Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥
Chapter 37
{ ခုနစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ပြောချင်နေခဲ့ည့်စကားလေးအားပြောခွင့်ခဲ့ပြီ }
" Jaeရှာတွေ့သွားပြီပဲ"
"Juyeon ငါမေးနေတယ်လေ ဒါဘာတွေလည်းလို့ ဘာလို့ဒီစာရွက်ထဲကလူတစ်ယောက်နဲ့ငါနဲ့က ဆေးစစ်ချက်ကိုက်ညီမှုရှိနေရတာလည်း!! ပြီးတော့မင်းနဲ့ကရော ဘာလို့ဆေးစစ်ချက်ရှိနေရတာလည်း"
DNAဆေးစစ်ချက်စာရွက်နှစ်ရွက်ကိုကိုင်ကာ ဆောက်တည်ရာမရသေးသည့်မျက်ဝန်းတို့ဖြင့်မေးခွန်းတွေမေးလာသည့်Jaehyunအား Juyeonချက်ချင်းအဖြေပြန်မပေးနိုင်သေးပါ။ ဒီလောက်ထိမြန်မြန်သိသွားလောက်မယ်လို့လည်း Juyeonမထင်ခဲ့ဘူးကိုး။
"Jae အရင်ဆုံးစိတ်ကိုငြိမ်ငြိမ်ထားပါဦး ကိုယ်သေချာပြောပြပါ့မယ် "
Jaehyunက DNAဆေးစစ်ချက်စာရွက်ကိုစားပွဲပေါ်ပစ်ချလိုက်ပြီး
"မင်းဘာကိုစိတ်ငြိမ်ငြိမ်ထားခိုင်းနေပြန်တာလည်း!!! မင်းငါ့ကိုအကြောင်းရင်းသေချာမပြောပြဘဲခေါ်လာတယ် ဘယ်မှလည်းပေးမသွားဘဲနေလာရတာ လနဲ့ချီနေပြီ။ အခုလည်း ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်နဲ့ငါက ဆေးစစ်ချက်တွေလာတူနေပြီး သွေးသားတော်စပ်နေပြန်တယ် မင်းနဲ့စစ်ထားတဲ့ စာရွက်ကလည်းဘာလို့ရှိနေပြန်တာလည်းငါနားမလည်နိုင်တော့ဘူး!! Lee Juyeon ငါတောင်းပန်ပါတယ် မင်းငါ့ကိုဒီထပ်ပိုပြီးစိတ်ဒုက္ခရောက်အောင်မလုပ်ပါနဲ့တော့လား "
"ကိုယ် Jaeကို စိတ်ဒုက္ခရောက်အောင်လုပ်နေရတာမဟုတ်ပါဘူးကွာ အခုလိုတွေလုပ်နေရတယ်ဆိုတာလည်း Jaeအတွက်ပဲလုပ်ပေးနေရတာပါ "
Juyeon ရဲ့မသေချာမရေရာတဲ့အဖြေတွေက Jaehyunကိုဒေါသပဲထွက်စေလာတာမလို့Juyeonနားကိုသွားလိုက်ပြီးကော်လံစကိုဆွဲကာပြောပါတော့သည်။
" ဒါဆိုပြောစမ်း!! ဘယ်အရာကငါ့ကောင်းဖို့အတွက်လည်း!!! မင်းဘာတွေငါ့ကိုဖုံးကွယ်ထားတာလည်း!!!! "
" Jaeရဲ့မိဘတွေကမိဘအရင်းမဟုတ်ဘူး! "
Juyeonကော်လံစပေါ်ကJaehyunရဲ့လက်တို့ဖြေလျော့သွားရသည်။
"ဘာ....."
"ကိုယ်ဒါတွေကိုJaeသိအောင်ပြောပြချင်ခဲ့တယ် ဒါပေမဲ့Jaeရဲ့ အခြေနေကြောင့်အရမ်း shockရသွားမှာစိုးလို့ အရင်ဆုံးစိတ်အခြေနေငြိမ်အောင်ဆရာဝန်နဲ့ပြပြီး ကိုယ်စောင့်နေတာ"
"မင်းဘာတွေပြောနေတာလည်းငါနားမလည်တော့ဘူး ငါ့မှာဘာရောဂါရှိနေလို့ဆရာဝန်နဲ့ပြတာတွေ မင်းကစောင့်တာတွေလုပ်နေရတာလည်း "
Juyeonက Jaehyunရဲ့အနည်းငယ်တုန်ရီနေသည့်လက်နှစ်ဖက်ကိုဆွဲယူလိုက်ပြီး အနီးနားကဆိုဖာပေါ်တွင်ထိုင်စေသည်။
" ကိုယ်အခုသေချာပြောပြပါ့မယ်....Jaeရဲ့လက်ရှိမိဘလို့ထင်ထားတဲ့သူတွေကJaeမိဘအရင်းတွေမဟုတ်ဘူး Jaeကိုမွေးပြီးကာစကတည်းက အမိန့်တစ်ခုကြောင့်မွေးစားထားခဲ့တာ "
နားမလည်နိုင်ခြင်းတွေသာJaehyunမျက်ဝန်းထဲတွင်ပြည့်နှက်နေခဲ့သည်။
" အခုDNA ဆေးစစ်ချက်ထဲက Jaeနဲ့သွေးသားတော်စပ်တဲ့သူကမှ Jaeရဲ့အဖေအရင်းပဲ ကိုယ့်ရဲ့Bossပေါ့။ အရင်တုန်းက Jaeအဖေအရင်းကအတိုက်ခိုက်တွေများတဲ့လောကမှာကျင်လည်နေရသူဖြစ်ခဲ့တယ် အခုတော့ဖြစ်နေဆဲဆိုပေမဲ့အရင်ကလောက်အန္တရာယ်မများတော့ပါဘူး။ Jaeကိုမွေးတော့ သားယောကျာ်းလေးလည်းဖြစ်နေတာမလို့ Jaeအဖေကပိုပြီးသတိထားခဲ့ရတယ်လေ။ Jaeကသူ့နေရာကိုဆက်ခံတဲ့သူဖြစ်လာမှာမလို့ မလိုလားအပ်တဲ့သူတွေက ကလေးလေးပဲရှိသေးတဲ့Jaeကိုနည်းအမျိုးမျိုးနဲ့အန္တရာယ်ပေးဖို့စောင့်နေခဲ့ကြတယ်။ "
Juyeonပြောသည်များကိုနားမလည်နိုင်သောမျက်နှာဖြင့်သေချာစွာနားထောင်နေသည့်Jaehyun။
"ဒါပေမဲ့ဒီလောက်ထိသတိထားနေခဲ့ရတဲ့ကြားထဲမှာမှ တစ်နှစ်သားကျော်ကျော်ပဲရှိသေးတဲ့Jaeကိုသူတို့ဖမ်းခေါ်သွားခဲ့ကြပြီး ကလေးရူးရူးနေတဲ့လင်မယားနှစ်ယောက်ဆီမှာခနထားထားတာ Jae​ကြီးလာလို့အသက်ပြည့်တာနဲ့ သူတို့ကတန်းပြီးရောင်းစားကြဖို့စီစဥ်ထားခဲ့ကြတာ။ Jaeမှတ်မိသေးလား ငယ်ငယ်တုန်းကအိမ်ခနခနပြောင်းရတယ်ဆိုပြီးကိုယ့်ကိုပြောပြဖူးသေးတယ်လေ"
"အင်း....မှတ်မိတယ် "
"အဲ့တာ Jaeကိုမိဘအရင်းတွေကတွေ့သွားမှာစိုးလို့ ခနခနရှောင်နေရတာ နောက်ဆုံးစိတ်ချရတဲ့နေရာရောက်တော့မှအခြေချပြီးနေခဲ့ကြတာ အဲ့လိုနဲ့ကိုယ့်အိမ်နီးချင်းဖြစ်လာခဲ့တာပဲ။ "
ဆောက်တည်ရာမရသေးသည့်Jaehyunရဲ့မျက်ဝန်းတွေဟာအံ့သြမှုတွေ လက်မခံနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတာကိုJuyeonသတိထားမိတာမလို့
"Jae...."
"ဟင်...."
"ကိုယ့်ကိုသေချာကြည့် စိတ်ကိုအေးအေးထားနော် ကိုယ်ဆက်ပြီးသေချာပြောပြပေးမယ် "
ထိုမှသာခေါင်းငြိမ့်လာသည်။
" Jaeကြီးလာတော့အသက်ပြည့်လို့ဆိုပြီးသူတို့ကပြန်ခေါ်ဖို့လုပ်ခဲ့ကြသေးတယ် ဒါပေမဲ့ Jaeမွေးစားမေမေက ငယ်ငယ်လေးကတည်းကထိန်းလာခဲ့ရတော့သံယောဇဥ်တွယ်ပြီး အသက် 25ပြည့်အောင်စောင့်ခိုင်းခဲ့တာ။ ကိုယ်တို့ပြန်တွေ့တဲ့ညက Jaeကို ခေါ်သွားမဲ့လူတွေဆီပြန်ပေးမဲ့ညပဲ။ ကိုယ်တို့သတင်းရလို့လာခဲ့တာနဲ့အဲ့လိုတွေဖြစ်ပျက်သွားခဲ့တာ။ အစကတော့Jaeကို Bossရဲ့သားမှန်းမသိသေးဘူး။ ငယ်ငယ်ကတည်းကပျောက်သွားတော့သေပြီပဲထင်နေခဲ့ကြတာ။ ဒါပေမဲ့တစ်နေ့ကျတော့ သတင်းရတာနဲ့ကိုယ်တို့လည်းစုံစမ်းရင်း အဲ့တာJaeဖြစ်နေတဲ့အကြောင်းကိုသိသွားတော့ကိုယ်တို့အမြန်လာခေါ်ရတာပါပဲ "
"ဒါဆို....ငါ့ကိုခေါ်လာပြီးဆေးကုပေးတယ်ဆိုတာကရော "
"Jaeအသက်18ပြည့်ပြီးတဲ့နောက်ပိုင်း Jaeကိုအားဆေးဆိုပြီးအနီရောင်ဆေးတောင့်လေးတွေတိုက်တယ်မလား "
"အင်း....အခုအရွယ်ထိတိုက်တယ်လေ "
"အဲ့တာအားဆေးတွေမဟုတ်ဘူး Jaeနားလည်အောင်ပြောရရင် မှတ်ဉာဏ်မေ့ဖျောက်တဲ့ မူးယစ်ဆေးတစ်မျိုးလိုပဲ အဲ့တာကဒီနိုင်ငံမှာတရားမဝင်ဘူး။ side effectတွေအများကြီးရှိနိုင်တယ်။ အဲ့တာကြောင့်Jaeကိုခေါ်ခေါ်လာခြင်းကိုယ်ဘာမှမပြောသေးဘဲ ဆေးအရင်ကုပေးထားရတာပါ "
Jaehyunအတွက်ကိစ္စတွေသာလက်ခံဖို့ခက်ခဲနိုင်သည်ဆိုပေမဲ့လည်းဖြစ်နိုင်ချေများသည့်အကြောင်းရာတွေကရှိနေပြီမလို့ စဥ်းစားဆင်ခြင်တတ်တဲ့သူအလျောက်သူနားလည်လာပါပြီလေ။
" အင်း.....ငါ့အတွက်လက်ခံဖို့ခက်ခဲနေသေးတယ်ဆိုပေမဲ့ မင်းပြောတာတွေငါနားလည်ပါပြီ ဒါပေမဲ့ ငါအတည်ပြုလို့ရအောင် ငါ့ကိုမွေးစားခဲ့ကြတဲ့မိဘတွေဆီခေါ်သွားပေးလို့ရမလား "
ကာယကံရှင်Jaehyunမှတောင်းဆိုလာတော့အပြင်လူသဘောဖြစ်နေသည့် Juyeonကဘာမှငြင်းပယ်နိုင်စရာမရှိ။ ပြုံးပြီးတော့သာခေါင်းငြိမ့်လိုက်သည်။
......................
"မင်းငါ့ကိုဖမ်းထားတဲ့နေရာကမြို့ပြင်မှာပဲ "
ကားပေါ်မှာထိုင်လိုက်လာတုန်းပထမဆုံးပြောလိုက်သည့်စကားပင်။ ဘေးမှကားမောင်းနေသူJuyeonက Jaehyunပြောသည်ကိုကြားတော့ခပ်ဖွဖွလေးတစ်ချက်ရယ်လိုက်ပြီး
"ဖမ်းထားတယ်ဆိုတဲ့အသုံးနှုန်းတော့မသုံးပါနဲ့Jaeရယ်....ကိုယ့်မယ် အမုန်းခံvillianကြီးလုပ်ပြီး Jaeကိုခေါ်ထားရတာပါ "
အမုန်းခံ ဟုစကားကိုကြားလိုက်ရတော့Jaehyunစိတ်မကောင်းဖြစ်မိ၍မျက်နှာလေးအနည်းငယ်ညှိုးသွားသည်။ သူမုန်းတယ်ဆိုပြီးစိတ်ထဲကမပါဘဲပြောလိုက်ပေမဲ့ Juyeonအတွက်ကတော့ခံရခက်ခဲ့မှာပဲ။ အရင်တုန်းကသူတို့ကမုန်းရမည့်ဆက်ဆံရေးမှမဟုတ်ခဲ့ကြပဲကိုး။
" ဘာလို့မျက်နှာကညှိုးသွားရတာလည်း Jaeရဲ့ ဘာမှမဖြစ်ပါဘူး။ အခုJaeအဖြစ်မှန်တွေကိုသိသွားရရင်ပဲကိုယ်ကျေနပ်ပါပြီ "
Jaehyunဘာမှတော့ပြန်မပြောခဲ့ပါ။ သို့ပေမဲ့စိတ်ထဲမှာတော့အကြိမ်ကြိမ်တောင်းပန်မိနေလျက်။
တစ်နာရီကျော်ကြာ ကားစီးပြီးသည်နှင့်ရောက်လာသည့်နေရာကတော့ အိမ်ရာကြီးတစ်ခုကိုပင်ဖြစ်သည်။ Jaehyunနေခဲ့ရသည့်နေရာတုန်းကလို လူနေအိမ်တွေအရမ်းမနည်းပေမဲ့ အိမ်ရာဘေးမှာသစ်ပင်အကြီးတွေနဲ့ရှိနေသည်မလို့ အိမ်တိုင်းက သီးသန့်တည်ရှိနေကြသည်။
" ရောက်ပြီ Jae...အကယ်လို့ bossပါရှိနေရင်Jaeတစ်ခါတည်းတွေ့သွားလို့ရတယ် "
"သူကလည်းဒီမှာနေတာပဲလား "
"နေတာကတော့ seoulမှာအိမ်သပ်သပ်ရှိပေမဲ့ ဒီမှာလည်းတစ်ခါတစ်လေ လာနေလေ့ရှိတယ် အခုတစ်လော သူသီးသန့်နေချင်တယ်ဆိုလို့ ကိုယ်တို့တောင်အဆက်သွယ်မလုပ်ဘူး "
"အော်...."
သို့နှင့် Juyeonဦးဆောင်ရာနောက်သို့Jaehyunလိုက်သွားမိသည်။ အိမ်မှာနှစ်ထပ်တိုက်အိမ်ဖြစ်၍ သစ်လွင်နေသည့်နံရံဆေးများကိုကြည့်ရုံနှင့်ပင် ဤအိမ်ကဆောက်ထားတာမကြာသေးသည်မှန်းခန့်မှန်းမိသည်။
အိမ်ပေါက်ဝကိုရောက်တော့အစောင့်နှစ်ယောက်နှင့်တွေ့ရပြီး Juyeonကိုမြင်သည်နှင့် ခေါင်းငုံ့ကာနှုတ်ဆက်ကြသည်။
"Bossဒီဖက်အိမ်လာဖြစ်လား "
"အရင်ရက်တွေကတော့မလာပေမဲ့ ဒီနေ့ဂေါက်ရိုက်သွားပြီးရင် ဒီမှာတစ်ညအိပ်ဥိးမယ်လို့တော့စာရထားပါတယ် "
"ဒါဆို အဆင်ပြေတာပဲ "
ဟုပြောပြီးJaehyunဘက်လှည့်ကာ
"Jaeရဲ့ဖေဖေအရင်းနဲ့ပါတစ်ခါတည်းတွေ့သွားလို့ရပြီ "
သို့နှင့်သူတို့နှစ်ယောက်လည်းအိမ်ထဲကိုအတူတူဝင်လာခဲ့လိုက်ကြသည်။
"Jaeဒီမှာခနထိုင်နော် ကိုယ်သွားခေါ်လာခဲ့မယ် "
ဟုပြောပြီးသွားမည်ကြံတော့ညတစ်စုံတစ်ခုကိုပြောချင်နေပေမဲ့မမေးရဲဖြစ်နေပုံရသည့်Jaehyunကြောင့်Juyeonမသွားသေးဘဲရပ်နေသည်။
"Jaeဘာမေးစရာရှိလို့လည်း မေးလေ "
"ဟိုဟာ....ငါ့မိဘတွေ......"
ပြောဖို့ရန်ခက်ခဲနေပုံရသည်ကြောင့်Jaehyunကိုဆိုအကဲခတ်မြန်သည့်Juyeonက ဘာပြောချင်မှန်းသိသွားပါသည်။
"စိတ်ချပါ Jaeရဲ့ Jaeမွေးစားမိဘတွေကို ကိုယ်တို့မေးမြန်းပြီးသွားကတည်းက ဒီအိမ်မှာမချုပ်ဘဲ ပုံမှန်အတိုင်းထားထားပါတယ် "
ထိုမှသာJaehyunကစိတ်အေးသွားသည်ပုံ။ သူ့ကိုဆိုအမြဲတမ်းအကဲခတ်တတ်သည့်Juyeonကိုလည်းတစ်ကယ်အံ့သြမိပါသည်။ သူနဲ့ပတ်သက်ရင်အကုန်သိနေသလားတောင်အောက်မေ့ရပါသည်။
သိပ်မကြာလိုက် Juyeonနဲ့အတူအနောက်ကနေ Jaehyunရဲ့မွေးစားမိဘနှစ်ယောက်ကလိုက်ပါလာခဲ့သည်။ သူ့ရဲ့မွေးစားမိဘတွေကJaehyunကိုမြင်မြင်ချင်းပဲမျက်ရည်များကျလာတော့သည်။
"သားလေး.....Jaehyunလေး "
ဆိုကာမွေးစားအမေဖြစ်သူမှ ခုံပေါ်မှာထိုင်နေသည့်Jaehyunအားပြေးကာဖက်တော့သည်။ မွေးစားအဖေဖြစ်သူကတော့ငိုပေမဲ့မျက်နှာကိုတစ်ဖက်လွှဲထားသည်။
"သားရယ်...Ommaတောင်းပန်ပါတယ် ငါ့သားလေးရယ်......Ommaတို့သားကိုအခုလိုတွေဖြစ်လာဖို့အတွက်မရည်ရွယ်ခဲ့ပါဘူး "
ဆိုကာရှိုက်ကြီးတစ်ငင်ငိုကြွေးနေတော့ ကြည့်နေရသူJuyeonမှာတောင်ဝမ်းနည်းလာရသည်။ ဘယ်လောက်ပဲသွေးသားမတော်စပ်ဘူးပြောပါစေ 25နှစ်နီးပါးရှိခဲ့တဲ့သံယောဇဥ်ဆိုတာပေါ့ပေါ့တန်တန်မှမဟုတ်ဘဲ။
တစ်ကယ့်မိသားစုအရင်းတွေလိုနေခဲ့ကြတာမလို့သံယောဇဥ်ဟာပိုတောင်တွယ်ငြိနေပါသေးသည်။
Jaehyunမှာလည်း အခုလိုသူငယ်ငယ်ကတည်းကချစ်ခင်ရတဲ့အမေဖြစ်သူက အမေအရင်းမဟုတ်တဲ့အကြောင်းသိသွားရှာတော့ ယူကြုံးမရလည်းဖြစ်မိပါသည်။ သို့ပေမဲ့သူ့ရဲ့အျမတစ်ယောက်လိုချစ်ခဲ့ရသူပဲမလား။
"ရပါတယ် Ommaရဲ့ သားကိုတောင်းပန်ဖို့မလိုပါဘူး... Ommaတို့အမှားမှမဟုတ်တာ သားကိုသားအရင်းမဟုတ်တာတောင် ဝတ်ကျေတန်းကျေအရမဟုတ်ဘဲ သေချာကြည့်ရှုစောင့်ရှောက်ခဲ့ပေးလို့သားကကျေးဇူးတောင်ပြန်တင်ရမှာ "
Jaehyunအသံတွေတုန်ရီလို့နေခဲ့ပါသည်။
သားအမိနှစ်ယောက်အပြန်လှန်ငိုကြ တောင်းပန်ကြတဲ့အပြီးမှာတော့ Jaehyunလာရင်းကိစ္စအားမေးမြန်းရပေဦးမည်။
"Ommaနဲ့ Appa သားကို Juyeonက ဖြစ်ခဲ့တဲ့ကိစ္စတွေပြောပြပြီးပြီဆိုပေမဲ့ Ommaတို့ဆီကနေသားသေချာထပ်ကြားရမှဖြစ်မှာမလို့ ပြောပြပေးလို့ရမလားဟင် "
ထိုအခါမှ ငြိမ်နေသည့်မွေးစားအဖေဖြစ်သူကစကားစပြောလေသည်။
"သားကြားချင်တယ်ဆိုရင် Appaပြောဖို့ဝန်မလေးပါဘူး "
ဆိုကာဖြစ်ပျက်ခဲ့သည်များကိုပြန်ပြောပြလေတော့ Juyeonပြောသည်နှင့်မခြားနားဘဲရှိလေသည်မလို့ Jaehyunတစ်ထစ်ချကိုလက်ခံသွားနိုင်ခဲ့ပါသည်။
"သားအတွက်လက်ခံဖို့ခက်ခဲမယ်ဆိုတာ Appaနားလည်ပါတယ် ပြီးတော့ထပ်ပြီးတောင်းပန်ပါတယ် Jaehyunရယ် "
"မဟုတ်တာAppaရဲ့ သားအဆင်ပြေပါတယ် သားလည်းအစကကြားကြားချင်းတော့လက်မခံနိုင်ခဲ့ပေမဲ့ အခုလိုAppaတို့ဆီကကြားရတာမလို့ လက်ခံနိုင်သွားပါပြီ။ "
" ဒါဆိုနေ့လည်စာစားကြတော့မလား ကျွန်တော်ပြင်ခိုင်းထားတယ် အာ...ဒါနဲ့ Jae။ Bossကတော့ဒီညမလာနိုင်တော့ဘူးတဲ့ ကိုယ်သေချာဖုန်းဆက်ပြီးတော့မှအတူတူသွားတွေ့ကြတာပေါ့ "
"အင်းပါ "
တစ်လကျော်ကြာပြီးတဲ့နောက်မှာတော့ Jaehyunနဲ့ Juyeonတို့ရဲ့ထမင်းဝိုင်းလေးဟာတစ်ဖန်ပြန်လည်လို့စိုပြေလာခဲ့ပြန်ပါသည်။ ဟင်းတွေကကောင်းသည်ဆိုတာထက် ကိုယ်တန်ဖိုးထားရတဲ့သူတွေနဲ့အတူတူစားရသည်မလို့ကောင်းသည်ဆိုတာကပိုပါလိမ့်မည်။
Juyeonတစ်ယောက်ကတော့ မမြင်ရတာကြာပြီဖြစ်တဲ့ သူ့ရဲ့ချစ်ရသူလေးရဲ့ အပြုံးလှလှလေးတွေကိုငေးရင်း ထမင်းစားဖို့တောင်မေ့နေပါသည်တဲ့လေ။
..................
ညနေ 4နာရီဆိုပေမဲ့ဆောင်းတွင်းဖြစ်တာကြောင့်မှောင်ရိပ်ဟာအပြန်လမ်းလေးမှာဖုံးအုပ်လို့နေသည်။ သို့ပေမဲ့ကားပေါ်ကကောင်လေးနှစ်ယောက်ကတော့စိတ်ကျေနပ်သည့်အပြုံးလေးတွေကိုယ်စီဖြင့်။
"Jaeအခုလိုအပြုံးလေးတွေမမြင်ရတာတောင်ကြာပြီပဲ "
" ဟင်? "
"Jaeအပြုံးလေးတွေမမြင်ရတာကြာပြီလို့.... ကိုယ်ထွက်သွားပြီးတဲ့အတောတွင်းအဲ့အပြုံးလေးတွေကိုလွမ်းနေခဲ့ရတာ "
ရုတ်တစ်ရက်ပြောလိုက်သည့်စကားဖြစ်တာမလို့Jaehyunခနတော့ငြိမ်ကျသွားပြီးမျက်နှာလွှဲလိုက်မိသည်။
Juyeonလည်းပြောပြီးကာမှသူ့ကိုယ်သူမှားမှန်းသိတော့သည်။ Jaehyunကဒီနေ့မှကိစ္စတွေအကုန်လုံးကိုသိပြီးလက်ခံထားရတာကို သူကအခုလိုတွေချစ်ကြည်နူး လို့ရသည့်အခြေနေမှမဟုတ်သေးဘဲ။
Juyeonလည်း သူစကားပြောမှားသွားမှန်းသိ၍လေထုကိုပြန်တည်ငြိမ်အောင်လုပ်ဖို့မရှိရှိရာစကားကိုဖျန်ဖြေပြီး ပြောရတော့သည်။
"အာ....ဟိုဟာလေ.....Jaeကိုပြောဖို့မေ့နေတာ Jaeနဲ့ကိုယ်နဲ့DNA ဆေးစစ်ချက်ဘာလို့ရှိလည်းဆိုတာလေ....အဲ့တာက bossရဲ့သားပျောက်ဆုံးတဲ့အကြောင်းကိုလိုက်စုံစမ်းတုန်းက ကိုယ့်အိမ်နဲ့Jaeအိမ်နဲ့က ကပ်ရပ်မလား အဲ့တာလိပ်စာမှားပေးတာလားမသိပေမဲ့ ကိုယ်စုံစမ်းတုန်းက ကိုယ့်အိမ်လိပ်စာပဲဖြစ်နေလို့လေ အဲ့တာကြောင့်အကယ်၍များဆိုတဲ့ စိတ်နဲ့စစ်ကြည့်တာပါ "
"အင်းပါ "
တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားပြန်သည့်ကားအတွင်းကလေထုလေး။ Jaehyunကတော့တစ်ဖက်ကားပြတင်းပေါက်အပြင်ကသစ်ပင်ကြီးတွေကိုသာကြည့်ပြီးနေနေသည်မလို့ Juyeonလည်းဘာမှထပ်မပြောတော့ဘဲ radioမှလာနေသည့်အမည်မသိ သီချင်းကိုသာအသံနည်းနည်းထပ်ချဲ့ရင်း နေရပ်ကိုသာပြန်လာလိုက်တော့သည်။
........................
အိမ်ကိုပြန်ရောက်တော့ ကားပေါ်မှနှစ်ယောက်လုံးဆင်းကာ အိမ်ထဲသို့ဝင်လိုက်ကြသည်။ ထိုအချိန်ထိ Jaehyunမှာတစ်ခုခုကိုတွေးတောနေသည့်ဟန်။
ဧည့်ခန်းရောက်တာတောင်အပေါ်ထပ်မှအခန်းကိုမတက်နိုင်သေးဘဲ တစ်စုံတစ်ခုကိုအကြာကြီးတွေးတောနေသည့် Jaehyun။
Juyeonလည်းအခုချိန်မှာအတွေးများနေလောက်မည့် Jaehyunကိုနားလည်ပေမဲ့ ဆောင်းတွင်းဖြစ်တာမလို့ အနွေးထည်အပါးလေးသာထပ်ထားသည့်Jaehyun အေးနေမည်စိုးတာကြောင့်လှေကားထိပ်မှလှမ်းခေါ်လိုက်သည်။
"Jae....ဘာတွေအဲ့လောက်တောင်စဥ်းစားနေတာလည်း အပေါ်မတက်တော့ဘူးလား ရာသီဥတုအေးတယ်လေ "
ဒါတောင်သူ့ကိုဘာမှပြန်မပြောဘဲ မျက်ရည်တွေပြည့်နေသည့်မျက်ဝန်းတွေနဲ့သာကြည့်လာသည့်Jaehyun။
"ဟော....ဘာလို့ငိုနေပြန်တာတုန်း Jaeရဲ့- "
Juyeonစကားသံဆုံးကာရှိသေး အပြေးလေးလာပြီးဖက်တော့သည်။ အားနဲ့ပြေးပြီးဖက်လိုက်သည်မလို့မထင်ထားသည့်Juyeonတောင် အင့်ခနဲ အနောက်ကိုတောင်တစ်ချက်ယိုင်သွားသေးသည်။ သို့ပေမဲ့ Jaehyunကိုခါးနဲ့နောက်ကျောကနေပြန်ထိန်းကာဖက်ထားလိုက်သည်။
"တောင်းပန်ပါတယ် Ju....."
ဘယ်လောက်တောင်ကြာခဲ့ပြီလည်း? ဒီလူသားဆီကနေ သူ့ရဲ့ခေါ်နေကျနာမည်လေးကိုမကြားရတာဘယ်လောက်တောင်ကြာခဲ့ပြီလည်း?
Juyeonပျော်လွန်း၍ဝမ်းသာလုံးဆို့မတတ်ပင်။ဒါပေမဲ့ တောင်းပန်နေသည့်စကားပြောလာတာမလို့ဖက်ထားရာမှခနတာခွာလိုက်ပြီးမျက်လုံးချင်းဆုံစေလိုက်သည်။
"ဘာတောင်းပန်စရာလိုလို့လည်း Jaeရဲ့ Jaeဘာအမှားမှာမလုပ်ထားဘူးလေ "
"Juကိုတစ်ကယ်မမုန်းဘဲနဲ့ မုန်းတယ်လို့ပြောခဲ့မိတာအတွက်လေ "
လက်စသတ်တော့ဒါကြောင့်ကိုး။ ကားပေါ်မှာလည်းတစ်ချိန်လုံးငြိမ်လာပြီး အိမ်ထဲရောက်သည်အထိတွေးတောနေသည်က ဒါတဲ့လား။ Juyeonမသိမသာလေးပြုံးမိသည်။
"Jaeကလက်စသတ်တော့ ဒါအတွက်ကြောင့်ကိုး"
"အင်းလေ.....အဲ့တုန်းက အော်ပြောခဲ့မိတာတွေ Juကိုနာကျင်အောင်လုပ်ခဲ့မိတာ Jaeက "
ဆိုကာထငိုနေသည့်Jaehyunကြောင့် Juyeonမှာပြာပြာသလဲချော့ရတော့သည်။
"ဟာ....မငိုရဘူးလေ Jaeရဲ့ မငိုရဘူးလေကွာ "
မငိုရဘူးသာပြောနေတယ်။ Juyeonကတော့ ချစ်ရသူငိုတာကြည့်ပြီးမခံစားနိုင် သူပါမျက်ရည်ကျမိပါသေးသည်။
" Jaeဒီနေ့တစ်နေ့လုံး ပင်ပန်းထားတာလေ ဒီနေ့Ommaတို့နဲ့တွေ့တုန်းကလည်းအများကြီးငိုပြီးပြီဟာကို ထပ်ငိုနေရင်နေမကောင်းဖြစ်လိမ့်မယ် ကလေးလည်းမဟုတ်တော့ဘူးလေ မငိုနဲ့တော့ တိတ်တော့ "
မနည်းချော့မော့ပြောယူတော့မှငိုတာရပ်သွားသည်။ သို့ပေမဲ့ရင်ခွင်ထဲကနေမထွက်သေး။ Juyeonကလည်း သူ့ရင်ခွင်ထဲကJaehyunကိုထုတ်ဖို့နည်းနည်းလေးမှပင်စိတ်ကူးမရှိ။ ပို၍တောင်တင်းကြပ်စွာဖက်ထားလိုက်သေးသည်။
Jaehyunရပ်နေရတာညောင်းနေမှာစိုးသည့်အတွက်လည်းလှေကားခြေရင်း၌ပင် အတူတူထိုင်ချလိုက်သည်။ ထို့နောက် Jaehyunရဲ့ဆံနွယ်လေးတွေကိုအသာလေးသပ်ပေးကာ
"အဲ့ကိစ္စတွေက ကိုယ့်ကိုတောင်းပန်ဖို့မလိုပါဘူး။ တစ်ကယ်စိတ်ရင်းနဲ့ပြောခဲ့တာမဟုတ်မှန်းကိုယ်သိပါတယ် "
"ဒါပေမဲ့....မုန်းတယ်ဆိုပြီးပြောမိတုန်းက Juမျက်နှာပျက်သွားတာသိသားပဲ အဲ့ညကတည်းကစိတ်ထင့်နေခဲ့တာ "
"ရုတ်တစ်ရက်ဆိုတော့ဒီအတိုင်းပဲဖြစ်သွားတာပါ Jaeရဲ့ ကိုယ်ဘာမှမဖြစ်ပါဘူး ဒါဆိုကိုယ်မေးပါဦးမယ် "
"အင်း မေးလေ "
"ကိုယ့်ကိုတစ်ကယ်မမုန်းဘူးလား "
"မုန်းစရာလား  "
"ဒါဆိုမမုန်းရင်ချစ်တယ်ပေါ့ "
ပြုံးပြုံးကြီးနှင့်မေးလာသည့်Juyeonအား ရင်ခွင်ထဲကနေJaehyunမော့ကြည့်လိုက်သည်။ သူပြန်ဖြေမဲ့အဖြေဟာ Jaehyunလွန်ခဲ့သည့် ခုနှနှစ်ကတည်းကပြောချင်နေခဲ့သည့်စကားပင်။
"အရမ်းချစ်တယ် Juyeonကို "
ဒီတစ်ခါဝမ်းသာမျက်ရည်ကျသွားသည့်သူကတော့Juyeonကိုယ်တိုင်ပင်ဖြစ်လေသည်။
"ကိုယ်လည်းအများကြီးချစ်တယ် "
ချစ်ရသူရဲ့မျက်ဝန်းလေးကိုကြည့်ပြီး ချစ်ရသူရဲ့ရင်ခွင်ထဲကနေ ချစ်တဲ့အကြောင်းကိုပြောရတာလောက် လှပသည့်အရာမရှိတော့ပါလေ။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"အကိုတို့ ဘာသတင်းမှမကြားခဲ့ဘူးလားဟင်"
အိမ်ထဲဝင်သည်နှင့်အသင့်စောင့်နေသောညီမလေးနှစ်ယောက်နဲ့အတူ Rakwonနဲ့Yeonkyuကိုပါတွေ့လိုက်သည်။
မျက်နှာမကောင်းဖြစ်နေသည့်Hyunjunကပြန်ပြောဖို့အားယူနေစဥ်မှာပင်အနောက်ကYounghoonက အသာခေါင်းခါပြသည်။
ကလေးတွေလည်းအခြေနေကိုရိပ်စားမိသည်မလို့ဘာမှထပ်မမေးတော့ဘဲ Hyunjunကိုအနားယူစေလေသည်။
"နင်တို့အန်တီလေးကော ဘယ်သွားလိုက်တာလည်း"
Younghoonရဲ့အမေးကို Rakwonက
" အန်တီလေး သားတို့ညစာအတွက်စျေးသွားဝယ်တယ် သားတို့လိုက်ကူဖို့မေးသေးတယ် သူကရတယ် အန်ကယ်လေးတို့ကိုစောင့်နေလိုက်တဲ့ဆိုလို့"
"အင်းပါ "
*ခွမ်း!!!!!*
အပေါ်ထပ်မှကြားလိုက်သည့်အသံကြောင့်အောက်ထပ်မှာရှိနေသည့်Younghoonတို့အလန့်တစ်ကြားဖြစ်သွားကြသည်။ Hyunjunတစ်ခုခုဖြစ်နေပြီဆိုတာကို Younghoonသိလိုက်ပြီမလို့ကလေးတွေကိုအပေါ်မတက်လာရန်မှာပြိးသည်နှင့်အလျင်အမြန်အိမ်ပေါ်သို့တက်သွားလိုက်သည်။
"ဟျောင့် Hyunjun!! မင်းဘယ်လိုဖြစ်နေတာလည်း "
"Hyunjunအခန်းထဲဝင်လိုက်တော့ နံရံမှာလည်းမြေမှုန့်အစိုတွေပေနေပြီး အဲဒီ့အောက်မှာတော့ ဒေါသအလျင်းဖြင့်ချခွဲခံထားရသည့် ပန်းအိုးနှင့်ပန်းများမှာလည်း တစ်စစီပြန့်ကျဲလျက်။
ကုတင်ရဲ့ခြေရင်းမှာတော့ဆောင့်ကြောင့်ထိုင်ကာမှိုင်နေသည့်Hyunjun။ Younghoonလည်းHyunjunပုံကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည်။
Younghoonလည်း အရုပ်ကြိုးပြုတ်သည့်နှယ်ထိုင်နေသည့်Hyunjunရဲ့ဘေးနားကိုသွားထိုင်လိုက်တော့သူ့ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာသည့် Hyunjun။
"မင်းအတွက် ခက်ခဲနေမယ်ဆိုတာငါသိတယ် Hyunjun ချစ်နေရတဲ့သူအတွက်ဒီလိုဖြစ်ရတယ်ဆိုတာလည်းငါနားလည်တယ် ဒါပေမဲ့ငါတစ်ခုပြောမယ် မင်းအခုလိုပြိုလဲနေလို့ Jaehyunကိုရှာတွေ့မှာမဟုတ်ဘူး မင်းမစဥ်းစားတတ်တာလည်းမဟုတ်တာကို! "
Hyunjunကမျက်နှာလွှဲသွားပြီးမျက်ရည်ကျသွားသည်ကိုYounghoonမြင်လိုက်ပါသေးသည်။ ထို့နောက်ထပ်ပြီး
"ပြီးတော့.....ငါJuyeonကိုမြင်လိုက်တယ် "
ကြားလိုက်ရသည့်စကားကြောင့်တစ်ဖက်ကိုပြန်လှည့်ကြည့်လာသည့်Hyunjun။
"သူ့ကိုတွေ့လိုက်တာ မဆန်းပေမဲ့ သူ့ပုံစံကြောင့်ငါသံသယဝင်သွားတယ် "
ဆိုကာ Younghoonမှ Juyeonအားတွေ့ ခဲ့ပုံကိုအသေးစိတ်ပြောပြလိုက်သည်။
" သူJaehyunကိုတောင်ဘယ်နေရာကိုသွားမယ်မပြောဘဲ ထွက်ပြေးသွားခဲ့ပြီးမှ ခုနှစ်နှစ်အကြာပြန်တွေ့ရတာ ဒီလိုပုံနဲ့ဆိုတော့ငါသိပ်ပြီးမင်္သကာဘူး ရာနှုန်းပြည့်တော့မသေချာပေမဲ့ Jaehyunကိုခေါ်သွားတာ အဲ့ကောင်လို့လည်းငါစိတ်ထဲမှာထင်နေမိတယ် ကြည့်ရတာ...ငါတို့သူ့အကြောင်းကိုလိုက်ရတော့မယ်ထင်တယ် "
ပြောလိုက်သည့်စကားကြောင့်မျက်လုံးအရောင်ပြောင်းသွားသည့်Hyunjunကိုအကဲခတ်တော်သည့်Younghoonကသတိထားမိအောင်ထားလိုက်ပါသေးသည်။
ချစ်ရသူနဲ့ပတ်သက်သည့်သူဆိုတော့လည်း အနိုင်အရှုံးမသေချာသေးတဲ့ကစားပွဲတစ်ခုကိုHyunjunစရပါတော့မည်လား။ ပြိုင်ဘက်ဟာလည်းပေါ်ပေါက်လာခဲ့ပြီမလို့ ချစ်ရသူအတွက်အနိုင်ရအောင်ကြိုးစားရမည်မှာချစ်နေရသူHyunjunအတွက်ပင်ဖြစ်သည်။
သို့ပေမဲ့.....ပေါ်ပေါက်လာသည့်ပြိုင်ဘက်က Juyeonမဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်နေသည်ကိုတော့Hyunjunတစ်ယောက်သတိမေ့သွားသည်ထင်ပါရဲ့။
သူချစ်နေရတဲ့သူမှာနှလုံးသားပိုင်ရှင်ကရှိနေပြီးသားဖြစ်တာမလို့ပင်။
__________________________________________
updateကို အကြာကြီး ကြာနေခဲ့မိလို့ မီယားနဲ^
နောက် တစ်ပုဒ်ထပ်ရေးဖို့လည်း ရှိတာမလို့ တစ်ခါတည်း ဇာတ်သိမ်းထိတင်ပေးလိုက်ပါတယ်နော်💕
Thanks for reading🌸
Zawgyi ver.
{ ခုနစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ပြောချင်နေခဲ့သည့်စကားလေးအားပြောခွင့်ရခဲ့ပြီ }
" Jaeရှာတွေ့သွားပြီပဲ"
"ဘာ....."
"အင်း....မှတ်မိတယ် "
"Jae...."
"ဟင်...."
......................
"အော်...."
"ဒါဆို အဆင်ပြေတာပဲ "
"ဟိုဟာ....ငါ့မိဘတွေ......"
"သားလေး.....Jaehyunလေး "
"အင်းပါ "
..................
" ဟင်? "
"အော်....အင်းပါ "
........................
"တောင်းပန်ပါတယ် Ju....."
" Jaeဒီနေ့တစ်နေ့လုံး ပင်ပန်းထားတာလေ ဒီနေ့Ommaတို့နဲ့တွေ့တုန်းကလည်းအများကြီူငိုပြီးပြီဟာကို ထပ်ငိုနေရင်နေမကောင်းဖြစ်လိမ့်မယ် ကလေးလည်းမဟုတ်တော့ဘူးလေ မငိုနဲ့တော့ တိတ်တော့ "
"အော်...ရုတ်တစ်ရက်ဆိုတော့ဒီအတိုင်းပဲဖြစ်သွားတာပါ Jaeရဲ့ ကိုယ်ဘာမှမဖြစ်ပါဘူး ဒါဆိုကိုယ်မေးပါဦးမယ် "
"အင်း မေးလေ "
"မုန်းစရာလား Lee Juyeonကို "
.
.
.
.
.
.
.
.
.
.
.
.
.
.
.
" အန်တီလေး သားတို့ညစာအတွက်ဈေးသွားဝယ်တယ် သားတို့လိုက်ကူဖို့မေးသေးတယ် သူကရတယ် အန်ကယ်လေးတို့ကိုစောင့်နေလိုက်တဲ့ဆိုလို့"
"အင်းပါ "
*ခွမ်း!!!!!*
___________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com