Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 34

~ ထွက်သွားလို့မရအောင်ကိုအနားမှာခေါ်ထားချင်တဲ့လောဘလေးရှိနေတယ် ~

"ငါတို့ကိုခေါ်တာဘာကိစ္စရှိလို့လည်း Hyunjun"

စားသောက်ဆိုင်တစ်ခုရဲ့တစ်နေရာတွင်Hyunjunရယ် Younghoon နဲ့ Yuriတို့မောင်နှမရယ်ရှိနေကြသည်။

"ကျွန်တော်Hyungတို့ကိုခေါ်လိုက်တာအရေးကြီးကိစ္စတစ်ခုပြောစရာရှိလို့ပါ"

Hyunjunကပြောလာတော့Younghoonကပြောလေဟူသောပုံဖြင့်မျက်နှာထားကိုပြတော့Hyunjunမှ

"အခုJaehyun Hyungတို့မိသားစုပျောက်သွားတဲ့ကိစ္စက သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုတာHyungတို့လည်းသိမှာပါ"

"အင်း.....ငါလည်းထင်တော့ထင်နေတာ..."

"အာ့ကြောင့် ရဲတွေလည်းအစနတော့ရပေမဲ့မလုံလောက်တော့အဆင်မပြေဘူးဖြစ်နေတာလေ"

Hyunjunပုံစံကြည့်ရတာတစ်ခုခုကိုကြံစည်ထားသည့်ပုံပေါက်နေသည်မလို့

"မင်း ဘာတွေကြံစည်နေတာလည်းHyunjun"

"ကျွန်တော်လည်းသွေးရိုးသားရိုးနည်းနဲ့ရှာရင်မရတော့ဘူးဆိုတာသိလို့"

Hyunjunပြောလိုက်သည့်စကားကြောင့်Yuriမှ

"Hyunjunရယ်...နင်မဟုတ်မှ....လူဆိုးတွေဘာတွေကိုငှားထားတာလား"

"လူဆိုးရယ်တော့မဟုတ်ပါဘူး Noona...ဒီအတိုင်းကျွန်တော်Americaမှာနေတုန်းကရှိခဲ့တဲ့အဆက်သွယ်ကနေရှာပေးထားတဲ့ agentတွေပါ"

"မင်းဘာမဟုတ်တာလုပ်မလို့လည်း....အခန့်မသင့်ရင်မင်းပါအဖမ်းခံရမယ်နော်"

"စိတ်ချပါ Hyungတို့....ကျွန်တော်လည်းယုံကြည့်ရတဲ့သူတွေမလို့သာငှားတာပါ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်Jaehyun Hyungကိုတွေ့အောင်ရှာမယ်.....တွေ့တာနဲ့Jaehyun Hyungကျွန်တော့်အနားကနေထွက်သွားလို့မရအောင်လက်ထပ်ယူပြီးတော့Americaကိုပြန်ပြောင်းနေတော့မယ်လို့ဆုံးဖြတ်ထားတယ်"

"မင်းလောဘကလည်းမသေးလှချည်လား Hyunjun"

Younghoonမှရွှတ်နောက်နောက်ဖြင့်ပြောတော့

"ကျွန်တော်လောဘကြီးသင့်တယ်လေ Hyung....ပြီးခဲ့တဲ့အခေါက်က ကျွန်တော်စိတ်လျှော့မိလိုက်လို့။ ပြန်သာရှာတွေ့ရင်တော့ကျွန်တော်စိတ်လျှော့တော့မှာမဟုတ်ဘူး....."

တစ်ကယ်ကိုလေးလေးနက်နက်ပြောလာသည့်Hyunjunအားကြည့်ပြီးYounghoonနဲ့Yuriမှာလည်းသက်ပြင်းချရုံကလွဲပြီးမတတ်သာ....။

......................

"ရော့.....ဒါကစရံငွေအရင်ယူထားလိုက် ကျန်တာကိုတော့ကိစ္စတွေရှင်းပြီးသွားမှပေးမယ်"

"ရပါတယ်.....Mr. Hur"

"အကယ်လို့ကြားထဲမှာရှာနေရင်းတစ်ခုခုလိုအပ်လာရင်လည်းပြော အဲ့တစ်ယောက်ကိုရှာတွေ့ဖို့အတွက်ငွေဘယ်လောက်ပဲသုံးရသုံးရ ငါသုံးမယ်"

"ကောင်းပါပြီ ကျွန်တော်တို့ဘက်ကလည်းအလုပ်လာအပ်တဲ့သူတွေကိုစိတ်တိုင်းအကျဆုံးလုပ်ဆောင်ပေးတာမလို့အကောင်းဖြစ်စေရပါမယ်လို့အာမခံပါတယ်"

Hyunjunပြောစရာရှိတာပြော မှာစရာရှိတာတာတွေမှာပြီးသည်နှင့်အိမ်ကိုပြန်ရန်ကားပေါ်သို့တက်လာခဲ့လိုက်သည်။ ဒါပေမဲ့သူ့စိတ်ထဲကျဥ်းကျပ်နေ၍အိမ်ကိုအရင်မပြန်သေးဘဲတစ်နေရာကိုသွားရန်ဆုံးဖြတ်လိုက်လေသည်။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ညဥ့်နက်ခါစပြုနေသည့်ကောင်းကင်ယံတွင်မိုးသားတိမ်တိုက်တို့သည်မဲမှောင်လျက်ရှိနေသည်။ ကန်ရေပြင်မှရေတို့ဟာလည်း တည်ငြိမ်နေသည်မှာ စိတ်ထဲတွင်စိုးရိမ်ပူပန်မှုများစွာရှိနေသည့်Hyunjunနှင့်လားလားမျှမဆိုင်။

လက်ထဲမှဘီယာဘူးအားမော့ကာသောက်လိုက်တော့ခါးသက်သည့်အရသာဟာခံတွင်းထဲမှတစ်ဆင့်ခန္ဓာကိုယ်ထဲသို့ပူပြီးဆင်းသွားသည်။သက်ပြင်းတစ်ခုကိုလည်းလေးကန်စွာချလိုက်ရင်းသူစဥ်းစားမိသည်။

"Jaeကငါနဲ့များပေါင်းဖက်ဖို့ကံမပါလာဘူးလား...."

ထိုမေးခွန်းတစ်ခုကခေါင်းထဲမှာဝဲလည်နေလျက်။

သူသိပ်ချစ်ရပါတယ်ဆိုတဲ့ကောင်လေးဟာအခုလောလောဆယ်သူ့အနားမှာမရှိနေဘူးဆိုသည့်အတွေးဟာလည်းနှိပ်စက်လို့နေပါသည်။

မှတ်မိပါသေးသည်။ အခုလိုညအချိန် ဟန်မြစ်ရဲ့ဘေးကထိုင်ခံပေါ်မှာအတူတူထိုင်ရင်းသူတို့နှစ်ဦးစကားတွေအများကြီးပြောခဲ့ကြတာကို။ Lee Juyeonဆိုတဲ့လူသားဟာလည်းသူချစ်နေရတဲ့သူအတွက်ဘယ်လောက်ထိအရေးပါကြောင်းကိုလည်းပြောပြီးသူ့ရင်ခွင်ထဲမှာငိုခဲ့ဖူးတာကို။

အခုတော့ရင်ခွင်ထဲလာဝင်လှည့်ပါဦးလား Jaeရယ်..

သူ့ကိုဘယ်လောက်ပဲ လောဘကြီးတယ်ပြောပြော တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော သူဆုံးဖြတ်ချက်ချထားပါသည်။

သိပ်ချစ်ရတဲ့Jaeကိုရအောင်ရှာပြီးတာနဲ့ဘယ်သူ့ကိုမှမငဲ့တော့ဘဲAmericaကိုခေါ်သွားမည်။ ဒါဟာJaeရောသူ့အတွက်ပါကောင်းဖို့အတွက်ပင်။

အဆုံးစွန်ထိတွေးရင် အကယ်လို့Lee Juyeonဆိုတဲ့အကောင်ပြန်ပေါ်လာပြီးJaeကိုခေါ်မည်ဆိုတာတောင်မှသူလုံးဝလက်လွှတ်ပေးတော့မည်မဟုတ်ချေ။ သူလည်းလောဘနဲ့မာနတော့ရှိသေးသည်လေ။ ချစ်ရင်တော့စွန့်စားရဲရမှာပေါ့။

Hyunjunတစ်ယောက်အတွေးပေါင်းစုံခေါင်းထဲမှာရောက်နေပေမဲ့ ကန်ရေပြင်ကတော့ယခုထက်ထိပြောင်းလဲမှုမရှိငြိမ်နေဆဲပင်။

...........................................................................

"ဒုန်း!!!"

Jaehyunတစ်ယောက်အိပ်ခန်းထဲမှာတံခါးအားပခုံးနှင့်ဆောင့်တွန်းကြည့်လိုက်သည်။ တံခါးကဘယ်လိုမှမနေပေမဲ့ သုံးလေးချက်လောက်ဆောင့်တွန်းထားရတဲ့Jaehyunကတော့လက်မောင်းတွေအတော်လေးအောင့်နေပြီဖြစ်သည်။

သူဟိုနေ့ညကတံခါးကနေထွက်လာမိကတည်းကJuyeonက တံခါးကိုအပြင်ကနေသော့တစ်ထပ် ခံလိုက်သေးသည်ထင်။ ဘယ်လိုမှဖွင့်မရတော့ချေ။

မနက်ခင်းကသူနားစွန်နားဖြားကြားလိုက်မိတာဒီနေ့တစ်နေကုန်Juyeonအပြင်မှာကိစ္စတစ်ခုရှိသည်မလို့်အိမ်မှာမရှိချေ။ ဘယ်လိုအရေးကြီးသည့်ကိစ္စလည်းတော့မသိပေမဲ့အိမ်ကအစောင့်တွေပါ ပါသွားသည်မလို့အိမ်မှာအရင်ကထက်အစောင့်နည်းနေသည်လေ။

ထိုအခွင့်ရေးကိုအသုံးချပြီးJaehyunတစ်ယောက်ထွက်ပြေးမယ်ကြံစည်ထားခြင်းဖြစ်သည်။ အခုတံခါးကဘယ်လိုမှဖွင့်မရသည်မလို့အခန်းမှပြတင်းပေါက်တွေကြည့်တော့လည်းအပြင်ကနေတစ်ထပ်ကာပြီးပိတ်ထားလေသည်။

အိမ်မှာJuyeonရှိနေကျဆိုလျှင်ပြတင်းပေါက်များဖွင့်ထားလေ့ရှိသည်။ အခုတော့အထဲနေလည်းသော့ခတ်ထားပြီးအပြင်ကလည်းသော့ခတ်ထားသည်မလို့Jaehyunမယ်ကြံရာမရဖြစ်နေတော့သည်။

အခုလိုအခြေနေကလည်းရှားပါးသည်မလို့သူအဆုံးရှုံးမခံချင်။ သူJuyeonဆီကထွက်ပြေးချင်မိသည်။ မထင်ထားခဲ့တဲ့စရိုက်မျိုးနဲ့ဖြစ်နေသည့်Juyeonနားမှာသူခနလေးတောင်မနေချင်တော့။ အမှန်တိုင်းဝန်ခံရလျှင်Jaehyun Juyeonကိုချစ်နေမိသေးသည်။

ရူးမိုက်စွာပင် မိဘတွေကိုသေနတ်နဲ့ချိန်ပြီးသူ့အားအကျယ်ချုပ်သဘောမျိုးနဲ့ထားထားသည့်သူအား ချစ်နေမိသေးသည်တဲ့လေ။ အဲ့အတွက်ကြောင့်သူ့ကိုယ်သူလည်းစိတ်ပျက်မိသည်။

ဒါကြောင့်Juyeonဆီကနေမြန်မြန်ထွက်ပြေးပြီးသူ့မိဘတွေကိုပြန်ကယ်ရမည်။ စဥ်းစားနေရင်းမှာပဲJaehyunတစ်ခုကိုသွားသတိရမိသည်က...

"အာ...ဟူတ်သားပဲ ရေချိုးခန်းထဲကပြတင်းပေါက်!!"

Jaehyunရေချိုးခန်းထဲကိုပြေးသွားလိုက်ပြီးကြွေဇလုံပေါ်တက်လိုက်ကာ အပေါ်ကပြတင်းပေါက်အားဖွင့်ကြည့်လိုက်သည်။ ကံကောင်းစွာနဲ့ပဲဖွင့်လို့ရသွားသည်မလို့Jaehyunဝမ်းသာမိသွားသည်။

ရေချိုးခန်းကြွေဇလုံပေါ်ကိုအသာလေးတက်လိုက်ပြီးအပေါ်ကပြတင်းပေါက်ဆီကိုလှမ်းကာကုပ်တက်လိုက်တော့ခါးလောက်နေရာအထိကအပေါ်ရောက်သွားလေသည်။ အပြင်ကိုမထွက်ခင် ပတ်ဝန်းကျင်အခြေနေကြည့်လိုက်တော့ဘယ်သူမှမရှိနေသည်မလို့ Jaehyunချက်ချင်းပဲထပ်ကုပ်တက်ကာ ပြတင်းပေါက်ပေါ်သို့ရောက်သွားလေသည်။

နောက်တစ်ခေါက်ထပ်ကြည့်လို့ဘယ်သူမှမရှိတာသေချာတော့မှအောက်ကပြတင်းအမိုးပေါ်သို့ခုန်ချဆင်းလိုက်သည်။ သူနေနေတာနှစ်ထပ်မြောက်မလို့သာတော်သေးသည်။ မဟုတ်လျှင်ဒီထက်ဆင်းရတာပိုခက်လိမ့်မည်။

ထို့နောက်အရိပ်အခြည်ထပ်ကြည့်ပြီးဘယ်သူမှမရှိတာထပ်သေချာတော့မှမြေပြင်သို့ခုန်ဆင်းလိုက်တော့သည်။

"ဘုတ်!!!"

ပထမတစ်ထပ်ကနေမြေပြင်တောင်မှအနည်းငယ်မြင့်နေသဖြင့်Jaehyunအကျမှာမသက်သာလှ။ ခြေချင်းဝတ်တော့နာသွားသည်။ သို့ပေမဲ့ထိုအရာကိုမမှုဘဲဒီအိမ်ဝန်းကြီးထဲကနေထွက်ရအောင်သူကြိုးစား​တော့သည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အပ်ကျသံတောင်ကြားလောက်ရတဲ့အထိတိတ်ဆိတ်နေသောအခန်းအတွင်းကမီးအလင်းရောင်မရှိမှောင်မဲလို့နေသည်။ မြင်ရရုံလောက်သာဆိုတဲ့နံရံထူထူကြီးအပေါ်မှမှန်ကာထားသည့်နေရာတွင်မြင်နေရသောနေအလင်းရောင်ကလည်းရေးရေးသာ။

အခန်းတွင်းရရှိနေသည့်အနံ့တစ်မျိုးဟာလည်းသံချောင်းများကိုရေထိ၍သံချေးတက်ထားသည့်အနံ့နဲ့အတူ လုံလောက်သည်လေမဝင်ရောက်၍တိုက်အတွင်းစိုစွတ်သည့်ပုတ်အဲ့အဲ့အနံ့တို့ကလည်းလှိုင်လှိုင်ထနေသည်။

လက်နှစ်ဖက်လုံးလည်းနောက်သို့ပစ်၍အချည်ခံထားရပြီးဘယ်လိုမှရုန်းထွက်မရ။ အခန်းအတွင်းပိတ်ထားသည်ဆိုပေမဲ့လည်းလျှောက်မသွားစေရန်ခြေထောက်ကိုပါကြိုးဖြင့်ချည်ခြင်းကိုခံထားရသည်မလို့မတတ်သာ။

ဤကဲ့သို့သောအမည်မသိနေရာကား ဘယ်နေရာနည်း။

တိတ်ဆိတ်နေသောတိုက်ခန်းအတွင်းအားဖြိုခွင်းလိုက်သည်မှာ အရှေ့ခပ်လှမ်းလှမ်းတွင်ရှိပါသောတံခါးအသံမှဖြစ်သည်။ တံခါးကိုသံဗန်းများဖြင့်ဘေးသို့လျှောတိုက်ပုံစံပြုလုပ်ထားသောကြောင့်အသံလုံသည့်အခန်းအတွင်းတံခါးပွတ်တိုက်သံဟာဟိန်းထွက်သွားလေသည်။

"ဘယ်....ဘယ်သူလဲ"

မေးလိုက်သည့်အသံမှာတုန်ရီနေလေသောကြောင့်ကြောက်နေမှန်းတော့ရိပ်မိပါသည်လေ။ မှောင်မိုက်နေသည့်ကြားမှရုတ်တစ်ရက်အလင်းရောင်က်ုမြင်ရသည်မလို့ မျက်စိစူးသွားသောကြောင့်ရှေ့ကလူကိုသေချာမမြင်ရသေးချေ။

"မင်း...မင်းတို့ကို Lee Sunghyunကလွှတ်လိုက်တဲ့လူတွေမလား ဟုတ်တယ်မလား!!!!!"

"ခင်ဗျားသောက်ပါးစပ်ကိုပိတ်ထားစမ်း!!!!"

ကြောက်လန့်နေပါသော်လည်းမရိပ်မိစေအောင်အော်ပြောလိုက်မိပေမဲ့တစ်ဖက်လူမှပြန်ပြီးငေါက်လိုက်သည့်အသံ​ကြောင့်ပို၍ပင်တုန်လှုပ်သွားရတော့သည်။

"ခင်ဗျား..မိန်းမအခုထိမနိုးသေးဘူးပဲ"

ပြောမှတစ်ဖက်ကိုကြည့်မိတော့ကြိုးတုပ်ခံထားလျက်နှင့်ပင်သတိပြန်မရသေးသောမိန်းမဖြစ်သူအားတွေ့လိုက်ရသည်။

"မိန်းမ....မိန်းမ!!!! ထဦးလို့!!!"

သူဘယ်လောက်ပဲအော်နှိုး နှိုး မိန်းမဖြစ်သူဟာသတိလုံးဝပြန်မရသေးချေ။

"မင်းတို့သူ့ကိုရေနဲ့ပက်ပြီးနှိုးလိုက်!!"

ပါလာသည့်လူတွေအားခိုင်းလိုက်တော့အဆင်သင့်ယူလာသည့်ရေဘူးအားဖွင့်ကာသတိမရသေးသည့်မိန်းမရဲ့မျက်နှာပေါ်သို့ပက်ချလိုက်သည်။

ထိုမှသာရေနဲ့အေးတဲ့အရှိန်နဲ့သတိရလာသည့်ထိုမိန်းမ။ နိုးနိုးလာခြင်းအမြင်အာရုံများဝေဝါးနေ၍လက်နဲ့ပွတ်မည်လုပ်တော့သူ့လက်များအားချည်နှောင်ခြင်းခံထားရပြီးဘေးပတ်ဝန်းကျင်ကိုယောင်ယမ်းပြီးကြည့်တော့မှ ဘေးမှာသူ့အတိုင်းအဖမ်းခံထားရသည့်ယောကျ်ားဖြစ်သူရယ် အရှေ့မှာရပ်နေသည့်လူတစ်ယောက်ရယ် အနောက်ကနောက်လိုက်နှစ်ဦးရယ်တို့ကိုမြင်လိုက်ရလေသည်။

"ရှင်....ရှင်....တို့ဘယ်သူတွေလည်း!!!"

"အဟက်!"

တိတ်ဆိတ်နေသည့်အခန်းထဲတွင်ပေါ်ထွက်လာသည့်ခပ်ရှရှရယ်သံတစ်ခုဟာကြက်သီးထမိလောက်အောင်ကြောက်ဖို့ကောင်းသွားမိသည်။

"ကျွန်တော့်ကိုတစ်ကယ်မသိဘူးလား"

ပြောလိုက်ပြီးနောက်လိုက်နှစ်ယောက်မှတံခါးအားပို၍ဖွင့်လိုက်တော့မှလုံလောက်စွာရရှိလာသည့်အလင်းရောင်နှင့်အတူအရှေ့မှာရပ်နေသည့်သူအားလည်းကောင်းစွာမြင်တွေ့လိုက်ရသည်။

"Lee..Juyeon!!"

"အာ....အခုသိပြီပဲ..."

"မင်းကဘာဖြစ်လို့ငါတို့ကိုဖမ်းခေါ်ထားရတာလည်း ပြီးတော့ ဘာလို့ငါတို့အိမ်ကိုလည်းအဲ့လိုဝင်ခဲ့တာလည်း!!"

"ခင်ဗျားတို့တစ်ကယ်မသိလို့မေးနေတာလား မသိချင်ယောင်​ဆောင်ပြီးတော့ပဲမေးနေတာလား"

မျက်ခုံးတစ်ဖက်အားပင့်ကာနှစ်ယောက်မျက်နှာကိုတစ်လှည့်စီကြည့်ကာမေးလိုက်လေသည်။

"ခင်ဗျားတို့ ဘာလို့ Lee SungHyungရဲ့သားLee Jaehyunကို ခေါ်ထားခဲ့တာလည်း?"

ယောကျာ်းဖြစ်သူနှင့်မိန်းမဖြစ်သူတို့မှာချက်ချင်းမျက်နှာပျက်သွားပြီးတစ်ဖက်ကိုလွှဲသွားလိုက်ကြသည်။

"ငါမေးနေတယ်လေ!!!!!!"

Juyeonမှအော်ပြီးပြောတော့ယောကျာ်းဖြစ်သူမှ

"Jaehyunကငါတို့သားအရင်းပဲ ဘယ်သူ့ဆီကမှခေါ်ထားတာမဟုတ်ဘူး ငါ့မိန်းမကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သားအရင်းကွ!!!"

"ခွပ်!!!!!!!"

Juyeonဆီမှအထိုးခံလိုက်ရခြင်းဖြစ်သည်မလို့နှုတ်ခမ်းထောင့်တွင်သွေးတောင်ထွက်သွားလေသည်။

"ဘာ? Jaeကခင်ဗျားရဲ့သား? ခင်ဗျားမိန်းမဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သား? ဟက် အံ့သြတယ် တစ်ကယ် ဗြောင်လိမ်ဗြောင်စားလုပ်နိုင်တဲ့ခင်ဗျားကိုတစ်ကယ်အံ့သြတယ်!"

"မင်းလိုကောင်ကဘာသက်သေမှမရှိဘဲငါ့ကိုလာစွပ်စွဲနေတာလေ မင်းကမှအံ့သြဖို့ကောင်းတာ"

Juyeonတစ်ချက်ဒေါသထွက်သွားသည်မလို့

"ဟိုကောင် ငါ့ကိုအဲ့ဓားပေးစမ်း!"

နောက်လိုက်တစ်ယောက်မှJuyeonအားဓားမြှောင်တစ်ခုလှမ်းပေးလိုက်တော့ Juyeonလက်ထဲဓားရောက်ရုံရှိသေး ချက်ချင်းယောကျာ်းဖြစ်သူရဲ့လည်ပင်းနားကိုရောက်သွားလေသည်။

"အားး!!!! ကျွန်မယောကျာ်းကိုမသတ်ပါနဲ့!!! အကုန်.....ပြောပြပါ့မယ်!!"

"မိန်းမ!!!! မင်းရူးနေလား!!!"

အကြောက်တရားများဖြင့်ပြည့်နေသည့်မိန်းမဖြစ်သူဟာတုန်တုန်ယင်ယင်နဲ့ပင်သူ့ယောကျာ်းနှင့်Juyeonရှိရာကိုလှည့်ကြည့်လိုက်လေသည်။

"ပြောလေ....."

"ကျွန်မက ကျွန်မယောကျာ်းနဲ့ယူပြီးတစ်နှစ်နေတော့ကလေးစလွယ်ရပါတယ် ဒါပေမဲ့ကံမကောင်းစွာနဲ့ကလေးကပျက်ကျသွားခဲ့တော့ ကျွန်မက ကလေးရူးရူးနေခဲ့တာပါ...အဲ့တာပြီးနောက်နှစ်လလောက်နေတော့ ကျွန်မတို့လင်မယားနှစ်ယောက်ကို လူတစ်ယောက်ကလာပြီး မင်းတို့ကို မွေးပြီးသားကလေးတစ်ယောက်ပေးမယ် အဲ့ကလေးကိုငါတို့ပြန်မခေါ်မချင်းမွေးစားထားပေး ဆိုလို့ ကျွန်မတို့လည်းခေါ်မွေးထားတာပါ။ ကလေးရူးရူးနေတဲ့ကျွန်မအတွက်တော့အဆင်ပြေတာပေါ့ရှင်....ဒါပေမဲ့နောက်ပိုင်းသိလိုက်ရတာက အဲ့ကလေးကိုအသက်ပြည့်ပြီးတစ်ချိန်ကျ သူတို့ကပြန်ခေါ်ပြီးတစ်ဖက်နိုင်ငံကိုမွေးစားဖို့ပို့မယ်လို့သိထားပါတယ်။ ကလေးကအန္တရာယ်ရှိတာမလို့ အရင်ကတည်းကအိမ်တွေခနခနပြောင်းခဲ့ရတယ်။ "

"ဒါဆို Jaeကိုသူတို့ကပြန်ခေါ်မယ်ဆိုပြီးပြောလို့အဲ့နေ့ညကအိပ်ဆေးတိုက်ခဲ့တာပေါ့"

"ဟုတ်ပါတယ်.....ကျွန်မတို့လည်းသူတို့ခိုင်းသလိုလုပ်ခဲ့ရတာပါ...ကလေးကိုမကောင်းတဲ့နေရာပို့ရင်ကျွန်မကပြန်မပေးဘူးပြောတော့ ကျွန်မတို့လင်မယားနှစ်ယောက်လုံးကိုသတ်ပစ်မယ်ခြိမ်းခြောက်လို့ပါ"

Juyeonမှာသေချာနားထောင်ပြီးသွားတော့လည်းစိတ််အနည်းငယ်မကောင်းချင်ပေ။

"ဒါဆို.....အိမ်အကူအစ်မပျောက်သွားတဲ့ကိစ္စကရော?"

Juyeonမှထပ်မေးလိုက်တော့လင်မယားနှစ်ယောက်လုံးမျက်လုံးပြူးမျက်ဆံပြူးဖြင့်လန့်သွားလေသည်။

"ငါမေးနေတာမဖြေဘူးလား"

ဒီတစ်ခါတော့ယောကျာ်းဖြစ်သူမှ...

"သူ့ကို ငါမတော်တစ်ဆသတ်မိသွားတာ!"

အံကိုကြိတ်မျက်လုံးကိုမှိတ်ရင်းတုန်တုန်ယင်ယင်နဲ့ဖြေလိုက်သည့်လေသံ။

"ငါတို့လင်မယားနှစ်ယောက်ကJaehyunကိုမွေးစားထားတာသိသွားလို့ပန်းအိုးနဲ့ရိုက်မိတာ မတော်တစ်ဆသေသွားတယ် အဲ့တာကြောင့်အလောင်းကိုဖျောက်လိုက်ခဲ့မိတာ...."

"ခင်ဗျားတို့အခုလိုအမှန်တိုင်းဝန်ခံတာကောင်းပါတယ်....ဒါပေမဲ့ကျွန်တော်ကတော့လွှတ်ပေးဖို့အစီစဥ်မရှိသေးလို့ ဒီမှာနေလိုက်ကြဦး"

ဆိုကာJuyeonမှပြောစရာရှိတာပြောပြီးထသွားလေသည်။ တံခါးနားရောက်တော့ မပိတ်ခင်
ထိုလင်မယားနှစ်ယောက်ဘက်လှည့်ပြီး

"ခင်ဗျားတို့ကိုလွှတ်ပေးလိုက်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တာမလို့ ဒီမှာပဲဖမ်းခေါ်ထားမယ် စားဖို့အချိန်တန်ရင်ကျွန်တော့်လူတွေကလာပို့ပေးလိမ့်မယ်.....အာ...ဒါပေမဲ့ ခင်ဗျားတို့ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်တော့ပေးဆပ်ရဦးမယ်..."

ဟုပြောပြီးကာမှထိုအခန်းထဲကထွက်လာလိုက်လေသည်။
..................

Juyeonတစ်ယောက်တစ်ချို့သောအမှန်တရားတွေကိုသိပြီးနောက်ခနတာခေါင်းအေးအောင်ထိုင်ပြီးနားနေတုန်း ရေးကြီးသုတ်ပျာဖြင့်ရောက်လာတဲ့သူ့လူတစ်ယောက်။

"အကိုလေးJuyeon!!! ပြဿနာတက်ပါပြီ!!!"

"အလန့်တစ်ကြားနဲ့ဘာဖြစ်လာတာလည်း!"

အပြေးလာခဲ့ရ၍အမောကိုမနည်းဖြေနေတုန်းမှာပဲ သူ့လူက

"ဟို....Jae...Jaehyun..."

"Jaeဘာဖြစ်လို့လည်း!!!!!!!"

Jaehyunနာမည်ကြားသည်နှင့်ချက်ချင်းမတ်တပ်ရပ်မိသွားသည်မှာသူကိုယ်တိုင်တောင်သတိမထားမိလိုက်။

"Jaehyun ထွက်ပြေးသွားပါတယ်တဲ့!!"

"ဘာ...!!!"

ကြားကြားပြီးချင်းပဲစားပွဲပေါ်မှာကားသော့ကိုယူကာJaehyunရှိရာအိမ်ဆီသို့အမြန်ကားဖြင့်မောင်းလာလိုက်လေသည်။

Jaeကထွက်ပြေးသွားတယ်တဲ့လား....သူတံခါးတွေပြတင်းပေါက်တွေအကုန်ပိတ်ထားခဲ့ပါလျက်နဲ့ဘယ်လိုထွက်လို့ရသွားတာလည်း။

မြင့်တက်လာတဲ့စိုးရိမ်မှုတို့နဲ့အတူကားကိုလည်းအရှိန်တင်ကာမောင်းလာလိုက်လေသည်။ Jaeကသူ့ဆီကနေထွက်ပြေးသွားတယ်ဆိုတဲ့အသိကJuyeonအတွက်တော့အလွန်ပင်ထိတ်လန့်စေနိုင်ပါသည်လေ။

ဟိုလင်မယားဆီကလည်းအဖြစ်မှန်တွေသိရပြီးသူထင်ထားနေခဲ့သလိုမျိုး Jaeက Lee Sunghyunရဲ့ သားဖြစ်နေကြောင်းကိုDNAစစ်ပြီးတာနဲ့ Jaeကိုအဖြစ်မှန်တွေပြောပြမယ်လို့သူစီစဥ်ထားခဲ့သည်။

အဖြစ်မှန်တွေပြောပြပြီးတာနဲ့Jaeကိုသူထွက်သွားခဲ့မိတာအတွက်တောင်းပန်ပြီးအရင်လိုအတူတူနေကြမယ်ဟုလည်းတွေးထားခဲ့သည်။ သို့ပေမဲ့အခုတော့Jaeကထွက်ပြေးသွားခဲ့သည်တဲ့လား။

"မဖြစ်ရဘူး!! Jaeကငါ့ဆီကနေထွက်သွားလို့မရဘူး!!"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Jaehyunရှိနေခဲ့သည့်အိမ်ရဲ့ခြံဝန်းဟာမထင်မှတ်ထားလောက်အောင်ကျယ်သည်မလို့ထွက်ပြေးလာသည့်သူ့အဖို့တော့လွယ်တော့မလွယ်ကူနေချေ။ ဒီထက်ပိုဆိုးသည်က သူနေခဲ့ရသည့်အိမ်ဟာတောထဲမှာတစ်ခုတည်းသီးသန့်တည်ရှိနေသည့်အိမ်။ အပန်းဖြေစံအိမ်ပုံစံမျိုးဖြစ်တာကြောင့်အနီးအနားမှာခေါ်စရာအကူညီကလည်းမရှိ။

အရင်ဆုံးအိမ်ရဲ့ခြံဝန်းထဲကနေသူလွတ်မြောက်အောင်အရင်လုပ်ရမည်မလို့ အိမ်ပတ်ပတ်လည်ကနေချောင်းကြည့်တာ အစောင့်တွေရှိမရှိတစ်ချက်စစ်ဆေးလိုက်သည်။

တစ်ယောက်စနှစ်ယောက်စတော့တွေ့ပေမဲ့အစောင့်မရှိသည့်ဘက်ကနေထွက်ပြေးမည်ဟုဆုံးဖြတ်ကာတိတ်တိတ်လေးအိမ်နားကနေထွက်လာခဲ့လိုက်သည်။

ဖိနပ်မပါခြေဗလာဖြင့်သွားရသည်မလို့ခုန်ချတုန်းကအရှိန်နဲ့နာနေပေမဲ့လည်းအားတင်းပြီးတော့Jaehyunဆက်သွားနေလေသည်။ အပန်းဖြေစံအိမ်ဆိုတော့ တောထဲမှာလည်းဖြစ်သည်မလို့ခြံဝန်းကိုကြီးကြီးမားမားကာထားတာမျိုးမရှိသောကြောင့် သာမန်ကာထားသည့်သံဇကာပေါ်ကနေတစ်ဖက်သို့Jaehyunအခက်ခဲမရှိရောက်သွားလေသည်။

"ငါအပြင်တော့ရောက်ပြီ....ဒီနားကနေလမ်းမကိုသွားဖို့ပဲကျန်တယ်"

စိတ်ထဲမှာရေရွတ်လိုက်ရင်းတောထဲကလမ်းအတိုင်းလမ်းမကြီးပေါ်သို့ရောက်ရန်Jaehyunသွားပါတော့သည်။ တောလမ်းထဲမှာမလို့ဖြောင့်ဖြူးခြင်းမရှိနေတော့ခြေဖဝါးများမှာလည်းနာကျင်သည်မှာပွန်းပဲ့ဒဏ်ရာများကြောင့်သွေးတောင်စို့နေပြီဖြစ်သည်။

.....................

"မင်းတို့လူတစ်ယောက်ကိုတောင်သေချာမစောင့်ကြည့်နိုင်ကြဘူးလား!!!!!"

အထိုးခံထားရသည့်အောက်လက်ငယ်သားများအားဒေါသတစ်ကြီးဖြင့်အော်လိုက်သည့်Juyeon။

"Jaeကိုငါကိုယ်တိုင်ပဲသွားရှာမယ် မင်းတို့ကောင်တွေတောလမ်းထဲမှာရှာထားကြ!!"

"ဟုတ်ကဲ့!!"

Juyeonပြောပြီးသည်နှင့်ဒေါသတစ်ကြီးစွာပင်စံအိမ်ရဲ့အနားကလမ်းမထက်သို့ကားမောင်းလာလိုက်လေသည်။ အချိန်အားဖြင့်လည်းညနေ6နာရီကျော်နေပြီမလို့ မှောင်ရီပျိုးစဖြစ်နေသည်။

ညရောက်ရင်Jaeတစ်ယောက်တည်းသူမသိတဲ့နေရာမှာ......ဆိုတဲ့အသိကJuyeonအားခြောက်လန့်လို့နေသည်။ Jaeကိုသူရှာကိုရှာတွေ့မှဖြစ်မယ်။

...................

Jaehyunတစ်ယောက်ပြေးရင်းနဲ့လာလိုက်တာတောလမ်းကနေအတော်လေးအဝေးကိုရောက်လာပြိဖြစ်သည်။ ညနေမှောင်စလည်းပြုနေပြီမလို့အခုလိုတောကြီးထဲမှာတစ်ယောက်တည်းဖြစ်နေရခြင်းကိုတော့အနည်းငယ်ခြောက်ခြားမိပါသည်။ သို့ပေမဲ့လုံးဝကြောက်နေခြင်းတော့မဟုတ်။

သို့နှင့်သွားရင်းမှာပဲတစ်ဖက်အခြမ်းမှကားလမ်းမကိုမြင်တော့ဝမ်းသာအားရနဲ့ပြေးသွားလိုက်သည်။ သူကားလမ်းမပေါ်ရောက်ပြီမလို့ စိုးရိမ်စိတ်တစ်ခုတော့လျော့ကျသွားခဲ့သည်။

သူ့အတွက်ကံကောင်းတယ်ပဲပြောရမလား။ Jaehyunရောက်သွားတဲ့ကားလမ်းမရဲ့မလှမ်းမကမ်းမှာအများသုံးတယ်လီဖုန်းဆက်ရှိနေလေသည်မလို့Jaehyunအတော်လေးပျော်သွားပြီးဖုန်းစက်ရှိရာနေရာဆီသွားလိုက်လေသည်။

"ငါအရင်ဆုံးJunnieကိုဖုန်းခေါ်ရမယ် ပြီးမှသူ့ကိုရဲတွေနဲ့လာခိုင်းရမယ်..."

ဆိုကာHyunjunအားဖုန်းဆက်လိုက်လေသည်။ ဖုန်းဆက်နေရင်းနဲ့လည်းဘာလို့မှန်းမသိသူပျော်နေမိသည်။ သူလွတ်မြောက်ရတော့မယ်မလား......။

................

*Ring...Ring*

အမည်မသိဖုန်းနံပါတ်တစ်ခုမှခေါ်လာတော့Hyunjunအနည်းငယ်တော့ထူးဆန်းတဲ့အငွေ့သက်ရလိုက်သည်။ သို့ပေမဲ့ဘယ်သူမှန်းမသိ​တာမလို့သိရအောင်ကိုင်လိုက်သည်။

"ဟယ်လို....."

"Jun.....Jun....Junnieလား?"

ပြတ်တောင်းပြတ်တောင်းဖြစ်နေသည့်လိုင်းကြောင့်သေချာမကြားရပေမဲ့ နောက်ဆူံးကခေါ်လိုက်သည့်နာမ်စားလေးကြောင့်Hyunjunအလွန်ပင်အံ့သြသွားရသည်။

"Jaehyun Hyung!!!! Hyungအခုဘယ်မှာလည်းဟင်....Hyung...Hyung....ကျွန်တော်ပြောတာကြားလား Hyungရှိနေတဲ့နေရာကျွန်တော့်ကိုပြောပြပါလား?"

သူကသာဆက်တိုက်ပြောနေပင်မဲ့တစ်ဖက်ကပြောနေသည့်အသံကပြတ်တောင်းပြတ်တောင်းဖြစ်နေသည်မလို့သေချာမကြားရချေ။

"Jun...Junnie....H..Hyu...Hyung...ကို...Ju----"

ပြောနေရင်းတန်းလန်းမှာပင်တီတီ တီတီ ဟူသောအသံနဲ့အတူလိုင်းကလုံးဝပြတ်တောက်သွားလေသည်။

...............

သူရှိနေသည့်နေရာကိုသေချာမသိပေမဲ့Juyeonကသူ့အားခေါ်ထားခဲ့သည်ဆိုတဲ့အကြောင်းကိုပြောမလို့ရှိသေးလုံးဝပြတ်တောက်သွားသည့်လိုင်းကြောင့်ဖုန်းကျသွားခဲ့သည်။

Jaehyunလည်းနောက်တစ်ခါထပ်ခေါ်ကြည့်ပေမဲ့ဖုန်းကလုံးဝမဝင်တော့ချေ။ စောနကတောင်ခေါ်လို့ရသေးတာအခုဘာလို့မရရတာလည်းဟုတွေးနေတုန်းမှာပဲဖုန်းစက်ဘေးမှာမြင်လိုက်ရသည့်လူရိပ်ကြောင့်ကြည့်မိလိုက်တော့.....

"အိမ်ပြန်လိုက်ခဲ့တော့ Jae...."

__________________________________________

Thanks for reading🌸

Zawgyi ver.

~ ထြက္သြားလို႔မရေအာင္ကိုအနားမွာေခၚထားခ်င္တဲ့ေလာဘေလးရွိေနတယ္ ~

"ငါတို႔ကိုေခၚတာဘာကိစၥရွိလို႔လည္း Hyunjun"

စားေသာက္ဆိုင္တစ္ခုရဲ႕တစ္ေနရာတြင္Hyunjunရယ္ Younghoon နဲ႕ Yuriတို႔ေမာင္ႏွမရယ္ရွိေနၾကသည္။

"ကြၽန္ေတာ္Hyungတို႔ကိုေခၚလိုက္တာအေရးႀကီးကိစၥတစ္ခုေျပာစရာရွိလို႔ပါ"

Hyunjunကေျပာလာေတာ့Younghoonကေျပာေလဟူေသာပုံျဖင့္မ်က္ႏွာထားကိုျပေတာ့Hyunjunမွ

"အခုJaehyun Hyungတို႔မိသားစုေပ်ာက္သြားတဲ့ကိစၥက ေသြးရိုးသားရိုးမျဖစ္နိုင္ဘူးဆိုတာHyungတို႔လည္းသိမွာပါ"

"အင္း.....ငါလည္းထင္ေတာ့ထင္ေနတာ..."

"အာ့ေၾကာင့္ ရဲေတြလည္းအစနေတာ့ရေပမဲ့မလုံေလာက္ေတာ့အဆင္မေျပဘူးျဖစ္ေနတာေလ"

Hyunjunပုံစံၾကည့္ရတာတစ္ခုခုကိုႀကံစည္ထားသည့္ပုံေပါက္ေနသည္မလို႔

"မင္း ဘာေတြႀကံစည္ေနတာလည္းHyunjun"

"ကြၽန္ေတာ္လည္းေသြးရိုးသားရိုးနည္းနဲ႕ရွာရင္မရေတာ့ဘူးဆိုတာသိလို႔"

Hyunjunေျပာလိုက္သည့္စကားေၾကာင့္Yuriမွ

"Hyunjunရယ္...နင္မဟုတ္မွ....လူဆိုးေတြဘာေတြကိုငွားထားတာလား"

"လူဆိုးရယ္ေတာ့မဟုတ္ပါဘူး Noona...ဒီအတိုင္းကြၽန္ေတာ္Americaမွာေနတုန္းကရွိခဲ့တဲ့အဆက္သြယ္ကေနရွာေပးထားတဲ့ agentေတြပါ"

"မင္းဘာမဟုတ္တာလုပ္မလို႔လည္း....အခန့္မသင့္ရင္မင္းပါအဖမ္းခံရမယ္ေနာ္"

"စိတ္ခ်ပါ Hyungတို႔....ကြၽန္ေတာ္လည္းယုံၾကည့္ရတဲ့သူေတြမလို႔သာငွားတာပါ ဘယ္လိုပဲျဖစ္ျဖစ္ကြၽန္ေတာ္Jaehyun Hyungကိုေတြ႕ေအာင္ရွာမယ္.....ေတြ႕တာနဲ႕Jaehyun Hyungကြၽန္ေတာ့္အနားကေနထြက္သြားလို႔မရေအာင္လက္ထပ္ယူၿပီးေတာ့Americaကိုျပန္ေျပာင္းေနေတာ့မယ္လို႔ဆုံးျဖတ္ထားတယ္"

"မင္းေလာဘကလည္းမေသးလွခ်ည္လား Hyunjun"

Younghoonမွ႐ႊတ္ေနာက္ေနာက္ျဖင့္ေျပာေတာ့

"ကြၽန္ေတာ္ေလာဘႀကီးသင့္တယ္ေလ Hyung....ၿပီးခဲ့တဲ့အေခါက္က ကြၽန္ေတာ္စိတ္ေလွ်ာ့မိလိုက္လို႔။ ျပန္သာရွာေတြ႕ရင္ေတာ့ကြၽန္ေတာ္စိတ္ေလွ်ာ့ေတာ့မွာမဟုတ္ဘူး....."

တစ္ကယ္ကိုေလးေလးနက္နက္ေျပာလာသည့္Hyunjunအားၾကည့္ၿပီးYounghoonနဲ႕Yuriမွာလည္းသက္ျပင္းခ်႐ုံကလြဲၿပီးမတတ္သာ....။

......................

"ေရာ့.....ဒါကစရံေငြအရင္ယူထားလိုက္ က်န္တာကိုေတာ့ကိစၥေတြရွင္းၿပီးသြားမွေပးမယ္"

"ရပါတယ္.....Mr. Hur"

"အကယ္လို႔ၾကားထဲမွာရွာေနရင္းတစ္ခုခုလိုအပ္လာရင္လည္းေျပာ အဲ့တစ္ေယာက္ကိုရွာေတြ႕ဖို႔အတြက္ေငြဘယ္ေလာက္ပဲသုံးရသုံးရ ငါသုံးမယ္"

"ေကာင္းပါၿပီ ကြၽန္ေတာ္တို႔ဘက္ကလည္းအလုပ္လာအပ္တဲ့သူေတြကိုစိတ္တိုင္းအက်ဆဳံးလုပ္ေဆာင္ေပးတာမလို႔အေကာင္းျဖစ္ေစရပါမယ္လို႔အာမခံပါတယ္"

Hyunjunေျပာစရာရွိတာေျပာ မွာစရာရွိတာတာေတြမွာၿပီးသည္ႏွင့္အိမ္ကိုျပန္ရန္ကားေပၚသို႔တက္လာခဲ့လိုက္သည္။ ဒါေပမဲ့သူ႕စိတ္ထဲက်ဥ္းက်ပ္ေန၍အိမ္ကိုအရင္မျပန္ေသးဘဲတစ္ေနရာကိုသြားရန္ဆုံးျဖတ္လိုက္ေလသည္။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ညဥ့္နက္ခါစျပဳေနသည့္ေကာင္းကင္ယံတြင္မိုးသားတိမ္တိုက္တို႔သည္မဲေမွာင္လ်က္ရွိေနသည္။ ကန္ေရျပင္မွေရတို႔ဟာလည္း တည္ၿငိမ္ေနသည္မွာ စိတ္ထဲတြင္စိုးရိမ္ပူပန္မႈမ်ားစြာရွိေနသည့္Hyunjunႏွင့္လားလားမွ်မဆိုင္။

လက္ထဲမွဘီယာဘူးအားေမာ့ကာေသာက္လိုက္ေတာ့ခါးသက္သည့္အရသာဟာခံတြင္းထဲမွတစ္ဆင့္ခႏၶာကိုယ္ထဲသို႔ပူၿပီးဆင္းသြားသည္။သက္ျပင္းတစ္ခုကိုလည္းေလးကန္စြာခ်လိဳက္ရင္းသူစဥ္းစားမိသည္။

"Jaeကငါနဲ႕မ်ားေပါင္းဖက္ဖို႔ကံမပါလာဘူးလား...."

ထိုေမးခြန္းတစ္ခုကေခါင္းထဲမွာဝဲလည္ေနလ်က္။

သူသိပ္ခ်စ္ရပါတယ္ဆိုတဲ့ေကာင္ေလးဟာအခုေလာေလာဆယ္သူ႕အနားမွာမရွိေနဘူးဆိုသည့္အေတြးဟာလည္းႏွိပ္စက္လို႔ေနပါသည္။

မွတ္မိပါေသးသည္။ အခုလိုညအခ်ိန္ ဟန္ျမစ္ရဲ႕ေဘးကထိုင္ခံေပၚမွာအတူတူထိုင္ရင္းသူတို႔ႏွစ္ဦးစကားေတြအမ်ားႀကီးေျပာခဲ့ၾကတာကို။ Lee Juyeonဆိုတဲ့လူသားဟာလည္းသူခ်စ္ေနရတဲ့သူအတြက္ဘယ္ေလာက္ထိအေရးပါေၾကာင္းကိုလည္းေျပာၿပီးသူ႕ရင္ခြင္ထဲမွာငိုခဲ့ဖူးတာကို။

အခုေတာ့ရင္ခြင္ထဲလာဝင္လွည့္ပါဦးလား Jaeရယ္..

သူ႕ကိုဘယ္ေလာက္ပဲ ေလာဘႀကီးတယ္ေျပာေျပာ တစ္ကိုယ္ေကာင္းဆန္တယ္ပဲေျပာေျပာ သူဆုံးျဖတ္ခ်က္ခ်ထားပါသည္။

သိပ္ခ်စ္ရတဲ့Jaeကိုရေအာင္ရွာၿပီးတာနဲ႕ဘယ္သူ႕ကိုမွမငဲ့ေတာ့ဘဲAmericaကိုေခၚသြားမည္။ ဒါဟာJaeေရာသူ႕အတြက္ပါေကာင္းဖို႔အတြက္ပင္။

အဆုံးစြန္ထိေတြးရင္ အကယ္လို႔Lee Juyeonဆိုတဲ့အေကာင္ျပန္ေပၚလာၿပီးJaeကိုေခၚမည္ဆိုတာေတာင္မွသူလုံးဝလက္လႊတ္ေပးေတာ့မည္မဟုတ္ေခ်။ သူလည္းေလာဘနဲ႕မာနေတာ့ရွိေသးသည္ေလ။ ခ်စ္ရင္ေတာ့စြန့္စားရဲရမွာေပါ့။

Hyunjunတစ္ေယာက္အေတြးေပါင္းစုံေခါင္းထဲမွာေရာက္ေနေပမဲ့ ကန္ေရျပင္ကေတာ့ယခုထက္ထိေျပာင္းလဲမႈမရွိၿငိမ္ေနဆဲပင္။

...........................................................................

"ဒုန္း!!!"

Jaehyunတစ္ေယာက္အိပ္ခန္းထဲမွာတံခါးအားပခုံးႏွင့္ေဆာင့္တြန္းၾကည့္လိုက္သည္။ တံခါးကဘယ္လိုမွမေနေပမဲ့ သုံးေလးခ်က္ေလာက္ေဆာင့္တြန္းထားရတဲ့Jaehyunကေတာ့လက္ေမာင္းေတြအေတာ္ေလးေအာင့္ေနၿပီျဖစ္သည္။

သူဟိုေန႕ညကတံခါးကေနထြက္လာမိကတည္းကJuyeonက တံခါးကိုအျပင္ကေနေသာ့တစ္ထပ္ ခံလိုက္ေသးသည္ထင္။ ဘယ္လိုမွဖြင့္မရေတာ့ေခ်။

မနက္ခင္းကသူနားစြန္နားျဖားၾကားလိုက္မိတာဒီေန႕တစ္ေနကုန္Juyeonအျပင္မွာကိစၥတစ္ခုရွိသည္မလို႔္အိမ္မွာမရွိေခ်။ ဘယ္လိုအေရးႀကီးသည့္ကိစၥလည္းေတာ့မသိေပမဲ့အိမ္ကအေစာင့္ေတြပါ ပါသြားသည္မလို႔အိမ္မွာအရင္ကထက္အေစာင့္နည္းေနသည္ေလ။

ထိုအခြင့္ေရးကိုအသုံးခ်ၿပီးJaehyunတစ္ေယာက္ထြက္ေျပးမယ္ႀကံစည္ထားျခင္းျဖစ္သည္။ အခုတံခါးကဘယ္လိုမွဖြင့္မရသည္မလို႔အခန္းမွျပတင္းေပါက္ေတြၾကည့္ေတာ့လည္းအျပင္ကေနတစ္ထပ္ကာၿပီးပိတ္ထားေလသည္။

အိမ္မွာJuyeonရွိေနက်ဆိဳလွ်င္ျပတင္းေပါက္မ်ားဖြင့္ထားေလ့ရွိသည္။ အခုေတာ့အထဲေနလည္းေသာ့ခတ္ထားၿပီးအျပင္ကလည္းေသာ့ခတ္ထားသည္မလို႔Jaehyunမယ္ႀကံရာမရျဖစ္ေနေတာ့သည္။

အခုလိုအေျခေနကလည္းရွားပါးသည္မလို႔သူအဆုံးရႈံးမခံခ်င္။ သူJuyeonဆီကထြက္ေျပးခ်င္မိသည္။ မထင္ထားခဲ့တဲ့စရိုက္မ်ိဳးနဲ႕ျဖစ္ေနသည့္Juyeonနားမွာသူခနေလးေတာင္မေနခ်င္ေတာ့။ အမွန္တိုင္းဝန္ခံရလွ်င္Jaehyun Juyeonကိုခ်စ္ေနမိေသးသည္။

႐ူးမိုက္စြာပင္ မိဘေတြကိုေသနတ္နဲ႕ခ်ိန္ၿပီးသူ႕အားအက်ယ္ခ်ဳပ္သေဘာမ်ိဳးနဲ႕ထားထားသည့္သူအား ခ်စ္ေနမိေသးသည္တဲ့ေလ။ အဲ့အတြက္ေၾကာင့္သူ႕ကိုယ္သူလည္းစိတ္ပ်က္မိသည္။

ဒါေၾကာင့္Juyeonဆီကေနျမန္ျမန္ထြက္ေျပးၿပီးသူ႕မိဘေတြကိုျပန္ကယ္ရမည္။ စဥ္းစားေနရင္းမွာပဲJaehyunတစ္ခုကိုသြားသတိရမိသည္က...

"အာ...ဟူတ္သားပဲ ေရခ်ိဳးခန္းထဲကျပတင္းေပါက္!!"

Jaehyunေရခ်ိဳးခန္းထဲကိုေျပးသြားလိုက္ၿပီးေႂကြဇလုံေပၚတက္လိုက္ကာ အေပၚကျပတင္းေပါက္အားဖြင့္ၾကည့္လိုက္သည္။ ကံေကာင္းစြာနဲ႕ပဲဖြင့္လို႔ရသြားသည္မလို႔Jaehyunဝမ္းသာမိသြားသည္။

ေရခ်ိဳးခန္းေႂကြဇလုံေပၚကိုအသာေလးတက္လိုက္ၿပီးအေပၚကျပတင္းေပါက္ဆီကိုလွမ္းကာကုပ္တက္လိုက္ေတာ့ခါးေလာက္ေနရာအထိကအေပၚေရာက္သြားေလသည္။ အျပင္ကိုမထြက္ခင္ ပတ္ဝန္းက်င္အေျခေနၾကည့္လိုက္ေတာ့ဘယ္သူမွမရွိေနသည္မလို႔ Jaehyunခ်က္ခ်င္းပဲထပ္ကုပ္တက္ကာ ျပတင္းေပါက္ေပၚသို႔ေရာက္သြားေလသည္။

ေနာက္တစ္ေခါက္ထပ္ၾကည့္လို႔ဘယ္သူမွမရွိတာေသခ်ာေတာ့မွေအာက္ကျပတင္းအမိုးေပၚသို႔ခုန္ခ်ဆင္းလိုက္သည္။ သူေနေနတာႏွစ္ထပ္ေျမာက္မလို႔သာေတာ္ေသးသည္။ မဟုတ္လွ်င္ဒီထက္ဆင္းရတာပိုခက္လိမ့္မည္။

ထို႔ေနာက္အရိပ္အျခည္ထပ္ၾကည့္ၿပီးဘယ္သူမွမရွိတာထပ္ေသခ်ာေတာ့မွေျမျပင္သို႔ခုန္ဆင္းလိုက္ေတာ့သည္။

"ဘုတ္!!!"

ပထမတစ္ထပ္ကေနေျမျပင္ေတာင္မွအနည္းငယ္ျမင့္ေနသျဖင့္Jaehyunအက်မွာမသက္သာလွ။ ေျခခ်င္းဝတ္ေတာ့နာသြားသည္။ သို႔ေပမဲ့ထိုအရာကိုမမႈဘဲဒီအိမ္ဝန္းႀကီးထဲကေနထြက္ရေအာင္သူႀကိဳးစား​ေတာ့သည္။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အပ္က်သံေတာင္ၾကားေလာက္ရတဲ့အထိတိတ္ဆိတ္ေနေသာအခန္းအတြင္းကမီးအလင္းေရာင္မရွိေမွာင္မဲလို႔ေနသည္။ ျမင္ရ႐ုံေလာက္သာဆိုတဲ့နံရံထူထူႀကီးအေပၚမွမွန္ကာထားသည့္ေနရာတြင္ျမင္ေနရေသာေနအလင္းေရာင္ကလည္းေရးေရးသာ။

အခန္းတြင္းရရွိေနသည့္အနံ႕တစ္မ်ိဳးဟာလည္းသံေခ်ာင္းမ်ားကိုေရထိ၍သံေခ်းတက္ထားသည့္အနံ႕နဲ႕အတူ လုံေလာက္သည္ေလမဝင္ေရာက္၍တိုက္အတြင္းစိုစြတ္သည့္ပုတ္အဲ့အဲ့အနံ႕တို႔ကလည္းလွိုင္လွိုင္ထေနသည္။

လက္ႏွစ္ဖက္လုံးလည္းေနာက္သို႔ပစ္၍အခ်ည္ခံထားရၿပီးဘယ္လိုမွ႐ုန္းထြက္မရ။ အခန္းအတြင္းပိတ္ထားသည္ဆိုေပမဲ့လည္းေလွ်ာက္မသြားေစရန္ေျခေထာက္ကိုပါႀကိဳးျဖင့္ခ်ည္ျခင္းကိုခံထားရသည္မလို႔မတတ္သာ။

ဤကဲ့သို႔ေသာအမည္မသိေနရာကား ဘယ္ေနရာနည္း။

တိတ္ဆိတ္ေနေသာတိုက္ခန္းအတြင္းအားၿဖိဳခြင္းလိုက္သည္မွာ အေရွ႕ခပ္လွမ္းလွမ္းတြင္ရွိပါေသာတံခါးအသံမွျဖစ္သည္။ တံခါးကိုသံဗန္းမ်ားျဖင့္ေဘးသို႔ေလွ်ာတိုက္ပုံစံျပဳလုပ္ထားေသာေၾကာင့္အသံလုံသည့္အခန္းအတြင္းတံခါးပြတ္တိုက္သံဟာဟိန္းထြက္သြားေလသည္။

"ဘယ္....ဘယ္သူလဲ"

ေမးလိုက္သည့္အသံမွာတုန္ရီေနေလေသာေၾကာင့္ေၾကာက္ေနမွန္းေတာ့ရိပ္မိပါသည္ေလ။ ေမွာင္မိုက္ေနသည့္ၾကားမွ႐ုတ္တစ္ရက္အလင္းေရာင္က္ုျမင္ရသည္မလို႔ မ်က္စိစူးသြားေသာေၾကာင့္ေရွ႕ကလူကိုေသခ်ာမျမင္ရေသးေခ်။

"မင္း...မင္းတို႔ကို Lee Sunghyunကလႊတ္လိုက္တဲ့လူေတြမလား ဟုတ္တယ္မလား!!!!!"

"ခင္ဗ်ားေသာက္ပါးစပ္ကိုပိတ္ထားစမ္း!!!!"

ေၾကာက္လန့္ေနပါေသာ္လည္းမရိပ္မိေစေအာင္ေအာ္ေျပာလိုက္မိေပမဲ့တစ္ဖက္လူမွျပန္ၿပီးေငါက္လိုက္သည့္အသံ​ေၾကာင့္ပို၍ပင္တုန္လႈပ္သြားရေတာ့သည္။

"ခင္ဗ်ား..မိန္းမအခုထိမနိုးေသးဘူးပဲ"

ေျပာမွတစ္ဖက္ကိုၾကည့္မိေတာ့ႀကိဳးတုပ္ခံထားလ်က္ႏွင့္ပင္သတိျပန္မရေသးေသာမိန္းမျဖစ္သူအားေတြ႕လိုက္ရသည္။

"မိန္းမ....မိန္းမ!!!! ထဦးလို႔!!!"

သူဘယ္ေလာက္ပဲေအာ္ႏွိုး ႏွိုး မိန္းမျဖစ္သူဟာသတိလုံးဝျပန္မရေသးေခ်။

"မင္းတို႔သူ႕ကိုေရနဲ႕ပက္ၿပီးႏွိုးလိုက္!!"

ပါလာသည့္လူေတြအားခိုင္းလိုက္ေတာ့အဆင္သင့္ယူလာသည့္ေရဘူးအားဖြင့္ကာသတိမရေသးသည့္မိန္းမရဲ႕မ်က္ႏွာေပၚသို႔ပက္ခ်လိဳက္သည္။

ထိုမွသာေရနဲ႕ေအးတဲ့အရွိန္နဲ႕သတိရလာသည့္ထိုမိန္းမ။ နိုးနိုးလာျခင္းအျမင္အာ႐ုံမ်ားေဝဝါးေန၍လက္နဲ႕ပြတ္မည္လုပ္ေတာ့သူ႕လက္မ်ားအားခ်ည္ႏွောင္ျခင္းခံထားရၿပီးေဘးပတ္ဝန္းက်င္ကိုေယာင္ယမ္းၿပီးၾကည့္ေတာ့မွ ေဘးမွာသူ႕အတိုင္းအဖမ္းခံထားရသည့္ေယာက်္ားျဖစ္သူရယ္ အေရွ႕မွာရပ္ေနသည့္လူတစ္ေယာက္ရယ္ အေနာက္ကေနာက္လိုက္ႏွစ္ဦးရယ္တို႔ကိုျမင္လိုက္ရေလသည္။

"ရွင္....ရွင္....တို႔ဘယ္သူေတြလည္း!!!"

"အဟက္!"

တိတ္ဆိတ္ေနသည့္အခန္းထဲတြင္ေပၚထြက္လာသည့္ခပ္ရွရွရယ္သံတစ္ခုဟာၾကက္သီးထမိေလာက္ေအာင္ေၾကာက္ဖို႔ေကာင္းသြားမိသည္။

"ကြၽန္ေတာ့္ကိုတစ္ကယ္မသိဘူးလား"

ေျပာလိုက္ၿပီးေနာက္လိုက္ႏွစ္ေယာက္မွတံခါးအားပို၍ဖြင့္လိုက္ေတာ့မွလုံေလာက္စြာရရွိလာသည့္အလင္းေရာင္ႏွင့္အတူအေရွ႕မွာရပ္ေနသည့္သူအားလည္းေကာင္းစြာျမင္ေတြ႕လိုက္ရသည္။

"Lee..Juyeon!!"

"အာ....အခုသိၿပီပဲ..."

"မင္းကဘာျဖစ္လို႔ငါတို႔ကိုဖမ္းေခၚထားရတာလည္း ၿပီးေတာ့ ဘာလို႔ငါတို႔အိမ္ကိုလည္းအဲ့လိုဝင္ခဲ့တာလည္း!!"

"ခင္ဗ်ားတို႔တစ္ကယ္မသိလို႔ေမးေနတာလား မသိခ်င္ေယာင္​ေဆာင္ၿပီးေတာ့ပဲေမးေနတာလား"

မ်က္ခုံးတစ္ဖက္အားပင့္ကာႏွစ္ေယာက္မ်က္ႏွာကိုတစ္လွည့္စီၾကည့္ကာေမးလိုက္ေလသည္။

"ခင္ဗ်ားတို႔ ဘာလို႔ Lee SungHyungရဲ႕သားLee Jaehyunကို ေခၚထားခဲ့တာလည္း?"

ေယာက်ာ္းျဖစ္သူႏွင့္မိန္းမျဖစ္သူတို႔မွာခ်က္ခ်င္းမ်က္ႏွာပ်က္သြားၿပီးတစ္ဖက္ကိုလႊဲသြားလိုက္ၾကသည္။

"ငါေမးေနတယ္ေလ!!!!!!"

Juyeonမွေအာ္ၿပီးေျပာေတာ့ေယာက်ာ္းျဖစ္သူမွ

"Jaehyunကငါတို႔သားအရင္းပဲ ဘယ္သူ႕ဆီကမွေခၚထားတာမဟုတ္ဘူး ငါ့မိန္းမကိုယ္တိုင္ဝမ္းနဲ႕လြယ္ၿပီးေမြးထားတဲ့သားအရင္းကြ!!!"

"ခြပ္!!!!!!!"

Juyeonဆီမွအထိုးခံလိုက္ရျခင္းျဖစ္သည္မလို႔ႏႈတ္ခမ္းေထာင့္တြင္ေသြးေတာင္ထြက္သြားေလသည္။

"ဘာ? Jaeကခင္ဗ်ားရဲ႕သား? ခင္ဗ်ားမိန္းမဝမ္းနဲ႕လြယ္ၿပီးေမြးထားတဲ့သား? ဟက္ အံ့ၾသတယ္ တစ္ကယ္ ေျဗာင္လိမ္ေျဗာင္စားလုပ္နိုင္တဲ့ခင္ဗ်ားကိုတစ္ကယ္အံ့ၾသတယ္!"

"မင္းလိုေကာင္ကဘာသက္ေသမွမရွိဘဲငါ့ကိုလာစြပ္စြဲေနတာေလ မင္းကမွအံ့ၾသဖို႔ေကာင္းတာ"

Juyeonတစ္ခ်က္ေဒါသထြက္သြားသည္မလို႔

"ဟိုေကာင္ ငါ့ကိုအဲ့ဓားေပးစမ္း!"

ေနာက္လိုက္တစ္ေယာက္မွJuyeonအားဓားျမႇောင္တစ္ခုလွမ္းေပးလိုက္ေတာ့ Juyeonလက္ထဲဓားေရာက္႐ုံရွိေသး ခ်က္ခ်င္းေယာက်ာ္းျဖစ္သူရဲ႕လည္ပင္းနားကိုေရာက္သြားေလသည္။

"အားး!!!! ကြၽန္မေယာက်ာ္းကိုမသတ္ပါနဲ႕!!! အကုန္.....ေျပာျပပါ့မယ္!!"

"မိန္းမ!!!! မင္း႐ူးေနလား!!!"

အေၾကာက္တရားမ်ားျဖင့္ျပည့္ေနသည့္မိန္းမျဖစ္သူဟာတုန္တုန္ယင္ယင္နဲ႕ပင္သူ႕ေယာက်ာ္းႏွင့္Juyeonရွိရာကိုလွည့္ၾကည့္လိုက္ေလသည္။

"ေျပာေလ....."

"ကြၽန္မက ကြၽန္မေယာက်ာ္းနဲ႕ယူၿပီးတစ္ႏွစ္ေနေတာ့ကေလးစလြယ္ရပါတယ္ ဒါေပမဲ့ကံမေကာင္းစြာနဲ႕ကေလးကပ်က္က်သြားခဲ့ေတာ့ ကြၽန္မက ကေလး႐ူး႐ူးေနခဲ့တာပါ...အဲ့တာၿပီးေနာက္ႏွစ္လေလာက္ေနေတာ့ ကြၽန္မတို႔လင္မယားႏွစ္ေယာက္ကို လူတစ္ေယာက္ကလာၿပီး မင္းတို႔ကို ေမြးၿပီးသားကေလးတစ္ေယာက္ေပးမယ္ အဲ့ကေလးကိုငါတို႔ျပန္မေခၚမခ်င္းေမြးစားထားေပး ဆိုလို႔ ကြၽန္မတို႔လည္းေခၚေမြးထားတာပါ။ ကေလး႐ူး႐ူးေနတဲ့ကြၽန္မအတြက္ေတာ့အဆင္ေျပတာေပါ့ရွင္....ဒါေပမဲ့ေနာက္ပိုင္းသိလိုက္ရတာက အဲ့ကေလးကိုအသက္ျပည့္ၿပီးတစ္ခ်ိန္က် သူတို႔ကျပန္ေခၚၿပီးတစ္ဖက္နိုင္ငံကိုေမြးစားဖို႔ပို႔မယ္လို႔သိထားပါတယ္။ ကေလးကအႏၱရာယ္ရွိတာမလို႔ အရင္ကတည္းကအိမ္ေတြခနခနေျပာင္းခဲ့ရတယ္။ "

"ဒါဆို Jaeကိုသူတို႔ကျပန္ေခၚမယ္ဆိုၿပီးေျပာလို႔အဲ့ေန႕ညကအိပ္ေဆးတိုက္ခဲ့တာေပါ့"

"ဟုတ္ပါတယ္.....ကြၽန္မတို႔လည္းသူတို႔ခိုင္းသလိုလုပ္ခဲ့ရတာပါ...ကေလးကိုမေကာင္းတဲ့ေနရာပို႔ရင္ကြၽန္မကျပန္မေပးဘူးေျပာေတာ့ ကြၽန္မတို႔လင္မယားႏွစ္ေယာက္လုံးကိုသတ္ပစ္မယ္ၿခိမ္းေျခာက္လို႔ပါ"

Juyeonမွာေသခ်ာနားေထာင္ၿပီးသြားေတာ့လည္းစိတ္္အနည္းငယ္မေကာင္းခ်င္ေပ။

"ဒါဆို.....အိမ္အကူအစ္မေပ်ာက္သြားတဲ့ကိစၥကေရာ?"

Juyeonမွထပ္ေမးလိုက္ေတာ့လင္မယားႏွစ္ေယာက္လုံးမ်က္လုံးျပဴးမ်က္ဆံျပဴးျဖင့္လန့္သြားေလသည္။

"ငါေမးေနတာမေျဖဘူးလား"

ဒီတစ္ခါေတာ့ေယာက်ာ္းျဖစ္သူမွ...

"သူ႕ကို ငါမေတာ္တစ္ဆသတ္မိသြားတာ!"

အံကိုႀကိတ္မ်က္လုံးကိုမွိတ္ရင္းတုန္တုန္ယင္ယင္နဲ႕ေျဖလိုက္သည့္ေလသံ။

"ငါတို႔လင္မယားႏွစ္ေယာက္ကJaehyunကိုေမြးစားထားတာသိသြားလို႔ပန္းအိုးနဲ႕ရိုက္မိတာ မေတာ္တစ္ဆေသသြားတယ္ အဲ့တာေၾကာင့္အေလာင္းကိုေဖ်ာက္လိုက္ခဲ့မိတာ...."

"ခင္ဗ်ားတို႔အခုလိုအမွန္တိုင္းဝန္ခံတာေကာင္းပါတယ္....ဒါေပမဲ့ကြၽန္ေတာ္ကေတာ့လႊတ္ေပးဖို႔အစီစဥ္မရွိေသးလို႔ ဒီမွာေနလိုက္ၾကဦး"

ဆိုကာJuyeonမွေျပာစရာရွိတာေျပာၿပီးထသြားေလသည္။ တံခါးနားေရာက္ေတာ့ မပိတ္ခင္
ထိုလင္မယားႏွစ္ေယာက္ဘက္လွည့္ၿပီး

"ခင္ဗ်ားတို႔ကိုလႊတ္ေပးလိုက္ရင္ အသက္အႏၱရာယ္ထိခိုက္နိုင္တာမလို႔ ဒီမွာပဲဖမ္းေခၚထားမယ္ စားဖို႔အခ်ိန္တန္ရင္ကြၽန္ေတာ့္လူေတြကလာပို႔ေပးလိမ့္မယ္.....အာ...ဒါေပမဲ့ ခင္ဗ်ားတို႔က်ဴးလြန္ခဲ့တဲ့အျပစ္ေတြအတြက္ေတာ့ေပးဆပ္ရဦးမယ္..."

ဟုေျပာၿပီးကာမွထိုအခန္းထဲကထြက္လာလိုက္ေလသည္။
..................

Juyeonတစ္ေယာက္တစ္ခ်ိဳ႕ေသာအမွန္တရားေတြကိုသိၿပီးေနာက္ခနတာေခါင္းေအးေအာင္ထိုင္ၿပီးနားေနတုန္း ေရးႀကီးသုတ္ပ်ာျဖင့္ေရာက္လာတဲ့သူ႕လူတစ္ေယာက္။

"အကိုေလးJuyeon!!! ျပႆနာတက္ပါၿပီ!!!"

"အလန့္တစ္ၾကားနဲ႕ဘာျဖစ္လာတာလည္း!"

အေျပးလာခဲ့ရ၍အေမာကိုမနည္းေျဖေနတုန္းမွာပဲ သူ႕လူက

"ဟို....Jae...Jaehyun..."

"Jaeဘာျဖစ္လို႔လည္း!!!!!!!"

Jaehyunနာမည္ၾကားသည္ႏွင့္ခ်က္ခ်င္းမတ္တပ္ရပ္မိသြားသည္မွာသူကိုယ္တိုင္ေတာင္သတိမထားမိလိုက္။

"Jaehyun ထြက္ေျပးသြားပါတယ္တဲ့!!"

"ဘာ...!!!"

ၾကားၾကားၿပီးခ်င္းပဲစားပြဲေပၚမွာကားေသာ့ကိုယူကာJaehyunရွိရာအိမ္ဆီသို႔အျမန္ကားျဖင့္ေမာင္းလာလိုက္ေလသည္။

Jaeကထြက္ေျပးသြားတယ္တဲ့လား....သူတံခါးေတြျပတင္းေပါက္ေတြအကုန္ပိတ္ထားခဲ့ပါလ်က္နဲ႕ဘယ္လိုထြက္လို႔ရသြားတာလည္း။

ျမင့္တက္လာတဲ့စိုးရိမ္မႈတို႔နဲ႕အတူကားကိုလည္းအရွိန္တင္ကာေမာင္းလာလိုက္ေလသည္။ Jaeကသူ႕ဆီကေနထြက္ေျပးသြားတယ္ဆိုတဲ့အသိကJuyeonအတြက္ေတာ့အလြန္ပင္ထိတ္လန့္ေစနိုင္ပါသည္ေလ။

ဟိုလင္မယားဆီကလည္းအျဖစ္မွန္ေတြသိရၿပီးသူထင္ထားေနခဲ့သလိုမ်ိဳး Jaeက Lee Sunghyunရဲ႕ သားျဖစ္ေနေၾကာင္းကိုDNAစစ္ၿပီးတာနဲ႕ Jaeကိုအျဖစ္မွန္ေတြေျပာျပမယ္လို႔သူစီစဥ္ထားခဲ့သည္။

အျဖစ္မွန္ေတြေျပာျပၿပီးတာနဲ႕Jaeကိုသူထြက္သြားခဲ့မိတာအတြက္ေတာင္းပန္ၿပီးအရင္လိုအတူတူေနၾကမယ္ဟုလည္းေတြးထားခဲ့သည္။ သို႔ေပမဲ့အခုေတာ့Jaeကထြက္ေျပးသြားခဲ့သည္တဲ့လား။

"မျဖစ္ရဘူး!! Jaeကငါ့ဆီကေနထြက္သြားလို႔မရဘူး!!"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Jaehyunရွိေနခဲ့သည့္အိမ္ရဲ႕ၿခံဝန္းဟာမထင္မွတ္ထားေလာက္ေအာင္က်ယ္သည္မလို႔ထြက္ေျပးလာသည့္သူ႕အဖို႔ေတာ့လြယ္ေတာ့မလြယ္ကူေနေခ်။ ဒီထက္ပိုဆိုးသည္က သူေနခဲ့ရသည့္အိမ္ဟာေတာထဲမွာတစ္ခုတည္းသီးသန့္တည္ရွိေနသည့္အိမ္။ အပန္းေျဖစံအိမ္ပုံစံမ်ိဳးျဖစ္တာေၾကာင့္အနီးအနားမွာေခၚစရာအကူညီကလည္းမရွိ။

အရင္ဆုံးအိမ္ရဲ႕ၿခံဝန္းထဲကေနသူလြတ္ေျမာက္ေအာင္အရင္လုပ္ရမည္မလို႔ အိမ္ပတ္ပတ္လည္ကေနေခ်ာင္းၾကည့္တာ အေစာင့္ေတြရွိမရွိတစ္ခ်က္စစ္ေဆးလိုက္သည္။

တစ္ေယာက္စႏွစ္ေယာက္စေတာ့ေတြ႕ေပမဲ့အေစာင့္မရွိသည့္ဘက္ကေနထြက္ေျပးမည္ဟုဆုံးျဖတ္ကာတိတ္တိတ္ေလးအိမ္နားကေနထြက္လာခဲ့လိုက္သည္။

ဖိနပ္မပါေျခဗလာျဖင့္သြားရသည္မလို႔ခုန္ခ်တဳန္းကအရွိန္နဲ႕နာေနေပမဲ့လည္းအားတင္းၿပီးေတာ့Jaehyunဆက္သြားေနေလသည္။ အပန္းေျဖစံအိမ္ဆိုေတာ့ ေတာထဲမွာလည္းျဖစ္သည္မလို႔ၿခံဝန္းကိုႀကီးႀကီးမားမားကာထားတာမ်ိဳးမရွိေသာေၾကာင့္ သာမန္ကာထားသည့္သံဇကာေပၚကေနတစ္ဖက္သို႔Jaehyunအခက္ခဲမရွိေရာက္သြားေလသည္။

"ငါအျပင္ေတာ့ေရာက္ၿပီ....ဒီနားကေနလမ္းမကိုသြားဖို႔ပဲက်န္တယ္"

စိတ္ထဲမွာေရ႐ြတ္လိုက္ရင္းေတာထဲကလမ္းအတိုင္းလမ္းမႀကီးေပၚသို႔ေရာက္ရန္Jaehyunသြားပါေတာ့သည္။ ေတာလမ္းထဲမွာမလို႔ေျဖာင့္ျဖဴးျခင္းမရွိေနေတာ့ေျခဖဝါးမ်ားမွာလည္းနာက်င္သည္မွာပြန္းပဲ့ဒဏ္ရာမ်ားေၾကာင့္ေသြးေတာင္စို႔ေနၿပီျဖစ္သည္။

.....................

"မင္းတို႔လူတစ္ေယာက္ကိုေတာင္ေသခ်ာမေစာင့္ၾကည့္နိုင္ၾကဘူးလား!!!!!"

အထိုးခံထားရသည့္ေအာက္လက္ငယ္သားမ်ားအားေဒါသတစ္ႀကီးျဖင့္ေအာ္လိုက္သည့္Juyeon။

"Jaeကိုငါကိုယ္တိုင္ပဲသြားရွာမယ္ မင္းတို႔ေကာင္ေတြေတာလမ္းထဲမွာရွာထားၾက!!"

"ဟုတ္ကဲ့!!"

Juyeonေျပာၿပီးသည္ႏွင့္ေဒါသတစ္ႀကီးစြာပင္စံအိမ္ရဲ႕အနားကလမ္းမထက္သို႔ကားေမာင္းလာလိုက္ေလသည္။ အခ်ိန္အားျဖင့္လည္းညေန6နာရီေက်ာ္ေနၿပီမလို႔ ေမွာင္ရီပ်ိဳးစျဖစ္ေနသည္။

ညေရာက္ရင္Jaeတစ္ေယာက္တည္းသူမသိတဲ့ေနရာမွာ......ဆိုတဲ့အသိကJuyeonအားေျခာက္လန့္လို႔ေနသည္။ Jaeကိုသူရွာကိုရွာေတြ႕မွျဖစ္မယ္။

...................

Jaehyunတစ္ေယာက္ေျပးရင္းနဲ႕လာလိုက္တာေတာလမ္းကေနအေတာ္ေလးအေဝးကိုေရာက္လာၿပိျဖစ္သည္။ ညေနေမွာင္စလည္းျပဳေနၿပီမလို႔အခုလိုေတာႀကီးထဲမွာတစ္ေယာက္တည္းျဖစ္ေနရျခင္းကိုေတာ့အနည္းငယ္ေျခာက္ျခားမိပါသည္။ သို႔ေပမဲ့လုံးဝေၾကာက္ေနျခင္းေတာ့မဟုတ္။

သို႔ႏွင့္သြားရင္းမွာပဲတစ္ဖက္အျခမ္းမွကားလမ္းမကိုျမင္ေတာ့ဝမ္းသာအားရနဲ႕ေျပးသြားလိုက္သည္။ သူကားလမ္းမေပၚေရာက္ၿပီမလို႔ စိုးရိမ္စိတ္တစ္ခုေတာ့ေလ်ာ့က်သြားခဲ့သည္။

သူ႕အတြက္ကံေကာင္းတယ္ပဲေျပာရမလား။ Jaehyunေရာက္သြားတဲ့ကားလမ္းမရဲ႕မလွမ္းမကမ္းမွာအမ်ားသုံးတယ္လီဖုန္းဆက္ရွိေနေလသည္မလို႔Jaehyunအေတာ္ေလးေပ်ာ္သြားၿပီးဖုန္းစက္ရွိရာေနရာဆီသြားလိုက္ေလသည္။

"ငါအရင္ဆုံးJunnieကိုဖုန္းေခၚရမယ္ ၿပီးမွသူ႕ကိုရဲေတြနဲ႕လာခိုင္းရမယ္..."

ဆိုကာHyunjunအားဖုန္းဆက္လိုက္ေလသည္။ ဖုန္းဆက္ေနရင္းနဲ႕လည္းဘာလို႔မွန္းမသိသူေပ်ာ္ေနမိသည္။ သူလြတ္ေျမာက္ရေတာ့မယ္မလား......။

................

*Ring...Ring*

အမည္မသိဖုန္းနံပါတ္တစ္ခုမွေခၚလာေတာ့Hyunjunအနည္းငယ္ေတာ့ထူးဆန္းတဲ့အေငြ႕သက္ရလိုက္သည္။ သို႔ေပမဲ့ဘယ္သူမွန္းမသိ​တာမလို႔သိရေအာင္ကိုင္လိုက္သည္။

"ဟယ္လို....."

"Jun.....Jun....Junnieလား?"

ျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနသည့္လိုင္းေၾကာင့္ေသခ်ာမၾကားရေပမဲ့ ေနာက္ဆူံးကေခၚလိုက္သည့္နာမ္စားေလးေၾကာင့္Hyunjunအလြန္ပင္အံ့ၾသသြားရသည္။

"Jaehyun Hyung!!!! Hyungအခုဘယ္မွာလည္းဟင္....Hyung...Hyung....ကြၽန္ေတာ္ေျပာတာၾကားလား Hyungရွိေနတဲ့ေနရာကြၽန္ေတာ့္ကိုေျပာျပပါလား?"

သူကသာဆက္တိုက္ေျပာေနပင္မဲ့တစ္ဖက္ကေျပာေနသည့္အသံကျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနသည္မလို႔ေသခ်ာမၾကားရေခ်။

"Jun...Junnie....H..Hyu...Hyung...ကို...Ju----"

ေျပာေနရင္းတန္းလန္းမွာပင္တီတီ တီတီ ဟူေသာအသံနဲ႕အတူလိုင္းကလုံးဝျပတ္ေတာက္သြားေလသည္။

...............

သူရွိေနသည့္ေနရာကိုေသခ်ာမသိေပမဲ့Juyeonကသူ႕အားေခၚထားခဲ့သည္ဆိုတဲ့အေၾကာင္းကိုေျပာမလို႔ရွိေသးလုံးဝျပတ္ေတာက္သြားသည့္လိုင္းေၾကာင့္ဖုန္းက်သြားခဲ့သည္။

Jaehyunလည္းေနာက္တစ္ခါထပ္ေခၚၾကည့္ေပမဲ့ဖုန္းကလုံးဝမဝင္ေတာ့ေခ်။ ေစာနကေတာင္ေခၚလို႔ရေသးတာအခုဘာလို႔မရရတာလည္းဟုေတြးေနတုန္းမွာပဲဖုန္းစက္ေဘးမွာျမင္လိုက္ရသည့္လူရိပ္ေၾကာင့္ၾကည့္မိလိုက္ေတာ့.....

"အိမ္ျပန္လိုက္ခဲ့ေတာ့ Jae...."

__________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com