Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 32

(မထင်မှတ်ထားပါသော ပြန်လည်ဆုံတွေ့ခြင်း)

မှိတ်ထားမိသည့်မျက်လုံးများကိုအားယူကာဖွင််ကြည့်လိုက်မိတော့ပထမဦးဆုံးမြင်ရသည်ကမျက်နှာကြက် နို့နှစ်ရောင်တစ်ခု.....။

မျက်လုံးဖွင့်ကာစမလို့အမြင်မကြည်ကာဝေဝါးနေပါသော်လည်းရောက်ရှိနေသည့်နေရာအားသိလို၍မျက်လုံးများကိုလက်နှစ်ဖက်ဖြင့်ပွတ်သတ်မိသည်။

"ငါဘယ်ရောက်နေတာလည်း"

Jaehyunတစ်ယောက်စိတ်ထဲမှာသူ့ကိုယ်သူရေရွတ်လိုက်ရင်းလှဲနေရာမှထလိုက်မိသည်။ သေချာကြည့်တော့မှသူကုတင်တစ်ခုပေါ်မှာလှဲနေတာပဲ။

ဘေးဘီကိုလှည့်ပတ်ကြည့်လိုက်တော့အဝတ်ဗီဒိုရယ် စားပွဲခုံရယ် စသည့်အိပ်ခန်းသုံးပရိဘောဂအစုံလင်မျိုးသုံရှိသည်မလ်ို့ဤအခန်းဟာလူနေအိပ်ခန်းမှန်းရိပ်မိလိုက်သည်။

ဒါဆို...သူဘယ်သူ့အခန်းထဲရောက်နေတာလည်း?

Jaehyunနောက်ဆုံးမှတ်မိသည်ကJuyeonကသူ့ရဲ့မိဘနှစ်ယောက်ကိုဒူးထောက်ခိုင်းထားပြီးရိုက်နှက်သည်ကိုပင်ဖြစ်သည်။

သူအခုအဖမ်းခံလာရတာလား။

အဲ့လိုတွေးပြန်တော့လည်းလူနေအိပ်ခန်းကောင်းကောင်းတစ်ခုထဲရဲ့ကုတင်ပေါ်မှာလှဲနေရပြီးစောင်တောင်ဖြန့်ခြုံထားခြင်းခံရသည့်သူကအဖမ်းခံလာရသည့်သူနှင့်တော့မတူပေ။ ဖမ်းထားတယ်ဆိုရင်တောင်သူ့လက်တွေခြေတွေကိုချုပ်ထားရမည်လေ။ အခုကအဲ့လိုမဟုတ်။

သူ့မိဘတွေရော.....ဘယ်ရောက်သွားပြီလည်း

Jaehyunသူ့မိဘနှစ်ယောက်လုံးကိုစဥ်းစားမိသည်နှင့်ကုတင်ပေါ်မှချက်ချင်းထကာအခန်းတံခါးဆီသို့အမြန်သွားလိုက်သည်။ သို့ပေမဲ့တံခါးကဖွင့်မရ။

"အားး......ဒီတံခါးကဘာလို့ဖွင့်မရတာတုန်း!!"

Jaehyunစိတ်တိုလာပြန်သည်။ရောက်နေသည့်နေရာအားလည်းမသိ။ သူ့မိဘတွေဘယ်မှာမှန်းလည်းမသိ။ သူ့ကိုယ်သူတောင်ဘာဖြစ်နေမှန်းမသိသည်မလို့ပိုလို့ပင်စိတ်တိုလာရတော့သည်။

ကုတင်ရဲ့ခြေရင်းမှာပြန်ထိုင်လိုက်ရင်းသူစိတ်အေးအေးထားပြီးဆုံးဖြတ်ရန်ကြံနေလိုက်သည်။ထိုအချိန်မှာပဲသူ့ရဲ့ရှေ့ကအခန်းတံခါးဟာပွင့်လာပြီးလူတစ်ယောက်အခန်းထဲသို့ဝင်လာလေသည်။

ကြည့်လိုက်တော့....Juyeon။

"Jae...နိုးနေပြီလား....ခေါင်းကိုက်နေသေးလားဟင်"

ညင်သာစွာပြောလာသည့်Juyeonဟာအရင်တုန်းကJuyeonအတိုင်းပင်။သို့ပေမဲ့တစ်နေ့ညကJuyeonတော့မဟုတ်ဘူးပေါ့။

"ငါ့မိဘတွေဘယ်မှာလည်း!!!"

Jaehyunရဲ့လေသံဟာတော့ညင်သာခြင်းအလျင်းမရှိနေခဲ့ပါလေ။

Juyeonမှသက်ပြင်းတစ်ချက်ချလိုက်ပြီး

"အခုကအဲ့တာကိုစိတ်ပူရမှာမဟုတ်ဘူးJae..ကိုယ့်အတွက်ကိုသာစိတ်ပူဦး "

Juyeonပြောလိုက်သည့်စကားကြောင့်စောနကစိတ်တိုနေသည့်အရှိန်နှင့်Jaehyunတစ်ယောက်ဒေါသထောင်းခနဲထွက်လာတော့သည်။

ထိုင်နေရာမှရုတ်တစ်ရက်ထလာပြီးJuyeonရဲ့လည်ပင်းကအင်္ကျီစကိုဆောင့်ဆွဲကာနံရံဘက်သို့တွန်းပို့လိုက်သည်။

"ဒုန်း!!!!'

"ငါ့မိဘတွေဘယ်မှာလည်းလို့မေးနေတယ်လေ!!!! အခုကအဲ့တာကိုစိတ်မပူရလို့ငါကဘယ်ဟာကိုသွားစိတ်ပူရမှာလည်း!!!!"

"Jae...စိတ်အေးအေးထားပါကွာ"

"အခုငါ့ပုံစံကစိတ်အေးအေးထားလို့ရတဲ့ပုံနဲ့တူနေလို့လား မင်းငါ့မိဘတွေကိုဘာလုပ်လိုက်တာလည်း!!!"

"ဒါပေမဲ့Jae အများကြီးနေကောင်းသေးတာမဟုတ်ဘူး ဆေးရှိန်လုံးဝမပြယ်သေးလို့ဂရုစိုက်ရမယ်Jaeရဲ့"

"ဘယ်ကဆေးအရှိန်လည်း မင်းဘာတွေလာပြောနေတာလည်း!!!"

"ဒါတွေနောက်မှJaeကိုပြောပြပါ့မယ် လောလောဆယ်တော့စိတ်အေးအေးထားပြီးအနားယူလိုက်နော် Jae"

Juyeonဘယ်လောက်ပဲစိတ်အေးအေးထားဖို့ပြောပြောJaehyunတစ်ယောက်ကတော့ဒေါသထွက်နေသည့်အရှိန်ဖြင့်Juyeonကိုထပ်ပြီးဆောင့်တွန်းကာတံခါးကနေထွက်ပြေးဖို့ကြံပါလေတော့သည်။

သို့ပေမဲ့လည်းလျင်မြန်သည့်Juyeonကြောင့်တံခါးအပေါက်ဝတင်ရောက်သွားပြီးအထဲသို့ပြန်ဆွဲခေါ်ခြင်းခံလိုက်ရသည်။

"ဖယ်စမ်း!!! ငါ့ကိုလွှတ်!!! Yar!!!! Lee Juyeon!!!ငါ့ကိုလွှတ်လို့!!!!"

Juyeonကတော့လုံးဝမလွှတ်ပေးဘဲJaehyunကိုယ်ကိုဖက်ထားကာဆွဲထားလေသည်။

"လွှတ်ပေးလို့မရလို့ပါJaeရဲ့.....အခုစိတ်ခနလေးငြိမ်အောင်နေလိုက်ပါJaeရဲ့ နော်...."

"လွှတ်ပေးလို့ Juyeonရဲ့!!!"

Juyeonရင်ခွင်ထဲမှာမြှုပ်နေပြီးJuyeonရင်ဘတ်ကိုတစ်ဘုန်းဘုန်းထုကာအော်ဟစ်နေသောJaehyunတစ်ယောက်ထပြီးငိုပါလေတော့သည်။

"တောင်းပန်ပါတယ်....Juyeonရဲ့ ငါ့ကိုလွှတ်ပေးပါ ငါတောင်းပန်ပါတယ် ငါ့မိဘတွေဆီသွားချင်တယ်လို့....လွှတ်ပေးပါ......."

ငိုသံနဲ့အသနားခံစွာပြောလာသည့်JaehyunအားJuyeonတစ်ကယ်ဂရုဏာသက်မိပါသလိုစိတ်လည်းမကောင်းပါလေ။

သူတို့နှစ်ယောက်သာပြန်တွေ့ခဲ့ရင်အခုလိုအခြေနေမဟုတ်ဘဲနှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်ချစ်ကြောင်းတွေပြောကြရင်းပြန်တွေ့ခြင်းအဓိပ္ပါယ်ကိုရှိစေခဲ့ချင်ပါသည်။

သို့ပေမဲ့လည်းအခြေနေကထင်ထားသလိုမဟုတ်ပါလေ။ Juyeonဟာလည်းချစ်ရသူJaehyunကိုအကြောင်းစုံပြောပြလို့မရသေး၍စိတ်မကောင်းသလို Jaehyunဟာလည်းချစ်ရသူJuyeonအားနားမလည်နိုင်တော့၍ခံစားချက်တွေရှုပ်ထွေးလာရပြန်ပါသည်။

အတန်ကြာအောင်Juyeonရင်ခွင်ကိုထုပြီးငိုကြွေးပြီးသွားတော့ပင်ပန်းသွားလို့ထင်ပါရဲ့။Jaehyunကိုယ်လေးဟာJuyeonရင်ခွင်ထဲမှာတင်ပျော့ခွေကျသွားလေတော့သည်။

"Jae....Jae!!! ကိုယ့်ကိုကြည့်ပါဦး Jae"

Jaehyunအားဘယ်လိုမှခေါ်မရတော့ဘဲလဲကျသွားသည်မလို့Juyeonမယ်ပျာယာခတ်ရပြန်ပါတော့သည်။

Jaehyunကိုယ်ကိုမချီလိုက်ကာကုတင်ပေါ်တွင်လှဲလျောင်းစေလိုက်သည်။ထို့နောက်လက်ကလေးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်ရင်း

"တောင်းပန်ပါတယ်Jaeရယ်...ကိုယ်တစ်ကယ်တောင်းပန်ပါတယ်.....အချိန်တန်ရင်အားလုံးကိုပြောပြပါ့မယ်...."

ထို့နောက်Jaehyunလက်လေးကိုတစ်ချက်နမ်းလိုက်ကာအခန်းထဲမှထွက်လာလိုက်သည်။
...............

"အကိုလေးJuyeon...သူ့ကိုကဒီမှာပဲထားထားမလို့လား"

"အင်း ဟုတ်တယ် Bossဆီအခုခေါ်သွားပေးလို့မရသေးဘူး ခေါ်သွားလိုက်ရင်ကျန်တဲ့သူတွေကလှုပ်ရှားလိမ့်မယ်....အဲ့ကျရင်ဘယ်သူမှအန္တရာယ်ကင်းတော့မှာမဟုတ်ဘူး "

"ဒါဆို ဒီအိမ်မှာပဲအကိုလေးကအတူနေပေးပြီးထားမှာပေါ့"

"ဟုတ်တယ်.....လောလောဆယ်ပေါ့...Bossကိုလည်းငါပြောထားလိုက်မယ်"

"ဟုတ်ကဲ့ပါ ကောင်းပါပြီ ဒါဆိုအကိုလေးလိုအပ်တဲ့အချိန်မရွေးခေါ်လိုက်ပါ"

ပြောပြီးထွက်သွားတော့မည်လုပ်သည့်လူယုံဖြစ်သူအားပြန်ခေါ်ကာ

"အစောင့်ထားဖို့အတွက်ဒီအိမ်ကိုလူလွှတ်ပေးထားဦး"

"ဟုတ်ကဲ့ နားလည်ပါပြီ"
.............

"ဒါဆို....Juyeonကသူ့ကိုအရင်ခေါ်ထားဦးမယ်ပေါ့"

"ဟုတ်ပါတယ် Boss နောက်ကြောင်းရှင်းတော့မှခေါ်လိုက်တာကောင်းမယ်လို့ပြောပါတယ် "

Bossဖြစ်သူမှာသောက်နေလက်စဆေးလိပ်တိုကိုပြာခွက်ထဲသို့ထည့်ကာမီးသတ်လိုက်ပြီး

"အဲ့ကောင်လေး Juyeonတော့ဘာတွေလုပ်နေပြန်ပြီလည်းမသိပါဘူး....တစ်ခါတစ်လေကျငါတောင်သူ့ကိုနားမလည်နိုင်တော့ဘူး.........ထားပါအဲ့တာကတော့ အခုဟိုလင်မယားနှစ်ယောက်ရော"

"ထုံးစံအတိုင်းအခန်းထဲမှာဖမ်းထားပါတယ် သတိကတော့ခုထိမရသေးပါဘူး"

"အင်းအင်း သိပြီမလို့ မင်းသွားလို့ရပြီ"

ဟုပြောလိုက်တော့လူယုံဖြစ်သူလည်းထွက်သွားလိုက်လေသည်။ သူလည်းထွက်သွားတော့အခန်းထဲမှာကျန်ခဲ့သည့်Bossဖြစ်သူမှJuyeonထံသို့ဖုန်းလှမ်းဆက်လိုက်သည်။

"ဟယ်လို...Boss!"

"အေး.....ဟိုကောင်လေးသတိရလာပြီလား"

"ဟုတ်ကဲ့ သတိရလာပေမဲ့အခုတော့ပြန်ပြီးအိပ်ပျော်သွားတယ် စိတ်အခြေနေအရတော့မငြိမ်သေးလို့ ကျွန်တော်ခနခေါ်ထားလိုက်ဦးမယ် ပြီးမှကျန်တာတွေဆက်ပြီးစီစဥ်လို့ရမလား"

"အေးပါ မင်းအဆင်ပြေမယ်ထင်ရင်အဲ့လိုပဲလုပ်လိုက် ဒါမဲ့ဂရုတော့စိုက်ပေါ့ ကောင်လေးကိုလည်းအရမ်းမနှိပ်စက်နဲ့"

ဆိုတော့Juyeonကတစ်ချက်ဟက်ခနဲရယ်လိုက်ရင်း

"သူနဲ့ကျွန်တော်ကငယ်ငယ်ကတည်းကသူငယ်ချင်းတွေပါဗျာ....နှိပ်စက်စရာအကြောင်းမရှိပါဘူး"

"အေးပါ....အဲ့လိုဆိုလည်း....မင်းလိုအပ်တာရှိရင်တော့ပြောထားလိုက် အာ...ပြီးတော့ကောင်လေးကိုလည်းသေချာဂရုစိုက် ငါ့သားဟုတ်နေရင်လည်းငါ့သားမလို့ အကယ်လို့မဟုတ်ခဲ့ရင်တောင်သူများသားသမီးဖြစ်နေရင်ဒုက္ခပေးလို့မရဘူး"

"ဟုတ်ကဲ့ပါ နားလည်ပါပြီBoss ကျွန်တော်သေချာစောင့်ရှောက်ထားပါ့မယ်"

Juyeonလည်းBossနဲ့ဖုန်းပြောပြီးချလိုက်တော့တစ်ဖက်စားပွဲတွင်တင်ထားသည့်ဖုန်းမှထမြည်လာခဲ့လေသည်။

"Junnie❤"

Contactတွင်မှတ်ထားသည့်နာမည်နှင့်ပုံအရမည်သူမှန်းJuyeonတန်းသိလေသည်။ ဒါကြောင့်ချက်ချင်းဖုန်းကိုချလိုက်ကာစက်ပိတ်လိုက်သည်။

"Jaeနဲ့အဲ့Hyunjunဆိုတဲ့အကောင်ကတွဲနေတာမဟုတ်ဘူးမလား......ဒါဆိုဘာလို့Contactမှာအသဲပုံလေးထည့်မှတ်ထားတာလည်း?"

Juyeonသူ့ဟာနဲ့သူအတွေးမှာနစ်မြောရင်းကိုယ့်စိတ်ကိုဒုက္ခပေးနေပြန်လေသည်။ကျန်သည့်နေရာတွင်တော့လူကြီးဆန်ပေမဲ့ဤကဲ့သို့သောနေရာတွင်တော့သူကလေးဆန်စွာသဝန်တိုမိသည်။

သို့ပေမဲ့တစ်ဖက်တွင်တော့......

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါသဖြင့်...."

"တောက်!!!!!"

"ဘယ်လိုဖြစ်တာတုန်း...စောနကမှခေါ်လို့ရသေးတာကို"

"အကို ဘယ်လိုလည်းTr.ကိုခေါ်လို့ရလားဟင်"

"စောနကတော့ခေါ်လိုက်တာဝင်သွားသေးတယ် ပြီးတော့ချသွားတယ် အခုထပ်ခေါ်တော့စက်ပိတ်ထားတယ်တဲ့"

"ဟယ်....ဘယ်လိုဖြစ်တာလည်း!"

"အကိုလည်းမသိတော့ဘူး....တစ်ကယ်ပါပဲJaeရာ...ဘာလို့ဖုန်းမကိုင်တာလည်း"

ညနေပိုင်းညီမဖြစ်သူနှစ်ယောက်ကိုစာလာသင်ပေးရမည့်အချိန်ကိုတောင်ကျော်လွန်သည့်တိုင်ရောက်မလာသေးသောJaehyunအားHyunjunတို့မောင်နှမတွေဖုန်းဆက်ကြည့်လိုက်သည်။သို့ပေမဲ့မကိုင်သည်မလို့Hyunjunတစ်ယောက်စိတ်တွေပူလာပြန်ပါတော့သည်။

"Tr.တစ်ခုခုများဖြစ်နေလို့လားမသိဘူး"

"အေးနော်....ကိုကို ညီမလေးတို့Tr.အိမ်လိုက်သွားရအောင်လေ"

"အင်း ဟုတ်ပြီ"

Hyunjunလည်းကားသော့ယူကာညီမနှစ်ယောက်နဲ့အတူJaehyunအိမ်သို့မောင်းလာခဲ့လိုက်ကြတော့သည်။ကားမောင်းလာသည့်တစ်လျှောက်လုံးလည်းစိတ်ကမငြိမ်။ Jaehyunသာတစ်ခုခုဖြစ်ရင်သူရင်ကျိုးမှာ။ ဘာမှမဖြစ်ပါစေနဲ့ဟုသာဆုတောင်းရင်းကားကိုအရှိန်တင်မောင်းလာခဲ့လိုက်သည်။

Jaehyunတို့အိမ်ရှေ့ရောက်တော့အိမ်ကပုံမှန်အတိုင်းပင်။သာမန်ဆိုလည်းလူမရှိဘူးဟုထင်ရလောက်အောင်တိတ်ဆိတ်သည်မလို့အခြားအိမ်များကလည်းသတိမထားမိကြချေ။

Hyunjunတို့မောင်နှမသုံးယောက်လည်းအိမ်ရဲ့ခြံတံခါးကိုကြည့်တော့တံခါးကပွင့်နေလေသည်။အိမ်ရှေ့ရဲ့တံခါးကိုလည်းဖွင့်ကြည့်တော့အထဲမှသော့မခတ်ထားသည်မလို့ဖွင့်ကြည့်မိလိုက်သည်။

တံခါးကိုဖွင့်ဖွင့်ချင်းပဲမြင်လိုက်ရသည့်အပျက်စီးအနည်းငယ်နဲ့အတူဧည့်ခန်းရဲ့ခုံနားမှာကျနေသည့်သွေးစက်များ။

"အားး!!!!!!! သွေးတွေ!!!!"

Hwallieမှာသွေးကိုမြင်သည်နှင့်အလန့်တကြားအော်မိလိုက်သည်။Hyunjunနဲ့Hyunnieမှာလည်းအတော်လေးပင်ထိတ်လန့်သွားပြီးထိုနေရာမှာတင်ခနလောက်ရပ်နေလိုက်မိသည်။

"ကိုကို.....ဒါ....ဒါ....ဘာတွေလည်း!!"

Hyunjunမှာစိတ်ကိုအတတ်နိုင်ဆုံးပြန်စုစည်းပြီး

"Hwallieတို့နှစ်ယောက်ဒိမှာခနနေခဲ့ ဘာပစ္စည်းကိုမှမထိနဲ့ အကိုအပေါ်တက်ကြည့်လိုက်ဦးမယ်"

ပြောရင်းအပေါ်ထပ်ကိုအမြန်တက်သွားလိုက်မိသည်။ စိတ်ထဲမှာလည်းJaehyunဘာအန္တရာယ်မှမဖြစ်နေစေရန်အကြိမ်ကြိမ်သာဆုတောင်းနေမိပြန်သည်။

အပေါ်ထပ်ကိုရောက်သွားတော့မည်သူမျှမရှိဘဲပစ္စည်းတွေဟာလည်းအောက်ထပ်မှာလိုယိုယွင်းပျက်စီးနေခြင်းမရှိ။ သူ့ဟာသူအစီစီပင်မလ်ု့အောက်ထပ်မှာတင်တစ်ခုခုဖြစ်ခဲ့ပြီမှန်းHyunjunရိပ်မိလိုက်သည်။ထို့ကြောင့်အောက်ထပ်ကိုအမြန်ပြန်ဆင်းသွားပြီး

"Hwallie ရဲကိုဖုန်းဆက်လိုက် အကိုကYounghoon Hyungနဲ့ Yuri Noonaကိုဖုန်းဆက်လိုက်မယ်"

"ဟုတ်...ဟုတ်ကဲ့"

HyunJunလည်းYounghoonအားဖုန်းခေါ်လိုက်တော့သိပ်မကြာဘဲကိုင်လေသည်။

"ဟယ်လို....Younghoon Hyung!"

"အေးပြော Hyunjun yah "

"Hyung Yuri Noonaနဲ့Jaehyun Hyung အိမ်ကိုလာခဲ့ပါလား ပြဿနာတစ်ခုတော့တက်နေပြီ"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဘယ်လိုဖြစ်တာလည်း Hyunjun!!!"

"ကျွန်တော်လည်းသေချာမသိသေးဘူးHyung ဒီနေ့Jaehyun Hyungစာလာမသင်သေးလို့ဆိုပြီးဆက်သွယ်လိုက်တာ မရတာနဲ့ လာကြည့်တော့အခုလိုဖြစ်နေတာပဲ"

"ဟာ....ဒါဆို.....ဘာတွေကဒီလိုတွေဖြစ်သွားစေတာလည်းကွာ!!!!!"

"ကျွန်တော်......Jaeကိုစိတ်ပူတယ် Hyung..."

ဟုဆိုကာHyunjunမှာမျက်ရည်များစတင်ကျလာခဲ့တော့သည်။ Younghoonကလည်းနှစ်သိမ့်ပေးနေတုန်းမကြာလိုက်ရဲများရောက်လာပြီးအခြေနေကိုသုံးသပ်ကာစစ်ဆေးစရာရှိသည်များကိုစစ်ဆေးတော့သည်။

အရင်ဆုံးလုပ်ထုံးတွေအရ Hyunjunတို့မောင်နှမသုံးယောက်အားမေးမြန်းပြီးတော့အိမ်ရဲ့အခြေနေကိုလိုက်စစ်ဆေးကြတော့သည်။

Younghoonနဲ့Yuriမှာလည်းသူတို့သူငယ်ချင်းJaehyunအတွက်အတော်လေးပင်စိတ်ပူနေခဲ့ကြသလိုHyunjunမှာတော့သူချစ်ရတဲ့သူအတွက်စိုးရိမ်ကာ ကမ္ဘာပျက်မတတ်ကိုခံစားနေရတော့သည်။
.................

"ရော့.....ဒါလေးသောက်လိုက်ဦး"

Younghoonထိုးပေးလာသည့်အအေးဘူးအားကြည့်ကာHyunjunခေါင်းခါမိသည်။ စရောက်လာကတည်းကဘာမှလည်းမစားရသေးသလိုရေတောင်တစ်စက်မျှပင်ဝင်အောင်မသောက်ရသေးချေ။

Jaehyunရဲ့အိမ်ကနေတစ်ဆင့်ရဲစခန်းကိုလိုက်သွားရသေးသည်မလို့အချိန်အားဖြင့်လည်းညနေပိုင်းကိုရောက်နေလေသည်။

Younghoonကအရုပ်ကြိုးပျက်နေသည့်နှယ်ထိုင်နေသည့်Hyunjunရဲ့ဘေးမှာအအေးဘူးအားမော့သောက်ရင်းဝင်ထိုင်လိုက်ကာ

"စိတ်မပူပါနဲ့ ပြန်ရှာတွေ့မှာပါ....ငါလည်းငါ့သူငယ်ချင်းအတွက်စိတ်ပူတာမလို့အတတ်နိုင်ဆုံးရှာတွေ့အောင်လုပ်ရမယ်"

Younghoonပြောပြီးလို့အတော်ကြာမှHyunjunက

"Hyung.....ကျွန်တော်လေ...Jaehyun Hyungကို စိတ်မလျှော့ပေးလိုက်သင့်ဘူးသိလား အဲ့နေ့က ကျွန်တော်မအော်ခဲ့မိသင့်ဘူး ဘယ်လောက်ပဲJaehyun Hyungက အဲ့Juyeonဆိုတဲ့အကောင်ကိုချစ်တယ်ပြောပြော ကျွန်တော့လက်မလျှော့ဘဲ ဆက်ဆွဲထားခဲ့သင့်တာ.....အခုတော့.....အခုတော့......"

ပြောရင်းငိုလာပြန်တဲ့HyunjunကိုYounghoonကလည်းပခုံးပုတ်ကာနှစ်သိမ့်ပေးရှာသည်။

"ကျွန်တော်သာစိတ်မလျှော့ခဲ့ရင်လေ အရင်ကအတိုင်းညကိုဖုန်းခေါ်ဖြစ်ခဲ့ရင်အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး....ကျွန်တော်မှားတာတွေအများကြီးပါတယ်!!!"

"အော်....မဟုတ်တာမင်းကလည်း အဲ့လိုတွေမပြောပါနဲ့ အခုလည်းသတင်းကသေသေချာချာမသိရသေးဘူးလေ ဆိုဖာနားမှာတွေ့ခဲ့တဲ့သွေးတွေကလည်းJaehyunရဲ့သွေးတွေမဟုတ်လောက်ပါဘူး ပြီးတော့ပေနေတဲ့သွေးပမာဏကလည်း လူတစ်ယောက်သေလောက်တဲ့ထိထွက်ထားတဲ့ပမာဏမဟုတ်ဘူး အဲ့တော့မင်းမစိုးရိမ်နဲ့ဟုတ်ပြီလား"

"အင်းပါ.....Hyung......"

Hyunjunမှာတော့ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်နဲ့သာဆက်ရှိနေပြန်ပါသေးသည်လေ။ သူသာအဲ့နေ့ကစိတ်ဆိုးပြီးJaehyunကိုမအော်မိခဲ့ရင်ကော...အခြေနေတွေကအခုလိုပဲဖြစ်နေဦးမှာလား.......

တစ်ကယ်ပဲ Jaehyun Hyungကိုချစ်ဖို့အခွင့်ရေးသူ့ဆီမှာလုံးလုံးမရှိတော့တာလား.............
___________________________________________

Thanks for reading🌸

Zawgyi ver.

(မထင္မွတ္ထားပါေသာ ျပန္လည္ဆုံေတြ႕ျခင္း)

မွိတ္ထားမိသည့္မ်က္လုံးမ်ားကိုအားယူကာဖြင္္ၾကည့္လိုက္မိေတာ့ပထမဦးဆုံးျမင္ရသည္ကမ်က္ႏွာၾကက္ နို႔ႏွစ္ေရာင္တစ္ခု.....။

မ်က္လုံးဖြင့္ကာစမလို႔အျမင္မၾကည္ကာေဝဝါးေနပါေသာ္လည္းေရာက္ရွိေနသည့္ေနရာအားသိလို၍မ်က္လုံးမ်ားကိုလက္ႏွစ္ဖက္ျဖင့္ပြတ္သတ္မိသည္။

"ငါဘယ္ေရာက္ေနတာလည္း"

Jaehyunတစ္ေယာက္စိတ္ထဲမွာသူ႕ကိုယ္သူေရ႐ြတ္လိုက္ရင္းလွဲေနရာမွထလိုက္မိသည္။ ေသခ်ာၾကည့္ေတာ့မွသူကုတင္တစ္ခုေပၚမွာလွဲေနတာပဲ။

ေဘးဘီကိုလွည့္ပတ္ၾကည့္လိုက္ေတာ့အဝတ္ဗီဒိုရယ္ စားပြဲခုံရယ္ စသည့္အိပ္ခန္းသုံးပရိေဘာဂအစုံလင္မ်ိဳးသုံရွိသည္မလ္ို႔ဤအခန္းဟာလူေနအိပ္ခန္းမွန္းရိပ္မိလိုက္သည္။

ဒါဆို...သူဘယ္သူ႕အခန္းထဲေရာက္ေနတာလည္း?

Jaehyunေနာက္ဆုံးမွတ္မိသည္ကJuyeonကသူ႕ရဲ႕မိဘႏွစ္ေယာက္ကိုဒူးေထာက္ခိုင္းထားၿပီးရိုက္ႏွက္သည္ကိုပင္ျဖစ္သည္။

သူအခုအဖမ္းခံလာရတာလား။

အဲ့လိုေတြးျပန္ေတာ့လည္းလူေနအိပ္ခန္းေကာင္းေကာင္းတစ္ခုထဲရဲ႕ကုတင္ေပၚမွာလွဲေနရၿပီးေစာင္ေတာင္ျဖန့္ၿခဳံထားျခင္းခံရသည့္သူကအဖမ္းခံလာရသည့္သူႏွင့္ေတာ့မတူေပ။ ဖမ္းထားတယ္ဆိုရင္ေတာင္သူ႕လက္ေတြေျခေတြကိုခ်ဳပ္ထားရမည္ေလ။ အခုကအဲ့လိုမဟုတ္။

သူ႕မိဘေတြေရာ.....ဘယ္ေရာက္သြားၿပီလည္း

Jaehyunသူ႕မိဘႏွစ္ေယာက္လုံးကိုစဥ္းစားမိသည္ႏွင့္ကုတင္ေပၚမွခ်က္ခ်င္းထကာအခန္းတံခါးဆီသို႔အျမန္သြားလိုက္သည္။ သို႔ေပမဲ့တံခါးကဖြင့္မရ။

"အားး......ဒီတံခါးကဘာလို႔ဖြင့္မရတာတုန္း!!"

Jaehyunစိတ္တိုလာျပန္သည္။ေရာက္ေနသည့္ေနရာအားလည္းမသိ။ သူ႕မိဘေတြဘယ္မွာမွန္းလည္းမသိ။ သူ႕ကိုယ္သူေတာင္ဘာျဖစ္ေနမွန္းမသိသည္မလို႔ပိုလို႔ပင္စိတ္တိုလာရေတာ့သည္။

ကုတင္ရဲ႕ေျခရင္းမွာျပန္ထိုင္လိုက္ရင္းသူစိတ္ေအးေအးထားၿပီးဆုံးျဖတ္ရန္ႀကံေနလိုက္သည္။ထိုအခ်ိန္မွာပဲသူ႕ရဲ႕ေရွ႕ကအခန္းတံခါးဟာပြင့္လာၿပီးလူတစ္ေယာက္အခန္းထဲသို႔ဝင္လာေလသည္။

ၾကည့္လိုက္ေတာ့....Juyeon။

"Jae...နိုးေနၿပီလား....ေခါင္းကိုက္ေနေသးလားဟင္"

ညင္သာစြာေျပာလာသည့္Juyeonဟာအရင္တုန္းကJuyeonအတိုင္းပင္။သို႔ေပမဲ့တစ္ေန႕ညကJuyeonေတာ့မဟုတ္ဘူးေပါ့။

"ငါ့မိဘေတြဘယ္မွာလည္း!!!"

Jaehyunရဲ႕ေလသံဟာေတာ့ညင္သာျခင္းအလ်င္းမရွိေနခဲ့ပါေလ။

Juyeonမွသက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး

"အခုကအဲ့တာကိုစိတ္ပူရမွာမဟုတ္ဘူးJae..ကိုယ့္အတြက္ကိုသာစိတ္ပူဦး "

Juyeonေျပာလိုက္သည့္စကားေၾကာင့္ေစာနကစိတ္တိုေနသည့္အရွိန္ႏွင့္Jaehyunတစ္ေယာက္ေဒါသေထာင္းခနဲထြက္လာေတာ့သည္။

ထိုင္ေနရာမွ႐ုတ္တစ္ရက္ထလာၿပီးJuyeonရဲ႕လည္ပင္းကအကၤ်ီစကိုေဆာင့္ဆြဲကာနံရံဘက္သို႔တြန္းပို႔လိုက္သည္။

"ဒုန္း!!!!'

"ငါ့မိဘေတြဘယ္မွာလည္းလို႔ေမးေနတယ္ေလ!!!! အခုကအဲ့တာကိုစိတ္မပူရလို႔ငါကဘယ္ဟာကိုသြားစိတ္ပူရမွာလည္း!!!!"

"Jae...စိတ္ေအးေအးထားပါကြာ"

"အခုငါ့ပုံစံကစိတ္ေအးေအးထားလို႔ရတဲ့ပုံနဲ႕တူေနလို႔လား မင္းငါ့မိဘေတြကိုဘာလုပ္လိုက္တာလည္း!!!"

"ဒါေပမဲ့Jae အမ်ားႀကီးေနေကာင္းေသးတာမဟုတ္ဘူး ေဆးရွိန္လုံးဝမျပယ္ေသးလို႔ဂ႐ုစိုက္ရမယ္Jaeရဲ႕"

"ဘယ္ကေဆးအရွိန္လည္း မင္းဘာေတြလာေျပာေနတာလည္း!!!"

"ဒါေတြေနာက္မွJaeကိုေျပာျပပါ့မယ္ ေလာေလာဆယ္ေတာ့စိတ္ေအးေအးထားၿပီးအနားယူလိုက္ေနာ္ Jae"

Juyeonဘယ္ေလာက္ပဲစိတ္ေအးေအးထားဖို႔ေျပာေျပာJaehyunတစ္ေယာက္ကေတာ့ေဒါသထြက္ေနသည့္အရွိန္ျဖင့္Juyeonကိုထပ္ၿပီးေဆာင့္တြန္းကာတံခါးကေနထြက္ေျပးဖို႔ႀကံပါေလေတာ့သည္။

သို႔ေပမဲ့လည္းလ်င္ျမန္သည့္Juyeonေၾကာင့္တံခါးအေပါက္ဝတင္ေရာက္သြားၿပီးအထဲသို႔ျပန္ဆြဲေခၚျခင္းခံလိုက္ရသည္။

"ဖယ္စမ္း!!! ငါ့ကိုလႊတ္!!! Yar!!!! Lee Juyeon!!!ငါ့ကိုလႊတ္လို႔!!!!"

Juyeonကေတာ့လုံးဝမလႊတ္ေပးဘဲJaehyunကိုယ္ကိုဖက္ထားကာဆြဲထားေလသည္။

"လႊတ္ေပးလို႔မရလို႔ပါJaeရဲ႕.....အခုစိတ္ခနေလးၿငိမ္ေအာင္ေနလိုက္ပါJaeရဲ႕ ေနာ္...."

"လႊတ္ေပးလို႔ Juyeonရဲ႕!!!"

Juyeonရင္ခြင္ထဲမွာျမႇုပ္ေနၿပီးJuyeonရင္ဘတ္ကိုတစ္ဘုန္းဘုန္းထုကာေအာ္ဟစ္ေနေသာJaehyunတစ္ေယာက္ထၿပီးငိုပါေလေတာ့သည္။

"ေတာင္းပန္ပါတယ္....Juyeonရဲ႕ ငါ့ကိုလႊတ္ေပးပါ ငါေတာင္းပန္ပါတယ္ ငါ့မိဘေတြဆီသြားခ်င္တယ္လို႔....လႊတ္ေပးပါ......."

ငိုသံနဲ႕အသနားခံစြာေျပာလာသည့္JaehyunအားJuyeonတစ္ကယ္ဂ႐ုဏာသက္မိပါသလိုစိတ္လည္းမေကာင္းပါေလ။

သူတို႔ႏွစ္ေယာက္သာျပန္ေတြ႕ခဲ့ရင္အခုလိုအေျခေနမဟုတ္ဘဲႏွစ္ေယာက္သားတစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ေၾကာင္းေတြေျပာၾကရင္းျပန္ေတြ႕ျခင္းအဓိပၸါယ္ကိုရွိေစခဲ့ခ်င္ပါသည္။

သို႔ေပမဲ့လည္းအေျခေနကထင္ထားသလိုမဟုတ္ပါေလ။ Juyeonဟာလည္းခ်စ္ရသူJaehyunကိုအေၾကာင္းစုံေျပာျပလို႔မရေသး၍စိတ္မေကာင္းသလို Jaehyunဟာလည္းခ်စ္ရသူJuyeonအားနားမလည္နိုင္ေတာ့၍ခံစားခ်က္ေတြရႈပ္ေထြးလာရျပန္ပါသည္။

အတန္ၾကာေအာင္Juyeonရင္ခြင္ကိုထုၿပီးငိုေႂကြးၿပီးသြားေတာ့ပင္ပန္းသြားလို႔ထင္ပါရဲ႕။Jaehyunကိုယ္ေလးဟာJuyeonရင္ခြင္ထဲမွာတင္ေပ်ာ့ေခြက်သြားေလေတာ့သည္။

"Jae....Jae!!! ကိုယ့္ကိုၾကည့္ပါဦး Jae"

Jaehyunအားဘယ္လိုမွေခၚမရေတာ့ဘဲလဲက်သြားသည္မလို႔Juyeonမယ္ပ်ာယာခတ္ရျပန္ပါေတာ့သည္။

Jaehyunကိုယ္ကိုမခ်ီလိုက္ကာကုတင္ေပၚတြင္လွဲေလ်ာင္းေစလိုက္သည္။ထို႔ေနာက္လက္ကေလးကိုခပ္ဖြဖြဆုပ္ကိုင္လိုက္ရင္း

"ေတာင္းပန္ပါတယ္Jaeရယ္...ကိုယ္တစ္ကယ္ေတာင္းပန္ပါတယ္.....အခ်ိန္တန္ရင္အားလုံးကိုေျပာျပပါ့မယ္...."

ထို႔ေနာက္Jaehyunလက္ေလးကိုတစ္ခ်က္နမ္းလိုက္ကာအခန္းထဲမွထြက္လာလိုက္သည္။
...............

"အကိုေလးJuyeon...သူ႕ကိုကဒီမွာပဲထားထားမလို႔လား"

"အင္း ဟုတ္တယ္ Bossဆီအခုေခၚသြားေပးလို႔မရေသးဘူး ေခၚသြားလိုက္ရင္က်န္တဲ့သူေတြကလႈပ္ရွားလိမ့္မယ္....အဲ့က်ရင္ဘယ္သူမွအႏၱရာယ္ကင္းေတာ့မွာမဟုတ္ဘူး "

"ဒါဆို ဒီအိမ္မွာပဲအကိုေလးကအတူေနေပးၿပီးထားမွာေပါ့"

"ဟုတ္တယ္.....ေလာေလာဆယ္ေပါ့...Bossကိုလည္းငါေျပာထားလိုက္မယ္"

"ဟုတ္ကဲ့ပါ ေကာင္းပါၿပီ ဒါဆိုအကိုေလးလိုအပ္တဲ့အခ်ိန္မေ႐ြးေခၚလိုက္ပါ"

ေျပာၿပီးထြက္သြားေတာ့မည္လုပ္သည့္လူယုံျဖစ္သူအားျပန္ေခၚကာ

"အေစာင့္ထားဖို႔အတြက္ဒီအိမ္ကိုလူလႊတ္ေပးထားဦး"

"ဟုတ္ကဲ့ နားလည္ပါၿပီ"
.............

"ဒါဆို....Juyeonကသူ႕ကိုအရင္ေခၚထားဦးမယ္ေပါ့"

"ဟုတ္ပါတယ္ Boss ေနာက္ေၾကာင္းရွင္းေတာ့မွေခၚလိုက္တာေကာင္းမယ္လို႔ေျပာပါတယ္ "

Bossျဖစ္သူမွာေသာက္ေနလက္စေဆးလိပ္တိုကိုျပာခြက္ထဲသို႔ထည့္ကာမီးသတ္လိုက္ၿပီး

"အဲ့ေကာင္ေလး Juyeonေတာ့ဘာေတြလုပ္ေနျပန္ၿပီလည္းမသိပါဘူး....တစ္ခါတစ္ေလက်ငါေတာင္သူ႕ကိုနားမလည္နိုင္ေတာ့ဘူး.........ထားပါအဲ့တာကေတာ့ အခုဟိုလင္မယားႏွစ္ေယာက္ေရာ"

"ထုံးစံအတိုင္းအခန္းထဲမွာဖမ္းထားပါတယ္ သတိကေတာ့ခုထိမရေသးပါဘူး"

"အင္းအင္း သိၿပီမလို႔ မင္းသြားလို႔ရၿပီ"

ဟုေျပာလိုက္ေတာ့လူယုံျဖစ္သူလည္းထြက္သြားလိုက္ေလသည္။ သူလည္းထြက္သြားေတာ့အခန္းထဲမွာက်န္ခဲ့သည့္Bossျဖစ္သူမွJuyeonထံသို႔ဖုန္းလွမ္းဆက္လိုက္သည္။

"ဟယ္လို...Boss!"

"ေအး.....ဟိုေကာင္ေလးသတိရလာၿပီလား"

"ဟုတ္ကဲ့ သတိရလာေပမဲ့အခုေတာ့ျပန္ၿပီးအိပ္ေပ်ာ္သြားတယ္ စိတ္အေျခေနအရေတာ့မၿငိမ္ေသးလို႔ ကြၽန္ေတာ္ခနေခၚထားလိုက္ဦးမယ္ ၿပီးမွက်န္တာေတြဆက္ၿပီးစီစဥ္လို႔ရမလား"

"ေအးပါ မင္းအဆင္ေျပမယ္ထင္ရင္အဲ့လိုပဲလုပ္လိုက္ ဒါမဲ့ဂ႐ုေတာ့စိုက္ေပါ့ ေကာင္ေလးကိုလည္းအရမ္းမႏွိပ္စက္နဲ႕"

ဆိုေတာ့Juyeonကတစ္ခ်က္ဟက္ခနဲရယ္လိုက္ရင္း

"သူနဲ႕ကြၽန္ေတာ္ကငယ္ငယ္ကတည္းကသူငယ္ခ်င္းေတြပါဗ်ာ....ႏွိပ္စက္စရာအေၾကာင္းမရွိပါဘူး"

"ေအးပါ....အဲ့လိုဆိုလည္း....မင္းလိုအပ္တာရွိရင္ေတာ့ေျပာထားလိုက္ အာ...ၿပီးေတာ့ေကာင္ေလးကိုလည္းေသခ်ာဂ႐ုစိုက္ ငါ့သားဟုတ္ေနရင္လည္းငါ့သားမလို႔ အကယ္လို႔မဟုတ္ခဲ့ရင္ေတာင္သူမ်ားသားသမီးျဖစ္ေနရင္ဒုကၡေပးလို႔မရဘူး"

"ဟုတ္ကဲ့ပါ နားလည္ပါၿပီBoss ကြၽန္ေတာ္ေသခ်ာေစာင့္ေရွာက္ထားပါ့မယ္"

Juyeonလည္းBossနဲ႕ဖုန္းေျပာၿပီးခ်လိဳက္ေတာ့တစ္ဖက္စားပြဲတြင္တင္ထားသည့္ဖုန္းမွထျမည္လာခဲ့ေလသည္။

"Junnie❤"

Contactတြင္မွတ္ထားသည့္နာမည္ႏွင့္ပုံအရမည္သူမွန္းJuyeonတန္းသိေလသည္။ ဒါေၾကာင့္ခ်က္ခ်င္းဖုန္းကိုခ်လိဳက္ကာစက္ပိတ္လိုက္သည္။

"Jaeနဲ႕အဲ့Hyunjunဆိုတဲ့အေကာင္ကတြဲေနတာမဟုတ္ဘူးမလား......ဒါဆိုဘာလို႔Contactမွာအသဲပုံေလးထည့္မွတ္ထားတာလည္း?"

Juyeonသူ႕ဟာနဲ႕သူအေတြးမွာနစ္ေျမာရင္းကိုယ့္စိတ္ကိုဒုကၡေပးေနျပန္ေလသည္။က်န္သည့္ေနရာတြင္ေတာ့လူႀကီးဆန္ေပမဲ့ဤကဲ့သို႔ေသာေနရာတြင္ေတာ့သူကေလးဆန္စြာသဝန္တိုမိသည္။

သို႔ေပမဲ့တစ္ဖက္တြင္ေတာ့......

"လူႀကီးမင္းေခၚဆိုေသာတယ္လီဖုန္းမွာစက္ပိတ္ထားပါသျဖင့္...."

"ေတာက္!!!!!"

"ဘယ္လိုျဖစ္တာတုန္း...ေစာနကမွေခၚလို႔ရေသးတာကို"

"အကို ဘယ္လိုလည္းTr.ကိုေခၚလို႔ရလားဟင္"

"ေစာနကေတာ့ေခၚလိုက္တာဝင္သြားေသးတယ္ ၿပီးေတာ့ခ်သြားတယ္ အခုထပ္ေခၚေတာ့စက္ပိတ္ထားတယ္တဲ့"

"ဟယ္....ဘယ္လိုျဖစ္တာလည္း!"

"အကိုလည္းမသိေတာ့ဘူး....တစ္ကယ္ပါပဲJaeရာ...ဘာလို႔ဖုန္းမကိုင္တာလည္း"

ညေနပိုင္းညီမျဖစ္သူႏွစ္ေယာက္ကိုစာလာသင္ေပးရမည့္အခ်ိန္ကိုေတာင္ေက်ာ္လြန္သည့္တိုင္ေရာက္မလာေသးေသာJaehyunအားHyunjunတို႔ေမာင္ႏွမေတြဖုန္းဆက္ၾကည့္လိုက္သည္။သို႔ေပမဲ့မကိုင္သည္မလို႔Hyunjunတစ္ေယာက္စိတ္ေတြပူလာျပန္ပါေတာ့သည္။

"Tr.တစ္ခုခုမ်ားျဖစ္ေနလို႔လားမသိဘူး"

"ေအးေနာ္....ကိုကို ညီမေလးတို႔Tr.အိမ္လိုက္သြားရေအာင္ေလ"

"အင္း ဟုတ္ၿပီ"

Hyunjunလည္းကားေသာ့ယူကာညီမႏွစ္ေယာက္နဲ႕အတူJaehyunအိမ္သို႔ေမာင္းလာခဲ့လိုက္ၾကေတာ့သည္။ကားေမာင္းလာသည့္တစ္ေလွ်ာက္လုံးလည္းစိတ္ကမၿငိမ္။ Jaehyunသာတစ္ခုခုျဖစ္ရင္သူရင္က်ိဳးမွာ။ ဘာမွမျဖစ္ပါေစနဲ႕ဟုသာဆုေတာင္းရင္းကားကိုအရွိန္တင္ေမာင္းလာခဲ့လိုက္သည္။

Jaehyunတို႔အိမ္ေရွ႕ေရာက္ေတာ့အိမ္ကပုံမွန္အတိုင္းပင္။သာမန္ဆိုလည္းလူမရွိဘူးဟုထင္ရေလာက္ေအာင္တိတ္ဆိတ္သည္မလို႔အျခားအိမ္မ်ားကလည္းသတိမထားမိၾကေခ်။

Hyunjunတို႔ေမာင္ႏွမသုံးေယာက္လည္းအိမ္ရဲ႕ၿခံတံခါးကိုၾကည့္ေတာ့တံခါးကပြင့္ေနေလသည္။အိမ္ေရွ႕ရဲ႕တံခါးကိုလည္းဖြင့္ၾကည့္ေတာ့အထဲမွေသာ့မခတ္ထားသည္မလို႔ဖြင့္ၾကည့္မိလိုက္သည္။

တံခါးကိုဖြင့္ဖြင့္ခ်င္းပဲျမင္လိုက္ရသည့္အပ်က္စီးအနည္းငယ္နဲ႕အတူဧည့္ခန္းရဲ႕ခုံနားမွာက်ေနသည့္ေသြးစက္မ်ား။

"အားး!!!!!!! ေသြးေတြ!!!!"

Hwallieမွာေသြးကိုျမင္သည္ႏွင့္အလန့္တၾကားေအာ္မိလိုက္သည္။Hyunjunနဲ႕Hyunnieမွာလည္းအေတာ္ေလးပင္ထိတ္လန့္သြားၿပီးထိုေနရာမွာတင္ခနေလာက္ရပ္ေနလိုက္မိသည္။

"ကိုကို.....ဒါ....ဒါ....ဘာေတြလည္း!!"

Hyunjunမွာစိတ္ကိုအတတ္နိုင္ဆုံးျပန္စုစည္းၿပီး

"Hwallieတို႔ႏွစ္ေယာက္ဒိမွာခနေနခဲ့ ဘာပစၥည္းကိုမွမထိနဲ႕ အကိုအေပၚတက္ၾကည့္လိုက္ဦးမယ္"

ေျပာရင္းအေပၚထပ္ကိုအျမန္တက္သြားလိုက္မိသည္။ စိတ္ထဲမွာလည္းJaehyunဘာအႏၱရာယ္မွမျဖစ္ေနေစရန္အႀကိမ္ႀကိမ္သာဆုေတာင္းေနမိျပန္သည္။

အေပၚထပ္ကိုေရာက္သြားေတာ့မည္သူမွ်မရွိဘဲပစၥည္းေတြဟာလည္းေအာက္ထပ္မွာလိုယိုယြင္းပ်က္စီးေနျခင္းမရွိ။ သူ႕ဟာသူအစီစီပင္မလ္ု႔ေအာက္ထပ္မွာတင္တစ္ခုခုျဖစ္ခဲ့ၿပီမွန္းHyunjunရိပ္မိလိုက္သည္။ထို႔ေၾကာင့္ေအာက္ထပ္ကိုအျမန္ျပန္ဆင္းသြားၿပီး

"Hwallie ရဲကိုဖုန္းဆက္လိုက္ အကိုကYounghoon Hyungနဲ႕ Yuri Noonaကိုဖုန္းဆက္လိုက္မယ္"

"ဟုတ္...ဟုတ္ကဲ့"

HyunJunလည္းYounghoonအားဖုန္းေခၚလိုက္ေတာ့သိပ္မၾကာဘဲကိုင္ေလသည္။

"ဟယ္လို....Younghoon Hyung!"

"ေအးေျပာ Hyunjun yah "

"Hyung Yuri Noonaနဲ႕Jaehyun Hyung အိမ္ကိုလာခဲ့ပါလား ျပႆနာတစ္ခုေတာ့တက္ေနၿပီ"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဘယ္လိုျဖစ္တာလည္း Hyunjun!!!"

"ကြၽန္ေတာ္လည္းေသခ်ာမသိေသးဘူးHyung ဒီေန႕Jaehyun Hyungစာလာမသင္ေသးလို႔ဆိုၿပီးဆက္သြယ္လိုက္တာ မရတာနဲ႕ လာၾကည့္ေတာ့အခုလိုျဖစ္ေနတာပဲ"

"ဟာ....ဒါဆို.....ဘာေတြကဒီလိုေတြျဖစ္သြားေစတာလည္းကြာ!!!!!"

"ကြၽန္ေတာ္......Jaeကိုစိတ္ပူတယ္ Hyung..."

ဟုဆိုကာHyunjunမွာမ်က္ရည္မ်ားစတင္က်လာခဲ့ေတာ့သည္။ Younghoonကလည္းႏွစ္သိမ့္ေပးေနတုန္းမၾကာလိုက္ရဲမ်ားေရာက္လာၿပီးအေျခေနကိုသုံးသပ္ကာစစ္ေဆးစရာရွိသည္မ်ားကိုစစ္ေဆးေတာ့သည္။

အရင္ဆုံးလုပ္ထုံးေတြအရ Hyunjunတို႔ေမာင္ႏွမသုံးေယာက္အားေမးျမန္းၿပီးေတာ့အိမ္ရဲ႕အေျခေနကိုလိုက္စစ္ေဆးၾကေတာ့သည္။

Younghoonနဲ႕Yuriမွာလည္းသူတို႔သူငယ္ခ်င္းJaehyunအတြက္အေတာ္ေလးပင္စိတ္ပူေနခဲ့ၾကသလိုHyunjunမွာေတာ့သူခ်စ္ရတဲ့သူအတြက္စိုးရိမ္ကာ ကမၻာပ်က္မတတ္ကိုခံစားေနရေတာ့သည္။
.................

"ေရာ့.....ဒါေလးေသာက္လိုက္ဦး"

Younghoonထိုးေပးလာသည့္အေအးဘူးအားၾကည့္ကာHyunjunေခါင္းခါမိသည္။ စေရာက္လာကတည္းကဘာမွလည္းမစားရေသးသလိုေရေတာင္တစ္စက္မွ်ပင္ဝင္ေအာင္မေသာက္ရေသးေခ်။

Jaehyunရဲ႕အိမ္ကေနတစ္ဆင့္ရဲစခန္းကိုလိုက္သြားရေသးသည္မလို႔အခ်ိန္အားျဖင့္လည္းညေနပိုင္းကိုေရာက္ေနေလသည္။

Younghoonကအ႐ုပ္ႀကိဳးပ်က္ေနသည့္ႏွယ္ထိုင္ေနသည့္Hyunjunရဲ႕ေဘးမွာအေအးဘူးအားေမာ့ေသာက္ရင္းဝင္ထိုင္လိုက္ကာ

"စိတ္မပူပါနဲ႕ ျပန္ရွာေတြ႕မွာပါ....ငါလည္းငါ့သူငယ္ခ်င္းအတြက္စိတ္ပူတာမလို႔အတတ္နိုင္ဆုံးရွာေတြ႕ေအာင္လုပ္ရမယ္"

Younghoonေျပာၿပီးလို႔အေတာ္ၾကာမွHyunjunက

"Hyung.....ကြၽန္ေတာ္ေလ...Jaehyun Hyungကို စိတ္မေလွ်ာ့ေပးလိုက္သင့္ဘူးသိလား အဲ့ေန႕က ကြၽန္ေတာ္မေအာ္ခဲ့မိသင့္ဘူး ဘယ္ေလာက္ပဲJaehyun Hyungက အဲ့Juyeonဆိုတဲ့အေကာင္ကိုခ်စ္တယ္ေျပာေျပာ ကြၽန္ေတာ့လက္မေလွ်ာ့ဘဲ ဆက္ဆြဲထားခဲ့သင့္တာ.....အခုေတာ့.....အခုေတာ့......"

ေျပာရင္းငိုလာျပန္တဲ့HyunjunကိုYounghoonကလည္းပခုံးပုတ္ကာႏွစ္သိမ့္ေပးရွာသည္။

"ကြၽန္ေတာ္သာစိတ္မေလွ်ာ့ခဲ့ရင္ေလ အရင္ကအတိုင္းညကိုဖုန္းေခၚျဖစ္ခဲ့ရင္အခုလိုေတြျဖစ္လာမွာမဟုတ္ဘူး....ကြၽန္ေတာ္မွားတာေတြအမ်ားႀကီးပါတယ္!!!"

"ေအာ္....မဟုတ္တာမင္းကလည္း အဲ့လိုေတြမေျပာပါနဲ႕ အခုလည္းသတင္းကေသေသခ်ာခ်ာမသိရေသးဘူးေလ ဆိုဖာနားမွာေတြ႕ခဲ့တဲ့ေသြးေတြကလည္းJaehyunရဲ႕ေသြးေတြမဟုတ္ေလာက္ပါဘူး ၿပီးေတာ့ေပေနတဲ့ေသြးပမာဏကလည္း လူတစ္ေယာက္ေသေလာက္တဲ့ထိထြက္ထားတဲ့ပမာဏမဟုတ္ဘူး အဲ့ေတာ့မင္းမစိုးရိမ္နဲ႕ဟုတ္ၿပီလား"

"အင္းပါ.....Hyung......"

Hyunjunမွာေတာ့ကိုယ့္ကိုကိုယ္အျပစ္တင္စိတ္နဲ႕သာဆက္ရွိေနျပန္ပါေသးသည္ေလ။ သူသာအဲ့ေန႕ကစိတ္ဆိုးၿပီးJaehyunကိုမေအာ္မိခဲ့ရင္ေကာ...အေျခေနေတြကအခုလိုပဲျဖစ္ေနဦးမွာလား.......

တစ္ကယ္ပဲ Jaehyun Hyungကိုခ်စ္ဖို႔အခြင့္ေရးသူ႕ဆီမွာလုံးလုံးမရွိေတာ့တာလား.............
___________________________________________

Thanks for reading🌸


Bạn đang đọc truyện trên: Truyen4U.Com