
ထိုလူမွေခါင္းကိုတစ္ဆတ္ဆတ္ၿငိမ့္ျပလာသည္။
"မင္းကူေပးေနက်ေကာင္ရဲ႕သေဘၤာဘယ္အခ်ိန္ဆိပ္ကမ္းကပ္မွာလည္းမင္းသိတယ္မလား ၿပီးေတာ့....ဘယ္သူ႕ကိုေခၚမလည္းဆိုတာေရာ မင္းသိတယ္မလား"
Juyeonေမးလာသည့္ေမးခြန္းအားေျဖဖို႔ရန္ထိုလူမွာတုန္လႈပ္ေနျပန္သည္။ဒါကိုJuyeonစိတ္မရွည္ခ်င္ေတာ့ပါ။ ဒါေၾကာင့္မသူံးဘူးဟုဆုံးျဖတ္ထားခဲ့ေသာ္လည္းယူလာခဲ့မိသည့္ဓားျမႇောင္အားထုတ္ကာထိုလူရဲ႕လည္ပင္းနားသို႔ေတ့ေပးလိုက္သည္။
ခ်က္ခ်င္းႀကီးဓားဟာလည္ပင္းမွာအေထာက္ခံလိုက္ရသည္မလို႔ထိူမွာခ်က္ခ်င္းေသြးပ်က္သြားသည့္မ်က္ႏွာျဖင့္Juyeonအားတုန္တုန္ယင္ယင္ျဖင့္ျပန္ေျဖလာသည္။
"မနက္ျဖန္ည.....7နာရီကမ္းကပ္မွာပါ!!ေခၚသြားမဲ့သူကတစ္ေယာက္တည္းလို႔ပဲေျပာပါတယ္ ဘယ္သူလည္းလို႔ေတာ့အေသခ်ာမေျပာေပမဲ့သြားေခၚရမဲ့အိမ္လိပ္စာကြၽန္ေတာ့္ကိုေပးထားပါတယ္"
အသက္အႏၱရာယ္ကိုၿခိမ္းေျခာက္လာေတာ့ဆက္တိုက္ထြက္ေပၚလာသည့္စကားေၾကာင့္Juyeonဟက္ခနဲတစ္ခ်က္ရယ္မိသည္။ လူေတြကကိုယ့္အသက္ကိုေတာ့ႏွေျမာတတ္ၾကသားပဲ။
"ေကာင္းၿပီေလ......မင္းကိုခနေနက်ရင္အိမ္လိပ္စာေရးေပးဖို႔အတြက္ငါ့လူေတြထဲကတစ္ေယာက္ကိုလႊတ္လိုက္မယ္ ထြက္ေျပးမယ္ေတာ့မႀကံနဲ႕ေနာ္ သိလို႔ကေတာ့အေသပဲ!!!!"
ဆိုကာဓားကိုျပန္႐ုတ္လိုက္ၿပီးဂိုေဒါင္ထဲတြင္ထိုလူအားထားခဲ့လိုက္သည္။ ဟိုဘက္အဖြဲ႕ကလူေတြကိုသစၥာရွိလွၿပီထင္ေနခဲ့တာ။သို႔ေပမဲ့လည္းအသက္ကိုၿခိမ္းေျခာက္လာမွေတာ့ဘယ္တတ္နိုင္ေတာ့မလည္း။ ေငြတစ္ခုတည္းကိုသာၾကည့္တတ္တဲ့လူေတြရဲ႕အသက္ကိုၿခိမ္းေျခာက္ၿပီးကစားရသည့္အရသာအားJuyeonႀကိဳက္မိသည္။
သူတို႔ကပိုေၾကာက္တတ္ၾကသည္မလား...။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Hyungေရ......"
ကေလးႏွစ္ေယာက္အားစာသင္ၿပီးျဖစ္သည္မလို႔ျပန္ဖို႔ရန္အတြက္ျပင္ေနတုန္းမွာပဲေခၚလာသည့္Hyunjunအသံ။
"ေျပာေလ Junnie"
"ကြၽန္ေတာ္နဲ႕ေစ်းသြားဝယ္ဖို႔ေျပာထားတာေလ"
"အင္း အဲ့တာမနက္ျဖန္မွမလား"
"ဟင့္အင္း....အခုသြားမလို႔Hyung"
"ဟင္....အခုလား?"
"ဟုတ္တယ္ေလ အခုသြားၾကမယ္လို႔Hyungပဲကြၽန္ေတာ့္ကိုလိုက္ကူေပးမယ္ေျပာထားတယ္ေလ"
"အာ....အဲ့တာေတာ့ဟုတ္ေပမဲ့လည္းေလ အခုသြားဖို႔က်ေတာ့Hyungအဝတ္အစားမလဲရေသးဘူး ဒီအတိုင္းေပါ့ေပါ့ပါးပါးပဲဝတ္လာမိလို႔"
"ဟာ....Hyungကလည္း ဒီအတိုင္းလည္းခ်စ္ဖို႔ေကာင္းေနၿပီးသားကို လဲစရာမလိုေတာ့ပါဘူး ၿပီးေတာ့ကြၽန္ေတာ္သြားဝယ္မွာကအိပ္ယာခင္းနဲ႕ေခါင္းအုံးစြတ္။ မေန႕ကအိပ္ယာေပၚေကာ္ဖီေတြေမွာက္ကုန္တာေလ အဲ့တာအသစ္ဝယ္ထားတာလည္းမရွိေသးလို႔တစ္ခါတည္းလဲခ်င္လို႔ ေနာ္...လိုက္ကူေပးပါေနာ္...."
ကေလးမဟုတ္ေပမဲ့လည္းကေလးလိုေသခ်ာစြာရွင္းျပၿပီးလာခြၽဲေနသည့္Hyunjunအားၾကည့္ၿပီးJaehyunသေဘာတက်ရယ္မိေတာ့သည္။
"ဟဟ....အင္းပါ ဒါဆိုလည္းလိုက္ကူေပးပါ့မယ္"
"ဒါဆို လာသြားမယ္"
ဆိုကာJaehyunေတာင္ဘာမွေျပာခ်ိန္မရလိုက္ဘဲHyunjunမွသူ႕လက္ကိုဆြဲေခၚသြားေလေတာ့သည္။
ဝယ္မည့္ဆိုင္ကိုေရာက္ေတာ့လည္းဆိုင္ထဲမွာကလူေတြအမ်ားႀကီးေတာ့မရွိေသာေၾကာင့္လြတ္လြတ္လပ္လပ္ေ႐ြးလို႔ရတာတစ္ခုေကာင္းေလသည္။
"Hyung....ဒိအေရာင္ေလးဘယ္လိုေနလည္းဟင္"
"အင္း.....မဆိုးပါဘူး...ဒါမဲ့အေရာင္ကအရမ္းေဖ်ာ့ေနသလားလို႔ ေဖ်ာ့ရင္ေပတဲ့အခါသိသာတယ္ေလ"
"ေအးေနာ္...Hyungေျပာတာလည္းဟုတ္တယ္ "
ဘယ္ေလာက္ပဲအေရာင္ေဖ်ာ့ေတြႀကိဳက္တတ္ပါေစသူ႕Hyungကအႀကံေပးေတာ့ခ်က္ခ်င္းေျပာင္းကာေနာက္တစ္ခုကိုေကာက္ယူလိုက္ေသာHyunjunရယ္ပါ။
ထို႔ေနာက္အျပာရင့္ေရာင္အိပ္ယာခင္းတစ္ခုကိုယူျပလာျပန္သည့္Hyunjun။
"ဒါေလးေရာ ဘယ္လိုေနလည္းHyung"
"အင္း..ဒီတစ္ခုေလးမဆိုးဘူး အေရာင္လြင္လြင္ေလး"
"okok ဒါဆိုဒါပဲယူလိုက္ေတာ့မယ္"
Jaehyunလည္းႀကိဳက္သည္ဆိုေရာခ်က္ခ်င္းကိုယူမယ္လုပ္ေနသည့္Hyunjunအားၾကည့္ကာတစ္ျခားသူျမင္လွ်င္ေတာ့အိပ္ယာခင္းကHyunjunအတြက္လားJaehyunအတြက္လားပင္မသဲကြဲေတာ့ေခ်။
"Hyungဗိုက္မဆာဘူးလား "
အခ်ိန္အားျဖင့္လည္းညေနခင္းေလးနာရီကိုထိုးေနၿပီျဖစ္တာမလို႔အနည္းငယ္ေတာ့ဆာေနေသာေၾကာင့္သူေခါင္းအသာေလးၿငိမ့္မိသည္။
"ဒါဆို...ကြၽန္ေတာ္သိတဲ့Sushiဆိုင္တစ္ဆိုင္ဒီနားမွာရွိတယ္ သြားစားရေအာင္"
Hyunjunကေတာ့Jaehyunနဲ႕အခ်ိန္အတူျဖဳန္းရမည္ဆိုလွ်င္ေပ်ာ္ေနေသာသူေလးပီပီအခုလည္းJaehyunလက္ကိုဆြဲကာေခၚသြားျပန္ေလသည္။
ဆိုင္ထဲသို႔ေရာက္ေတာ့လည္း
"Hyungရယ္...ကေလးလည္းမဟုတ္တာကိုfish sauceေတြေမးေစ့မွာေပေနၿပီ"
ဆိုကာတစ္ယုတစ္ယလာသုတ္ေပးျပန္သည္။
"Junnie....Hyungကိုယ့္ဘာသာကိုသုတ္လည္းရပါတယ္ ဒိေလာက္ထိလိုက္လုပ္ေပးစရာမလိုပါဘူး"
"ဟာ....Hyungကလည္း ကြၽန္ေတာ္ကHyungက္ုခ်စ္လြန္းလို႔လုပ္ေပးခ်င္တာေလ "
ဒီတစ္ခါေျပာလာသည့္Hyunjunရဲ႕စကားေၾကာင့္Jaehyunမွာရွက္ေသြးျဖာသြားၿပီးမၾကားခ်င္ေယာင္ေဆာင္ကာအစားကိုပဲဆက္စားေနလိုက္သည္။
သူခ်စ္တယ္ဟုပါးစပ္ကေျပာလိုက္တိုင္းမသိခ်င္ေယာင္ေဆာင္ေနတတ္သည့္Jaehyunကိုလည္းHyunjunတစ္ကယ္အားမရေတာ့ေခ်။ သူ႕အခ်စ္ေတြကိုJaehyunကတစ္ကယ္မယုံတာလား။ playတယ္လို႔ပဲထင္ေနလို႔မ်ားလား။
ေဝခြဲမရေတာ့ေခ်။ ေသခ်ာတာတစ္ခုကေတာ့Hyunjun Jaehyunကိုစိတ္ႏွစ္ၿပီးေျပာျပမွရေတာ့မည္။
................
Jaehyunခမ်ာမွာလည္းေစ်းအတူလိုက္ဝယ္ေပးၿပီးတာေတာင္မွHyunjunရဲ႕ အိပ္ယာခင္းတစ္ေယာက္တည္းမခင္းတတ္လို႔ဆိုသည့္အေျပာေၾကာင့္ထပ္ၿပီးသူ႕အိမ္သို႔လိုက္သြားရျပန္ပါသည္။ Jaehyunကေတာ့Hyunjunကိုအျပစ္မျမင္ရက္ပါေလ။
ေ႐ႊဇြန္းကိုက္ၿပီးေမြးလာတဲ့သားေလးတစ္ေယာက္ျဖစ္ေတာ့ဒီလိုအလုပ္ေတြသူတစ္ေယာက္တည္းမလုပ္တတ္တာမဆန္းဘူးဟုလည္းေတြးမိေသာေၾကာင့္ျဖစ္သည္။
"ဒါကဒီလိုလွည့္ရမွာထင္တယ္Hyung"
"အယ္....မဟုတ္ဘူးJunnieရဲ႕ ေပးဒီကို Hyungလုပ္ေပးမယ္"
ဆိုကာစနစ္တက်အိပ္ယာခင္းခင္းနည္းကိုျပေနသည့္Jaehyunရဲ႕ပုံစံေလးကိုၾကည့္ကာHyunjunၿပဳံးမိသည္။
သူသေဘာက်ေနရသူေလးကသိပ္ကိုၾကည့္လွတာပဲ။ အခုလိုသူ႕ကိုသင္ျပေနပုံကလည္းမသိရင္သူနဲ႕လက္ထပ္ယူၿပီးသြားတဲ့သူလိုလို။ေျပာရမည္ဆိုလွ်င္ၾကင္စဦးေမာင္ႏွံေတြလိုလို။ အဲ့ေလာက္ထိေတာ့မမွန္းရဲေသးေပမဲ့လည္းလက္ရွိျမင္ေတြ႕ေနရသည့္ျမင္ကြင္းေလးေၾကာင့္Hyunjunေလာဘတို႔ပိုတက္လာခဲ့ပါသည္။
Hyunjunကိုေက်ာခိုင္းထားၿပီးအိပ္ယာခင္းခင္းနည္းကိုသာေသခ်ာေျပာျပၿပီးလုပ္ျပေနသည့္Jaehyunကေတာ့သူ႕ေနာက္ကေနၿပဳံးၿပဳံးႀကီးၾကည့္ေနသူကိုေတာ့ဘယ္ျမင္နိုင္ပါ့မလည္း။
ျပေနရင္းတန္းလန္းမွာပဲ႐ုတ္တစ္ရက္Jaehyunရဲ႕ခါးေနာက္ကေနေရာက္ရွိလာသည့္Hyunjunရဲ႕လက္တစ္စုံ.....။
အေနာက္ကေနဆြဲယူသိမ္းေပြ႕ကာဖက္ျခင္းခံလိုက္ရသည္မလို႔Jaehyunေက်ာတစ္ခုလုံးႏြေးေထြးသြားရေတာ့သည္။ဒါ့အျပင္ကိုသူ႕ရဲ႕ဂုတ္ပိုးေနရာေလးကိုပါႏွာေခါင္းေလးနဲ႕အသာထိကာနမ္းရႈံ႕လာသည့္Hyunjun။
"Junnie!....ဘာလုပ္တာလည္း!!"
အနည္းငယ္သူ႕ရင္ခြင္ထဲမွ႐ုန္းလာေတာ့Hyunjunကမလႊတ္ေပးေသးပဲ
"ကြၽန္ေတာ္Hyungကိုခ်စ္လြန္းလို႔ပါ Hyungရယ္....."
ေျပာလိုက္သည့္စကားေၾကာင့္Jaehyunမွာလည္းအေျဖျပန္ေပးစရာမရွိေနပါ။
သူေမးလိုက္ေတာ့ဘာမွျပန္ၿပီးမတုံ႕ျပန္လာသည္ျဖစ္တာမလို႔ေနာက္ကေနဖက္ထားရာကေနလႊတ္လိုက္ၿပီးသူနဲ႕မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။ ထိုအခ်ိန္ထိJaehyunမွာHyunjunမ်က္လုံးကိုတည့္တည့္ေတာင္မၾကည့္ပါ။
"ကြၽန္ေတာ့္ကိုေရာ မခ်စ္ဘူးလားHyung"
"Hyungေျပာၿပီးၿပီေလ Junnie....Hyungမွာသေဘာက်ရေနတဲ့သူရွိတယ္လို႔ Junnieလည္းသိၿပီးသားပဲ"
"ဒါေပမဲ့.....Hyungကြၽန္ေတာ့္အတြက္အခ်ိန္ယူၿပီးစဥ္းစားေပးမယ္ေျပာထားတယ္ေလ အခုေတာင္ကြၽန္ေတာ္Hyungကိုဖြင့္ေျပာထားတာတစ္လေက်ာ္ၿပီ Hyungဘက္ကဘာမွတုန့္ျပန္မႈမရွိေသးဘူး"
Hyunjunေျပာသည္မ်ားကလည္းအမွန္တရားေတြျဖစ္ေနသည္မလို႔Jaehyunမွာသက္ျပင္းခ်႐ုံမွတစ္ပါးမတတ္သာေခ်။
"Hyung........"
ညင္သာစြာေခၚလိုက္ရင္းHyunjunရဲ႕လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားဟာJaehyunရဲ႕ေမးထက္သို႔ေရာက္ရွိသြားၿပီးအၾကည့္ခ်င္းဆုံေစရန္ဆြဲယူလိုက္မိသည္။
Jaehyunရဲ႕ၾကည္လင္ေတာက္ပေနေသာမ်က္ဝန္းမ်ားေၾကာင့္Hyunjunႏွလုံးသားေလးအဘယ္နည္းနဲ႕မွခံနိုင္ရည္မရွိေတာ့ေခ်။ထို႔ေၾကာင့္ေနာက္လက္တစ္ဖက္ကပါJaehyunမ်က္ႏွာေလးအားတစ္ယုတစ္ယကိုင္လိုက္ၿပီးႏႈတ္ခမ္းႏွစ္ခုအားဆုံမိေစရန္အနီးသို႔တိုးသြားလိုက္သည္။
သူ႕အားနမ္းမည္ႀကံေနသည့္HyunjunအားJaehyunပုံေသအတိုင္းပင္ရပ္ၾကည့္ေနရေလသည္။ အမွန္ကသူ႕စိတ္ထဲမွာေဝခြဲရခက္ေနျခင္းသာ။ Hyunjunကသူ႕အေပၚခ်စ္ျမတ္နိုးေပးတာကိုသူသိပါသည္။ ခံလည္းခံစားမိသည္။ သို႔ေပမဲ့တူညီသည့္ခံစားခ်က္မ်ိဳးကိုေတာ့မေပးနိုင္တာသူ႕အျပစ္မွမဟုတ္ဘဲ။
ႏႈတ္ခမ္းပါးေလးႏွစ္ခုဟာထိ႐ုံမွ်ရွိေသး....႐ုတ္တစ္ရက္Hyunjunရင္ဘတ္ကိုတြန္းထုတ္ၿပီးမ်က္ႏွာျပန္လႊဲသြားမိသည္။
"ေတာင္းပန္ပါတယ္ Junnie.....ငါမင္းကိုတူညီတဲ့ခံစားခ်က္ေတြမေပးနိုင္ဘူး"
ျငင္းျခင္းခံလိုက္ရေပမဲ့လည္းHyunjunကလက္မေလွ်ာ့ေသးပါ။
"Hyungဘဝကေနထြက္သြားခဲ့တဲ့ေကာင္ကိုအဲ့ေလာက္ခ်စ္တာလား ဟမ္!!! သူကHyungအတြက္ဘာေတြမ်ားလုပ္ေပးခဲ့လို႔လည္း Hyungဆီျပန္လာမယ္ဆိုတာေတာင္မေသခ်ာတဲ့သူတစ္ေယာက္ကိုတြယ္ၿငိေနမဲ့အစား Hyungကိုလက္ရွိအခ်ိန္မွာဂ႐ုစိုက္ၿပီးခ်စ္ေပးေနတဲ့ကြၽန္ေတာ့္ကိုေရာ ဘာလို႔မေ႐ြးခ်ယ္ခ်င္ရတာလည္း!!!!!"
Hyunjunေျပာလာသည့္အမွန္တရားေတြအားJaehyunမခံစားနိုင္ေတာ့ပါ။
Jaehyunရဲ႕ပခုံးႏွစ္ဖက္ကိုေသခ်ာဆုပ္ကိုင္လိုက္ၿပီး
"အဲ့ေကာင္မွာကြၽန္ေတာ့္ထက္ဘာေတြမ်ားသာေနတာရွိလို႔လည္းHyungရဲ႕ "
"အဲ့လိုမဟုတ္ဘူး Junnie....Hyungမေ႐ြးခ်ယ္တာကဘယ္သူကဘယ္သူ႕ထက္ပိုသာလည္းဆိုတာနဲ႕မဆိုင္ဘူး Hyung Junnieကိုခ်စ္ဖို႔ႀကိဳးစားခဲ့ပါေသးတယ္ ဒါေပမဲ့............HyungႏွလုံးသားထဲမွာJuyeonတစ္ေယာက္ပဲရွိတယ္"
Jaehyunေျပာစကားေတြရဲ႕အဆုံးသတ္မွာေတာ့Hyunjunတစ္ေယာက္ကိုင္ထားမိသည့္လက္ေတြေတာင္ေျဖေလ်ာ့ကာမ်က္ဝန္းထဲကပင္မ်က္ရည္က်လဳနီးနီးျဖစ္လာရေတာ့သည္။
"HyungႏွလုံးသားထဲမွာJuyeonတစ္ေယာက္ပဲရွိတယ္" ဆိုတဲ့စကားဟာHyunjunရင္ကိုဓားနဲ႕အစိမ္းလိုက္ခြဲလိုက္သကဲ့သို႔ပင္နာက်င္ရပါသည္ေလ။
"ကြၽန္ေတာ္...နားလည္ပါၿပီ Hyung.....ဒါဆိုကြၽန္ေတာ့္အတြက္လည္းေမွ်ာ္လင့္ခ်က္ေလးေတာင္မရွိေတာ့ဘူးေပါ့ေနာ္"
အဆုံးစြန္ထိေမွ်ာ္လင့္ခ်က္ေတြထားမိပါေသာ္လည္းJaehyunရဲ႕မ်က္ဝန္းေတြကေနေရာႏႈတ္ခမ္းဖ်ားကေနပါ "ေတာင္းပန္ပါတယ္ Junnie" ဆိုတဲ့စကားေၾကာင့္ထားခဲ့မိသည့္ေမွ်ာ္လင့္ခ်က္ေလးေတြဟာရိုက္ခ်ိဳးခံလိုက္ရသလိုပင္။
က်လာခါနီးမ်က္ရည္ေတြကိုျပန္သြင္းရင္း
"Hyungျပန္ေတာ့မယ္မလား ေနာက္က်ေနလိမ့္မယ္ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္"
ဆိုကာစားပြဲေပၚမွကားေသာ့ကိုယူၿပီးအရင္ထြက္သြားသူHyunjun။ Jaehyunမွာေတာ့သနားၿပီးေတာင္းပန္႐ုံကလြဲလို႔မတတ္နိုင္ခဲ့ပါေလ။
......................
ကားေပၚကေနဆင္းခါနီးသည္အထိသူ႕မ်က္ႏွာကိုေတာင္ေသခ်ာမၾကည့္ဘဲအေရွ႕ဘဲလွည့္ထားသည့္Hyunjunေၾကာင့္Jaehyunအေနခက္ရျပန္ပါသည္။
"Junnie Hyungကိုစိတ္ဆိုးေနတာလားဟင္"
ေမးတတ္ပါတယ္Lee Jaehyunရယ္....ဒီေလာက္ထိခ်စ္တယ္တစ္ဖြဖြေျပာတာေတာင္မေသခ်ာေနတဲ့လူတစ္ေယာက္ကိုေ႐ြးခ်ယ္ထားၿပီးမွစိတ္ဆိုးေနတာလားဆိုေတာ့Hyunjunဘယ္လိုေတာင္ျပန္ေျဖရပ။
"ကြၽန္ေတာ့္မွာစိတ္ဆိုးပိုင္ခြင့္ေကာရွိလို႔လားHyungရယ္.........ကြၽန္ေတာ္စိတ္ဆိုးရမယ္ဆိုရင္ေတာင္မွHyungက ကြၽန္ေတာ့္အပိုင္ျဖစ္ဦးမွေလ"
"အင္းပါ.....Hyungေမးမိတာမွားသြားပါတယ္ ဒါဆိုသြားေတာ့မယ္ ကားဂ႐ုစိုက္ေမာင္း"
ကားထဲမွထြက္ၿပီးအိမ္ထဲကိုဝင္သြားသည္အထိHyunjunမသိမသာလိုက္ၾကည့္မိပါသည္။သူ႕အပိုင္ျဖစ္လာလိမ့္မည္ဟုထင္ခဲ့ေသာသူတစ္ေယာက္ကမျဖစ္လာနိုင္ေတာ့ပါေလ။
....................
"သားမ်က္ႏွာလည္းမေကာင္းပါလား တစ္ခုခုစိတ္ညစ္စရာမ်ားရွိေနလို႔လား"
ညစာအတူစားေနရင္းJaehyunရဲ႕ပုံကိုရိပ္မိသည့္အေမျဖစ္သူမွေမးလာေတာ့Jaehyunကေခါင္းေလးအသာခါျပသည္။
"သားဒီအတိုင္းပဲ နည္းနည္းပင္ပန္းေနလို႔ပါ"
"ေအာ္...ဒါဆိုသားညစာစားၿပီးရင္အားေဆးႏွစ္လုံးေလာက္ေသာက္လိုက္ေပါ့ မင္းအေမေပးလိမ့္မယ္"
"ဟုတ္ကဲ့ပါ Appa"
ညစာစားၿပီးသြားေတာ့အေမျဖစ္သူမွေဆးလာေပးသည္မလို႔Jaehyunလည္းယူကာေသာက္လိုက္မိသည္။သို႔ေပမဲ့တစ္ခုထူးျခားေနသည္ကေဆးတစ္လုံးဟာသူေသာက္ေနက်တစ္လုံးဆိုေပမဲ့ေနာက္တစ္လုံးကေတာ့သူေသာက္ေနက်ဟာမဟုတ္ေပ။
"Omma ဒီတစ္လုံးကလည္းအားေဆးပဲလား"
"ဟုတ္တယ္ေလ သားရဲ႕ဘာလို႔လည္း"
"ေအာ္...ပုံစံမတူေနလို႔ပါ ရပါတယ္ သားေသာက္လိုက္ပါ့မယ္"
"ဟုတ္ပါၿပီ ဒါဆိုေဆးေသာက္ၿပီးရင္ေစာေစာအိပ္ေနာ္"
"ဟုတ္ကဲ့ပါ Omma"
Jaehyunလည္းသူ႕အေမအခန္းထဲကထြက္သြားသည္ႏွင့္စစ္စရာရွိေသးသည့္ကေလးေတြရဲ႕အိမ္စာအခ်ိဳ႕ကိုစစ္ေနရင္းညေနကHyunjunေျပာသည့္စကားမ်ားကိုျပန္ၾကားေယာင္လာျပန္သည္။
Juyeonရဲ႕သတင္းအစနေလးေတာင္မသိရဘဲေဝးကြာေနရသည္မွာႏွစ္အေတာ္ေလးၾကာေနၿပီျဖစ္သည္။ ေန႕ရက္တိုင္းလည္းJuyeonကိုေမ့မရခဲ့ဘဲလြမ္းဆြတ္ေနခဲ့သည္။ ျပန္လာမွာပါဟူေသာစကားအားယုံၾကည္လက္ကိုင္ထားမိရင္းေစာင့္ေနခဲ့သည္မွာလည္းၾကာခဲ့ပါၿပီလား။
ဒါေပမဲ့သူကပဲေစာင့္ေနရသည္ဆိုလွ်င္ေရာ? Hyunjunေျပာသလိုမေသခ်ာေတာ့တဲ့သူကိုေစာင့္ေနသည္ဆိုလွ်င္ေရာ?
Juyeonဟာတစ္ကယ္ပဲအဲ့ေန႕ကတည္းကေနJaehyunဘဝထဲကေနထြက္သြားခဲ့ၿပီလား။ ျပန္မလာေတာ့ဘူးလား။
ေတြးရင္းေတြးရင္းမ်က္ရည္စက္တို႔ဟာစားပြဲခုံေပၚသို႔တစ္ေပါက္ခ်င္းက်လာေတာ့သည္။ငိုေနတာေတာ့မဟုတ္ မ်က္ရည္က်ျခင္းသာ။ အေသလိုက္မ်က္ႏွာထားႏွင့္ပင္ မ်က္ဝန္းႏွစ္စုံမွက်လာေသာမ်က္ရည္ေပါက္မ်ားဟာစားပြဲခုံေပၚသို႔ေနရာယူေလသည္။
ထိုစဥ္Jaehyunေခါင္းထဲမွာမိုက္ခနဲမူးေဝျခင္းကိုခံစားလိုက္ရသည္မလို႔စားပြဲခုံကိုအျမန္ကိုင္လိုက္ရသည္။
"အား....ေခါင္းမူးလိုက္တာ!"
႐ုတ္တစ္ရက္ႀကီးအေကာင္းကေနေခါင္းေနာက္လာသျဖင့္Jaehyunလည္းေသခ်ာမသိေတာ့။နားထင္ႏွစ္ဖက္ကိုလည္းလက္ႏွစ္ဖက္နဲ႕နာနာဖိထားရင္းထကာအားယူလိုက္သည္။
အျမင္အာ႐ုံေတြပါေဝဝါးလာသည္မလို႔သူေခါင္းေတာ္ေတာ္ေလးမူးလာသည္ဟုလည္းခံစားမိပါသည္။ဒါေၾကာင့္အနားရွိအိတ္ထဲမွသူေန႕လည္ကဝယ္လာေသာပ်ားသံပုရာအခ်ိဳရည္ဘူးအားျမန္ျမန္ထုတ္ကာအနည္းငယ္ေသာက္လိုက္ေတာ့မွပဲသက္သာေလေတာ့သည္။
"ငါဘာလို႔ျဖစ္တာပါလည္း....အရင္ကဆိုဒီေလာက္ထိမမူးဖူးပါဘူး "
သူ႕ဟာသူေရ႐ြတ္ေနရင္းေခါင္းမူးတာကလည္းအရွင္းမေပ်ာက္ေသးသည္မလို႔အိပ္ရန္သာဆုံးျဖတ္လိုက္ေတာ့သည္။ သူအရမ္းကိုလည္းအိပ္ခ်င္ေနၿပီေလ။
Jaehyunခုတင္ထက္မွာအိပ္ေပ်ာ္သြားသည္ႏွင့္အိပ္ခန္းတံခါးဟာလည္းပြင့္လာခဲ့သည္။အထဲေတာ့ဝင္ျခင္းမရွိဘဲခ်က္ခ်င္းျပန္ပိတ္သြားပါသည္။
......................
"Jaehyun အိပ္ေပ်ာ္သြားၿပီ ရွင္ဟိုလူေတြကိုဖုန္းဆက္လိုက္ေတာ့!"
ေလွကားအဆုံးမွာရပ္ေနသည့္မိန္းမျဖစ္သူစကားေၾကာင့္ေယာက်ာ္းျဖစ္သူဟာပစၥည္းတစ္ခ်ိဳ႕ကိုသိမ္းဆည္းေနရင္း
"ေသခ်ာလား အိပ္ေပ်ာ္သြားတာ ေတာ္ၾကာလမ္းမွာတင္နိုးလာမွျဖင့္ငါတို႔အကုန္ျပႆနာတက္ေနမယ္"
"ေအာ္...ေသခ်ာပါတယ္ရွင္ကလည္း ရွင္ေပးတဲ့ေဆးလည္းကြၽန္မတိုက္လိုက္တယ္ အခုလည္းသူ႕အခန္းထဲကေနကိုၾကည့္ၿပီးေတာ့မွလာေျပာတာ"
"အင္းပါ ေသခ်ာရင္လည္းၿပီးတာပဲငါတို႔လည္းပစၥည္းေတြသိမ္းစရာရွိတာသိမ္းထားရမယ္ Jaehyunကိုေပးၿပီးလို႔ပိုက္ဆံအၿပီးရတာနဲ႕USကိုခ်က္ခ်င္းေရွာင္ရမယ္"
"ဒါနဲ႕....Jaehyunကိုတစ္္္္ကယ္ပဲေပးရေတာ့မွာေနာ္ "
သနားဂ႐ုဏာသက္သလိုလိုေလသံျဖင့္ေျပာလာသည့္မိန္းမျဖစ္သူရဲ႕စကားကိုေယာက်ာ္းျဖစ္သူကမ်က္ေမွာင္ၾကဳတ္ကာၾကည့္ရင္း
"ဘာလည္း မင္းကငယ္ငယ္ေလးကတည္းကထိန္းလာတာဆိုေတာ့သံေယာဇဥ္ရွိေနတာလား!!"
"အဲ့လိုရယ္လည္းမဟူတ္ပါဘူး လူေကာင္းေလးဆိုေတာ့ဟိုဘက္ကိုေပးဖို႔က်...."
"ေတာ္စမ္း!!!! မင္းအဲ့လိုေတြေပ်ာ့ညံ့လြန္းလို႔ငါနဲ႕မရခင္ကဘယ္ေလာက္ထိသူတစ္ပါးအနိုင္က်င့္တာခံခဲ့ရၿပီးၿပီလည္း ဟမ္!!! မင္းကိုေပ်ာ့ညံ့ဖို႔အတြက္ငါမသင္ေပးထားဘူးေနာ္ Jaehyunအေပၚသံေယာဇဥ္ရွိေနတယ္ဆိုလည္းခ်က္ခ်င္းျဖတ္! အခ်ိန္တန္ရင္ဟိုဘက္ကိုေပးရမွာေတြခ်ည္းပဲ!!"
ေယာက်ာ္းျဖစ္သူရဲ႕ေအာ္ေငါက္မႈေၾကာင့္မိန္းမျဖစ္သူမွာလည္းပါးစပ္ပိတ္သြား႐ုံမွလြဲၿပီးမတတ္သာေတာ့ေခ်။
လင္မယားႏွစ္ေယာက္ေအာက္ထပ္မွာတင္ပစၥည္းမ်ားထုတ္ပိုးၿပီးခါစရွိေသး အိမ္တံခါးသို႔ဘဲလိတီးသံၾကားေလသည္။
"ေဟာ....ဟိုလူေတြလာၿပီထင္တယ္ ငါတံခါးသြားဖြင့္လိုက္ဦးမယ္"
ေျပာေျပာဆိုဆိုျဖင့္ေယာက်ာ္းျဖစ္သူမွတံခါးဖြင့္ေပးလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ျမင္လိုက္ရသည္ကသူေမွ်ာ္မွန္းထားသည့္သူမဟုတ္ပါဘဲအနက္ေရာင္leather jacket ကိုဝတ္ဆင္ထားၿပီးေဒါသထြက္ေနသည့္မ်က္ဝန္းမ်ားျဖင့္စူးရွစြာၾကည့္လာသည့္သူစိမ္းလူတစ္ေယာက္ကိုေတြ႕လိုက္ရသည္။
"ခင္ဗ်ား ဘယ္သူလည္း!!!"
ေမး႐ုံသာေမးရသည္ရွိေသး ထိုလူ႕ဆီမွခ်ိန္႐ြယ္လာေသာေသနတ္။
"ေစာက္စကားမမ်ားနဲ႕ "
ဆိုကာေသနတ္ျဖင့္ခ်ိန္ၿပီးလက္ကိုလွမ္းဆြဲကာခ်ဳပ္လိုက္သည္။ေယာက်ာ္းျဖစ္သူမွအေတာ္ေလးလန့္ျဖန့္သြားၿပီးေျခမကိုင္မိလက္မကိုင္မိျဖစ္ကာတုန္လႈပ္လာေလေတာ့သည္။
မိန္းမျဖစ္သူမွာလည္းအိမ္ထဲသို႔သူ႕ေယာက်ာ္းအားေသနတ္ျဖင့္ခ်ိန္ထားသည့္သူရယ္နဲ႕အတူတစ္ျခားလူငါးေယာက္ေလာက္ကပါထပ္ဝင္လာသည္မလို႔အေတာ္ေလးေၾကာက္႐ြံ႕ေနသည္။
"ရွင္တို႔ကဘယ္သူေတြလည္း ဘာလိုခ်င္လို႔အခုလိုမ်ိဳးသူမ်ားအိမ္ထဲပိုင္စိုးပိုင္နက္ဝင္လာရတာလည္း!!!"
"ဟက္! ဒါဆိုကြၽန္ေတာ္ကလည္းေမးပါဦးမယ္ ဘာလို႔ပိုင္စိုးပိုင္နက္နဲ႕သူမ်ားသားသမီးကိုေရာင္းစားဖို႔လုပ္ရတာလည္း"
Juyeonေမးလာသည့္ေမးခြန္းေၾကာင့္ႏွစ္ေယာက္စလုံးတုန္လႈပ္သြားၾကသည္မွာသိသာလြန္းလွပါသည္။
"ဘာ...ဘာ..ကိုေျပာခ်င္ေနတာလည္း!!!"
"ဒိုင္း!!!!"
"မသိခ်င္ေယာင္ေဆာင္မေနနဲ႕!'
က်ယ္ေလာင္လွစြာေသာေသနတ္သံတစ္ခ်က္ႏွင့္အတူေအာ္ဟစ္လိုက္ေသာJuyeonရဲ႕အသံတို႔တြင္ေဒါသအျပည့္ပါေနေလသည္။
သူပစ္လိုက္သည့္အနားကပန္းအိုးဟာလည္းၾကမ္းျပင္ေပၚသို႔အစိတ္စိတ္အႁမႊာႁမႊာျဖစ္သြားေစျပန္သည္ကိုျမင္ပါေသာ္လည္းအေပၚထပ္တစ္ေနရာမွာအိပ္ေပ်ာ္ေနသည့္ေကာင္ေလးဟာလည္းနိုးလာသည္ကိုေတာ့သူမသိပါေလ။
.................
က်ယ္ေလာင္လွပါေသာဆူညံသံတစ္ခုေၾကာင့္Jaehyunလွဲေနရာမွဆတ္ခနဲပင္မ်က္လုံးပြင့္လာရေတာ့သည္။ မ်က္လုံးပြင့္သည္ႏွင့္အတူစူးခနဲထိုးကိုက္လာေသာေခါင္းေၾကာင့္လည္းအားယူကာထရေသးသည္။
"ေစာနကၾကားလိုက္တာဘာအသံလည္း"
အသံဟာေတာ္ေတာ္ေလးကိုက်ယ္ေလာင္သည္မလို႔အိမ္ေအာက္ထပ္ကျဖစ္မည္မွန္းသူခန့္မွန္းမိပါသည္။ထို႔ေၾကာင့္အားယူကာသြားရင္းအခန္းတံခါးဝကိုေရာက္ေတာ့ေနာက္တစ္ေခါက္ၾကားလိုက္ရသည့္ထိုအသံ။
"ဒိုင္း!!!!"
Jaehyunရဲ႕တံခါးကိုဖြင့္ခါနီးလက္တို႔တုန့္ဆိုင္းသြားရေတာ့သည္။
"ဒါ....ေသနတ္သံလား?"
သူမသကၤါေတာ့ေခ်။ ဒါဆိုဘယ္လိုကေနဘယ္လိုမ်ိဳးေၾကာင့္သူတို႔အိမ္ထဲမွာေသနတ္သံၾကားရတာလည္း။ လူဆိုးေတြေရာက္ေနတာျဖစ္ေကာင္းျဖစ္လိမ့္မည္ဟုေတြးရင္းJaehyunတံခါးကိုအသာေလးဖြင့္ကာေအာက္ထပ္ကိုဆင္းရန္ႀကံ႐ြယ္လိုက္သည္။
သူ႕မိဘေတြကေအာက္ထပ္မွာျဖစ္ေနပါကပို၍စိုးရိမ္ရမည္ေလ။ Jaehyunသူ႕အခန္းကေနမိဘေတြအခန္းကိုျဖတ္ေတာ့အခန္းတံခါးကပြင့္ေနၿပီးမည္သူမွ်မရွိေန။ ဒါဆိုေသခ်ာၿပီ သူ႕မိဘေတြေအာက္ထပ္မွာ။
စိုးရိမ္စိတ္နဲ႕အတူေၾကာက္စိတ္တို႔ကလႊမ္းမိုးလာပါေသာ္လည္းေယာက်ာ္းပီပီမိဘႏွစ္ပါးအားအႏၱရာယ္ႀကဳံေနမွာစိုး၍သူအားတင္းၿပီးလာခဲ့လိုက္သည္။
ေလွကားအဆင္းမွာလည္းေျခသံၾကား႐ုံမွ်သာေျဖးေျဖးခ်င္းတစ္ထစ္ခ်င္းဆင္းလာခဲ့သည္။
"ေျပာေလ!!!!! ဘာလို႔သူမ်ားကေလးကိုယူသြားခဲ့တာလည္း!!!"
ေအာ္ေငါက္ကာေျပာလိုက္သည့္အသံေၾကာင့္Jaehyunဆင္းေနရင္းမွာပင္ထပ္ၿပီးတြန့္ဆုတ္သြားရျပန္သည္။ သို႔ေပမဲ့လည္းဒီေလသံဟာၾကားဖူးေနသည့္ေလသံလိုလို။
"ငါဒီအသံကိုသိသလိုလိုပဲ.....ဘယ္သူေတြေရာက္ေနတာလည္း ငါစိတ္ညစ္လာၿပီ"
စိတ္ထဲမွာေရ႐ြတ္လိုက္ရင္းေလွကားကေနထပ္ဆင္းလာခဲ့သည္။ကံေကာင္းသည္တစ္ခုကေလွကားမီးကိုပိတ္ထားသည္မလို႔သူေအာက္ဆုံးထိဆင္းလွ်င္ေတာင္ေသခ်ာသတိမထားမိေသးမွာမဟုတ္ေခ်။
ဆင္းရင္းဆင္းရင္းေအာက္ထပ္ကျမင္ကြင္းဟာပို၍သိသာလာခဲ့သည္။ အနက္ေရာင္ဝတ္စုံႏွင့္လူတစ္ေယာက္ကရပ္ေနသည္ကိုလည္းေတြ႕ရသည္။ ထိုလူ႕ရဲ႕ေရွ႕မွာဒူးေထာက္လ်က္ေနေနရသူေတြကိုၾကည့္လိုက္ေတာ့သူရဲ႕မိဘႏွစ္ပါးျဖစ္ေနသည္။
က်န္သည့္သူမ်ားကမိဘႏွစ္ပါးလုံးကိုခ်ဳပ္ကိုင္ထာၿပီးအေရွ႕မွာရပ္ေနသည့္သူကတစ္ခုခုျဖင့္ခ်ိန္႐ြယ္ေနသည္ကိုေတြ႕လိုက္ရသည္မလို႔Jaehyunစိုးရိမ္စိတ္တို႔ကပို၍ပင္မ်ားလာရေတာ့သည္။
ေသခ်ာေအာင္ၾကည့္မိေတာ့သူအေပၚထပ္မွာၾကားခဲ့သည့္ေသနတ္သံရဲ႕တရားခံအစစ္ကိုေတြ႕ေလသည္။ ထိုေသနတ္ျဖင့္မိဘႏွစ္ပါးဟာလည္းခ်ိန္႐ြယ္ထားျခင္းကိုခံေနရသည္။
Jaehyunနားမလည္နိုင္ေတာ့ပါ။ အဘယ္ေၾကာင့္မ်ားခ်က္ခ်င္းႀကီးသူ႕မိဘေတြကအခုလိုျဖစ္ေနရတာလည္း။ ေၾကာက္စိတ္တို႔ဟာလည္းပို၍ပင္ေရာက္လာခဲ့သည္။ အသံမထြက္မိေစရန္ပါးစပ္ကိုလက္ျဖင့္အုပ္ထားမိရင္းေလွကားကေနသာသာေလးထပ္ဆင္းလာလိုက္သည္။
"မင္းတို႔ငါ့ကိုမေျပာဘူးေပါ့!!!!ယုတ္မာတုန္းက်ေတာ့ယုတ္မာၾကၿပီးအခုမွေရငုံႏႈတ္ပိတ္ေနလည္းမထူးဘူးေနာ္!!!"
အနက္ေရာင္ဝတ္စုံနဲ႕လူကဘာေတြအဲ့ေလာက္ေတာင္ေဒါသထြက္ေနလည္းမသိ စကားတစ္ခုေျပာလိုက္တိုင္းေဒါသသံအျပည့္နဲ႕မလို႔ၾကားေနရသည့္Jaehyunေတာင္အေတာ္ေလးတုန္လႈပ္ေနရသည္။
"သူမ်ားကေလးကိုခိုးယူတဲ့အျပစ္ရယ္ ေရငုံႏႈတ္ပိတ္ေနတဲ့အျပစ္ရယ္ မင္းတို႔ကိုအျပစ္ေပးမွရေတာ့မယ္!!!"
အျပစ္ေပးမယ္? Jaehyunပို၍ပင္ထိတ္လန့္လာရေတာ့သည္။ ထိုစဥ္သူသြားသတိရမိသည္ကရဲကိုဖုန္းဆက္ရန္ပင္ျဖစ္သည္။ ေဘာင္းဘီအိပ္ကပ္ထဲမွာဖုန္းကိုထုတ္ၾကည့္ေတာ့ဖုန္းကမပြင့္လာျပန္ေသာေၾကာင့္ပို၍တုန္လႈပ္လာျပန္သည္။
သူဘာလုပ္ရမလည္း အခုခ်ိန္မွာဘာလုပ္ရမွာလည္း။ သူ႕မိဘေတြအသက္အႏၱရာယ္နဲ႕ႀကဳံေနရခ်ိန္မွာသူဘာလုပ္ရမွာလည္း။ေတြးရင္းႏွင့္ပင္ငိုမိျပန္ပါသည္။သို႔ေပမဲ့အသံေတာ့မထြက္ရဲ။
ထိုစဥ္႐ုန္းရင္းဆန္ခတ္တစ္ခုကျဖစ္ပ်က္သြားသည္။ ဒူးေထာက္ေနရင္းသူ႕အေဖမွာခ်ဳပ္ထားသည့္လူေတြထဲကတစ္ေယာက္ကိုေခါင္းျဖင့္တိုက္လိုက္ၿပီးျပန္လည္တိုက္ခိုက္ရန္လုပ္ေတာ့သည္။
သို႔ေပမဲ့လ်င္ျမန္သည့္Juyeonမွျပန္ဖမ္းခ်ဳပ္လိုက္ၿပီးေခါင္းကိုရိုက္လိုက္သည္မလို႔တစ္ခ်က္တည္းထဲပင္ေမ့လဲသြားေတာ့သည္။
မ်က္စိေရွ႕ေလးေလာက္မွာတင္ကိုယ့္ရဲ႕အေဖျဖစ္သူအရိုက္ခံလိုက္ရတာကိုျမင္သည္အထိJaehyunမွာေၾကာက္လြန္း၍ဘာမွေတာင္မလုပ္နိုင္ေတာ့ပါ။
"ငါဆိုတဲ့Lee Juyeonကိုေပါ့ေသးေသးမ်ားမွတ္ေနတာလား ဟမ္!!! မင္းတို႔လင္မယားႏွစ္ေယာက္လုံးကတစ္ကယ္ပဲေသခ်င္ေနၿပီလား! Bossကမသတ္ခိုင္းလို႔သာမသတ္တာ မဟုတ္ရင္မင္းတို႔ႏွစ္ေယာက္လုံးကိုငါလက္စသတ္ၿပီးတာၾကာၿပီ!!!"
ေၾကာက္လန့္ေနလို႔မၿပီးေသးခင္မွာပဲထပ္မံၾကားလိုက္ရသည့္နာမည္တစ္ခုေၾကာင့္Jaehyunအံ့အားသင့္သြားရျပန္သည္။
Lee Juyeon?
Juလား.....အသံကိုသိေနပါတယ္လို႔ေတြးမိကတည္းကထင္ေနခဲ့ေပမဲ့Juyeonဟာဤကဲ့သို႔လူဆိုးမဟုတ္ေလာက္ဘူးဟုေတြးေနခဲ့ကာမွJuyeonျဖစ္ေနသည္လား။
ရပ္ေနရင္းမွာတင္ပဲေၾကာက္စိတ္ကိုအရဲတင္းၿပီးေလွကားေအာက္ကေနဆင္းကာတစ္လွမ္းခ်င္းသြားမိသည္။
"Ju....လား...."
ငိုသံလည္းပါ ေၾကာက္႐ြံေနသံလည္းပါသည့္ေလသံေလးျဖင့္ေဘးဘက္ကေနၾကားလိုက္ရေတာ့Juyeonတစ္ကိုယ္လုံးေတာင့္တင္းသြားရသည္။
"တစ္ကယ္ပဲ Juလား!"
Juyeonေျဖးေျဖးခ်င္းလွည့္မိသြားသည္။တစ္ဖက္ကိုၾကည့္လိုက္သည့္အခ်ိန္မွာေတာ့တစ္ကိုယ္လုံးတုန္ယင္ေနၿပီးမ်က္ရည္႐ႊန္းလဲ့ေနသာမ်က္ဝန္းမ်ားျဖင့္ၾကည့္ေနသည့္သူ႕ရဲ႕Jae။
မဟုတ္ပါေစနဲ႕ဟုဆုေတာင္းေနပါေသာ္လည္းတစ္ဖက္ကိုလွည့္လာသည့္အခ်ိန္မွာေတာ့Jaehyunရဲ႕ဆုေတာင္းေတြဟာတစ္ခ်က္တည္းရိုက္ခ်ိဳးခံလိုက္ရသည့္ႏွယ္။
ဒီမ်က္ႏွာ...ဒီမ်က္ဝန္းေတြ...ဒီႏႈတ္ခမ္းပါးေလးေတြ....ဒီႏွာတံခြၽန္ျမျမေလးေတြဟာ...ဘယ္ေတာ့မွမမွားနိုင္သည့္တစ္ေယာက္။ Juyeon။
"Jae........."
မ်က္ဝန္းခ်င္းစုံကာေခၚလိုက္သည့္နာမ္စားေလး။ ဤနာမ္စားေလးကိုေခၚတာေတာင္မၾကားရတာၾကာၿပီပဲ။ သို႔ေပမဲ့ျပန္ၾကားလိုက္ရသည့္အေျခေနကမတူေတာ့။
Jaehyunနားမလည္နိုင္ေတာ့ပါ။မ်က္စိေရွ႕တြင္ရက္ရက္စက္စက္သူ႕အေဖအားရိုက္ႏွက္ခဲ့သည့္သူက သူႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ခ်စ္ခဲ့ရသည့္Juyeonျဖစ္ေနမည္ဆိုတာကိုဘယ္တုန္းကမ်ားေမွ်ာ္လင့္ထားမိပါ့မလည္းေနာ္။
စိတ္ေတြအေတာ္ေလးပင္ရႈပ္ေထြးလာရၿပီးလႊတ္ခ်လိဳက္သည့္အခ်ိန္မွာေတာ့သူ႕ရဲ႕ခႏၶာကိုယ္ဟာေျမျပင္ထက္သို႔ပစ္က်သြားခဲ့ေတာ့သည္။
မ်က္လုံးႏွစ္လုံးမမွိတ္သြားခင္မွာျမင္ေတြ႕လိုက္ရသည္ကသူ႕ဆီကိုေျပးလာသည့္Juyeon။
ဟင့္အင္း...မလာပါနဲ႕...Juကိုေၾကာက္တယ္....
သူစိတ္ထဲကေနေရ႐ြတ္လိုက္မိပါသည္။
ႏွစ္ေတြအၾကာႀကီးခြဲလာရၿပီးေတာ့မွျပန္ေတြ႕ရင္ေကာင္းေသာျပန္ေတြ႕ျခင္းေတြနဲ႕ေတြရမယ္ထင္ထားခဲ့တာ။ မွန္းခ်က္နဲ႕ႏွမ္းထြက္နဲ႕မကိုက္သလိုမ်ိဳး တက္တက္စင္ေအာင္လြဲခဲ့ေလေတာ့လည္းကံၾကမၼာကပဲရက္စက္လြန္းသည္ေျပာရမလားကြယ္။
__________________________________________
Thanks for reading🌸
အၾကာႀကီးေနၿပီးမွျပန္upတာမလို႔ႏွစ္ပိုင္းတစ္ခါတည္းအပ္ေပးလိုက္ပါတယ္ေနာ္👀
Bạn đang đọc truyện trên: Truyen4U.Com