Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 39

[ အပြီးပိုင် မထွက်သွားရဘူးနော် ]

" Lee Juyeon ဆိုတဲ့ အကောင်ဘယ်မှာလဲ!!"

စူးရှစွာထွက်ပေါ်လာသည့် အသံအား Juyeonကြားဖူးနေသည်။ Jaeကိုထိခိုက်စေချင်နေတဲ့ အဖွဲ့ကလူတွေက Bossရှင်းလိုက်ပြီးပြီမလို့ အခုလာတာသူတို့တော့ မဖြစ်နိုင်ချေ။

" Taeyun! "

"ဗျာ "

" မင်း အရင် အနောက်ကိုသွားရှောင်နေပြီး Bossကိုဖုန်းဆက်ထားလိုက် ပြီးရင် ငါတို့တစ်ကြောလုံးက လူတွေလာခိုင်းလိုက် သွား"

" ဟုတ်ကဲ့ "

တပည့်ဖြစ်သူကောင်လေး သွားလိုက်ပြီးသည်နှင့် တံခါးဝသို့သွားကာ ဖွင့်လိုက်သည်။

" Y-Younghoon? မင်းက Hyunjun? "

Hyunjunကိုတွေ့လိုက်ရတာ Juyeonကို သိပ်မအံ့သြစေပေမဲ့ Hyunjunဘေးကနေ ပါလာသည့် Younghoonကြောင့် Juyeonအတော်လေးပင် ထိတ်လန့်သွားမိသည်။ အခုလိုရောက်လာခဲ့ပြီဆိုမှတော့ သူ့ဆီမှာ Jaehyunရှိနေပြီဆိုတာလည်း သိထားပြီး ဖြစ်လောက်မည်။

" မင်းလား Lee Juyeonဆိုတာ..."

မျက်နှာသိပ်မကောင်းနေသည့် Younghoonကိုကြည့်နေရင်း Hyunjunမှ မေးလာတော့ Juyeonစိတ်ကို ပြန်စုစည်းကာ ဖြေလိုက်သည်။

" ဟုတ်တယ် ငါကLee Juyeonပဲ "

" ငါ့ကိုတော့ မင်းသိပြီးပြီဖြစ်မှာမလို့ လာရင်းကိစ္စကိုပဲတစ်ခါတည်းပြောတော့မယ် "

" မင်းနဲ့ငါနဲ့က ဘာပက်သတ်မှုမှမရှိတာကို ငါ့လူတွေပါသေနတ်ပစ်ပြီး နယ်မြေကျူးကျော်လာစရာလိုလို့လား "

နှစ်ယောက်ကြားထဲရှိ လေထုကခက်ထန်လျက်ရှိသည်။ ဘေးက Younghoonပင် ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ။ တစ်ဖက်ကလည်း သူ့သူငယ်ချင်း အရမ်းချစ်ရသည့် Lee Juyeon။ တစ်ဖက်ကလည်းသူ့သူငယ်ချင်းကို အရမ်းချစ်နေသည့်Hyunjun Hur။

Hyunjunက မထီမဲ့မြင်ပြုသည့် အပြုံးတစ်ခုကိုတပ်ဆင်လျက် Juyeonရှေ့သို့ လျှောက်လာသည်။

" ငါဒီကိုလာရတဲ့ အကြောင်းအရင်းက ငါ့ချစ်သူကိုငါ ပြန်လာခေါ်တာ "

Hyunjunအပြောဆုံးတော့  Juyeonက ဟက်ဟက်ပက်ပက်ထရယ်မိသည်။

" နေပါဦး ငါက အားအားယားယား မင်းချစ်သူကိုခေါ်ထားစရာလား "

" ဟျောင့် လျှောက်ပြောမနေနဲ့ မင်းဆီမှာ Jaehyun Hyungရှိနေတယ်ဆိုတာ ငါသိတယ် အခုချက်ချင်း ပြန်ပေးလိုက်! "

Juyeonကမျက်နှာတစ်ချက် တည်သွားပြီး လက်ထဲမှ ပစ္စတိုသေနတ်အား မောင်းထတင်လိုက်သည်။

အေးအေးဆေးဆေးပြီးသွားနိုင်မည့် ကိစ္စဟု Younghoonတွက်ထားခဲ့သောကြောင့် ထပ်ပြီးပစ်ခတ်မှုတွေ မဖြစ်စေရန်အလို့ငှာ Juyeonမောင်းထတင်လိုက်သည်နှင့် Hyunjunကို အနောက်ပို့ကာ သူကရှေ့ကနေ Juyeonနှင့် စကားပြောလိုက်သည်။

" Juyeon....ငါကိစ္စတွေကို အေးအေးဆေးဆေးပဲပြီးသွားစေချင်တယ် အဲ့တာကြောင့် Jaehyunကိုပြန်လွှတ်ပေးပါကွာ မင်းဘာကြောင့် ဖမ်းခေါ်သွားရတာလဲ မသိပေမဲ့ တော်လောက်ပြီ! "

" မင်းကလည်း အဲ့ကောင်ဘက်ပဲ ပါတာလား Kim Younghoon "

" ဘယ်သူ့ဘက်ရယ်လို့မှ မဟုတ်ဘူး ငါကငါ့သူငယ်ချင်းငါ ပြန်လာခေါ်တာ မင်းဆီမှာ Jaehyunရှိနေတယ်မလား "

Juyeonက ခဏတာစဥ်းစားလိုက်ပြီးနောက်

" အကယ်လို့ ငါ့ဆီမှာ ရှိနေရင်တောင် မပေးနိုင်ဘူးဆိုရင်ရော မင်းတို့ဘာလုပ်ချင်လဲ "

" Lee Juyeon!!! "

အနောက်က Hyunjunဆီမှ ထွက်ပေါ်လာသော အော်သံဖြစ်သည်။

" Jaehyun Hyungအထဲမှာ ရှိတယ်မလား ဖွင့်ပေး ခုချက်ချင်း "

" မင်းပြောတိုင်း ငါဘာလို့လုပ်ရမှာလဲ Hyunjun Hur "

" ဒါဆိုလည်း မင်းကိုသတ်ပြီး ပြန်ခေါ်သွားရုံကလွဲလို့မရှိဘူး "

ဆိုကာ Hyunjunမှ ပစ်တော့မယ်အလုပ် အနောက်ဘက်ကနေ ခြံထဲသို့ ကားအနက်ရောင်များ တစ်စီးပြီးတစ်စီး ခုနှစ်စီးခန့် ဝင်လာလေတော့သည်။

Juyeonမျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာပြီး ထိုအပြုံးဟာ အောင်နိုင်သူလိုအပြုံးမျိုး။

.................

အခန်းတွင်းရှိ Jaehyunမှာတော့ အခန်းထဲကို ရှေ့သို့လျှောက်လိုက် နောက်သို့လျှောက်လိုက်နှင့် အတော်လေးပင် စိတ်ပူပန်နေမိသည်။

လာတဲ့သူတွေက ဘယ်သူတွေလဲ မသိသေးပေမဲ့ Juyeonကိုထိခိုက်စေမည့်လူတွေမှန်းတော့ Jaehyun သေချာသိသည်။

သူအခုအရမ်းကို စိုးရိမ်ပူပန်မိနေသည်။ Juyeonနှင့် သူအခုမှပြန်လည်အဆင်ပြေခါစမလို့ ထပ်ပြီးခွဲရမည့်အဖြစ်မျိုးတော့ မဖြစ်စေချင်ပါ။

" ငါထွက်ကြည့်လိုက်ရင်ကောင်းမလား "

Juyeonက သူလာမခေါ်မချင်းမထွက်ဖို့တော့ ပြောထားပေမဲ့ ချစ်ရသူက အန္တရာယ်နှင့် ကြုံနေလျှင်တော့ အဘယ်သူကနေနိုင်မည်နည်း။

ထိုစဥ်အတွင်းမှာပဲ အပြင်ဘက်ကနေ ကြားလိုက်ရသည့် အော်သံ။

" Lee Juyeon!!! "

Jaehyunတစ်ချက် ထိတ်လန့်သွားမိသည်။ သူအခုကြားလိုက်ရသည့် အော်သံကြောင့် ခြေလှမ်းမျာ ရပ်တန့်သွားပြီး တစ်ကိုယ်လုံးပါတောင့်တင်း သွားရသည်။

ဒီလို အနောက်တိုင်းလေသံစွဲ၍ စူးရှရှအသံဟာ Jaehyunထင်နေသည့် သူများဖြစ်နေနိုင်မလား။

" H-Hyunjun..... "

Jaehyunရဲ့ စိုးရိမ်မှတ်တို့ဟာ အမြင့်မားဆုံးအခြေနေကို ရောက်ရှိလာပြီမလို့ သူအပြင်ကိုထွက်ကြည့်ရန်ပင် ဆုံးဖြတ်လိုက်တော့သည်။

Juyeon မကြိုက်မှာသိပေမဲ့ အကယ်၍ သူထင်ထားသလို Hyunjunဖြစ်နေမည်ဆိုပါက သူရအောင်ဖျောင်းဖျပြီး နှစ်ယောက်သားကြားထဲကို ကြေအေးပေးနိုင်လိမ့်မည်။

ဒါဟာ Jaehyunရဲ့ တွက်ချက်မှုပင်။ သို့သော်လည်းပဲ ကံကြမ္မာ စီစဥ်ထားတဲ့အတိုင်းမဖြစ်လာနိုင်ရင်ရော။

Jaehyun ရဲဆေးတင်ကာ တံခါးနားသို့ရောက်လှမ်းလိုက်ပြီး အသာလေးတွန်းဖွင့်ကြည့်လိုက်သည်။ သူရောက်နေသည့် အခန်းက အတွင်းကျသည်မလို့ တော်ရုံတံခါးပေါက်လောက်ကနေ ချောင်းကြည့်လျှင်တောင် အပြင်ဘက်ကိုမမြင်ရချေ။

ဒါကြောင့် ရွေးချယ်စရာနည်းလမ်း မရှိတော့သည်အတူတူ အပြင်ကိုထွက်ရန်သာ တစ်ထစ်ချ ဆုံးဖြတ်လိုက်တော့သည်။

အိမ်ရှေ့တံခါးပေါက်ဝမှာ Juyeonကရပ်နေပြီး ကျောပေးထားသည်မလို့ Jaehyunထွက်လာတာကို မမြင်နိုင်သေးချေ။

ခြေသံလုံစွာ ထွက်လာသည့်Jaehyunကလည်း Juyeonနောက်နား ရောက်တော့မှ အရှေ့ကလူနှစ်ယောက်ကိုပါ သဲသဲကွဲကွဲ မြင်လိုက်ရတော့သည်။

Hyunjun နှင့် Younghoon။

" Jaehyun Hyung..."

Hyunjunဆီမှ ထွက်လာသောအသံဖြစ်သည်။

Juyeonမှ အလန့်တစ်ကြားမျက်နှာဖြင့် လှည့်ကြည့်လာပြီး

" Jae....ဘာလို့ထွက်လာတာလဲ! "

ဒေါသသံတို့ ပါဝင်နေခဲ့ပါသည်။

Juyeonခဏတာ သတိလက်လွတ်ဖြစ်သွားသည်ကို Hyunjunမှ အခွင့်ကောင်းယူပြီး လျင်မြန်စွာဖြင့် Juyeonကို တွန်းထုတ်ကာ Jaehyunလက်ကို သွားဆွဲလိုက်သည်။

အားနှင့်အဆွဲခံလိုက်ရသည့် Jaehyunဟာလည်း အိမ်အပြင်ဘက်ကိုရောက်သွားသလို Hyunjunရင်ခွင်ထဲပါ တန်းရောက်သွားသည်။

" Hyung...ကျွန်တော့်နောက်လိုက်ခဲ့ပါ "

ဟုပြောပြီး ပြေးမည်အလုပ် တွန်းထုတ်ခံထားရ၍ လဲကျနေသည့် Juyeonမှ လက်ထဲမှာအသင့်ကိုင်ထားသော မောင်းတင်ပြီးသား သေနတ်ဖြင့် Hyunjunညာဘက်လက်ဖျံကို လှမ်းပစ်လိုက်သည်။

* ဒိုင်း *

" Junnie!!! "

" Ahh!! "

Younghoonမှလည်း အလန့်တစ်ကြားဖြင့် Hyunjunနား ပြေးလာသည်။

လဲကျနေသည့် Juyeonက အေးဆေး ပြန်ထလာကာ Jaehyunလက်ကို ဆွဲပြီး ခေါ်ဖို့လုပ်တော့ Jaehyunက သေနတ်ထိထားသည့် Hyunjunအားကြည့်နေလျက်။

စိတ်မရှည်တော့သည့် Juyeonမှ Jaehyunကို ပွေ့ချီခေါ်ခဲ့လိုက်ပြီး ရောက်နှင့်နေပြီးသား သူ့လူတွေကို အချက်ပြခဲ့လိုက်တော့သည်။

Juyeonရဲ့ အချက်ပြမှုကိုရသည်နှင့် စတင်ပြီးပစ်ခတ်ကြလေတော့ Hyunjunဘက်မှ ပါလာသည့် လူတွေကလည်း ပြန်လည်ခုခံကြသည်။

Younghoonမှ လဲနေသည့် Hyunjunကို အမြန်ဆွဲထူလိုက်ပြီး ပစ်ခတ်မှုများကြား လွတ်မြောက်အောင် ခုခံရင်းပင် ပြေးနေရသည်။

စိမ်းစိုနေသည့် အပင်ကြီးတွေ အုပ်စိုးထားသည့် နေချင်စဖွယ် စံအိမ်လေးနှင့် မလိုက်ဖက်စွာ ရုပ်ပျက်ဆင်းပျက် လဲကျကာသေဆုံးနေသော အလောင်းများနှင့် ဆူညံလှသည့် သေနတ်ပစ်ခတ်သံတို့ဟာလည်း ထွက်ပေါ်နေဆဲပင်။

Juyeonချီထားရာနောက် ငြိမ်ငြိမ်လေးလိုက်လာဲ့သည့် Jaehyunကတော့ ကားထဲရောက်တာတောင် ငေးငေးမှိုင်မှိုင်ဖြစ်နေဆဲပင်။

အရင်ဆုံး သူတို့နားကနေ လွတ်အောင် ပြေးဖို့က အရေးကြီးတာမလို့ Jaehyunကို ကားပေါ်တင်ပေးပြီးသည်နှင့် Juyeonလည်း အရှိန်နှုန်းတင်ကာ အနောက်ဘက်ခြံအပေါက်ကနေ ထွက်လာခဲ့လိုက်တော့သည်။

တစ်ဖက်မှာ ကျန်ခဲ့သည့် Hyunjunနှင့် Younghoonကတော့ အကာကွယ်ယူနိုင်လိုက်ပေမဲ့ ပုန်းနေရဆဲပင်။

" Hyunjun မင်းအဆင်ပြေရဲ့လား ငါ Juyeonကို အဲ့လောက်ထိ လုပ်ရက်မယ်မထင်ထားခဲ့ဘူး "

" အဲ့ကောင်လား မလုပ်ရက်မှာ! ထားပါ ကျွန်တော့်လက်က ရှပ်ထိသွားရုံပဲမလို့ အဆင်ပြေပါတယ် အရင်ဆုံး ကားဆီရောက်အောင် သွားပြီး ဟိုကောင့်နောက်လိုက်ရမယ် "

" အင်း...ကောင်းပြီ "

နှစ်ယောက်လုံးလည်း ပစ်ခတ်တိုက်ခိုက်မှုတွေကြားထဲမှာ ပြေးရင်းလွှားရင်း နှင့်ပင် ကားရပ်ထားရာနေရာသို့ ရောက်သွားတော့သည်။ Hyunjunရဲ့ လူတွေလည်းပြန်ဆုတ်လာခဲ့ကြပြီး အသီးသီး ကိုယ်စီကားပေါ်တက်ကာ ပြေးလာလိုက်ကြတော့သည်။

..............

" Ju....ဘာဖြစ်လို့ ပစ်လိုက်တာလဲ "

မိနစ်ပိုင်းအတော်ကြာအောင် တစ်လမ်းလုံးတိတ်ဆိတ်လာခဲ့ပြီးမှ မျက်ရည်တွေဝဲနေသည့် မျက်လုံးများဖြင့် မေးလာသည့် Jaehyun။

" အခုအချိန်မှာတောင် Jaeက အဲ့ကောင်ကိုစိတ်ပူပေးနေတာလား "

Juyeon စိတ်ဆိုးနေမည်ဆိုတာ လေသံကြားရုံနှင့်ပင် Jaehyunရိပ်မိပါသည်။

" စိတ်ပူတာပေါ့! သေနတ်နဲ့ပစ်ခံရတာလေ တစ်ခုခုကြီးကြီးမားမားဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ Junnieမှာ ဘာအပြစ်မှမရှိတာကို "

ဆိုကာ ပြောနေရင်း ငိုသံပေါက်လာသည့် Jaehyunကြောင့် Juyeonဒေါသထွက်လာကာ မောင်းနေသည့် ကားကို ညာဘက်လမ်းဘေးသို့ချရပ်လိုက်သည်။

ခက်ထန်သည့် မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်တော့ Jaehyunဟာ အမှန်တစ်ကယ်ပင် မျက်ရည်ကျနေပါသည်။

" Jaeငိုနေတယ်? အဲ့ကောင်ကြောင့်အတွက်နဲ့Jaeငိုနေတယ်!? "

Juyeon မထင်ရက်နိုင်စွာနှင့်ပင် ဟက် ခနဲတစ်ချက်ရယ်မိသည်။

" နေပါဦး Jaeက အဲ့ကောင်ကြောင့်နဲ့ ငိုရအောင် အဲ့ကောင်က ဘာမလို့လဲ ဟမ်!! "

" လူတစ်ယောက်လုံးကို သေနတ်နဲ့ပစ်ထားတာတောင် ဝမ်းနည်းခွင့်မရှိတော့ဘူးလား!! "

ပြန်ခံပြောလာသည့် Jaehyunရဲ့စကားလုံးတွေက Juyeonကိုထိုးနှက်နေသည့်နှယ်။

" ကိုယ်အဲ့ကောင်ကို တစ်ကယ် သေစေချင်တယ်ဆိုရင် လက်ဖျံကိုမဟုတ်ဘဲ ရင်ဘတ်တည့်တည့်ပစ်ချလိုက်လို့ရတယ်။Jaeကိုပဲ သူ့ဆီကနေ ခေါ်ထုတ်သွားချင်ရုံမလို့သာ အသေမသတ်တာ ကိုယ်သတ်ချင်ရင် အဲ့ကောင်သေနေတာကြာပြီ!! နားလည်လား!!! "

မျက်ဝန်းတွေ နီရဲပြီး လည်ပင်းကြောတွေထောင်သည့်အထိ အော်ပြောလိုက်သည့် Juyeonကြောင့် Jaehyun တစ်ကယ်ပင် ကြောက်မိပါသည်။

" မအော်ပါနဲ့ ဘာလို့အော်နေရတာလဲ အမှားလုပ်ထားတာ Juနော် Jaeလည်းမဟုတ်သလို Junnieလည်းမဟုတ်ဘူး "

" ဪ....ဒါဆို Jaeက အဲ့ကောင်နောက်ကို လိုက်သွားချင်နေတာပေါ့ ကိုယ့်နောက်ကိုလိုက်မှာ မဟုတ်ဘူးပေါ့ "

" ကလေးအတွေးတွေ တွေးမနေနဲ့ ! Juနောက်ကိုမလိုက်ချင်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ အခုJuကို ပြောနေတာက Junnieကို သေနတ်နဲ့ပစ်တဲ့ကိစ္စ "

"Jaeသာထွက်မလာခဲ့ရင် ကိုယ်လည်းသူ့ကိုသေနတ်နဲ့ ပစ်စရာအကြောင်းမှမရှိတာ။ တစ်အားကို စိုးရိမ်နေပုံကြည့်ရင် တော်တော်ချစ်နေတယ် ထင်တယ် ဟက်! ကိုယ်မရှိခဲ့တဲ့ အတောအတွင်း အဲ့အကောင်နဲ့တော်တော်ပျော်ခဲ့တဲ့ပုံပဲ "

သဝန်တိုစိတ်တွေပဲစိုးမိုးနေသည့် Juyeonအား Jaehyunစိတ်မရှည်တော့ပါ။

" ကလေးအတွေးတွေလျှောက်မတွေးနဲ့လို့ ပြောပြီးပြီလေ Juyeon!! တစ်ကယ်ပဲ ဘယ်လိုဖြစ်နေတာလဲ Juပြောစကားနားမထောင်ဘဲ ထွက်လာမိတာတော့ Jaeအမှားပါ ဒါပေမဲ့- "

" ဘာကို ဒါပေမဲ့လဲ!!!! "

"Ju.....Jaeကိုအော်တာ နှစ်ခေါက်ရှိပြီနော် "

Jaehyunမျက်ဝန်းထဲတွင် မျက်ရည်စတို့ကထပ်မံ နေရာယူလာခဲ့ပြန်သည်။

" ထားလိုက်ပါတော့ Jaeဆက်ပြီး စကားမများချင်တော့ဘူး "

ဆိုကာ တစ်ဖက်ကိုမျက်နှာလွှဲသွားပြီး Jaehyun ငိုနေမိသည်။

အစကတော့ ဘာမှပြန်မပြောလာသည့် Juyeonက ဒေါသအလျင်းကို မထိန်းနိုင်စွာဖြင့် မျက်စိရှေ့မှာ ရှိသည့် ကားစတီယာရင်အား တစ်ဘုန်းဘုန်းထုတော့သည်။

ဘေးကနေရှိနေသည့် Jaehyun မှ လန့်သွားပြီး မျက်ရည်ကျရုံကလွဲလို့ မတတ်နိုင်ခဲ့ချေ။

Juyeonမှ ဘာစကားမှဆက်မပြောတော့ဘဲ ကားစတီယာရင်ကို ထုနေတာလည်းရပ်လိုက်ပြီး ကား boxထဲမှာ အသင့်ဆောင်ထားသည့် ဆေးလိပ်ဘူးနှင့် မီးခြစ်အား ထုတ်ယူလိုက်ကာ မီးညှိပြီး ဆေးလိပ်ဖွာနေသည်။

" Lee Juyeon!!! "

Jaehyunက ခေါ်လိုက်တော့ တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့။

" ဒါဘာလုပ်တာလဲ!!! "

" ကြည့်ရုံနဲ့မသိဘူးလား ဆေးလိပ်သောက်နေတာလေ "

သမာဓိကို လာစမ်းနေသည့် Juyeonအား Jaehyunမည်သို့မျှ သည်းခံပေးလို့ မရတော့ချေ။ ဒါကြောင့် Juyeonနှုတ်ခမ်းမှ သောက်လက်စဆေးလိပ်တိုနှင့် အရှေ့မှ ဆေးလိပ်ဘူးကိုဆတ်ခနဲဆွဲယူကာ ကားမှန်ကတစ်ဆင့်လွှင့်ပစ်လိုက်သည်။

" Jae ဘာဖြစ်ချင်နေတာလဲ ဟမ်!!! "

" Jae စကားမများချင်ဘူးလို့ ပြောပြီးပြီနော် Ju ဆေးလိပ်သောက်တာ Jaeမကြိုက်ဘူးဆိုတာသိသိရက်နဲ့ကို သောက်တာမလား "

Juyeonမှ ဘာမှပြန်မပြောတော့ဘဲ တစ်ဖက်သို့ လှည့်သွားသည်။

" Ju..."

"......"

"Juyeon"

"........"

" ဆက်မသွားတော့ဘူးလား နောက်ကနေလိုက်လာကြရင် ဘယ်လိုလုပ်မလဲ "

" Jae အဲ့အကောင်ကိုတွေ့ချင်နေတာမလား "

Jaehyun သက်ပြင်းချမိပါသည်။ Juyeonမှဆက်ပြီး

" စိတ်ချပါ Jaeရှေ့မှာတင် အဲ့ကောင်ကို သတ်ပြမှာမလို့ စောင့်နေလိုက် "

Juyeonရဲ့ မျက်ဝန်းများဟာ နီရဲခက်ထန်နေပြီး ကြောက်စရာကောင်းနေသည်ဟု Jaehyunထင်မိသည်။

ဟုတ်ပါသည်။ သူJuyeonကိုာကြောက်မိသည်။ Hyunjunကို သေနတ်နဲ့ပစ်လိုက်ကတည်းက Juyeonကို ကြောက်နေခဲ့ခြင်းဖြစ်သည်။

ကံကြမ္မာဆိုသည့် အရာဟာလည်း အခုလိုမျိုးအတွက် အချိန်ကိုက်စီစဥ်ထားသလား အောက်မေ့ရပါသည်။

အနောက်မှ Hyunjunတို့ကား ရောက်လာခြင်းဖြစ်သည်။

Juyeonတို့ကား ရပ်ထားသည်မြင်တော့ Hyunjunနှင့် Younghoon ကားထဲမှထွက်လာလိုက်သည်။

အလားတူစွာပင် Juyeonကလည်း ကားထဲမှထွက်သွားသည်မလို့ Hyunjunကို တစ်ခုခုလုပ်တော့မည်စိုးသဖြင့် Jaehyunကပါ ပျာပျာသလဲ ထွက်လာရသည်။

" Hyung! "

" Junnie ကြီးကြီးမားမား မထိခိုက်သွားဘူးမလားဟင် "

ကိုယ့်ညီလေးလို ခင်ရတော့ စိုးရိမ်စိတ်တွေကြောင့် မသိလိုက်ခင် အချိန်လေးမှာတင် Hyunjunအနားကို Jaehyun ရောက်သွားခဲ့သည်။

ထိုစဥ် Juyeonဆီမှ ဟက်ခနဲ ရယ်သံတစ်ချက်က ပေါ်ထွက်လို့လာသည်။

" တော်တော်ချစ်ကြတဲ့ ပုံပဲ အဲ့လိုမှန်းသိ မင်းကို ရင်ဘတ်တည့်တည့် တစ်ခါတည်းသေသွားအောင်ပစ်ပေးလိုက်ပါတယ် "

" Lee Juyeon!! "

" မင်း ငါ့နာမည်ကို လာမအော်နဲ့ မင်းမှာငါ့ကို အော်ပိုင်ခွင့်မရှိဘူး Jae!! အခုချက်ချင်း ကိုယ့်ဆီပြန်လာခဲ့ "

Jaehyunမှ ဘာပြဿနာမှ ဆက်မဖြစ်စေချင်လို၍ သွားမည်လုပ်တော့ Hyunjunက Jaehyun လက်ကိုလှမ်းဆွဲထားသည်။

" Hyunjun! "

YoungHoon မှအသိပေးလိုက်ခြင်း။

" မင်း ဘာလုပ်တာလဲ အဲ့တာ "

" မြင်ရုံနဲ့မသိဘူးလား မင်းလိုအကောင်မျိုးဆီကို ငါ့ရဲ့ Hyungကို ပေးမသွားနိုင်လို့ ခေါ်ထားတာလေ "

" မင်းက လာနောက်နေတာပဲ Hyujun သေချင်နေပြီလား "

ဆိုကာ ဘယ်သူမှတောင် ဘာမှ ကာကွယ်ချိန်မရလိုက်ဘဲ Juyeonက Hyunjunအား လက်သီးနှင့် ပြေးထိုးတော့သည်။

Jaehyunကို ​ရှောင်ပြီးထိုးလိုက်သည့် အတွက်ကြောင့် ဘာမှတော့ မထိခိုက်သွားခဲ့။

Younghoonကလည်း Jaehyunအား သူ့ဘက့လှမ်းဆွဲခေါ်ထားသည်။

Juyeonနှင့် Hyunjunမှာတော့ ဘယ်သူမှ လာတား၍ မရအောင်ကို ထိုးကြိတ်နေကြပြီဖြစ်သည်။ Juyeon အစကတည်းက သေနတ်မယူလာဘဲ ဒီအတိုင်း Hyunjunကို ရိုက်နှက်ချင်နေခဲ့သည်။

Hyunjunကလည်း Juyeonကို စိတ်ပိုတိုအောင် စကားများပြောနေခဲ့သည်။

" မင်းသိလား Juyeon ငါ Jaehyun Hyungနှုတ်ခမ်းလေးကို နမ်းဖူးတယ် "

Juyeonနားနားကပ်ပြီး ပြောလိုက်ခြင်း။ Juyeonမှ အလွန်ထိတ်လန့်သွားသည့် မျက်နှာပြောင်းသွားတော့ Hyunjunမှထပ်ပြီး

" Hyungရဲ့ နှုတ်ခမ်းလေးကလေ ချိုချိုမြိန်မြိန်လေးနဲ့ အိစက်စက်လေး ငါတစ်ခါနမ်းပြီး မလွတ်ချင်လောက်အောင်ပဲ "

" ခွေးမသား သေချာနေပြီပဲ "

ဆိုကာ Juyeonမှ Hyunjunရင်ဘတ်ကို ခြေထောက်နဲ့ ကန်လိုက်တော့ ဟိုကလွင့်သွားသည်။

" Ya!!! Lee Juyeon တော်တော့ "

Younghoonမှ လှမ်းအော်ပြီး Juyeonကို ပြေးတားသည်။ သို့ပေမဲ့ ဒေါသထွက်နေသည့် Juyeonရဲ့ ဒေါသက ဘယ်သူမှ မထိန်းနိုင်တော့ဘူးထင်။

လာတားသည့် Younghoonကိုတောင် ဂုတ်ကနေကိုင်ကာ တစ်ဖက်ကို ဆွဲလွှင့်ပစ်သည်။

" အာ့!! "

အားနဲ့ ပစ်လွှဲခံလိုက်ရသည်မလို့ Younghoonအကျတော်တော် နာသွားသည်။

" Ju တော်တော့လို့ ပြောနေတယ်လေ "

Jaehyunကလည်း အားသုံးကာ Juyeonကို တားပေမဲ့ ဘယ်လိုမှမရ။ ဘီလူးတစ်ကောင်နှယ် ကြောက်ဖို့ ကောင်းလှသည့် Juyeonက မျက်လုံးထဲလည်း ဘာမှမမြင်တော့ဘဲ လဲကျရာမှ ပြန်ထလာသည့် Hyunjunအား ပြေးထိုးပြန်သည်။

သို့နှင့် နှစ်ယောက်သား၏ တိုက်ခိုက်မှုဟာ တစ်စပြီးတစ်စ ပိုမိုပြင်းထန်လာခဲ့သည်။

နှစ်ယောက်လုံးရဲ့ လက်စဟာလည်း မသေးသလို မျက်နှာအသီးသီးမှာလည်း သွေးအလိမ်းလိမ်းဖြင့် မြင်လို့ရှူလို့တောင် မကောင်းသည့် အနေအထားကို ရောက်ကုန်သည်။

တိုက်ခိုက်နေကြရင်း Juyeonမှ ဟန်ချက်ပျက်ပြီး လဲသွားတော့ Hyunjunက အခွင့်ကောင်းယူပြီး ကားဘေးမှာ ကျနေသည့် သေနတ်ကို ကောက်ယူလိုက်ကာ Juyeonထပ်ထလာလို့ မရစေရန် ပေါင်ကို ပစ်လိုက်မည်ပြုသည်။

သို့ပေမဲ့ သူပစ်လိုက်သည်က ပေါင်နေရာမဟုတ်ဘဲ ရင်ဘတ်နေရာတည့်တည့်ကို ကျည်ဆန်က ထိမှန်သွားတော့သည်။

" Hyunjun မလုပ်နဲ့!!!! "

*ဒိုင်း*

Jaehyunရဲ့ အော်သံအဆုံးတွင်တော့ ပေါ်ပေါက်လာသည့် သေနတ်သံနှင့်အတူ တစ်ဖက်မှ Juyeonဟာလည်း လဲကျသွားခဲ့သည်။ ပစ်မိလိုက်သည့် Hyunjunမှာ သူ့လက်သူပင်မယုံနိုင်စွာ လက်များတုန်လာပြီး သေနတ်ကို ပစ်ချမိလိုက်သည်။

"Ju!!!!! မဖြစ်ဘူး!!! "

လဲကျသွားသည့် Juyeonနားကို Jaehyunရော Younghoonရော ရောက်သွားလေသည်။

Jaehyunက Juyeonကိုယ်လုံးလေးကို ဆွဲယူကာ အော်နှိုးသည်။

" Ju...Ju...သတိထားဦးလေ Ju....မအိပ်လိုက်နဲ့နော် မျက်လုံးတွေကိုမမှိတ်လိုက်နဲ့နော် ဘယ်လိုလုပ်ပေးရမလဲ "

ဘယ်ဘက် ရင်​ဘတ်နေရာမှ သွေးများစိမ့်ထွက်လာပြီး Jaehyunမှ ထပ်မထွက်စေရန် ဖိထားပေမဲ့ အချည်းနှီးသာ။

" Ju...မျက်လုံးတွေ မမှိတ်လိုက်နဲ့နော် Jaeကို မထားသွားရဘူးနော် Juyeon!! Lee Juyeon မင်းကတိပေးထားတယ်လေ ငါတို့အတူတူနေမယ်ဆိုပြီး မင်းအခုလိုအရင် ထွက်သွားလို့မရဘူးနော်! !"

အတိုင်းမသိ စကားတွေ တရစပ်ပြောနေခဲ့ပြီး အသံများဟာလည်း တုန်ယင်နေခဲ့သည်။ ချစ်ရသူဟာ သူ့ဘဝထဲကနေ နောက်တစ်ကြိမ်ထပ်ပြီး ထွက်သွားတော့မှာလား။

မဖြစ်ပါစေနဲ့။ ကံကြမ္မာရယ်...အဲ့လောက်ထိ သူ့ကိုမရက်စက်ပါနဲ့တော့။ အရင်7နှစ် တုန်းကလည်း သူ့မယ် အရူးတစ်ပိုင်းနှယ် ခံစားခဲ့ရပြီးပြီ။ အခုတော့ သူ့ကိုထပ်ပြီးနာကျင်ခံစားရအောင် မလုပ်ပါနဲ့တော့။

ပျော်ပိုင်ခွင့်မရှိတော့ရင်တောင် မဝမ်းနည်းပါစေနဲ့။ ဝမ်းနည်းမှုကြောင့် ကျဆင်းခဲ့တဲ့ မျက်ရည်တို့ဟာလည်း ကုန်ခမ်းလုနီးပါး။ ဆောက်တည်ရာမရဖြစ်ခဲ့သည်မှာလည်း အကြိမ်ကြိမ်။

Juyeonသာ သူ့ဘဝထဲကနေ အပြီးပိုင်ထွက်သွားမည်ဆိုပါက Jaehyunသူ့ကိုယ်သူ ထိခိုက်အောင်လုပ်မိလိမ့်မည်။

___________________________________________

နောက်တစ်ပိုင်းက ဇာတ်သိမ်းပါပြီ။ ဇာတ်သိမ်းပိုင်းကိုတော့ နောက်နေ့ကျတင်ပေးပါ့မယ်~

Thanks for reading🌸

Zawgyi

[ အၿပီးပိုင္ မထြက္သြားရဘူးေနာ္ ]

" Lee Juyeon ဆိုတဲ့ အေကာင္ဘယ္မွာလဲ!!"

စူးရွစြာထြက္ေပၚလာသည့္ အသံအား Juyeonၾကားဖူးေနသည္။ Jaeကိုထိခိုက္ေစခ်င္ေနတဲ့ အဖြဲ႕ကလူေတြက Bossရွင္းလိုက္ၿပီးၿပီမလို႔ အခုလာတာသူတို႔ေတာ့ မျဖစ္နိုင္ေခ်။

" Taeyun! "

"ဗ်ာ "

" မင္း အရင္ အေနာက္ကိုသြားေရွာင္ေနၿပီး Bossကိုဖုန္းဆက္ထားလိုက္ ၿပီးရင္ ငါတို႔တစ္ေၾကာလုံးက လူေတြလာခိုင္းလိုက္ သြား"

" ဟုတ္ကဲ့ "

တပည့္ျဖစ္သူေကာင္ေလး သြားလိုက္ၿပီးသည္ႏွင့္ တံခါးဝသို႔သြားကာ ဖြင့္လိုက္သည္။

" Y-Younghoon? မင္းက Hyunjun? "

Hyunjunကိုေတြ႕လိုက္ရတာ Juyeonကို သိပ္မအံ့ၾသေစေပမဲ့ Hyunjunေဘးကေန ပါလာသည့္ Younghoonေၾကာင့္ Juyeonအေတာ္ေလးပင္ ထိတ္လန့္သြားမိသည္။ အခုလိုေရာက္လာခဲ့ၿပီဆိုမွေတာ့ သူ႕ဆီမွာ Jaehyunရွိေနၿပီဆိုတာလည္း သိထားၿပီး ျဖစ္ေလာက္မည္။

" မင္းလား Lee Juyeonဆိုတာ..."

မ်က္ႏွာသိပ္မေကာင္းေနသည့္ Younghoonကိုၾကည့္ေနရင္း Hyunjunမွ ေမးလာေတာ့ Juyeonစိတ္ကို ျပန္စုစည္းကာ ေျဖလိုက္သည္။

" ဟုတ္တယ္ ငါကLee Juyeonပဲ "

" ငါ့ကိုေတာ့ မင္းသိၿပီးၿပီျဖစ္မွာမလို႔ လာရင္းကိစၥကိုပဲတစ္ခါတည္းေျပာေတာ့မယ္ "

" မင္းနဲ႕ငါနဲ႕က ဘာပက္သတ္မႈမွမရွိတာကို ငါ့လူေတြပါေသနတ္ပစ္ၿပီး နယ္ေျမက်ဴးေက်ာ္လာစရာလိုလို႔လား "

ႏွစ္ေယာက္ၾကားထဲရွိ ေလထုကခက္ထန္လ်က္ရွိသည္။ ေဘးက Younghoonပင္ ဘာလုပ္လို႔လုပ္ရမယ္မွန္းမသိ။ တစ္ဖက္ကလည္း သူ႕သူငယ္ခ်င္း အရမ္းခ်စ္ရသည့္ Lee Juyeon။ တစ္ဖက္ကလည္းသူ႕သူငယ္ခ်င္းကို အရမ္းခ်စ္ေနသည့္Hyunjun Hur။

Hyunjunက မထီမဲ့ျမင္ျပဳသည့္ အၿပဳံးတစ္ခုကိုတပ္ဆင္လ်က္ Juyeonေရွ႕သို႔ ေလွ်ာက္လာသည္။

" ငါဒီကိုလာရတဲ့ အေၾကာင္းအရင္းက ငါ့ခ်စ္သူကိုငါ ျပန္လာေခၚတာ "

Hyunjunအေျပာဆုံးေတာ့  Juyeonက ဟက္ဟက္ပက္ပက္ထရယ္မိသည္။

" ေနပါဦး ငါက အားအားယားယား မင္းခ်စ္သူကိုေခၚထားစရာလား "

" ေဟ်ာင့္ ေလွ်ာက္ေျပာမေနနဲ႕ မင္းဆီမွာ Jaehyun Hyungရွိေနတယ္ဆိုတာ ငါသိတယ္ အခုခ်က္ခ်င္း ျပန္ေပးလိုက္! "

Juyeonကမ်က္ႏွာတစ္ခ်က္ တည္သြားၿပီး လက္ထဲမွ ပစၥတိုေသနတ္အား ေမာင္းထတင္လိုက္သည္။

ေအးေအးေဆးေဆးၿပီးသြားနိုင္မည့္ ကိစၥဟု Younghoonတြက္ထားခဲ့ေသာေၾကာင့္ ထပ္ၿပီးပစ္ခတ္မႈေတြ မျဖစ္ေစရန္အလို႔ငွာ Juyeonေမာင္းထတင္လိုက္သည္ႏွင့္ Hyunjunကို အေနာက္ပို႔ကာ သူကေရွ႕ကေန Juyeonႏွင့္ စကားေျပာလိုက္သည္။

" Juyeon....ငါကိစၥေတြကို ေအးေအးေဆးေဆးပဲၿပီးသြားေစခ်င္တယ္ အဲ့တာေၾကာင့္ Jaehyunကိုျပန္လႊတ္ေပးပါကြာ မင္းဘာေၾကာင့္ ဖမ္းေခၚသြားရတာလဲ မသိေပမဲ့ ေတာ္ေလာက္ၿပီ! "

" မင္းကလည္း အဲ့ေကာင္ဘက္ပဲ ပါတာလား Kim Younghoon "

" ဘယ္သူ႕ဘက္ရယ္လို႔မွ မဟုတ္ဘူး ငါကငါ့သူငယ္ခ်င္းငါ ျပန္လာေခၚတာ မင္းဆီမွာ Jaehyunရွိေနတယ္မလား "

Juyeonက ခဏတာစဥ္းစားလိုက္ၿပီးေနာက္

" အကယ္လို႔ ငါ့ဆီမွာ ရွိေနရင္ေတာင္ မေပးနိုင္ဘူးဆိုရင္ေရာ မင္းတို႔ဘာလုပ္ခ်င္လဲ "

" Lee Juyeon!!! "

အေနာက္က Hyunjunဆီမွ ထြက္ေပၚလာေသာ ေအာ္သံျဖစ္သည္။

" Jaehyun Hyungအထဲမွာ ရွိတယ္မလား ဖြင့္ေပး ခုခ်က္ခ်င္း "

" မင္းေျပာတိုင္း ငါဘာလို႔လုပ္ရမွာလဲ Hyunjun Hur "

" ဒါဆိုလည္း မင္းကိုသတ္ၿပီး ျပန္ေခၚသြား႐ုံကလြဲလို႔မရွိဘူး "

ဆိုကာ Hyunjunမွ ပစ္ေတာ့မယ္အလုပ္ အေနာက္ဘက္ကေန ၿခံထဲသို႔ ကားအနက္ေရာင္မ်ား တစ္စီးၿပီးတစ္စီး ခုႏွစ္စီးခန့္ ဝင္လာေလေတာ့သည္။

Juyeonမ်က္ႏွာထက္တြင္ အၿပဳံးတစ္ခုျဖစ္တည္လာၿပီး ထိုအၿပဳံးဟာ ေအာင္နိုင္သူလိုအၿပဳံးမ်ိဳး။

.................

အခန္းတြင္းရွိ Jaehyunမွာေတာ့ အခန္းထဲကို ေရွ႕သို႔ေလွ်ာက္လိုက္ ေနာက္သို႔ေလွ်ာက္လိုက္ႏွင့္ အေတာ္ေလးပင္ စိတ္ပူပန္ေနမိသည္။

လာတဲ့သူေတြက ဘယ္သူေတြလဲ မသိေသးေပမဲ့ Juyeonကိုထိခိုက္ေစမည့္လူေတြမွန္းေတာ့ Jaehyun ေသခ်ာသိသည္။

သူအခုအရမ္းကို စိုးရိမ္ပူပန္မိေနသည္။ Juyeonႏွင့္ သူအခုမွျပန္လည္အဆင္ေျပခါစမလို႔ ထပ္ၿပီးခြဲရမည့္အျဖစ္မ်ိဳးေတာ့ မျဖစ္ေစခ်င္ပါ။

" ငါထြက္ၾကည့္လိုက္ရင္ေကာင္းမလား "

Juyeonက သူလာမေခၚမခ်င္းမထြက္ဖို႔ေတာ့ ေျပာထားေပမဲ့ ခ်စ္ရသူက အႏၱရာယ္ႏွင့္ ႀကဳံေနလွ်င္ေတာ့ အဘယ္သူကေနနိုင္မည္နည္း။

ထိုစဥ္အတြင္းမွာပဲ အျပင္ဘက္ကေန ၾကားလိုက္ရသည့္ ေအာ္သံ။

" Lee Juyeon!!! "

Jaehyunတစ္ခ်က္ ထိတ္လန့္သြားမိသည္။ သူအခုၾကားလိုက္ရသည့္ ေအာ္သံေၾကာင့္ ေျခလွမ္းမ်ာ ရပ္တန့္သြားၿပီး တစ္ကိုယ္လုံးပါေတာင့္တင္း သြားရသည္။

ဒီလို အေနာက္တိုင္းေလသံစြဲ၍ စူးရွရွအသံဟာ Jaehyunထင္ေနသည့္ သူမ်ားျဖစ္ေနနိုင္မလား။

" H-Hyunjun..... "

Jaehyunရဲ႕ စိုးရိမ္မွတ္တို႔ဟာ အျမင့္မားဆုံးအေျခေနကို ေရာက္ရွိလာၿပီမလို႔ သူအျပင္ကိုထြက္ၾကည့္ရန္ပင္ ဆုံးျဖတ္လိုက္ေတာ့သည္။

Juyeon မႀကိဳက္မွာသိေပမဲ့ အကယ္၍ သူထင္ထားသလို Hyunjunျဖစ္ေနမည္ဆိုပါက သူရေအာင္ေဖ်ာင္းဖ်ၿပီး ႏွစ္ေယာက္သားၾကားထဲကို ေၾကေအးေပးနိုင္လိမ့္မည္။

ဒါဟာ Jaehyunရဲ႕ တြက္ခ်က္မႈပင္။ သို႔ေသာ္လည္းပဲ ကံၾကမၼာ စီစဥ္ထားတဲ့အတိုင္းမျဖစ္လာနိုင္ရင္ေရာ။

Jaehyun ရဲေဆးတင္ကာ တံခါးနားသို႔ေရာက္လွမ္းလိုက္ၿပီး အသာေလးတြန္းဖြင့္ၾကည့္လိုက္သည္။ သူေရာက္ေနသည့္ အခန္းက အတြင္းက်သည္မလို႔ ေတာ္႐ုံတံခါးေပါက္ေလာက္ကေန ေခ်ာင္းၾကည့္လွ်င္ေတာင္ အျပင္ဘက္ကိုမျမင္ရေခ်။

ဒါေၾကာင့္ ေ႐ြးခ်ယ္စရာနည္းလမ္း မရွိေတာ့သည္အတူတူ အျပင္ကိုထြက္ရန္သာ တစ္ထစ္ခ် ဆုံးျဖတ္လိုက္ေတာ့သည္။

အိမ္ေရွ႕တံခါးေပါက္ဝမွာ Juyeonကရပ္ေနၿပီး ေက်ာေပးထားသည္မလို႔ Jaehyunထြက္လာတာကို မျမင္နိုင္ေသးေခ်။

ေျခသံလုံစြာ ထြက္လာသည့္Jaehyunကလည္း Juyeonေနာက္နား ေရာက္ေတာ့မွ အေရွ႕ကလူႏွစ္ေယာက္ကိုပါ သဲသဲကြဲကြဲ ျမင္လိုက္ရေတာ့သည္။

Hyunjun ႏွင့္ Younghoon။

" Jaehyun Hyung..."

Hyunjunဆီမွ ထြက္လာေသာအသံျဖစ္သည္။

Juyeonမွ အလန့္တစ္ၾကားမ်က္ႏွာျဖင့္ လွည့္ၾကည့္လာၿပီး

" Jae....ဘာလို႔ထြက္လာတာလဲ! "

ေဒါသသံတို႔ ပါဝင္ေနခဲ့ပါသည္။

Juyeonခဏတာ သတိလက္လြတ္ျဖစ္သြားသည္ကို Hyunjunမွ အခြင့္ေကာင္းယူၿပီး လ်င္ျမန္စြာျဖင့္ Juyeonကို တြန္းထုတ္ကာ Jaehyunလက္ကို သြားဆြဲလိုက္သည္။

အားႏွင့္အဆြဲခံလိုက္ရသည့္ Jaehyunဟာလည္း အိမ္အျပင္ဘက္ကိုေရာက္သြားသလို Hyunjunရင္ခြင္ထဲပါ တန္းေရာက္သြားသည္။

" Hyung...ကြၽန္ေတာ့္ေနာက္လိုက္ခဲ့ပါ "

ဟုေျပာၿပီး ေျပးမည္အလုပ္ တြန္းထုတ္ခံထားရ၍ လဲက်ေနသည့္ Juyeonမွ လက္ထဲမွာအသင့္ကိုင္ထားေသာ ေမာင္းတင္ၿပီးသား ေသနတ္ျဖင့္ Hyunjunညာဘက္လက္ဖ်ံကို လွမ္းပစ္လိုက္သည္။

* ဒိုင္း *

" Junnie!!! "

" Ahh!! "

Younghoonမွလည္း အလန့္တစ္ၾကားျဖင့္ Hyunjunနား ေျပးလာသည္။

လဲက်ေနသည့္ Juyeonက ေအးေဆး ျပန္ထလာကာ Jaehyunလက္ကို ဆြဲၿပီး ေခၚဖို႔လုပ္ေတာ့ Jaehyunက ေသနတ္ထိထားသည့္ Hyunjunအားၾကည့္ေနလ်က္။

စိတ္မရွည္ေတာ့သည့္ Juyeonမွ Jaehyunကို ေပြ႕ခ်ီေခၚခဲ့လိုက္ၿပီး ေရာက္ႏွင့္ေနၿပီးသား သူ႕လူေတြကို အခ်က္ျပခဲ့လိုက္ေတာ့သည္။

Juyeonရဲ႕ အခ်က္ျပမႈကိုရသည္ႏွင့္ စတင္ၿပီးပစ္ခတ္ၾကေလေတာ့ Hyunjunဘက္မွ ပါလာသည့္ လူေတြကလည္း ျပန္လည္ခုခံၾကသည္။

Younghoonမွ လဲေနသည့္ Hyunjunကို အျမန္ဆြဲထူလိုက္ၿပီး ပစ္ခတ္မႈမ်ားၾကား လြတ္ေျမာက္ေအာင္ ခုခံရင္းပင္ ေျပးေနရသည္။

စိမ္းစိုေနသည့္ အပင္ႀကီးေတြ အုပ္စိုးထားသည့္ ေနခ်င္စဖြယ္ စံအိမ္ေလးႏွင့္ မလိုက္ဖက္စြာ ႐ုပ္ပ်က္ဆင္းပ်က္ လဲက်ကာေသဆုံးေနေသာ အေလာင္းမ်ားႏွင့္ ဆူညံလွသည့္ ေသနတ္ပစ္ခတ္သံတို႔ဟာလည္း ထြက္ေပၚေနဆဲပင္။

Juyeonခ်ီထားရာေနာက္ ၿငိမ္ၿငိမ္ေလးလိုက္လာဲ့သည့္ Jaehyunကေတာ့ ကားထဲေရာက္တာေတာင္ ေငးေငးမွိုင္မွိုင္ျဖစ္ေနဆဲပင္။

အရင္ဆုံး သူတို႔နားကေန လြတ္ေအာင္ ေျပးဖို႔က အေရးႀကီးတာမလို႔ Jaehyunကို ကားေပၚတင္ေပးၿပီးသည္ႏွင့္ Juyeonလည္း အရွိန္ႏႈန္းတင္ကာ အေနာက္ဘက္ၿခံအေပါက္ကေန ထြက္လာခဲ့လိုက္ေတာ့သည္။

တစ္ဖက္မွာ က်န္ခဲ့သည့္ Hyunjunႏွင့္ Younghoonကေတာ့ အကာကြယ္ယူနိုင္လိုက္ေပမဲ့ ပုန္းေနရဆဲပင္။

" Hyunjun မင္းအဆင္ေျပရဲ႕လား ငါ Juyeonကို အဲ့ေလာက္ထိ လုပ္ရက္မယ္မထင္ထားခဲ့ဘူး "

" အဲ့ေကာင္လား မလုပ္ရက္မွာ! ထားပါ ကြၽန္ေတာ့္လက္က ရွပ္ထိသြား႐ုံပဲမလို႔ အဆင္ေျပပါတယ္ အရင္ဆုံး ကားဆီေရာက္ေအာင္ သြားၿပီး ဟိုေကာင့္ေနာက္လိုက္ရမယ္ "

" အင္း...ေကာင္းၿပီ "

ႏွစ္ေယာက္လုံးလည္း ပစ္ခတ္တိုက္ခိုက္မႈေတြၾကားထဲမွာ ေျပးရင္းလႊားရင္း ႏွင့္ပင္ ကားရပ္ထားရာေနရာသို႔ ေရာက္သြားေတာ့သည္။ Hyunjunရဲ႕ လူေတြလည္းျပန္ဆုတ္လာခဲ့ၾကၿပီး အသီးသီး ကိုယ္စီကားေပၚတက္ကာ ေျပးလာလိုက္ၾကေတာ့သည္။

..............

" Ju....ဘာျဖစ္လို႔ ပစ္လိုက္တာလဲ "

မိနစ္ပိုင္းအေတာ္ၾကာေအာင္ တစ္လမ္းလုံးတိတ္ဆိတ္လာခဲ့ၿပီးမွ မ်က္ရည္ေတြဝဲေနသည့္ မ်က္လုံးမ်ားျဖင့္ ေမးလာသည့္ Jaehyun။

" အခုအခ်ိန္မွာေတာင္ Jaeက အဲ့ေကာင္ကိုစိတ္ပူေပးေနတာလား "

Juyeon စိတ္ဆိုးေနမည္ဆိုတာ ေလသံၾကား႐ုံႏွင့္ပင္ Jaehyunရိပ္မိပါသည္။

" စိတ္ပူတာေပါ့! ေသနတ္နဲ႕ပစ္ခံရတာေလ တစ္ခုခုႀကီးႀကီးမားမားျဖစ္သြားရင္ ဘယ္လိုလုပ္မွာလဲ Junnieမွာ ဘာအျပစ္မွမရွိတာကို "

ဆိုကာ ေျပာေနရင္း ငိုသံေပါက္လာသည့္ Jaehyunေၾကာင့္ Juyeonေဒါသထြက္လာကာ ေမာင္းေနသည့္ ကားကို ညာဘက္လမ္းေဘးသို႔ခ်ရပ္လိုက္သည္။

ခက္ထန္သည့္ မ်က္ဝန္းမ်ားျဖင့္ လွည့္ၾကည့္လိုက္ေတာ့ Jaehyunဟာ အမွန္တစ္ကယ္ပင္ မ်က္ရည္က်ေနပါသည္။

" Jaeငိုေနတယ္? အဲ့ေကာင္ေၾကာင့္အတြက္နဲ႕Jaeငိုေနတယ္!? "

Juyeon မထင္ရက္နိုင္စြာႏွင့္ပင္ ဟက္ ခနဲတစ္ခ်က္ရယ္မိသည္။

" ေနပါဦး Jaeက အဲ့ေကာင္ေၾကာင့္နဲ႕ ငိုရေအာင္ အဲ့ေကာင္က ဘာမလို႔လဲ ဟမ္!! "

" လူတစ္ေယာက္လုံးကို ေသနတ္နဲ႕ပစ္ထားတာေတာင္ ဝမ္းနည္းခြင့္မရွိေတာ့ဘူးလား!! "

ျပန္ခံေျပာလာသည့္ Jaehyunရဲ႕စကားလုံးေတြက Juyeonကိုထိုးႏွက္ေနသည့္ႏွယ္။

" ကိုယ္အဲ့ေကာင္ကို တစ္ကယ္ ေသေစခ်င္တယ္ဆိုရင္ လက္ဖ်ံကိုမဟုတ္ဘဲ ရင္ဘတ္တည့္တည့္ပစ္ခ်လိဳက္လို႔ရတယ္။Jaeကိုပဲ သူ႕ဆီကေန ေခၚထုတ္သြားခ်င္႐ုံမလို႔သာ အေသမသတ္တာ ကိုယ္သတ္ခ်င္ရင္ အဲ့ေကာင္ေသေနတာၾကာၿပီ!! နားလည္လား!!! "

မ်က္ဝန္းေတြ နီရဲၿပီး လည္ပင္းေၾကာေတြေထာင္သည့္အထိ ေအာ္ေျပာလိုက္သည့္ Juyeonေၾကာင့္ Jaehyun တစ္ကယ္ပင္ ေၾကာက္မိပါသည္။

" မေအာ္ပါနဲ႕ ဘာလို႔ေအာ္ေနရတာလဲ အမွားလုပ္ထားတာ Juေနာ္ Jaeလည္းမဟုတ္သလို Junnieလည္းမဟုတ္ဘူး "

" ဪ....ဒါဆို Jaeက အဲ့ေကာင္ေနာက္ကို လိုက္သြားခ်င္ေနတာေပါ့ ကိုယ့္ေနာက္ကိုလိုက္မွာ မဟုတ္ဘူးေပါ့ "

" ကေလးအေတြးေတြ ေတြးမေနနဲ႕ ! Juေနာက္ကိုမလိုက္ခ်င္ဘူးလို႔ ဘယ္တုန္းကမွ မေျပာခဲ့ဖူးဘူး။ အခုJuကို ေျပာေနတာက Junnieကို ေသနတ္နဲ႕ပစ္တဲ့ကိစၥ "

"Jaeသာထြက္မလာခဲ့ရင္ ကိုယ္လည္းသူ႕ကိုေသနတ္နဲ႕ ပစ္စရာအေၾကာင္းမွမရွိတာ။ တစ္အားကို စိုးရိမ္ေနပုံၾကည့္ရင္ ေတာ္ေတာ္ခ်စ္ေနတယ္ ထင္တယ္ ဟက္! ကိုယ္မရွိခဲ့တဲ့ အေတာအတြင္း အဲ့အေကာင္နဲ႕ေတာ္ေတာ္ေပ်ာ္ခဲ့တဲ့ပုံပဲ "

သဝန္တိုစိတ္ေတြပဲစိုးမိုးေနသည့္ Juyeonအား Jaehyunစိတ္မရွည္ေတာ့ပါ။

" ကေလးအေတြးေတြေလွ်ာက္မေတြးနဲ႕လို႔ ေျပာၿပီးၿပီေလ Juyeon!! တစ္ကယ္ပဲ ဘယ္လိုျဖစ္ေနတာလဲ Juေျပာစကားနားမေထာင္ဘဲ ထြက္လာမိတာေတာ့ Jaeအမွားပါ ဒါေပမဲ့- "

" ဘာကို ဒါေပမဲ့လဲ!!!! "

"Ju.....Jaeကိုေအာ္တာ ႏွစ္ေခါက္ရွိၿပီေနာ္ "

Jaehyunမ်က္ဝန္းထဲတြင္ မ်က္ရည္စတို႔ကထပ္မံ ေနရာယူလာခဲ့ျပန္သည္။

" ထားလိုက္ပါေတာ့ Jaeဆက္ၿပီး စကားမမ်ားခ်င္ေတာ့ဘူး "

ဆိုကာ တစ္ဖက္ကိုမ်က္ႏွာလႊဲသြားၿပီး Jaehyun ငိုေနမိသည္။

အစကေတာ့ ဘာမွျပန္မေျပာလာသည့္ Juyeonက ေဒါသအလ်င္းကို မထိန္းနိုင္စြာျဖင့္ မ်က္စိေရွ႕မွာ ရွိသည့္ ကားစတီယာရင္အား တစ္ဘုန္းဘုန္းထုေတာ့သည္။

ေဘးကေနရွိေနသည့္ Jaehyun မွ လန့္သြားၿပီး မ်က္ရည္က်႐ုံကလြဲလို႔ မတတ္နိုင္ခဲ့ေခ်။

Juyeonမွ ဘာစကားမွဆက္မေျပာေတာ့ဘဲ ကားစတီယာရင္ကို ထုေနတာလည္းရပ္လိုက္ၿပီး ကား boxထဲမွာ အသင့္ေဆာင္ထားသည့္ ေဆးလိပ္ဘူးႏွင့္ မီးျခစ္အား ထုတ္ယူလိုက္ကာ မီးညွိၿပီး ေဆးလိပ္ဖြာေနသည္။

" Lee Juyeon!!! "

Jaehyunက ေခၚလိုက္ေတာ့ တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ခဲ့။

" ဒါဘာလုပ္တာလဲ!!! "

" ၾကည့္႐ုံနဲ႕မသိဘူးလား ေဆးလိပ္ေသာက္ေနတာေလ "

သမာဓိကို လာစမ္းေနသည့္ Juyeonအား Jaehyunမည္သို႔မွ် သည္းခံေပးလို႔ မရေတာ့ေခ်။ ဒါေၾကာင့္ Juyeonႏႈတ္ခမ္းမွ ေသာက္လက္စေဆးလိပ္တိုႏွင့္ အေရွ႕မွ ေဆးလိပ္ဘူးကိုဆတ္ခနဲဆြဲယူကာ ကားမွန္ကတစ္ဆင့္လႊင့္ပစ္လိုက္သည္။

" Jae ဘာျဖစ္ခ်င္ေနတာလဲ ဟမ္!!! "

" Jae စကားမမ်ားခ်င္ဘူးလို႔ ေျပာၿပီးၿပီေနာ္ Ju ေဆးလိပ္ေသာက္တာ Jaeမႀကိဳက္ဘူးဆိုတာသိသိရက္နဲ႕ကို ေသာက္တာမလား "

Juyeonမွ ဘာမွျပန္မေျပာေတာ့ဘဲ တစ္ဖက္သို႔ လွည့္သြားသည္။

" Ju..."

"......"

"Juyeon"

"........"

" ဆက္မသြားေတာ့ဘူးလား ေနာက္ကေနလိုက္လာၾကရင္ ဘယ္လိုလုပ္မလဲ "

" Jae အဲ့အေကာင္ကိုေတြ႕ခ်င္ေနတာမလား "

Jaehyun သက္ျပင္းခ်မိပါသည္။ Juyeonမွဆက္ၿပီး

" စိတ္ခ်ပါ Jaeေရွ႕မွာတင္ အဲ့ေကာင္ကို သတ္ျပမွာမလို႔ ေစာင့္ေနလိုက္ "

Juyeonရဲ႕ မ်က္ဝန္းမ်ားဟာ နီရဲခက္ထန္ေနၿပီး ေၾကာက္စရာေကာင္းေနသည္ဟု Jaehyunထင္မိသည္။

ဟုတ္ပါသည္။ သူJuyeonကိုာေၾကာက္မိသည္။ Hyunjunကို ေသနတ္နဲ႕ပစ္လိုက္ကတည္းက Juyeonကို ေၾကာက္ေနခဲ့ျခင္းျဖစ္သည္။

ကံၾကမၼာဆိုသည့္ အရာဟာလည္း အခုလိုမ်ိဳးအတြက္ အခ်ိန္ကိုက္စီစဥ္ထားသလား ေအာက္ေမ့ရပါသည္။

အေနာက္မွ Hyunjunတို႔ကား ေရာက္လာျခင္းျဖစ္သည္။

Juyeonတို႔ကား ရပ္ထားသည္ျမင္ေတာ့ Hyunjunႏွင့္ Younghoon ကားထဲမွထြက္လာလိုက္သည္။

အလားတူစြာပင္ Juyeonကလည္း ကားထဲမွထြက္သြားသည္မလို႔ Hyunjunကို တစ္ခုခုလုပ္ေတာ့မည္စိုးသျဖင့္ Jaehyunကပါ ပ်ာပ်ာသလဲ ထြက္လာရသည္။

" Hyung! "

" Junnie ႀကီးႀကီးမားမား မထိခိုက္သြားဘူးမလားဟင္ "

ကိုယ့္ညီေလးလို ခင္ရေတာ့ စိုးရိမ္စိတ္ေတြေၾကာင့္ မသိလိုက္ခင္ အခ်ိန္ေလးမွာတင္ Hyunjunအနားကို Jaehyun ေရာက္သြားခဲ့သည္။

ထိုစဥ္ Juyeonဆီမွ ဟက္ခနဲ ရယ္သံတစ္ခ်က္က ေပၚထြက္လို႔လာသည္။

" ေတာ္ေတာ္ခ်စ္ၾကတဲ့ ပုံပဲ အဲ့လိုမွန္းသိ မင္းကို ရင္ဘတ္တည့္တည့္ တစ္ခါတည္းေသသြားေအာင္ပစ္ေပးလိုက္ပါတယ္ "

" Lee Juyeon!! "

" မင္း ငါ့နာမည္ကို လာမေအာ္နဲ႕ မင္းမွာငါ့ကို ေအာ္ပိုင္ခြင့္မရွိဘူး Jae!! အခုခ်က္ခ်င္း ကိုယ့္ဆီျပန္လာခဲ့ "

Jaehyunမွ ဘာျပႆနာမွ ဆက္မျဖစ္ေစခ်င္လို၍ သြားမည္လုပ္ေတာ့ Hyunjunက Jaehyun လက္ကိုလွမ္းဆြဲထားသည္။

" Hyunjun! "

YoungHoon မွအသိေပးလိုက္ျခင္း။

" မင္း ဘာလုပ္တာလဲ အဲ့တာ "

" ျမင္႐ုံနဲ႕မသိဘူးလား မင္းလိုအေကာင္မ်ိဳးဆီကို ငါ့ရဲ႕ Hyungကို ေပးမသြားနိုင္လို႔ ေခၚထားတာေလ "

" မင္းက လာေနာက္ေနတာပဲ Hyujun ေသခ်င္ေနၿပီလား "

ဆိုကာ ဘယ္သူမွေတာင္ ဘာမွ ကာကြယ္ခ်ိန္မရလိုက္ဘဲ Juyeonက Hyunjunအား လက္သီးႏွင့္ ေျပးထိုးေတာ့သည္။

Jaehyunကို ​ေရွာင္ၿပီးထိုးလိုက္သည့္ အတြက္ေၾကာင့္ ဘာမွေတာ့ မထိခိုက္သြားခဲ့။

Younghoonကလည္း Jaehyunအား သူ႕ဘက့လွမ္းဆြဲေခၚထားသည္။

Juyeonႏွင့္ Hyunjunမွာေတာ့ ဘယ္သူမွ လာတား၍ မရေအာင္ကို ထိုးႀကိတ္ေနၾကၿပီျဖစ္သည္။ Juyeon အစကတည္းက ေသနတ္မယူလာဘဲ ဒီအတိုင္း Hyunjunကို ရိုက္ႏွက္ခ်င္ေနခဲ့သည္။

Hyunjunကလည္း Juyeonကို စိတ္ပိုတိုေအာင္ စကားမ်ားေျပာေနခဲ့သည္။

" မင္းသိလား Juyeon ငါ Jaehyun Hyungႏႈတ္ခမ္းေလးကို နမ္းဖူးတယ္ "

Juyeonနားနားကပ္ၿပီး ေျပာလိုက္ျခင္း။ Juyeonမွ အလြန္ထိတ္လန့္သြားသည့္ မ်က္ႏွာေျပာင္းသြားေတာ့ Hyunjunမွထပ္ၿပီး

" Hyungရဲ႕ ႏႈတ္ခမ္းေလးကေလ ခ်ိဳခ်ိဳၿမိန္ၿမိန္ေလးနဲ႕ အိစက္စက္ေလး ငါတစ္ခါနမ္းၿပီး မလြတ္ခ်င္ေလာက္ေအာင္ပဲ "

" ေခြးမသား ေသခ်ာေနၿပီပဲ "

ဆိုကာ Juyeonမွ Hyunjunရင္ဘတ္ကို ေျခေထာက္နဲ႕ ကန္လိုက္ေတာ့ ဟိုကလြင့္သြားသည္။

" Ya!!! Lee Juyeon ေတာ္ေတာ့ "

Younghoonမွ လွမ္းေအာ္ၿပီး Juyeonကို ေျပးတားသည္။ သို႔ေပမဲ့ ေဒါသထြက္ေနသည့္ Juyeonရဲ႕ ေဒါသက ဘယ္သူမွ မထိန္းနိုင္ေတာ့ဘူးထင္။

လာတားသည့္ Younghoonကိုေတာင္ ဂုတ္ကေနကိုင္ကာ တစ္ဖက္ကို ဆြဲလႊင့္ပစ္သည္။

" အာ့!! "

အားနဲ႕ ပစ္လႊဲခံလိုက္ရသည္မလို႔ Younghoonအက်ေတာ္ေတာ္ နာသြားသည္။

" Ju ေတာ္ေတာ့လို႔ ေျပာေနတယ္ေလ "

Jaehyunကလည္း အားသုံးကာ Juyeonကို တားေပမဲ့ ဘယ္လိုမွမရ။ ဘီလူးတစ္ေကာင္ႏွယ္ ေၾကာက္ဖို႔ ေကာင္းလွသည့္ Juyeonက မ်က္လုံးထဲလည္း ဘာမွမျမင္ေတာ့ဘဲ လဲက်ရာမွ ျပန္ထလာသည့္ Hyunjunအား ေျပးထိုးျပန္သည္။

သို႔ႏွင့္ ႏွစ္ေယာက္သား၏ တိုက္ခိုက္မႈဟာ တစ္စၿပီးတစ္စ ပိုမိုျပင္းထန္လာခဲ့သည္။

ႏွစ္ေယာက္လုံးရဲ႕ လက္စဟာလည္း မေသးသလို မ်က္ႏွာအသီးသီးမွာလည္း ေသြးအလိမ္းလိမ္းျဖင့္ ျမင္လို႔ရႉလို႔ေတာင္ မေကာင္းသည့္ အေနအထားကို ေရာက္ကုန္သည္။

တိုက္ခိုက္ေနၾကရင္း Juyeonမွ ဟန္ခ်က္ပ်က္ၿပီး လဲသြားေတာ့ Hyunjunက အခြင့္ေကာင္းယူၿပီး ကားေဘးမွာ က်ေနသည့္ ေသနတ္ကို ေကာက္ယူလိုက္ကာ Juyeonထပ္ထလာလို႔ မရေစရန္ ေပါင္ကို ပစ္လိုက္မည္ျပဳသည္။

သို႔ေပမဲ့ သူပစ္လိုက္သည္က ေပါင္ေနရာမဟုတ္ဘဲ ရင္ဘတ္ေနရာတည့္တည့္ကို က်ည္ဆန္က ထိမွန္သြားေတာ့သည္။

" Hyunjun မလုပ္နဲ႕!!!! "

*ဒိုင္း*

Jaehyunရဲ႕ ေအာ္သံအဆုံးတြင္ေတာ့ ေပၚေပါက္လာသည့္ ေသနတ္သံႏွင့္အတူ တစ္ဖက္မွ Juyeonဟာလည္း လဲက်သြားခဲ့သည္။ ပစ္မိလိုက္သည့္ Hyunjunမွာ သူ႕လက္သူပင္မယုံနိုင္စြာ လက္မ်ားတုန္လာၿပီး ေသနတ္ကို ပစ္ခ်မိလိုက္သည္။

"Ju!!!!! မျဖစ္ဘူး!!! "

လဲက်သြားသည့္ Juyeonနားကို Jaehyunေရာ Younghoonေရာ ေရာက္သြားေလသည္။

Jaehyunက Juyeonကိုယ္လုံးေလးကို ဆြဲယူကာ ေအာ္ႏွိုးသည္။

" Ju...Ju...သတိထားဦးေလ Ju....မအိပ္လိုက္နဲ႕ေနာ္ မ်က္လုံးေတြကိုမမွိတ္လိုက္နဲ႕ေနာ္ ဘယ္လိုလုပ္ေပးရမလဲ "

ဘယ္ဘက္ ရင္​ဘတ္ေနရာမွ ေသြးမ်ားစိမ့္ထြက္လာၿပီး Jaehyunမွ ထပ္မထြက္ေစရန္ ဖိထားေပမဲ့ အခ်ည္းႏွီးသာ။

" Ju...မ်က္လုံးေတြ မမွိတ္လိုက္နဲ႕ေနာ္ Jaeကို မထားသြားရဘူးေနာ္ Juyeon!! Lee Juyeon မင္းကတိေပးထားတယ္ေလ ငါတို႔အတူတူေနမယ္ဆိုၿပီး မင္းအခုလိုအရင္ ထြက္သြားလို႔မရဘူးေနာ္! !"

အတိုင္းမသိ စကားေတြ တရစပ္ေျပာေနခဲ့ၿပီး အသံမ်ားဟာလည္း တုန္ယင္ေနခဲ့သည္။ ခ်စ္ရသူဟာ သူ႕ဘဝထဲကေန ေနာက္တစ္ႀကိမ္ထပ္ၿပီး ထြက္သြားေတာ့မွာလား။

မျဖစ္ပါေစနဲ႕။ ကံၾကမၼာရယ္...အဲ့ေလာက္ထိ သူ႕ကိုမရက္စက္ပါနဲ႕ေတာ့။ အရင္7ႏွစ္ တုန္းကလည္း သူ႕မယ္ အ႐ူးတစ္ပိုင္းႏွယ္ ခံစားခဲ့ရၿပီးၿပီ။ အခုေတာ့ သူ႕ကိုထပ္ၿပီးနာက်င္ခံစားရေအာင္ မလုပ္ပါနဲ႕ေတာ့။

ေပ်ာ္ပိုင္ခြင့္မရွိေတာ့ရင္ေတာင္ မဝမ္းနည္းပါေစနဲ႕။ ဝမ္းနည္းမႈေၾကာင့္ က်ဆင္းခဲ့တဲ့ မ်က္ရည္တို႔ဟာလည္း ကုန္ခမ္းလုနီးပါး။ ေဆာက္တည္ရာမရျဖစ္ခဲ့သည္မွာလည္း အႀကိမ္ႀကိမ္။

Juyeonသာ သူ႕ဘဝထဲကေန အၿပီးပိုင္ထြက္သြားမည္ဆိုပါက Jaehyunသူ႕ကိုယ္သူ ထိခိုက္ေအာင္လုပ္မိလိမ့္မည္။

___________________________________________

ေနာက္တစ္ပိုင္းက ဇာတ္သိမ္းပါၿပီ။ ဇာတ္သိမ္းပိုင္းကိုေတာ့ ေနာက္ေန႕က်တင္ေပးပါ့မယ္~

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com