Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 38

သစ်ပင်ကြီးတွေဖုံးအုပ်ထားသည့် တောတောင်မြေရဲ့ ကားလမ်းမပေါ်မှာ တစ်ရွေ့ရွေ့သွားနေသော အနက်ရောင်ကားလေးတစ်စီးထဲဝယ် သာယာကြည်နူးသည့် လေထုလေးကလွှမ်းခြုံလျက်ရှိသည်။

radioမှလွှင့်လာသော မနက်ခင်းရဲ့တေးသံသာ ဟာလည်း သာယာနာပျော်ဖွယ်ကောင်းအောင် ပျံလွင့်လျက်ရှိပြန်သည်။

ကားအတွင်းမှ ကောင်လေးနှစ်ယောက်သည်လည်း အပြုံးကိုယ်စီလေးဖြင့်တပ်ဆင်ထားကာ ချစ်မဝသည့် မျက်ဝန်းများဖြင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လျက်ရှိသည်။

လက်တစ်ဖက်မှကားစတီယာရင်ကို ကိုင်ထားရင်း တစ်ဖက်ကလည်းJaehyunရဲ့လက်ကလေးကို ဆုပ်ကိုင်ထားသည့် Juyeon။

ကိုင်ထားရင်းနဲ့မှ မနေနိုင်တော့သည့်အဆုံး ကိုင်ထားသည့်လက်ဖြူဖြူအုအုလေးအား အနမ်းတစ်ပွင့်ပေးမိသည်။

" ကားကိုသေချာကြည့်မောင်းနော် အကိုကြီးJu "

" ကိုယ်ဒီလမ်းတွေကိုသွားနေကြမလို့ ကျွမ်းပြီးသားပါ "

Jaehyunခပ်ဖွဖွလေးပြုံးလိုက်သည်။

သူတို့အခုသွားနေသည်က Jaehyunရဲ့ အဖေအရင်းဖြစ်သူ, Juyeonရဲ့ Boss, Lee Sunghyunဆီကိုပင်ဖြစ်သည်။

Jaehyunအနည်းငယ်တော့ စိတ်လှုပ်ရှားမိပါသည်။ သူ့ရဲ့တစ်ခါမှမမြင်ဖူးသည့် အဖေအရင်းဖြစ်သူအား တွေ့ရမည်ဆိုတော့ ရင်လည်းခုန်မိသလို စိတ်လည်းကဏာမငြိမ်ဖြစ်မိသည်။

သူ့အဖေအရင်းကိုတွေ့ရင် သူရင်းနှီးနေပါ့မလားဆိုသည့် စိုးရိမ်စိတ်ဟာလည်းရှိနေသေးပြန်သည်။

နာရီပိုင်းလောက်ကြာအောင် မောင်းပြီးသွားတဲ့နောက်မှာတော့ Jaehyunအဖေရဲ့ စံအိမ်ဆီသို့ရောက်လာခဲ့တော့သည်။

မလာခင်ကတည်းက Juyeon ဖုန်းကြိုဆက်ထားသည်မလို့ ခြံတံခါးဟာလည်းအသင့်ဖွင့်ထားပြီးဖြစ်သည်။

" Jae...ဘာမှမဖြစ်နဲ့နော် ဒါJaeဖေဖေအရင်းကိုတွေ့ရမှာ "

ကားပေါ်မှမဆင်းခင် Juyeonမှ Jaehyunစိုးရိမ်စိတ်တွေသိနေသည့်အလား နှစ်သိမ့်စကားပြောပေးလာသည်။

" တစ်ခုမေးမလို့ Ju "

"အင်း...."

"Jaeတို့နှစ်ယောက်ရဲ့ ပတ်သက်တာကို Jaeအဖေအရင်းက သိလား "

"ဟင့်အင်း ကိုယ် ဒီအတိုင်းငယ်သူငယ်ချင်းတွေလို့ပဲ ပြောထားတာ နောက်မှဖြေးဖြေးချင်းပြောပြလည်းရတယ်လေ နော် "

"ကောင်းပါပြီ ဒါဆိုလည်း "

အိမ်ထဲကို စဝင်သည်နှင့် Jaehyun စိတ်လှုပ်ရှားမိသည်မှာအမှန်ပင်။ အိမ်ရဲ့ဆင်ဝင်ရှေ့ကိုဖြတ်ပြီး ဧည့်ခန်းထဲကိုရောက်တော့ လက်နောက်ပစ်ကာ သူတို့ကိုကျောပေးပြီးရပ်နေသည့် လူတစ်ယောက်ကိုတွေ့လေသည်။

" Boss Jaehyunရောက်ပါပြီ "

Juyeonမှအသံပေးလိုက်တော့ ထိုရပ်နေသည့်လူမှ လှည့်ကြည့်လာသည်။ အရပ်အမောင်းအားဖြင့်ရှည်ပြီး ခန္ဓာကိုယ်လည်းတောင့်ဖြောင့်ကာ မျက်မှန်အောက်မှ တည်ငြိမ်သည့်မျက်ဝန်းများနှင့်အတူ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းပါးရဲ့တထာင့်စွန်းတွေဟာ ကွေးညွတ်တတ်သွားလေသည်။ ထို့နောက် Sunghyunမှ ခေါ်လာသည့် နာမ်စားလေးတစ်ခု။

"သား...... "

JaehyunကိုSunghyunထံမှ သား ဟုခေါ်လာတော့ ကြားလိုက်ရသည့် Jaehyun အဖို့ မစိမ်းနေပါပဲ တစ်နေရာရာမှာ တစ်ချိန်ကကြားဖူးခဲ့သည်ဟုခံစားမိသည်။ သူ့ရှေ့ကအဖေအရင်းဆိုသူကိုလည်း သူထပ်ပြီးစိတ်မလှုပ်ရှားတော့ပေ။

သွေးကစကားပြောတယ်ဆိုတာ တစ်ကယ်ပါလား။

" ဖေဖေလား....တစ်ကယ်ပဲ ကျွန်တော့ဖေဖေလား "

"ဟုတ်တယ်လေ သားရဲ့ Jaehyunရဲ့အဖေအရင်းပါပဲ"

ဆိုကာပြောပြီး Jaehyunကိုလက်ဆန့်ပေးလာတော့ သားဖြစ်သူJaehyunက သူ့အဖေရင်ခွင်ထဲသို့ပြေးဝင်သွားကာ ဖက်လိုက်တော့သည်။

" ငါ့သားကို အဖေက လွမ်းနေခဲ့တာ သားလေးပျောက်သွားတုန်းကဆို ဖေဖေမယ့်ရင်ကွဲမတတ်ပါပဲ ငါ့သားရယ် "

ဆိုကာအသံတွေတုန်လာသည့်Lee Sunghyun။

အချိန်တစ်ခုကြာတဲ့အထိ သားအဖနှစ်ယောက်ရဲ့ပြန်လည်တွေ့ဆုံမှု ပြီးသွားတော့ ပွေ့ဖက်ခြင်းကို ရပ်တန့်လိုက်ကြသည်။

"ငါ့သားက ဘာလို့ငိုနေတာတုန်း Jaehyunလေးရဲ့ မငိုရဘူးလေကွယ် "

သူ့သားကိုသာမငိုရန်ပြောနေသည့်ဖခင်ဖြစ်သူရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်စတွေ တွဲခိုနေပါသေးသည်။

သားအဖနှစ်ယောက်အား အနားကနေကြည့်နေပြီး ပီတိဖြစ်နေသူမှာတော့ Juyeonပင်ဖြစ်သည်။ ပီတိဖြစ်ရုံမက စိတ်ထဲလည်းကြည်နူးမိပါသည်။ တစ်ဖက်ကသူတစ်ဘဝလုံးစာရင်းပြီးချစ်ရသည့်လူသား။ တစ်ဖက်ကသူ့ရဲ့ဒုတိယအဖေလိုဖြစ်နေသည့်မိသားစုဝင်လိုလူသား။

ဤလူသားနှစ်ယောက်ကသူ့အတွက်တော့ အဘယ်အရာနှင့်မျှတန်ဖိုးဖြတ်လို့ပင်မရလောက်ပါပေသည်လေ။

Sunghyunရဲ့ စံအိမ်ရှိ အိပ်ခန်းထဲတွင်ဖြစ်သည်။ Jaehyunနှင့်အတူ JuyeonကပါSunghyunနဲ့ရှိနေလေသည်။

" သားမေမေပုံကိုမြင်ဖူးချင်လား "

"ဟုတ် မြင်ဖူးချင်တယ် ​ဖေဖေ"

အမှန်တိုင်းပြောရလျှင် Jaehyunအမေဖြစ်သူပုံကို Juyeonလည်းမြင်ဖူးချင်သည်။ သူတစ်လျှောက်လုံးရှိနေစဥ်အတွင်း Sunghyunက တစ်ခါမှပြောလည်းမပြောပြဖူးသလို ပုံတောင်မပြခဲ့ပါ။

ခနလောက်ကြာတော့ လက်ထဲမှာအရွယ်အစားအနည်းငယ်ကြီးသည့် ဓာတ်ပုံတစ်ခုကို Sunghyunမှယူလာသည်။

အပေါ်မှာတစ်ထပ်အုပ်ထားသော အဝတ်စအဖြူကိုဖယ်လိုက်သည့်အခါ ဓာတ်ပုံထဲတွင် ပန်းဆီရောင်ဂါဝန်လေးကိုဝတ်ဆင်ထားကာ ပါးလွှာလှသောနှုတ်ခမ်းပါးလေးနှစ်ဖက်မှ ပြုံးကာရှိနေသည့် ကျက်သရေရှိလှပါသော အမျိုးသမီးတစ်ယောက်ရဲ့ပုံကိုတွေ့လိုက်ရသည်။

ဓာတ်ပုံထဲဖြစ်နေပေမဲ့ ကြယ်ရောင်ပမာတောက်ပနေသည့်မျက်ဝန်းလေးနှစ်စုံရယ် ပါးလွှာသည့်နှုတ်ခမ်းပါးလေးရယ် နှာတံပေါ်မှာတည်ရှိနေသည့် မှဲ့နက်ကလေးရယ် ကျော့ရှင်းနေသည့်လည်တိုင်လေးရယ်က အစ Jaehyunနှင့်တစ်ထေရာတည်းပင်။

ပုံတူကူးထားသလားအောက်မေ့ရလောက်တဲ့အထိ Jaehyunဟာ သူ့ရဲ့အမေဖြစ်သူနဲ့ အလွန်ပင်တူလှပါသည်။

" ဒါ.....ကျွန်တော့်မေမေလား "

" ဟုတ်တယ်.."

ငြိမ်သက်စွာကြည့်နေသည့် တစ်ဖက်မှ Juyeonကတောင်

" Jaehyunက သူ့မေမေနဲ့ပိုတူတာပဲနော် "

"အင်း...မှဲ့လေးပါတဲ့နေရာကအစတစ်ပုံစံတည်း ငါ့သားက အခုလိုချောချောလေးဖြစ်နေတာ မင်းအမေနဲ့တူလို့လေ ဖေဖေနဲ့သာတူကြည့်ပါလား မင်းရုပ်ဆိုးလိမ့်မယ် "

သူ့ဟာသူပြောပြီးသဘောတစ်ကျရယ်နေသည့် Sunghyun။

" မဟုတ်တာ အဖေကလည်း ဒါပေမဲ့ အမှန်တိုင်းဝန်ခံရရင် မေမေကတစ်ကယ့်ကိုလှပြီးကျက်သရေရှိတဲ့အမျိုးသမီးတစ်ယောက်ပဲ ပုံကနေကြည့်တာတောင် မေမေကစိတ်သဘောထားပြည့်ဝပြီး ကြင်နာတတ်တဲ့သူမျိုးဆိုတာ သတိထားမိတယ် "

"ဟုတ်တာပေါ့ သားရဲ့ မင်းအမေကစိတ်ရင်းစေတနာအရမ်းကောင်းတာ မင်းအမေကိုဖေဖေသဘောကျရတဲ့ထဲမှာ အဲ့အချက်လည်းပါတာပေါ့ကွယ် "

Sunghyunမှ သူ့မိန်းမဖြစ်သူအကြောင်းကိုပြောပြရင်း လွမ်းလာသည်ထင်ပါရဲ့။ မျက်ဝန်းထဲတွင် ဝမ်းနည်းသည့်အရိပ်ယောင်များ ဖြစ်ပေါ်လာသည်။ ဤသည်ကို Juyeonနှင့် Jaehyun သတိထားမိတော့ Juyeonကနေပြီး စကားလမ်းကြောင်းလွဲလိုက်သည်။

" ဟို....ဒါဆို ကျွန်တော်တို့ နေ့လည်စာစားကြမလား 12လည်းကျော်ပြီဆိုတော့လေ "

"အင်း ကောင်းပြီလေ "

အခြေနေတွေအရ ဆိုင်တွေဘာတွေမှာ ထွက်စားလို့မရသည်မလို့ အိမ်မှာပဲ စားဖိုမှူးငှားကာ ချက်ခိုင်းရပါသည်။ Sunghyunက Juyeonဆီမှ မေးထားပြီး Jaehyunကြိုက်တတ်သည့်ဟင်းများအား ချက်ခိုင်းထားလေသည်။

သို့နှင့်သူတို့၏ နေ့လည်စာထမင်းဝိုင်းလေးဟာ မိသားစုဝင်အပြည့်အဝ မစုံလင်တော့ပေမဲ့ ကြည်နူးဖို့ကောင်းသည့် ထမင်းဝိုင်းလေးတော့ဖြစ်နေခဲ့ပါသည်။

Jaehyunအတွက်လည်း ဒါဟာ ပထမဆုံးအကြိမ် သူ့ရဲ့အဖေအရင်းဖြစ်သူနှင့်စားရသည်လေ။ 

မေမေဆုံးပြီးတဲ့နောက် တစ်ယောက်တည်းမဟုတ်တောင် ပထွေးဖြစ်သူနဲ့ပဲ ဖြစ်သလိုလေး ထမင်းစားခဲ့ရသည့် Juyeonအတွက်လည်း အခု သူတန်ဖိုးထားရသည့် သူနှစ်ဦးနှင့် စားရသည့် ထမင်းဝိုင်းလေးဟာလည်း စိုပြေလို့နေခဲ့ပါသည်။

ထမင်းစားပြီးသည့်အချိန်တွင် Jaehyunက အိမ်ထဲကိုလှည့်လည်ကြည့်ရှူနေလေသည်။ နံရံပေါ်မှာချိတ်ထားသည့် ပန်းချီကားချပ်တွေရယ် အရင်ကသူ့အဖေနဲ့အတူ အလုပ်လုပ်ခဲ့ဖူးသည့် လူတွေနဲ့အတူရိုက်ထားသည့် ဓာတ်ပုံတွေရယ် ကိုကြည့်နေသည်။

" သားကြည့်ချင်သေးရင် အပေါ်ထပ်က ဘယ်ဘက်အစွန်ဆုံးအခန်းမှာ မင်းမေမေရဲ့ပစ္စည်းတွေထားထားတယ်လေ သွားကြည့်ချေ အဖေအလုပ်လုပ်လိုက်ဦးမယ် "

"ဟုတ်ကဲ့ "

Jaehyunလည်းခေါင်းငြိမ့်ပြကာ သူ့အဖေပြောသည့်အခန်းသို့တက်လာခဲ့သည်။ အခန်းထဲတွင် ဝင်လိုက်သည်နှင့် သင်းပျံ့နေသော အမွှေးနံ့တစ်ခုကိုရလိုက်သည်နှင့် ဒါဖေဖေထမင်းစားတုန်းက ပြောတဲ့ မေမေကြိုက်တတ်တဲ့ ရေမွှေးအနံ့ဆိုတာပင် ဖြစ်ရမည်ဟုJaehyun တွေးလိုက်သည်။

အခန်းထဲတွင် ခန်းဆီးလိုက်ကာများကအစ အိမ်ရဲ့တစ်ခြားနေရာများနှင့်မတူစွာ မေမေ့အကြိုက်အရောင်တွေချည်းလုပ်ထားသည်မှာသိသာလှပါသည်။

မေမေအကြိုက်ဆုံးအရောင်တွေက ကောင်းကင်ပြာရောင်ရယ် ပန်းဆီရောင်ရယ်တဲ့။ အခန်းထဲမှာ မေမေ့ပုံတူပန်းချီကားချပ်လည်းချိတ်ဆွဲထားသည်။ ဓာတ်ပုံတွေလည်းရိုက်ထားသည်မှာအမြောက်အများရှိသည်။

မေမေ့ရဲ့အငွေ့အသက်တွေ လွှမ်းခြုံနေသည့် ဤအခန်းလေးဟာ Jaehyunနှင့် သူ့အဖေအတွက်တော့ အဓိပ္ပါယ်ရှိလှပါသည်။

Jaehyun သူ့အမေရဲ့အခန်းထဲတွင်ရှိနေတုန်း အပြင်ခနသွားသည့် Juyeonပြန်ရောက်လာခဲ့သည်။ လက်ထဲမှာလည်း Brandတစ်ခုခုကဖြစ်လောက်မည့် လက်ဆောင်အိတ်ကိုကိုင်ထားလျက်။

"Boss Jaehyunရော "

"အပေါ်ထပ် ဘယ်ဘက်ကအစွန်ဆုံးအခန်းထဲမှာ "

"ဟုတ်ကဲ့ "

Sunghyunမှ Juyeonလက်ထဲကအထုတ်ကိုမြင်တော့မေးလိုက်သည်။

" ဘာဝယ်လာတာလဲ "

" Jaehyunအတွက်... သူမှာထားတဲ့ပစ္စည်းပါ "

Sunghyunမှ ဘာမှပြန်မပြောတော့ဘဲ ခေါင်းငြိမ့်ရုံသာငြိမ့်ပြလိုက်သည်။

အမှန်တော့ ထိုပစ္စည်းက Jaehyunမှာထားခြင်းမဟုတ်ပေ။ Jaehyunအတွက် Juyeonမှ ဝယ်လာခဲ့သောပစ္စည်းဖြစ်သည်။ အကယ်၍ သူသာအမှန်အတိုင်း ပြောလိုက်ပါက နောက်ဆက်လာဦးမည့် မေးခွန်းများကို ထပ်မံလှည့်လည်၍ မဖြေချင်တော့သောကြောင့် မုသားကိုသုံးလိုက်ရခြင်းပင်ဖြစ်သည်။

Juyeon အပေါ်ထပ်မှ အခန်းဝကိုရောက်တော့ သူဝင်လာတာတောင်မသိဘဲ မိခင်ဖြစ်သူရဲ့ ပုံတူပန်းချီကိုကြည့်ကာ ပီတိဖြစ်နေသည့် Jaehyunကို​ တွေ့လိုက်ရသည်။

" Jae..."

မတိုးမကျယ်လှသော ခေါ်သံတွင် နူးညံ့ညင်သာမှုကအဖျားစွတ်နေသည်။

" Ju ဘယ်သွားနေတာလဲ "

" အပြင်ခနသွားတာပါ ဝယ်စရာလေးရှိလို့ "

Jaehyunလှည့်ကြည့်လာပြီးနောက် Juyeonလက်ထဲတွင်ကိုင်ထားသည့် အထုတ်ကိုတွေ့တော့ သိလိုစိတ်ဖြင့်မေးလိုက်သည်။

" ဝယ်လာတယ်ဆိုတာက လက်ထဲကပစ္စည်းလား "

" အင်း Jaeအတွက်လေ "

"ဟင် ဘာပစ္စည်းတုန်း "

Juyeonက အနားရှိ စားပွဲပေါ်တွင် အထုတ်ကိုတင်လိုက်ပြီး အထဲမှ ဘူးလေးတစ်ဘူးကိုထုတ်ယူလိုက်သည်။ ထို့နောက် ဘူးကိုဖွင့်လိုက်သည့်အခါတွင် တစ်လက်လက်နှင့် တောက်ပနေသော ယောကျ်ားလေးဝတ် ဆွဲကြိုးတစ်ကုံး ရှိနေလေသည်။

Juyeonက ဘူးထဲမှ ဆွဲကြိုးကို ထုတ်ယူလာလိုက်ပြီး သူ့အားကြောင်တောင်တောင်လေး ငေးကြည့်နေသည့် Jaehyunအရှေ့သို့ သွားလိုက်သည်။

" Jaeအတွက်လေ ကိုယ်မှာထားတာ "

"ဘာလို့လဲ "

Juyeonက ချက်ချင်းပြန်မဖြေသေးဘဲ ဆွဲကြိုးလေးကို Jaehyunရဲ့လည်တိုင်ပေါ်မှာ ဆွဲပေးလိုက်သည်မှာ ဘယ်အချိန်ကတည်းက သူအခုလိုလုပ်ပေးချင်နေလည်းမသိ။

" ကိုယ်အရင်တုန်းကပေးခဲ့တဲ့ လက်ကောက်လေးက မရှိတော့ဘူးဆို လက်ကောက်အသစ်ထပ်ဝယ်ပေးမယ်ဆိုတော့လည်း Hyunjunလားဘာလား သူပေးထားတာ မချွတ်ချင်လောက်ဘူးထင်လို့ ဆွဲကြိုးပဲထပ်လုပ်လိုက်တာ "

Jaehyun Juyeonအပေါ် အားနာစိတ်ဝင်မိသည်။ အမှန်တစ်ကယ်က ထိုသို့မှမဟုတ်ဘဲ။ အဲ့တုန်းက Juyeon စိတ်ဆိုးသွားရန်သာ တစ်မင်ပြောလိုက်ခြင်းဖြစ်သည်ကို Juyeonကတစ်ကယ်ယုံသွားသည်။

ဆက်လက်ပြီးအထင်မလွဲစေချင်တော့တာမလို့Jaehyunမှ ပြန်ရှင်းပြရတော့သည်။

" အမှန်တော့လေ Jaeပြောခဲ့တာ တစ်ကယ်မဟုတ်ဘူး Juကိုအဲ့တုန်းက စိတ်ဆိုးသွားအောင် ညာခဲ့မိတာ "

Jaehyunအပြောကို Juyeonက ငြိမ်ငြိမ်လေးနားထောင်နေသည်။

"Juပေးထားတဲ့ လက်ကောက်လေးက ရှိသေးတယ် Hyunjunနဲ့စတွေ့တဲ့နေ့တုန်းက သူ့အင်္ကျီနဲ့ငြိပြီး ပြုတ်သွားတာ ရသလောက်လေး ပြန်ပြင်ပြီး ထပ်ပြတ်သွားမှာစိုးလို့ မဝတ်ရက်ဘဲ သိမ်းထားရတာ ပြီးတော့......."

Jaehyunဆက်ပြောတော့မည်လုပ်ဆဲဆဲမှာ Juyeonရဲ့လက်ညှိုးက Jaehyunနှုတ်ခမ်းပေါ်ရောက်လာသည်မလို့ ​ပြောမည့်စကားကို ရပ်လိုက်ရသည်။

" Hyunjunနဲ့ကလည်း ဘာပတ်သက်မှုမှမရှိဘူး ဟုတ်တယ်မလား ဒီအတိုင်း သူ့ညီမလေးတွေကို Jaeက စာသင်ပေးရုံပဲ "

Jaehyunက မှန်ကြောင်းထောက်ခံသည့်အနေဖြင့် ခေါင်းအသာလေးငြိမ့်ပြသည်။

" Hyunjunက Jaeကို ဖွင့်ပြောထားတယ် ဒါပေမဲ့ Jaeလက်မခံခဲ့ဘူး "

" အင်း.... "

Juyeonပြန်ဖြေသံကို Jaehyunသဘောမကျသည်မလို့ သူ့အားစိတ်ဆိုးသွားသလား တွေးမိသည့်အနေဖြင့်ထပ်မံမေးလိုက်ပြန်သည်။

" Ju စိတ်ဆိုးသွားတာလား "

" မဆိုးပါဘူး Jaeရဲ့ ကိုယ်သိပါတယ် သူJaeကိုကြိုက်နေတာရော ဖွင့်ပြောထားတာရော "

" ဘယ်လိုသိတာလဲ "

ဒီတစ်ခါမှာလည်း Juyeonက ချက်ချင်းပြန်မဖြေဘဲ ပြုံးပြပြီး Jaehyun ရဲ့ အညိုရောင်ဆံနွယ်အနည်းငယ်ကျနေသည့် နဖူးပြင်လေးအား အနမ်းတစ်ပွင့် ပေးလိုက်သည်။

စက္ကန့်ပိုင်းလောက် ထိကပ် အနမ်းပေးပြီးတော့မှ Jaehyunမေးသည့်မေးခွန်းအား အဖြေပြန်ပေးလာသည်က

" ကိုယ်က Jaeနဲ့ပတ်သက်လာရင် အကုန်သိအောင်လုပ်ထားပါတယ် " တဲ့။

.................

အခုရက်ပိုင်းအတွင်း Hyunjun နှင့် Younghoonတို့ အလုပ်တွေလည်းတစ်ဖက် Jaehyunနှင့် ပတ်သက်ပြီး စုံစမ်းရသည်ကတစ်ဖက်မလို့ နှစ်ယောက်လုံး အတော်လေး လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေကြသည်။

Hyunjunကပို၍ပင်ဆိုးသေးသည်။ သူက အချစ်ရဲ့ဒဏ်ပါထပ်ပြီးခံစားနေရသေးတာကိုး။

ညီမဖြစ်သူနှစ်ယောက်မှာလည်း သူတို့အကိုရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မကောင်း။

Hyunjunငှားထားသည့် လူတွေကလည်း တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားကာ စုံစမ်းပေးကြပါသည်။ သို့ပေမဲ့ တစ်ဖက်ကပဲ ခြေရာဖျောက်တာတော်၍လားမသိ။ သတင်းအစနလေးတောင်မကြားရချေ။

သို့နှင့် ရက်သတ္တပတ်ကြာအောင် စုံစမ်းပြီးတဲ့နောက်မှာတော့ သူတို့အတွက် ရောင်ခြည်မျှင်တန်းလေး ပေါ်ပေါက်လာခဲ့ပါတော့သည်။

နှစ်ယောက်အတူ နယ်ဘက်အထိ သွားစုံစမ်းခဲ့တုန်းက မသင်္ကါသည့် Juyeonကို Younghoonတွေ့ခဲ့တော့ အဲ့အကြောင်းနဲ့ပတ်သက်ပြီး Juyeonကိုပါစုံစမ်းခိုင်းလိုက်ခြင်း ဖြစ်သည်။

Juyeon ငယ်ဘဝအကြောင်းကို Younghoonက သူသိသလောက်အထိပြောပြထားပြီး Juyeonထွက်သွားသည်မှ စ၍အကြောင်းကိုလိုက်ခိုင်းခြင်းဖြစ်သည်။

ထိုမှစ၍ Juyeonဘယ်နေရာကိုရောက်သွားသည်လည်းဆိုတာပါသိလိုက်ရသည်။

" ဒေါက်! ​ဒေါက်! "

ရုံးခန်းထဲမှာ အလုပ်ကိစ္စတွေ  အပြီးသတ်နေတုန်းတံခါးခေါက်သံကြောင့် Hyunjun၏ ကွန်ပျူတာခလုတ်ပေါ်ရှိ လက်ချောင်းများ ရပ်တန့်သွားသည်။

အခုလိုအချိန်ဆို ဘယ်သူမှလည်းဝင်လာတတ်သည်မဟုတ်သည့်အပြင် ကြိုတင် appointmentယူထားသည့် ကိစ္စများလည်းမရှိသည်မလို့ တံခါးခေါက်နေသည့်သူမှာ Younghoonကလွဲပြီးမဖြစ်နိုင်။

ဒါကြောင့်အမြန်ပင် အသံပြုလိုက်တော့ ဝင်လာသည့်သူက သေချာပေါက်သူထင်ထားသလို Younghoonဖြစ်နေသည်။

Younghoonရဲ့ပုံစံက တစ်ခုခုကိုအလျင်လိုနေသည့်ပုံပေါ်ပြီး ပြေးလာသည်ထင်။ မျက်နှာပေါ်တွင်လည်းချွေးများထွက်နေသည်။

"Hyunjun.....ငါမင်းကိုဖုန်းခေါ်သေးတယ် မကိုင်လို့ ကိုယ်တိုင်လာပြောတာ "

"အင်း....ပြော Hyung သိခဲ့ရပြီလား "

Younghoonက သက်ပြင်းခပ်ဖွဖွကိုချလိုက်ပြီး အားယူလိုက်ပြီးမှဆက်ပြောလာသည်။

" Jaehyunကိုခေါ်သွားတာ သေချာပေါက် Juyeonပဲ "

Hyunjunအတော်လေးပင် အံ့သြသွားရသည်မှာ ဘာမှမတုံ့ပြန်နိုင်လောက်သည်အထိပင်ဖြစ်သွားတော့သည်။

သို့နှင့် Younghoonမှဆက်ပြီး ဘယ်လိုပုံနည်းနဲ့ရှာတွေ့လာခဲ့ကြောင်းပြောပြလာသည်။

" ငါမင်းကိုပြောခဲ့တယ်မလား Juyeonကိုအဲ့မှာတွေ့လိုက်တာ မင်္သကာနေလို့ဆိုပြီး သူ့အကြောင်းစုံစမ်းကြည့်တာလေ "

Hyunjunမှ ခေါင်းငြိမ့်ပြလာသည်။

" Jaehyunပျောက်တယ်လို့ သိရတဲ့နေ့တုန်းကလေ Juyeonစီးတဲ့ကားက Jaehyunတို့အိမ်လမ်းကြားထဲဝင်သွားတာကို CCTV မှတ်တမ်းကနေရိုက်ထားတယ်။ ပြီးတော့ ငါထင်ထားသလိုပဲ Juyeonက အဖွဲ့အစည်းတစ်ခုခုထဲကိုရောက်သွားတာ။ နောက်သေချာတာတစ်ခုက ငါတို့အဲ့နေ့သွားတုန်းကဝင်ခဲ့တဲ့ စတိုးဆိုင်ပိုင်ရှင်ကို Juyeonပုံပြပြီးမေးကြည့်တော့ သူကခနခန အဲ့လမ်းကိုဖြတ်တယ်တဲ့ သိပ်မကြာခင်လောက်ကကောင်လေးတစ်ယောက်နဲ့သွားလိုက်တာတွေ့သေးတယ်ဆိုလို့ Jaehyunပုံပြလိုက်တာ ဆင်သလိုလိုတော့ရှိတယ်ပြောတယ် "

"ခေါ်သွားတာအဲ့ကောင်သေချာတယ်ပေါ့။ ဒါဆိုအဲ့လိုအိမ်ကိုဖျက်စီးပြီးခေါ်သွားရတဲ့အကြောင်းရင်းကဘာမလို့လဲ "

ကိစ္စတွေကိုမနည်းနားလည်ယူနေရသည့်Hyunjumကဒေါသလည်းထွက်နေသည်မှာလေသံကြားရုံနှင့်ပင် သိနိုင်သည်။

သို့နှင့် Younghoonကဆက်ပြီး

" ငါထင်တာကတော့လေ အကယ်လို့ Juyeonက Jaehyunကိုချစ်လွန်းလို့ပြန်ခေါ်ရတာပါဆိုရင် Jaehyunမိဘတွေအထိပါ ထိခိုက်အောင်လုပ်စရာမလိုလောက်ဘူး။ အကယ်လို့သူကပြောင်းလဲသွားရင်တော့တစ်မျိုးပေါ့ "

" တောက်!! တော်တော်အတ္တကြီးတဲ့ကောင်ပဲ တွေ့လို့ကတော့ စောက်ခွက်ကိုစုတ်ပြတ်သတ်သွားအောင် ထိုးပစ်မယ် "

"Jaehyunငြိုငြင်တာကိုခံနိုင်ရင်လုပ်ပေါ့ သူကJuyeonကိုတော်တော်တော့ချစ်တာ "

Younghoonပြောလိုက်သည့်စကားကြောင့် Juyeonဆီမှ Jaehyunကို မရရအောင်ပြန်ယူဖို့စိတ်တွေပိုမိုကြီးထွားလာခဲ့သည့် Hyunjunကတော့ သူကိုယ်တိုင်က အတ္တကြီးနေခဲ့သည်ကို သတိမထားမိဘူးထင်ပါရဲ့။

..................

မကြာသေးခင်ကမှ သွားခဲ့ဖူးသည့် အဝေးပြေးကားလမ်းမအား နောက်တစ်ကြိမ်အဖြစ်နဲ့ သွားရပြန်သည့် Younghoonနှင့် Hyunjun။

ပုံမှန်ဆိုလည်း သွားရတာဝေးသည့်အတွက် အချိန်အားဖြင့်ကြာမြင့်သည့် နေရာကိုရောက်ဖို့ ဒီ​နေ့မှ စိတ်လောနေလို့လားမသိ။ ပို၍ပင်ကြားသည်ဟုခံစားနေရသည်။

" စိတ်ကိုအေးအေးထား Hyunjun မင်းစိတ်အရမ်းလောသွားရင် အမှားတွေလုပ်မိလိမ့်မယ် "

"ကောင်းပါပြီ Hyung "

အထပ်မြင့်တိုက်တွေကနေတစ်ဆင့် လူနေအိမ်အသေးလေးတွေ ထိုမှတစ်ဆင့် သစ်ပင်တွေ အဆင့်ဆင့်ကျော်ဖြတ်လာခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လိုရာအရပ်သို့ရောက်လာခဲ့တော့သည်။

.......................

" Ju ရေ အဲ့နားက ပျားရည်ပုလင်းလေးယူပေးပါဦး "

" ဒီတစ်ခုလား Jae "

" အင်း ဟုတ်တယ် "

အိမ်ရဲ့ မီးဖိုချောင်အခန်းထဲ၌ Juyeonနှင့် Jaehyunတို့ အတူတူ Pancake လုပ်စားနေကြခြင်းဖြစ်သည်။

ဘယ်မှ ထွက်မရသည်ကလွဲလို့ အခုလိုမျိုး အတူတူအချိန်ကုန်ဆုံးရတာကလည်း အကျိုးမယုတ်စေပါဘူးလေ။

နူးညံ့အိစက်နေသည့် Pancake သားရဲ့ အပေါ်မှာ အနံ့မွှေးသည့် ပျားရည်ချိုချိုလေးကို လောင်းလိုက်တော့ စားချင်စဖွယ်အတိ။

Jaehyunမှ ပျားရည်လောင်းထားသော pancakeတစ်ပိုင်းအား ယူစားလိုက်တော့ နှုတ်ခမ်းပါးလေးပေါ်မှာ ပျားရည်အချို့တို့တင်ကျန်ခဲ့လေသည်။

" ချိုချိုလေးနဲ့ စားလို့ကောင်းလိုက်တာ Juလည်းစားကြည့်ကြည့် "

ဆိုကာ တစ်ပိုင်းယူပြီး Juyeonကိုကျွေးတော့ Juyeonက သူ့နှုတ်ခမ်းနားမှ pancakeကို ကျော်ကာ Jaehyunနှုတ်ခမ်းလေးကိုသွားနမ်းသည်။

*kiss*

" ဟုတ်သားပဲ ချိုတယ်နော် "

" မင်း....Lee Juyeon "

Juyeonကတော့ အောင်နိုင်သူမျက်နှာဖြင့် ပြုံးပြုံးကြီး ကြည့်နေလျက်။

သူတို့နှစ်ယောက် အတူတူ လုပ်ထားသည့် Pancakeလေးတွေကို စားနေကြရင်း Jaehyunမှ မေးလာသည်။

" Ju.....Jaeတို့ ဘယ်တော့လောက် အပြင်ထွက်လို့ရမလဲဟင် အမှန်တိုင်းပြောရရင် Jaeစာသင်ပေးနေတဲ့ ကလေးတွေကို အားနာလို့။ Hyunjunရဲ့ ညီမလေးနှစ်ယောက်ဆိုလည်း လာမဲ့နှစ်မှာ အတန်းတက်ရမှာလေ အဲ့တာစာမနိုင်ဘူးဖြစ်မှာစိုးတယ် "

စာသင်တဲ့ဆရာလို့ကိုမပြောရအောင် စိတ်သဘောထားပြည့်ဝသည့် သူ့ရဲ့Jaeက တစ်ကယ့်ကိုပင် စေတနာရှင်ကြီးရယ်ပါ။ အခုလိုဖြစ်နေတာ သူ့အတွက်အရင်မတွေးဘဲ ကလေးတွေအတွက် အရင်တွေးပေးရှာသည်။

" သိပ်မကြာတော့ပါဘူး Jaeရဲ့ Jaeကိုမွေးစားထားတဲ့ မိဘတွေကိုတောင် ပြန်ပို့လိုက်ပြီပဲ Jaeဖေဖေ ပြောလာတဲ့အခါကျ ကိုယ်တို့ အတူတူအရင်လိုပြန်နေလို့ရတာပေါ့ "

" အင်းပါ "

ထောက်ခံကြောင်းတော့ပြောလာပေမဲ့ မျက်နှာလေးမကောင်းဖြစ်နေသည့် Jaeက သူတစ်ကယ်ကို အပြင်ပြန်ထွက်ချင်နေသည်ထင်။ ဘယ်သူကလည်း အခုလို နေရာကြီးမှာ သီးသန့်နေချင်ပါ့မလဲနော်။

Juyeonရှိနေလို့သာ သည်းခံနိုင်နေခြင်းဖြစ်သည်လေ။ ချစ်ရသူရဲ့ မျက်နှာလေး ညှိုးနွမ်းနေတာမြင်တော့ Juyeonမယ် မနေနိုင်။ အနားလေးသွားကာ Jaehyunရဲ့ သူ့တစ်ပွေ့စာ ခါးလေးကို ဆွဲယူလိုက်ပြီး နောက်လက်တစ်ဖက်မှ သိမ်းကြုံးဖက်ထားတာ ရင်ခွင်ထဲခိုနားစေလိုက်သည်။

တစ်အောင့်လောက်ကြာတော့ Jaehyunပါးစပ်ကထွက်လာသည့် စကားလေးတစ်ခွန်းကြောင့် Juyeonမယ် ပီတိတွေ ဝေဖြာရပါသေးသည်။

Jaehyunပြောလိုက်သည်က

" Juရဲ့ကိုယ်သင်းနံ့လေးက အရင်လိုမွှေးနေတုန်းပဲ " တဲ့လေ။

.............................

အချိန်အားဖြင့် ညနေခင်း 5နာရီကျော်။

စံအိမ်ရဲ့ အောက်ထပ်မှာတော့ Juyeonရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် Jaehyun။

နေ့ခင်း ပန်ကိတ်စားပြီးကတည်းက အိပ်ပျော်သွားလိုက်တာ အခုထိပဲမလို့ နေမကောင်းဖြစ်မှာစိုး၍ Juyeonမယ် မနှိုးရက်ပေမဲ့ နှိုးလိုက်ရပါသည်။

" Jae..ထတော့ ညနေစောင်းနေပြီ "

ပါးလေးကိုအသာပုတ်နှိုးတော့ နိုးလာရှာပါသည်။

" အကြာကြီး အိပ်မိသွားတာပဲ Juရင်ခွင်ထဲဆိုတော့ အိပ်ကောင်းနေတာလေ "

" အိပ်ကောင်းရင်လည်း ညမှ ဆက်အိပ်ပါ ဝက်ဝံလုံးလေးရယ်...အခုတော့ထဦး "

"ဘာ...ဝက်ဝံလုံးတုန်း သူများကို အကောင်နဲ့လာနှိုင်းနေတယ် "

Juyeonကတော့ သဘောတကျနှင့်ရယ်နေလျက်သားပင်။

စံအိမ်ရဲ့ အောက်ထပ် ဧည့်ခန်းထဲမှာ ချစ်သူနှစ်ဦးရဲ့ သာယာချိုမြိန်သည့် ရယ်မောသံလေးတွေ လွင့်ပျံနေခဲ့ပေမဲ့ ထိုအသံလေးတွေကို ဖြိုခွင်းလိုက်သည်ကတော့ အပြင်မှ ထွက်ပေါ်လာသည့် သေနတ်သံတစ်ခုပင်ဖြစ်သည်။

*ဒိုင်း*

သေနတ်သံကြားကြားချင်း တစ်ခုခုဖြစ်လိုက်ပြီဆိုတာကို Juyeonသိသည်မလို့ ထကာ ကြည့်ရန်လုပ်တုန်း ဧည့်ခန်းထဲသို့ပြေးဝင်လာသည့် သူ့ရဲ့လူတွေထဲကတစ်ဦး။

" အကိုလေး ကျွန်တော်တို့ကို ဘယ်ကမှန်းမသိတဲ့ တစ်ဖွဲ့ ရုတ်တစ်ရက်လာတိုက်ခိုက်နေတယ် အဲ့ထဲက ခေါင်းဆောင်လိုလို တစ်ယောက်က ခြံတံခါးနားက Junhoကို ပစ်သတ်လိုက်တယ် "

" ဘာ! "

အခြေအနေမဟန်တော့သည်ကို Juyeonရိပ်မိလိုက်တာမလို့ စိတ်ကိုအမြန်ပြန်စုစည်းပြီး ဘေးနားမှာရှိသည့် Jaehyunကို အလျင်မြန်ပင် မချီလိုက်ကာ အောက်ထပ်က အိပ်ခန်းတစ်ခုထဲတွင်ထည့်ခဲ့လိုက်သည်။ အပြင်ဘက်မှ သေနတ်သံများကတော့ ဆက်လက်ထွက်ပေါ်နေဆဲ။

" Jae....ကိုယ်ပြောတာသေချာနားထောင်နော် အခုဒီအခန်းထဲမှာပဲနေပြီး ဘယ်မှမသွားနဲ့ တံခါးကို လော့ခ် ချထား ကိုယ်မဟုတ်မချင်း မဖွင့်ပေးနဲ့ "

" ဟုတ်ပြီ ဂရုစိုက်ဦးနော် "

Juyeonနားလည်ကြောင်း ခေါင်းငြိမ့်ခဲ့လိုက်ကာ အလိုက်သိသည့် တပည့်ဖြစ်သူမှ ယူလာပေးသော သေနတ်အား လှမ်းယူလိုက်ပြီး အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။

" Lee Juyeon ဆိုတဲ့အကောင်ဘယ်မှာလဲ!! "

စူးရှစွာထွက်ပေါ်လာသည့် အသံအား Juyeonကြားဖူးနေသည်။ Jaeကိုထိခိုက်စေချင်နေတဲ့ အဖွဲ့ကလူတွေက Bossရှင်းလိုက်ပြီးပြီမလို့ အခုလာတာသူတို့တော့ မဖြစ်နိုင်ချေ။

_________________________________________

Thanks for reading🌸

Zawgyi

သစ္ပင္ႀကီးေတြဖုံးအုပ္ထားသည့္ ေတာေတာင္ေျမရဲ႕ ကားလမ္းမေပၚမွာ တစ္ေ႐ြ႕ေ႐ြ႕သြားေနေသာ အနက္ေရာင္ကားေလးတစ္စီးထဲဝယ္ သာယာၾကည္ႏူးသည့္ ေလထုေလးကလႊမ္းၿခဳံလ်က္ရွိသည္။

radioမွလႊင့္လာေသာ မနက္ခင္းရဲ႕ေတးသံသာ ဟာလည္း သာယာနာေပ်ာ္ဖြယ္ေကာင္းေအာင္ ပ်ံလြင့္လ်က္ရွိျပန္သည္။

ကားအတြင္းမွ ေကာင္ေလးႏွစ္ေယာက္သည္လည္း အၿပဳံးကိုယ္စီေလးျဖင့္တပ္ဆင္ထားကာ ခ်စ္မဝသည့္ မ်က္ဝန္းမ်ားျဖင့္ တစ္ဦးႏွင့္တစ္ဦး အၾကည့္ခ်င္း ဖလွယ္လ်က္ရွိသည္။

လက္တစ္ဖက္မွကားစတီယာရင္ကို ကိုင္ထားရင္း တစ္ဖက္ကလည္းJaehyunရဲ႕လက္ကေလးကို ဆုပ္ကိုင္ထားသည့္ Juyeon။

ကိုင္ထားရင္းနဲ႕မွ မေနနိုင္ေတာ့သည့္အဆုံး ကိုင္ထားသည့္လက္ျဖဴျဖဴအုအုေလးအား အနမ္းတစ္ပြင့္ေပးမိသည္။

" ကားကိုေသခ်ာၾကည့္ေမာင္းေနာ္ အကိုႀကီးJu "

" ကိုယ္ဒီလမ္းေတြကိုသြားေနၾကမလို႔ ကြၽမ္းၿပီးသားပါ "

Jaehyunခပ္ဖြဖြေလးၿပဳံးလိုက္သည္။

သူတို႔အခုသြားေနသည္က Jaehyunရဲ႕ အေဖအရင္းျဖစ္သူ, Juyeonရဲ႕ Boss, Lee Sunghyunဆီကိုပင္ျဖစ္သည္။

Jaehyunအနည္းငယ္ေတာ့ စိတ္လႈပ္ရွားမိပါသည္။ သူ႕ရဲ႕တစ္ခါမွမျမင္ဖူးသည့္ အေဖအရင္းျဖစ္သူအား ေတြ႕ရမည္ဆိုေတာ့ ရင္လည္းခုန္မိသလို စိတ္လည္းကဏာမၿငိမ္ျဖစ္မိသည္။

သူ႕အေဖအရင္းကိုေတြ႕ရင္ သူရင္းႏွီးေနပါ့မလားဆိုသည့္ စိုးရိမ္စိတ္ဟာလည္းရွိေနေသးျပန္သည္။

နာရီပိုင္းေလာက္ၾကာေအာင္ ေမာင္းၿပီးသြားတဲ့ေနာက္မွာေတာ့ Jaehyunအေဖရဲ႕ စံအိမ္ဆီသို႔ေရာက္လာခဲ့ေတာ့သည္။

မလာခင္ကတည္းက Juyeon ဖုန္းႀကိဳဆက္ထားသည္မလို႔ ၿခံတံခါးဟာလည္းအသင့္ဖြင့္ထားၿပီးျဖစ္သည္။

" Jae...ဘာမွမျဖစ္နဲ႕ေနာ္ ဒါJaeေဖေဖအရင္းကိုေတြ႕ရမွာ "

ကားေပၚမွမဆင္းခင္ Juyeonမွ Jaehyunစိုးရိမ္စိတ္ေတြသိေနသည့္အလား ႏွစ္သိမ့္စကားေျပာေပးလာသည္။

" တစ္ခုေမးမလို႔ Ju "

"အင္း...."

"Jaeတို႔ႏွစ္ေယာက္ရဲ႕ ပတ္သက္တာကို Jaeအေဖအရင္းက သိလား "

"ဟင့္အင္း ကိုယ္ ဒီအတိုင္းငယ္သူငယ္ခ်င္းေတြလို႔ပဲ ေျပာထားတာ ေနာက္မွေျဖးေျဖးခ်င္းေျပာျပလည္းရတယ္ေလ ေနာ္ "

"ေကာင္းပါၿပီ ဒါဆိုလည္း "

အိမ္ထဲကို စဝင္သည္ႏွင့္ Jaehyun စိတ္လႈပ္ရွားမိသည္မွာအမွန္ပင္။ အိမ္ရဲ႕ဆင္ဝင္ေရွ႕ကိုျဖတ္ၿပီး ဧည့္ခန္းထဲကိုေရာက္ေတာ့ လက္ေနာက္ပစ္ကာ သူတို႔ကိုေက်ာေပးၿပီးရပ္ေနသည့္ လူတစ္ေယာက္ကိုေတြ႕ေလသည္။

" Boss Jaehyunေရာက္ပါၿပီ "

Juyeonမွအသံေပးလိုက္ေတာ့ ထိုရပ္ေနသည့္လူမွ လွည့္ၾကည့္လာသည္။ အရပ္အေမာင္းအားျဖင့္ရွည္ၿပီး ခႏၶာကိုယ္လည္းေတာင့္ေျဖာင့္ကာ မ်က္မွန္ေအာက္မွ တည္ၿငိမ္သည့္မ်က္ဝန္းမ်ားႏွင့္အတူ တင္းတင္းေစ့ထားသည့္ႏႈတ္ခမ္းပါးရဲ႕တထာင့္စြန္းေတြဟာ ေကြးၫြတ္တတ္သြားေလသည္။ ထို႔ေနာက္ Sunghyunမွ ေခၚလာသည့္ နာမ္စားေလးတစ္ခု။

"သား...... "

JaehyunကိုSunghyunထံမွ သား ဟုေခၚလာေတာ့ ၾကားလိုက္ရသည့္ Jaehyun အဖို႔ မစိမ္းေနပါပဲ တစ္ေနရာရာမွာ တစ္ခ်ိန္ကၾကားဖူးခဲ့သည္ဟုခံစားမိသည္။ သူ႕ေရွ႕ကအေဖအရင္းဆိုသူကိုလည္း သူထပ္ၿပီးစိတ္မလႈပ္ရွားေတာ့ေပ။

ေသြးကစကားေျပာတယ္ဆိုတာ တစ္ကယ္ပါလား။

" ေဖေဖလား....တစ္ကယ္ပဲ ကြၽန္ေတာ့ေဖေဖလား "

"ဟုတ္တယ္ေလ သားရဲ႕ Jaehyunရဲ႕အေဖအရင္းပါပဲ"

ဆိုကာေျပာၿပီး Jaehyunကိုလက္ဆန့္ေပးလာေတာ့ သားျဖစ္သူJaehyunက သူ႕အေဖရင္ခြင္ထဲသို႔ေျပးဝင္သြားကာ ဖက္လိုက္ေတာ့သည္။

" ငါ့သားကို အေဖက လြမ္းေနခဲ့တာ သားေလးေပ်ာက္သြားတုန္းကဆို ေဖေဖမယ့္ရင္ကြဲမတတ္ပါပဲ ငါ့သားရယ္ "

ဆိုကာအသံေတြတုန္လာသည့္Lee Sunghyun။

အခ်ိန္တစ္ခုၾကာတဲ့အထိ သားအဖႏွစ္ေယာက္ရဲ႕ျပန္လည္ေတြ႕ဆုံမႈ ၿပီးသြားေတာ့ ေပြ႕ဖက္ျခင္းကို ရပ္တန့္လိုက္ၾကသည္။

"ငါ့သားက ဘာလို႔ငိုေနတာတုန္း Jaehyunေလးရဲ႕ မငိုရဘူးေလကြယ္ "

သူ႕သားကိုသာမငိုရန္ေျပာေနသည့္ဖခင္ျဖစ္သူရဲ႕ မ်က္ဝန္းေတြထဲမွာ မ်က္ရည္စေတြ တြဲခိုေနပါေသးသည္။

သားအဖႏွစ္ေယာက္အား အနားကေနၾကည့္ေနၿပီး ပီတိျဖစ္ေနသူမွာေတာ့ Juyeonပင္ျဖစ္သည္။ ပီတိျဖစ္႐ုံမက စိတ္ထဲလည္းၾကည္ႏူးမိပါသည္။ တစ္ဖက္ကသူတစ္ဘဝလုံးစာရင္းၿပီးခ်စ္ရသည့္လူသား။ တစ္ဖက္ကသူ႕ရဲ႕ဒုတိယအေဖလိုျဖစ္ေနသည့္မိသားစုဝင္လိုလူသား။

ဤလူသားႏွစ္ေယာက္ကသူ႕အတြက္ေတာ့ အဘယ္အရာႏွင့္မွ်တန္ဖိုးျဖတ္လို႔ပင္မရေလာက္ပါေပသည္ေလ။

Sunghyunရဲ႕ စံအိမ္ရွိ အိပ္ခန္းထဲတြင္ျဖစ္သည္။ Jaehyunႏွင့္အတူ JuyeonကပါSunghyunနဲ႕ရွိေနေလသည္။

" သားေမေမပုံကိုျမင္ဖူးခ်င္လား "

"ဟုတ္ ျမင္ဖူးခ်င္တယ္ ​ေဖေဖ"

အမွန္တိုင္းေျပာရလွ်င္ Jaehyunအေမျဖစ္သူပုံကို Juyeonလည္းျမင္ဖူးခ်င္သည္။ သူတစ္ေလွ်ာက္လုံးရွိေနစဥ္အတြင္း Sunghyunက တစ္ခါမွေျပာလည္းမေျပာျပဖူးသလို ပုံေတာင္မျပခဲ့ပါ။

ခနေလာက္ၾကာေတာ့ လက္ထဲမွာအ႐ြယ္အစားအနည္းငယ္ႀကီးသည့္ ဓာတ္ပုံတစ္ခုကို Sunghyunမွယူလာသည္။

အေပၚမွာတစ္ထပ္အုပ္ထားေသာ အဝတ္စအျဖဴကိုဖယ္လိုက္သည့္အခါ ဓာတ္ပုံထဲတြင္ ပန္းဆီေရာင္ဂါဝန္ေလးကိုဝတ္ဆင္ထားကာ ပါးလႊာလွေသာႏႈတ္ခမ္းပါးေလးႏွစ္ဖက္မွ ၿပဳံးကာရွိေနသည့္ က်က္သေရရွိလွပါေသာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ပုံကိုေတြ႕လိုက္ရသည္။

ဓာတ္ပုံထဲျဖစ္ေနေပမဲ့ ၾကယ္ေရာင္ပမာေတာက္ပေနသည့္မ်က္ဝန္းေလးႏွစ္စုံရယ္ ပါးလႊာသည့္ႏႈတ္ခမ္းပါးေလးရယ္ ႏွာတံေပၚမွာတည္ရွိေနသည့္ မွဲ႕နက္ကေလးရယ္ ေက်ာ့ရွင္းေနသည့္လည္တိုင္ေလးရယ္က အစ Jaehyunႏွင့္တစ္ေထရာတည္းပင္။

ပုံတူကူးထားသလားေအာက္ေမ့ရေလာက္တဲ့အထိ Jaehyunဟာ သူ႕ရဲ႕အေမျဖစ္သူနဲ႕ အလြန္ပင္တူလွပါသည္။

" ဒါ.....ကြၽန္ေတာ့္ေမေမလား "

" ဟုတ္တယ္.."

ၿငိမ္သက္စြာၾကည့္ေနသည့္ တစ္ဖက္မွ Juyeonကေတာင္

" Jaehyunက သူ႕ေမေမနဲ႕ပိုတူတာပဲေနာ္ "

"အင္း...မွဲ႕ေလးပါတဲ့ေနရာကအစတစ္ပုံစံတည္း ငါ့သားက အခုလိုေခ်ာေခ်ာေလးျဖစ္ေနတာ မင္းအေမနဲ႕တူလို႔ေလ ေဖေဖနဲ႕သာတူၾကည့္ပါလား မင္း႐ုပ္ဆိုးလိမ့္မယ္ "

သူ႕ဟာသူေျပာၿပီးသေဘာတစ္က်ရယ္ေနသည့္ Sunghyun။

" မဟုတ္တာ အေဖကလည္း ဒါေပမဲ့ အမွန္တိုင္းဝန္ခံရရင္ ေမေမကတစ္ကယ့္ကိုလွၿပီးက်က္သေရရွိတဲ့အမ်ိဳးသမီးတစ္ေယာက္ပဲ ပုံကေနၾကည့္တာေတာင္ ေမေမကစိတ္သေဘာထားျပည့္ဝၿပီး ၾကင္နာတတ္တဲ့သူမ်ိဳးဆိုတာ သတိထားမိတယ္ "

"ဟုတ္တာေပါ့ သားရဲ႕ မင္းအေမကစိတ္ရင္းေစတနာအရမ္းေကာင္းတာ မင္းအေမကိုေဖေဖသေဘာက်ရတဲ့ထဲမွာ အဲ့အခ်က္လည္းပါတာေပါ့ကြယ္ "

Sunghyunမွ သူ႕မိန္းမျဖစ္သူအေၾကာင္းကိုေျပာျပရင္း လြမ္းလာသည္ထင္ပါရဲ႕။ မ်က္ဝန္းထဲတြင္ ဝမ္းနည္းသည့္အရိပ္ေယာင္မ်ား ျဖစ္ေပၚလာသည္။ ဤသည္ကို Juyeonႏွင့္ Jaehyun သတိထားမိေတာ့ Juyeonကေနၿပီး စကားလမ္းေၾကာင္းလြဲလိုက္သည္။

" ဟို....ဒါဆို ကြၽန္ေတာ္တို႔ ေန႕လည္စာစားၾကမလား 12လည္းေက်ာ္ၿပီဆိုေတာ့ေလ "

"အင္း ေကာင္းၿပီေလ "

အေျခေနေတြအရ ဆိုင္ေတြဘာေတြမွာ ထြက္စားလို႔မရသည္မလို႔ အိမ္မွာပဲ စားဖိုမႉးငွားကာ ခ်က္ခိုင္းရပါသည္။ Sunghyunက Juyeonဆီမွ ေမးထားၿပီး Jaehyunႀကိဳက္တတ္သည့္ဟင္းမ်ားအား ခ်က္ခိုင္းထားေလသည္။

သို႔ႏွင့္သူတို႔၏ ေန႕လည္စာထမင္းဝိုင္းေလးဟာ မိသားစုဝင္အျပည့္အဝ မစုံလင္ေတာ့ေပမဲ့ ၾကည္ႏူးဖို႔ေကာင္းသည့္ ထမင္းဝိုင္းေလးေတာ့ျဖစ္ေနခဲ့ပါသည္။

Jaehyunအတြက္လည္း ဒါဟာ ပထမဆုံးအႀကိမ္ သူ႕ရဲ႕အေဖအရင္းျဖစ္သူႏွင့္စားရသည္ေလ။ 

ေမေမဆုံးၿပီးတဲ့ေနာက္ တစ္ေယာက္တည္းမဟုတ္ေတာင္ ပေထြးျဖစ္သူနဲ႕ပဲ ျဖစ္သလိုေလး ထမင္းစားခဲ့ရသည့္ Juyeonအတြက္လည္း အခု သူတန္ဖိုးထားရသည့္ သူႏွစ္ဦးႏွင့္ စားရသည့္ ထမင္းဝိုင္းေလးဟာလည္း စိုေျပလို႔ေနခဲ့ပါသည္။

ထမင္းစားၿပီးသည့္အခ်ိန္တြင္ Jaehyunက အိမ္ထဲကိုလွည့္လည္ၾကည့္ရႉေနေလသည္။ နံရံေပၚမွာခ်ိတ္ထားသည့္ ပန္းခ်ီကားခ်ပ္ေတြရယ္ အရင္ကသူ႕အေဖနဲ႕အတူ အလုပ္လုပ္ခဲ့ဖူးသည့္ လူေတြနဲ႕အတူရိုက္ထားသည့္ ဓာတ္ပုံေတြရယ္ ကိုၾကည့္ေနသည္။

" သားၾကည့္ခ်င္ေသးရင္ အေပၚထပ္က ဘယ္ဘက္အစြန္ဆုံးအခန္းမွာ မင္းေမေမရဲ႕ပစၥည္းေတြထားထားတယ္ေလ သြားၾကည့္ေခ် အေဖအလုပ္လုပ္လိုက္ဦးမယ္ "

"ဟုတ္ကဲ့ "

Jaehyunလည္းေခါင္းၿငိမ့္ျပကာ သူ႕အေဖေျပာသည့္အခန္းသို႔တက္လာခဲ့သည္။ အခန္းထဲတြင္ ဝင္လိုက္သည္ႏွင့္ သင္းပ်ံ့ေနေသာ အေမႊးနံ႕တစ္ခုကိုရလိုက္သည္ႏွင့္ ဒါေဖေဖထမင္းစားတုန္းက ေျပာတဲ့ ေမေမႀကိဳက္တတ္တဲ့ ေရေမႊးအနံ႕ဆိုတာပင္ ျဖစ္ရမည္ဟုJaehyun ေတြးလိုက္သည္။

အခန္းထဲတြင္ ခန္းဆီးလိုက္ကာမ်ားကအစ အိမ္ရဲ႕တစ္ျခားေနရာမ်ားႏွင့္မတူစြာ ေမေမ့အႀကိဳက္အေရာင္ေတြခ်ည္းလုပ္ထားသည္မွာသိသာလွပါသည္။

ေမေမအႀကိဳက္ဆုံးအေရာင္ေတြက ေကာင္းကင္ျပာေရာင္ရယ္ ပန္းဆီေရာင္ရယ္တဲ့။ အခန္းထဲမွာ ေမေမ့ပုံတူပန္းခ်ီကားခ်ပ္လည္းခ်ိတ္ဆြဲထားသည္။ ဓာတ္ပုံေတြလည္းရိုက္ထားသည္မွာအေျမာက္အမ်ားရွိသည္။

ေမေမ့ရဲ႕အေငြ႕အသက္ေတြ လႊမ္းၿခဳံေနသည့္ ဤအခန္းေလးဟာ Jaehyunႏွင့္ သူ႕အေဖအတြက္ေတာ့ အဓိပၸါယ္ရွိလွပါသည္။

Jaehyun သူ႕အေမရဲ႕အခန္းထဲတြင္ရွိေနတုန္း အျပင္ခနသြားသည့္ Juyeonျပန္ေရာက္လာခဲ့သည္။ လက္ထဲမွာလည္း Brandတစ္ခုခုကျဖစ္ေလာက္မည့္ လက္ေဆာင္အိတ္ကိုကိုင္ထားလ်က္။

"Boss Jaehyunေရာ "

"အေပၚထပ္ ဘယ္ဘက္ကအစြန္ဆုံးအခန္းထဲမွာ "

"ဟုတ္ကဲ့ "

Sunghyunမွ Juyeonလက္ထဲကအထုတ္ကိုျမင္ေတာ့ေမးလိုက္သည္။

" ဘာဝယ္လာတာလဲ "

" Jaehyunအတြက္... သူမွာထားတဲ့ပစၥည္းပါ "

Sunghyunမွ ဘာမွျပန္မေျပာေတာ့ဘဲ ေခါင္းၿငိမ့္႐ုံသာၿငိမ့္ျပလိုက္သည္။

အမွန္ေတာ့ ထိုပစၥည္းက Jaehyunမွာထားျခင္းမဟုတ္ေပ။ Jaehyunအတြက္ Juyeonမွ ဝယ္လာခဲ့ေသာပစၥည္းျဖစ္သည္။ အကယ္၍ သူသာအမွန္အတိုင္း ေျပာလိုက္ပါက ေနာက္ဆက္လာဦးမည့္ ေမးခြန္းမ်ားကို ထပ္မံလွည့္လည္၍ မေျဖခ်င္ေတာ့ေသာေၾကာင့္ မုသားကိုသုံးလိုက္ရျခင္းပင္ျဖစ္သည္။

Juyeon အေပၚထပ္မွ အခန္းဝကိုေရာက္ေတာ့ သူဝင္လာတာေတာင္မသိဘဲ မိခင္ျဖစ္သူရဲ႕ ပုံတူပန္းခ်ီကိုၾကည့္ကာ ပီတိျဖစ္ေနသည့္ Jaehyunကို​ ေတြ႕လိုက္ရသည္။

" Jae..."

မတိုးမက်ယ္လွေသာ ေခၚသံတြင္ ႏူးညံ့ညင္သာမႈကအဖ်ားစြတ္ေနသည္။

" Ju ဘယ္သြားေနတာလဲ "

" အျပင္ခနသြားတာပါ ဝယ္စရာေလးရွိလို႔ "

Jaehyunလွည့္ၾကည့္လာၿပီးေနာက္ Juyeonလက္ထဲတြင္ကိုင္ထားသည့္ အထုတ္ကိုေတြ႕ေတာ့ သိလိုစိတ္ျဖင့္ေမးလိုက္သည္။

" ဝယ္လာတယ္ဆိုတာက လက္ထဲကပစၥည္းလား "

" အင္း Jaeအတြက္ေလ "

"ဟင္ ဘာပစၥည္းတုန္း "

Juyeonက အနားရွိ စားပြဲေပၚတြင္ အထုတ္ကိုတင္လိုက္ၿပီး အထဲမွ ဘူးေလးတစ္ဘူးကိုထုတ္ယူလိုက္သည္။ ထို႔ေနာက္ ဘူးကိုဖြင့္လိုက္သည့္အခါတြင္ တစ္လက္လက္ႏွင့္ ေတာက္ပေနေသာ ေယာက်္ားေလးဝတ္ ဆြဲႀကိဳးတစ္ကုံး ရွိေနေလသည္။

Juyeonက ဘူးထဲမွ ဆြဲႀကိဳးကို ထုတ္ယူလာလိုက္ၿပီး သူ႕အားေၾကာင္ေတာင္ေတာင္ေလး ေငးၾကည့္ေနသည့္ Jaehyunအေရွ႕သို႔ သြားလိုက္သည္။

" Jaeအတြက္ေလ ကိုယ္မွာထားတာ "

"ဘာလို႔လဲ "

Juyeonက ခ်က္ခ်င္းျပန္မေျဖေသးဘဲ ဆြဲႀကိဳးေလးကို Jaehyunရဲ႕လည္တိုင္ေပၚမွာ ဆြဲေပးလိုက္သည္မွာ ဘယ္အခ်ိန္ကတည္းက သူအခုလိုလုပ္ေပးခ်င္ေနလည္းမသိ။

" ကိုယ္အရင္တုန္းကေပးခဲ့တဲ့ လက္ေကာက္ေလးက မရွိေတာ့ဘူးဆို လက္ေကာက္အသစ္ထပ္ဝယ္ေပးမယ္ဆိုေတာ့လည္း Hyunjunလားဘာလား သူေပးထားတာ မခြၽတ္ခ်င္ေလာက္ဘူးထင္လို႔ ဆြဲႀကိဳးပဲထပ္လုပ္လိုက္တာ "

Jaehyun Juyeonအေပၚ အားနာစိတ္ဝင္မိသည္။ အမွန္တစ္ကယ္က ထိုသို႔မွမဟုတ္ဘဲ။ အဲ့တုန္းက Juyeon စိတ္ဆိုးသြားရန္သာ တစ္မင္ေျပာလိုက္ျခင္းျဖစ္သည္ကို Juyeonကတစ္ကယ္ယုံသြားသည္။

ဆက္လက္ၿပီးအထင္မလြဲေစခ်င္ေတာ့တာမလို႔Jaehyunမွ ျပန္ရွင္းျပရေတာ့သည္။

" အမွန္ေတာ့ေလ Jaeေျပာခဲ့တာ တစ္ကယ္မဟုတ္ဘူး Juကိုအဲ့တုန္းက စိတ္ဆိုးသြားေအာင္ ညာခဲ့မိတာ "

Jaehyunအေျပာကို Juyeonက ၿငိမ္ၿငိမ္ေလးနားေထာင္ေနသည္။

"Juေပးထားတဲ့ လက္ေကာက္ေလးက ရွိေသးတယ္ Hyunjunနဲ႕စေတြ႕တဲ့ေန႕တုန္းက သူ႕အကၤ်ီနဲ႕ၿငိၿပီး ျပဳတ္သြားတာ ရသေလာက္ေလး ျပန္ျပင္ၿပီး ထပ္ျပတ္သြားမွာစိုးလို႔ မဝတ္ရက္ဘဲ သိမ္းထားရတာ ၿပီးေတာ့......."

Jaehyunဆက္ေျပာေတာ့မည္လုပ္ဆဲဆဲမွာ Juyeonရဲ႕လက္ညွိုးက Jaehyunႏႈတ္ခမ္းေပၚေရာက္လာသည္မလို႔ ​ေျပာမည့္စကားကို ရပ္လိုက္ရသည္။

" Hyunjunနဲ႕ကလည္း ဘာပတ္သက္မႈမွမရွိဘူး ဟုတ္တယ္မလား ဒီအတိုင္း သူ႕ညီမေလးေတြကို Jaeက စာသင္ေပး႐ုံပဲ "

Jaehyunက မွန္ေၾကာင္းေထာက္ခံသည့္အေနျဖင့္ ေခါင္းအသာေလးၿငိမ့္ျပသည္။

" Hyunjunက Jaeကို ဖြင့္ေျပာထားတယ္ ဒါေပမဲ့ Jaeလက္မခံခဲ့ဘူး "

" အင္း.... "

Juyeonျပန္ေျဖသံကို Jaehyunသေဘာမက်သည္မလို႔ သူ႕အားစိတ္ဆိုးသြားသလား ေတြးမိသည့္အေနျဖင့္ထပ္မံေမးလိုက္ျပန္သည္။

" Ju စိတ္ဆိုးသြားတာလား "

" မဆိုးပါဘူး Jaeရဲ႕ ကိုယ္သိပါတယ္ သူJaeကိုႀကိဳက္ေနတာေရာ ဖြင့္ေျပာထားတာေရာ "

" ဘယ္လိုသိတာလဲ "

ဒီတစ္ခါမွာလည္း Juyeonက ခ်က္ခ်င္းျပန္မေျဖဘဲ ၿပဳံးျပၿပီး Jaehyun ရဲ႕ အညိုေရာင္ဆံႏြယ္အနည္းငယ္က်ေနသည့္ နဖူးျပင္ေလးအား အနမ္းတစ္ပြင့္ ေပးလိုက္သည္။

စကၠန့္ပိုင္းေလာက္ ထိကပ္ အနမ္းေပးၿပီးေတာ့မွ Jaehyunေမးသည့္ေမးခြန္းအား အေျဖျပန္ေပးလာသည္က

" ကိုယ္က Jaeနဲ႕ပတ္သက္လာရင္ အကုန္သိေအာင္လုပ္ထားပါတယ္ " တဲ့။

.................

အခုရက္ပိုင္းအတြင္း Hyunjun ႏွင့္ Younghoonတို႔ အလုပ္ေတြလည္းတစ္ဖက္ Jaehyunႏွင့္ ပတ္သက္ၿပီး စုံစမ္းရသည္ကတစ္ဖက္မလို႔ ႏွစ္ေယာက္လုံး အေတာ္ေလး လူပင္ပန္း စိတ္ပင္ပန္းျဖစ္ေနၾကသည္။

Hyunjunကပို၍ပင္ဆိုးေသးသည္။ သူက အခ်စ္ရဲ႕ဒဏ္ပါထပ္ၿပီးခံစားေနရေသးတာကိုး။

ညီမျဖစ္သူႏွစ္ေယာက္မွာလည္း သူတို႔အကိုရဲ႕အျဖစ္ကိုၾကည့္ၿပီး စိတ္မေကာင္း။

Hyunjunငွားထားသည့္ လူေတြကလည္း တတ္နိုင္သမွ် အစြမ္းကုန္ႀကိဳးစားကာ စုံစမ္းေပးၾကပါသည္။ သို႔ေပမဲ့ တစ္ဖက္ကပဲ ေျခရာေဖ်ာက္တာေတာ္၍လားမသိ။ သတင္းအစနေလးေတာင္မၾကားရေခ်။

သို႔ႏွင့္ ရက္သတၱပတ္ၾကာေအာင္ စုံစမ္းၿပီးတဲ့ေနာက္မွာေတာ့ သူတို႔အတြက္ ေရာင္ျခည္မွ်င္တန္းေလး ေပၚေပါက္လာခဲ့ပါေတာ့သည္။

ႏွစ္ေယာက္အတူ နယ္ဘက္အထိ သြားစုံစမ္းခဲ့တုန္းက မသကၤါသည့္ Juyeonကို Younghoonေတြ႕ခဲ့ေတာ့ အဲ့အေၾကာင္းနဲ႕ပတ္သက္ၿပီး Juyeonကိုပါစုံစမ္းခိုင္းလိုက္ျခင္း ျဖစ္သည္။

Juyeon ငယ္ဘဝအေၾကာင္းကို Younghoonက သူသိသေလာက္အထိေျပာျပထားၿပီး Juyeonထြက္သြားသည္မွ စ၍အေၾကာင္းကိုလိုက္ခိုင္းျခင္းျဖစ္သည္။

ထိုမွစ၍ Juyeonဘယ္ေနရာကိုေရာက္သြားသည္လည္းဆိုတာပါသိလိုက္ရသည္။

" ေဒါက္! ​ေဒါက္! "

႐ုံးခန္းထဲမွာ အလုပ္ကိစၥေတြ  အၿပီးသတ္ေနတုန္းတံခါးေခါက္သံေၾကာင့္ Hyunjun၏ ကြန္ပ်ဴတာခလုတ္ေပၚရွိ လက္ေခ်ာင္းမ်ား ရပ္တန့္သြားသည္။

အခုလိုအခ်ိန္ဆို ဘယ္သူမွလည္းဝင္လာတတ္သည္မဟုတ္သည့္အျပင္ ႀကိဳတင္ appointmentယူထားသည့္ ကိစၥမ်ားလည္းမရွိသည္မလို႔ တံခါးေခါက္ေနသည့္သူမွာ Younghoonကလြဲၿပီးမျဖစ္နိုင္။

ဒါေၾကာင့္အျမန္ပင္ အသံျပဳလိုက္ေတာ့ ဝင္လာသည့္သူက ေသခ်ာေပါက္သူထင္ထားသလို Younghoonျဖစ္ေနသည္။

Younghoonရဲ႕ပုံစံက တစ္ခုခုကိုအလ်င္လိုေနသည့္ပုံေပၚၿပီး ေျပးလာသည္ထင္။ မ်က္ႏွာေပၚတြင္လည္းေခြၽးမ်ားထြက္ေနသည္။

"Hyunjun.....ငါမင္းကိုဖုန္းေခၚေသးတယ္ မကိုင္လို႔ ကိုယ္တိုင္လာေျပာတာ "

"အင္း....ေျပာ Hyung သိခဲ့ရၿပီလား "

Younghoonက သက္ျပင္းခပ္ဖြဖြကိုခ်လိဳက္ၿပီး အားယူလိုက္ၿပီးမွဆက္ေျပာလာသည္။

" Jaehyunကိုေခၚသြားတာ ေသခ်ာေပါက္ Juyeonပဲ "

Hyunjunအေတာ္ေလးပင္ အံ့ၾသသြားရသည္မွာ ဘာမွမတုံ႕ျပန္နိုင္ေလာက္သည္အထိပင္ျဖစ္သြားေတာ့သည္။

သို႔ႏွင့္ Younghoonမွဆက္ၿပီး ဘယ္လိုပုံနည္းနဲ႕ရွာေတြ႕လာခဲ့ေၾကာင္းေျပာျပလာသည္။

" ငါမင္းကိုေျပာခဲ့တယ္မလား Juyeonကိုအဲ့မွာေတြ႕လိုက္တာ မသၤကာေနလို႔ဆိုၿပီး သူ႕အေၾကာင္းစုံစမ္းၾကည့္တာေလ "

Hyunjunမွ ေခါင္းၿငိမ့္ျပလာသည္။

" Jaehyunေပ်ာက္တယ္လို႔ သိရတဲ့ေန႕တုန္းကေလ Juyeonစီးတဲ့ကားက Jaehyunတို႔အိမ္လမ္းၾကားထဲဝင္သြားတာကို CCTV မွတ္တမ္းကေနရိုက္ထားတယ္။ ၿပီးေတာ့ ငါထင္ထားသလိုပဲ Juyeonက အဖြဲ႕အစည္းတစ္ခုခုထဲကိုေရာက္သြားတာ။ ေနာက္ေသခ်ာတာတစ္ခုက ငါတို႔အဲ့ေန႕သြားတုန္းကဝင္ခဲ့တဲ့ စတိုးဆိုင္ပိုင္ရွင္ကို Juyeonပုံျပၿပီးေမးၾကည့္ေတာ့ သူကခနခန အဲ့လမ္းကိုျဖတ္တယ္တဲ့ သိပ္မၾကာခင္ေလာက္ကေကာင္ေလးတစ္ေယာက္နဲ႕သြားလိုက္တာေတြ႕ေသးတယ္ဆိုလို႔ Jaehyunပုံျပလိုက္တာ ဆင္သလိုလိုေတာ့ရွိတယ္ေျပာတယ္ "

"ေခၚသြားတာအဲ့ေကာင္ေသခ်ာတယ္ေပါ့။ ဒါဆိုအဲ့လိုအိမ္ကိုဖ်က္စီးၿပီးေခၚသြားရတဲ့အေၾကာင္းရင္းကဘာမလို႔လဲ "

ကိစၥေတြကိုမနည္းနားလည္ယူေနရသည့္Hyunjumကေဒါသလည္းထြက္ေနသည္မွာေလသံၾကား႐ုံႏွင့္ပင္ သိနိုင္သည္။

သို႔ႏွင့္ Younghoonကဆက္ၿပီး

" ငါထင္တာကေတာ့ေလ အကယ္လို႔ Juyeonက Jaehyunကိုခ်စ္လြန္းလို႔ျပန္ေခၚရတာပါဆိုရင္ Jaehyunမိဘေတြအထိပါ ထိခိုက္ေအာင္လုပ္စရာမလိုေလာက္ဘူး။ အကယ္လို႔သူကေျပာင္းလဲသြားရင္ေတာ့တစ္မ်ိဳးေပါ့ "

" ေတာက္!! ေတာ္ေတာ္အတၱႀကီးတဲ့ေကာင္ပဲ ေတြ႕လို႔ကေတာ့ ေစာက္ခြက္ကိုစုတ္ျပတ္သတ္သြားေအာင္ ထိုးပစ္မယ္ "

"Jaehyunၿငိဳျငင္တာကိုခံနိုင္ရင္လုပ္ေပါ့ သူကJuyeonကိုေတာ္ေတာ္ေတာ့ခ်စ္တာ "

Younghoonေျပာလိုက္သည့္စကားေၾကာင့္ Juyeonဆီမွ Jaehyunကို မရရေအာင္ျပန္ယူဖို႔စိတ္ေတြပိုမိုႀကီးထြားလာခဲ့သည့္ Hyunjunကေတာ့ သူကိုယ္တိုင္က အတၱႀကီးေနခဲ့သည္ကို သတိမထားမိဘူးထင္ပါရဲ႕။

..................

မၾကာေသးခင္ကမွ သြားခဲ့ဖူးသည့္ အေဝးေျပးကားလမ္းမအား ေနာက္တစ္ႀကိမ္အျဖစ္နဲ႕ သြားရျပန္သည့္ Younghoonႏွင့္ Hyunjun။

ပုံမွန္ဆိုလည္း သြားရတာေဝးသည့္အတြက္ အခ်ိန္အားျဖင့္ၾကာျမင့္သည့္ ေနရာကိုေရာက္ဖို႔ ဒီ​ေန႕မွ စိတ္ေလာေနလို႔လားမသိ။ ပို၍ပင္ၾကားသည္ဟုခံစားေနရသည္။

" စိတ္ကိုေအးေအးထား Hyunjun မင္းစိတ္အရမ္းေလာသြားရင္ အမွားေတြလုပ္မိလိမ့္မယ္ "

"ေကာင္းပါၿပီ Hyung "

အထပ္ျမင့္တိုက္ေတြကေနတစ္ဆင့္ လူေနအိမ္အေသးေလးေတြ ထိုမွတစ္ဆင့္ သစ္ပင္ေတြ အဆင့္ဆင့္ေက်ာ္ျဖတ္လာခဲ့ၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လိုရာအရပ္သို႔ေရာက္လာခဲ့ေတာ့သည္။

.......................

" Ju ေရ အဲ့နားက ပ်ားရည္ပုလင္းေလးယူေပးပါဦး "

" ဒီတစ္ခုလား Jae "

" အင္း ဟုတ္တယ္ "

အိမ္ရဲ႕ မီးဖိုေခ်ာင္အခန္းထဲ၌ Juyeonႏွင့္ Jaehyunတို႔ အတူတူ Pancake လုပ္စားေနၾကျခင္းျဖစ္သည္။

ဘယ္မွ ထြက္မရသည္ကလြဲလို႔ အခုလိုမ်ိဳး အတူတူအခ်ိန္ကုန္ဆုံးရတာကလည္း အက်ိဳးမယုတ္ေစပါဘူးေလ။

ႏူးညံ့အိစက္ေနသည့္ Pancake သားရဲ႕ အေပၚမွာ အနံ႕ေမႊးသည့္ ပ်ားရည္ခ်ိဳခ်ိဳေလးကို ေလာင္းလိုက္ေတာ့ စားခ်င္စဖြယ္အတိ။

Jaehyunမွ ပ်ားရည္ေလာင္းထားေသာ pancakeတစ္ပိုင္းအား ယူစားလိုက္ေတာ့ ႏႈတ္ခမ္းပါးေလးေပၚမွာ ပ်ားရည္အခ်ိဳ႕တို႔တင္က်န္ခဲ့ေလသည္။

" ခ်ိဳခ်ိဳေလးနဲ႕ စားလို႔ေကာင္းလိုက္တာ Juလည္းစားၾကည့္ၾကည့္ "

ဆိုကာ တစ္ပိုင္းယူၿပီး Juyeonကိုေကြၽးေတာ့ Juyeonက သူ႕ႏႈတ္ခမ္းနားမွ pancakeကို ေက်ာ္ကာ Jaehyunႏႈတ္ခမ္းေလးကိုသြားနမ္းသည္။

*kiss*

" ဟုတ္သားပဲ ခ်ိဳတယ္ေနာ္ "

" မင္း....Lee Juyeon "

Juyeonကေတာ့ ေအာင္နိုင္သူမ်က္ႏွာျဖင့္ ၿပဳံးၿပဳံးႀကီး ၾကည့္ေနလ်က္။

သူတို႔ႏွစ္ေယာက္ အတူတူ လုပ္ထားသည့္ Pancakeေလးေတြကို စားေနၾကရင္း Jaehyunမွ ေမးလာသည္။

" Ju.....Jaeတို႔ ဘယ္ေတာ့ေလာက္ အျပင္ထြက္လို႔ရမလဲဟင္ အမွန္တိုင္းေျပာရရင္ Jaeစာသင္ေပးေနတဲ့ ကေလးေတြကို အားနာလို႔။ Hyunjunရဲ႕ ညီမေလးႏွစ္ေယာက္ဆိုလည္း လာမဲ့ႏွစ္မွာ အတန္းတက္ရမွာေလ အဲ့တာစာမနိုင္ဘူးျဖစ္မွာစိုးတယ္ "

စာသင္တဲ့ဆရာလို႔ကိုမေျပာရေအာင္ စိတ္သေဘာထားျပည့္ဝသည့္ သူ႕ရဲ႕Jaeက တစ္ကယ့္ကိုပင္ ေစတနာရွင္ႀကီးရယ္ပါ။ အခုလိုျဖစ္ေနတာ သူ႕အတြက္အရင္မေတြးဘဲ ကေလးေတြအတြက္ အရင္ေတြးေပးရွာသည္။

" သိပ္မၾကာေတာ့ပါဘူး Jaeရဲ႕ Jaeကိုေမြးစားထားတဲ့ မိဘေတြကိုေတာင္ ျပန္ပို႔လိုက္ၿပီပဲ Jaeေဖေဖ ေျပာလာတဲ့အခါက် ကိုယ္တို႔ အတူတူအရင္လိုျပန္ေနလို႔ရတာေပါ့ "

" အင္းပါ "

ေထာက္ခံေၾကာင္းေတာ့ေျပာလာေပမဲ့ မ်က္ႏွာေလးမေကာင္းျဖစ္ေနသည့္ Jaeက သူတစ္ကယ္ကို အျပင္ျပန္ထြက္ခ်င္ေနသည္ထင္။ ဘယ္သူကလည္း အခုလို ေနရာႀကီးမွာ သီးသန့္ေနခ်င္ပါ့မလဲေနာ္။

Juyeonရွိေနလို႔သာ သည္းခံနိုင္ေနျခင္းျဖစ္သည္ေလ။ ခ်စ္ရသူရဲ႕ မ်က္ႏွာေလး ညွိုးႏြမ္းေနတာျမင္ေတာ့ Juyeonမယ္ မေနနိုင္။ အနားေလးသြားကာ Jaehyunရဲ႕ သူ႕တစ္ေပြ႕စာ ခါးေလးကို ဆြဲယူလိုက္ၿပီး ေနာက္လက္တစ္ဖက္မွ သိမ္းႀကဳံးဖက္ထားတာ ရင္ခြင္ထဲခိုနားေစလိုက္သည္။

တစ္ေအာင့္ေလာက္ၾကာေတာ့ Jaehyunပါးစပ္ကထြက္လာသည့္ စကားေလးတစ္ခြန္းေၾကာင့္ Juyeonမယ္ ပီတိေတြ ေဝျဖာရပါေသးသည္။

Jaehyunေျပာလိုက္သည္က

" Juရဲ႕ကိုယ္သင္းနံ႕ေလးက အရင္လိုေမႊးေနတုန္းပဲ " တဲ့ေလ။

.............................

အခ်ိန္အားျဖင့္ ညေနခင္း 5နာရီေက်ာ္။

စံအိမ္ရဲ႕ ေအာက္ထပ္မွာေတာ့ Juyeonရင္ခြင္ထဲမွာ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသည့္ Jaehyun။

ေန႕ခင္း ပန္ကိတ္စားၿပီးကတည္းက အိပ္ေပ်ာ္သြားလိုက္တာ အခုထိပဲမလို႔ ေနမေကာင္းျဖစ္မွာစိုး၍ Juyeonမယ္ မႏွိုးရက္ေပမဲ့ ႏွိုးလိုက္ရပါသည္။

" Jae..ထေတာ့ ညေနေစာင္းေနၿပီ "

ပါးေလးကိုအသာပုတ္ႏွိုးေတာ့ နိုးလာရွာပါသည္။

" အၾကာႀကီး အိပ္မိသြားတာပဲ Juရင္ခြင္ထဲဆိုေတာ့ အိပ္ေကာင္းေနတာေလ "

" အိပ္ေကာင္းရင္လည္း ညမွ ဆက္အိပ္ပါ ဝက္ဝံလုံးေလးရယ္...အခုေတာ့ထဦး "

"ဘာ...ဝက္ဝံလုံးတုန္း သူမ်ားကို အေကာင္နဲ႕လာႏွိုင္းေနတယ္ "

Juyeonကေတာ့ သေဘာတက်ႏွင့္ရယ္ေနလ်က္သားပင္။

စံအိမ္ရဲ႕ ေအာက္ထပ္ ဧည့္ခန္းထဲမွာ ခ်စ္သူႏွစ္ဦးရဲ႕ သာယာခ်ိဳၿမိန္သည့္ ရယ္ေမာသံေလးေတြ လြင့္ပ်ံေနခဲ့ေပမဲ့ ထိုအသံေလးေတြကို ၿဖိဳခြင္းလိုက္သည္ကေတာ့ အျပင္မွ ထြက္ေပၚလာသည့္ ေသနတ္သံတစ္ခုပင္ျဖစ္သည္။

*ဒိုင္း*

ေသနတ္သံၾကားၾကားခ်င္း တစ္ခုခုျဖစ္လိုက္ၿပီဆိုတာကို Juyeonသိသည္မလို႔ ထကာ ၾကည့္ရန္လုပ္တုန္း ဧည့္ခန္းထဲသို႔ေျပးဝင္လာသည့္ သူ႕ရဲ႕လူေတြထဲကတစ္ဦး။

" အကိုေလး ကြၽန္ေတာ္တို႔ကို ဘယ္ကမွန္းမသိတဲ့ တစ္ဖြဲ႕ ႐ုတ္တစ္ရက္လာတိုက္ခိုက္ေနတယ္ အဲ့ထဲက ေခါင္းေဆာင္လိုလို တစ္ေယာက္က ၿခံတံခါးနားက Junhoကို ပစ္သတ္လိုက္တယ္ "

" ဘာ! "

အေျခအေနမဟန္ေတာ့သည္ကို Juyeonရိပ္မိလိုက္တာမလို႔ စိတ္ကိုအျမန္ျပန္စုစည္းၿပီး ေဘးနားမွာရွိသည့္ Jaehyunကို အလ်င္ျမန္ပင္ မခ်ီလိုက္ကာ ေအာက္ထပ္က အိပ္ခန္းတစ္ခုထဲတြင္ထည့္ခဲ့လိုက္သည္။ အျပင္ဘက္မွ ေသနတ္သံမ်ားကေတာ့ ဆက္လက္ထြက္ေပၚေနဆဲ။

" Jae....ကိုယ္ေျပာတာေသခ်ာနားေထာင္ေနာ္ အခုဒီအခန္းထဲမွာပဲေနၿပီး ဘယ္မွမသြားနဲ႕ တံခါးကို ေလာ့ခ္ ခ်ထား ကိုယ္မဟုတ္မခ်င္း မဖြင့္ေပးနဲ႕ "

" ဟုတ္ၿပီ ဂ႐ုစိုက္ဦးေနာ္ "

Juyeonနားလည္ေၾကာင္း ေခါင္းၿငိမ့္ခဲ့လိုက္ကာ အလိုက္သိသည့္ တပည့္ျဖစ္သူမွ ယူလာေပးေသာ ေသနတ္အား လွမ္းယူလိုက္ၿပီး အိမ္ေရွ႕သို႔ထြက္လာခဲ့လိုက္သည္။

" Lee Juyeon ဆိုတဲ့အေကာင္ဘယ္မွာလဲ!! "

စူးရွစြာထြက္ေပၚလာသည့္ အသံအား Juyeonၾကားဖူးေနသည္။ Jaeကိုထိခိုက္ေစခ်င္ေနတဲ့ အဖြဲ႕ကလူေတြက Bossရွင္းလိုက္ၿပီးၿပီမလို႔ အခုလာတာသူတို႔ေတာ့ မျဖစ္နိုင္ေခ်။

_________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com