Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 40 (ဇာတ်သိမ်းပိုင်း)

Namwon မြို့နယ်၊ ပြည်သူ့ဆေးရုံ၏ အရေးပေါ်ဌာနတွင် ဆရာဝန်အချို့နှင့် သူနာပြုများ အလုပ်ရှုပ်လျက်ရှိ​ကြသည်။

တော်ရုံ ကြီးကြီးမားမားမဖြစ်တတ်သည့် မြို့နယ်ပိုင်းလေးက အခုလို နှလုံးရှိရာနေရာတွင် သေနတ်ပစ်ခံထိထားတော့ ကျွမ်းကျင်သည့် ဆရာဝန်များတောင် ချွေးတစ်လုံးလုံးဖြင့် ကြိုးစားနေကြရသည်။

ခွဲစိတ်ခန်းအတွင်းမှာ သတိလစ်မေ့မျောနေသော သေနတ်ပစ်ခံထိထားသည့် ကောင်လေးဟာလည်း အပြင်ဘက်လောကတွင် ဘာဖြစ်နေမှန်းမသိ။

ခွဲစိတ်ခန်း၏ အပြင်ဘက်တွင် စောင့်နေသော ကောင်လေးသုံးယောက်သည်လည်း အခြေအနေကိုစိုးရိမ်လျက်ရှိသည်။

Jaehyun တစ်ကိုယ်လုံးနီးပါးတွင် Juyeon၏ သွေးတို့ ပေနေခဲ့ပြီး ထိုအရာများကို ဆေးကြောဖို့လည်း မတွေးမိခဲ့။ သူအခုစိုးရိမ်နေသည်က Juyeonကိုပင်။ ခေါင်းထဲမှာ Juyeonတစ်ယောက်ကို စိုးရိမ်ခြင်းတွေသာလျှင် ကြီးစိုးနေတာကြောင့် Younghoonက စိတ်အေးအေးထားပြီး ထိုင်ခိုင်းတာတောင် သူအာရုံမရချေ။

" Jaehyun! ခဏလောက် ထိုင်လိုက် မင်းစိတ် တည်ငြိမ်ဖို့လိုတယ် "

" ငါဘယ်လိုလုပ် စိတ်တည်​ငြိမ်နိုင်မှာလဲ!! Juyeonက သေရေးရှင်ရေးဖြစ်နေတာ ငါကဘာလို့ စိတ်ကိုတည်ငြိမ်အောင် ထားရမှာလဲ!! "

Younghoonလည်း Jaehyunကို ပြောမရတော့မယ်မှန်းသိတာမလို့ လက်လျှော့လိုက်ပြီး ဆရာဝန်ထွက်လာသည်ကိုပဲ အတူတူစောင့်ဆိုင်းနေလိုက်တော့သည်။

နာရီလက်တံတွေ တစ်ရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ခွဲစိတ်ခန်းထဲမှ ဆရာဝန်ဟာ အခုထိထွက်မလာသေးတာမလို့ Jaehyunရဲ့ စိုးရိမ်စိတ်တို့ ပိုမိုမြင့်တက်လာရသည်။

အချိန်အားဖြင့်လည်း ငါးနာရီကြာနေပြီမဟုတ်ပါလား။ အခုလောက်ဆို ထွက်လာသင့်နေပြီး Juyeonဘာမှ မဖြစ်ကြောင်း ပြောသင့်နေပြီလေ။ သို့ပေမဲ့ ဆရာဝန်၏ အရိပ်အယောင်လေး တစ်စွန်းတစ်စတောင်မှ မမြင်ရသေးချေ။

အနားရှိ Hyunjunမှာလည်း Juyeonအတွက် စိတ်ပူနေသည့် Jaehyunကိုကြည့်ကာ စိတ်မကောင်းလျက်ရှိသည်။ Jaehyunကို ဝမ်းမနည်းစေချင်ခါမှပဲ အခုလိုတွေဖြစ်လာရတယ်လို့။

ဒါဟာလည်း သူ့အပြစ်ကြောင့်ပဲလေ။ သူသာ...သေနတ်ကိုယူပြီး မပစ်ခဲ့ရင် အခုလိုအခြေအနေထိရောက်နိုင်မည်မဟုတ်ချေ။ သို့ပေမဲ့ Hyunjunနားမလည်နိုင်သည့် တစ်ခုက Juyeonဟာ သူ့အား သေနတ်နဲ့တစ်ခါတည်း ပစ်သတ်လို့ ရပါလျက်နဲ့ အဘယ်ကြောင့် သေနတ်ကို ကားထဲမှာ ထားခဲ့ပြီး ဒီအတိုင်းတိုက်ခိုက်ရတာလဲဆိုတာပင်ဖြစ်သည်။

ထိုင်မရ ထမရနှင့် အဆက်မပြတ် မျက်ရည်များကျဆင်းကာ ဝမ်းနည်းနေသော Jaehyunကို Hyunjunဖက်ထားပေးကာ နှစ်သိမ့်ပေးချင်နေမိသည်။ သို့ပေမဲ့ သူဟာအပြစ်လုပ်ထားသူမလို့ မရဲဝံ့ပါလေ။

Jaehyun သူ့ကိုမုန်းသွားမှာကိုလည်း စိုးရိမ်မိသည်။ Jaehyunဝမ်းနည်းတာကို စိတ်မကောင်းဖြစ်သည်ကတစ်ဖက် သူ့ကိုမုန်းသွားမှာစိုး၍ စိတ်ပူသည်က တစ်ဖက်နှင့် Hyunjunအတွေးများနေရသည်။

ခဏကြာတော့ ဆေးရုံအတွင်းသို့ အနက်ရောင်ဝတ်စုံဝတ်ထားသည့်သူများ လျှောက်လမ်းအပြည့်ရောက်လာကြသည်။ ထိုထဲမှ ခေါင်းဆောင်လိုဖြစ်သူက အလယ်မှာနေရာယူပြီး သူတို့ရှိရာဆီသို့လာနေလေသည်။

" သား!! "

Jaehyunခေါ်သံ ကြား၍ လှည့်ကြည့်လိုက်တော့ သူ၏အဖေဖြစ်သူ။

" Appa "

အဖေဖြစ်သူမှ Jaehyunအား ဖက်လိုက်သည်။ နားမလည်နိုင်စွာဖြင့် ကြောင်ကြည့်နေကြသည့် သူများမှာ Younghoonနှင့် Hyunjunပင်။ သို့ပေမဲ့ ကိစ္စတွေက မေးလို့ကောင်းသည့် အချိန်မဟုတ်သေးတော့ ဒီအတိုင်းငြိမ်နေလိုက်ကြသည်။

Jaehyunက သူအဖေရင်ခွင်ထဲမှာ ပို၍ငိုနေပြီး ပါးစပ်မှလည်း

" Appa! Juyeon....Juyeon ကျွန်တော့်နားကနေထွက်သွားရင် ဘယ်လိုလုပ်မလဲ"

ငိုယိုပြီးပြောလာသည့် စကားသံများက နာကျင်ဖွယ်ရာအတိ။

" ငါ့သားကလည်း အဲ့လိုမပြောရဘူးလေ Juyeonက ဘယ်လောက်တောင်သန်မာလိုက်သလဲ။ ဘာမှမဖြစ်ဘူး အဆင်ပြေသွားလိမ့်မယ် "

Jaehyunရဲ့ ခေါင်းလေးအား အသာယာပွတ်ပြီး နှစ်သိမ့်လာရှာသည်။

" Juyeon ကောင်းကောင်းကျော်လွှားနိုင်မှာပါနော်..."

" ဒါပေါ့ သားရဲ့ ဒါပေါ့ အဲ့တာကြောင့်သားက စိတ်အေးအေးလေးထားပြီး စောင့်နေနော် "

Jaehyunခေါင်းအသာလေးငြိမ့်ပြမိသည်။

နာရီပေါင်းများစွာ ထပ်မံကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ခွဲစိတ်ခန်းတံခါးရဲ့ အပေါ်မှ မီးလုံးလေးဟာ မှိတ်သွားသည်။ ခွဲစိတ်ခန်းထဲမှလည်း ဆရာဝန်နှင့် သူနာပြုတစ်ချို့တို့ အသီးသီးထွက်လာကြတာမြင်တော့ Jaehyunကအရင်ပြေးကာ တာဝန်ခံဆရာဝန်နား သွားမေးသည်။

" ဒေါက်တာ....Juရော...Juyeonရောဟင် သူ...သူအဆင်ပြေတယ်မလား ဒေါက်တာ ကျွန်တော့်ကို ပြောပြပါဦး!! "

" ဟုတ်ကဲ့ ကျွန်တော်ပြောပြပါ့မယ် ။ လူနာLee Juyeonရဲ့ ကျည်ဆန်ကိုတော့ ထုတ်ပေးပြီးသွားပါပြီ ခက်ခဲတဲ့ ခွဲစိတ်မှုဖြစ်ခဲ့ပေမဲ့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ လူနာ Lee Juyeonက ကိုမာဝင်သွားတဲ့ အနေအထားပါ။ "

" ခင်ဗျာ? ကိုမာဝင်တယ်? "

" ဟုတ်ပါတယ်ဗျ "

Jaehyunမှာ မတ်တပ်ရပ်ဖို့ အားပင်မရှိတော့သည်အထိ သူပျော့ခွေကျသွားတော့သည်။

" Jaehyun! "

Younghoonက အပြေးလာပြီး Jaehyunကို လာတွဲကူပေးပေမဲ့ Jaehyunလုံးဝပင် အားမရှိတော့ချေ။  ဒေါက်တာမှ ကျန်သည့် သူနာပြုများကို ခေါ်ပြီး Jaehyunကို စစ်ဆေးပေးရန် အော်ခေါ်လေသည်။

ထိုအထိ စကားသံတွေ Jaehyunကြားပေမဲ့ တစ်ဖြေးဖြေး အမြင်တွေမှုန်ဝါးလာသည်။ အသံများအား ကြားတစ်ချက်မကြားတစ်ချက်ဖြစ်လာပြီး လုံးဝ မှောင်ပိန်းမကျသွားခင်အထိ သူ့နှုတ်ခမ်းပါးလေးကနေ ထွက်လာသည့် အမည်နာမတစ်ခုက " Ju.." တဲ့။

............................

ဆေးရုံရဲ့ ပိုးသတ်ဆေးအနံ့က အတော်လေးပင် စူးရှလှသည်။ မျက်လုံးများပင် မဖွင့်ခင် နှာခေါင်းထဲသို့ စူးဝင်လာသည့် အနံ့ကြောင့် Jaehyun မျက်မှောင်များ ကြုံ့လိုက်မိသည်။

" သား နိုးလာပြီလား "

နားထဲမှာ ကြားလိုက်ရသည်က အဖေဖြစ်သူ၏အသံ။

မျက်လုံးနှစ်လုံးကို ဖွင့်ကာကြည့်တော့ ကြိုဆိုနေသည်က အဖြူရောင်မျက်နှာကြက်။ ဘေးကိုအနည်းငယ် စောင်းကာကြည့်လိုက်တော့ အဖေဖြစ်သူနှင့် Younghoonကိုတွေ့လိုက်ရသည်။

" Jaehyun မင်းသတိရလာပြီပဲ "

" အင်း..... "

Jaehyun အားယူကာထလိုက်ပြီးနောက်

" Appa! Younghoon! Juyeonရောဟင် "

Younghoonက ပြန်မပြောသေးဘဲ Jaehyun အဖေကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အဖေဖြစ်သူမှ

" စိတ်မပူပါနဲ့ အခု Juyeonကိုရော သားကိုရော Appa Seoul ကဆေးရုံမှာ ရွှေ့ထားပေးတာ Juyeonက အခု VIP roomထဲမှာ ရှိနေတယ် "

" အဲ့တာဆို Ju ဆီသွားမယ် ကျွန်တော်သွားမှရမယ် "

ဆိုကာ သူ့လက်မှာ သွင်ထားသည့် ဆေးထိုးအပ်ကို ဆွဲဖြုတ်ကာ Juyeonရှိသည်ဆိုသော အခန်းကို ပြေးထွက်သွားသည်။ မည်သူမျှတောင် တားချိန်မရလိုက်။

Juyeonကို စိတ်ပူဇောကပ်နေသည့် Jaehyunမှာ သူ့ဆေးရုံခန်းထဲတွင် Hyunjunနှင့် Yuriရယ် ပြီးတော့ ကလေးတွေရယ်ပါ အတူတူရှိနေတာကို သတိမထားမိသည်အထိ။

" Tr.အတွက် စိတ်မကောင်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ "

Hyunieပြောသည်ကို Rakwonကလည်း ခေါင်းလေးတစ်ငြိမ့်​ငြိမ့်နှင့်။ ကလေးတွေမှာလည်း သူတို့ Tr.ကို ပြန်တွေ့ပြီပြောတော့ ဝမ်းပန်းတစ်သာ ဖြစ်သွားကြပေမဲ့ အခြေနေကိုမြင်လိုက်ရသည့် အခါတွင် စိတ်မကောင်းဖြစ်သွားကြရသည်။

...............

Juyeonကို VIP roomမှာ ထားထားသည်သာပြောတာ ဘယ်မှာလဲ သူမသိတာမလို့ ပြေးထွက်လာလာချင်း တွေ့သည့် ဆရာဝန်တစ်ယောက်အား မေးလိုက်သည်။

" ဒေါက်တာ! VIP roomတွေ​က ဘယ်ဘက်မှာလဲဟင် "

"VIP roomတွေက အပေါ်က 13လွှာမှာပါ ဒါနဲ့ လူနာခင်ဗျ အခုလို လျှောက်သွားနေလို့ မရပါဘူး အရင်ဆုံး အခန်းကို ပြန်- "

ဆရာဝန်စကားတောင် မဆုံးသေးခင်မှာ ဓာတ်လှေကားရှိရာဆီသို့ ပြေးထွက်သွားသည့် Jahyun။

ချစ်ရသူကို စိတ်ပူ၍ ဆောက်တည်ရာမရဖြစ်နေသည့် Jaehyunခမျာမှာ တွေ့လိုက်သည်သူတိုင်းအဖို့ စိတ်မကောင်းဝမ်းနည်းစရာပင်။ ပြေးထွက်လာတာ ဖိနပ်လည်းမပါ။ လက်ကဆေးပိုက်ဖြုတ်ထားတော့ သွေးအနည်းငယ်က ထွက်နေသေးသည်။

မျက်ရည်များလည်း ကျနေပြီး ပတ်ဝန်းကျင်ရဲ့ ဘာကိုမှ သူဂရုမစိုက်နိုင်ချေ။

သူအခု Juyeonရဲ့ မျက်နှာလေးကို မြင်လိုက်ရမှ အဆင်ပြေသွားနိုင်မည်ဖြစ်သည်။ ကျဆင်းလာသည့် မျက်ရည်တွေကို လက်ခုံဖြင့် အကြမ်းပတမ်း ပွတ်သုတ်ရင်း ဓာတ်လှေကားတံခါးမြန်မြန်ပွင့်လာဖို့ ဆုတောင်းနေသည်။

7လွှာကနေ 13လွှာကို သွားရသည်မှာ မကြာပေမဲ့ အပူဇောနဲ့ လောနေသည့် Jaehyunအတွက်တော့ အချိန်တော်တော်ကြာမြင့်သည်ဟု တွေးထင်နေမိပါသည်။

ဓာတ်လှေကားတံခါးပွင့်သည့်နှင့် များများစားစားမရှိသည့် VIP roomတံခါးပေါ်မှာ ရေးထားသည့် နာမည်တွေကိုလိုက်ကြည့်ရင်း အစွန်ဆုံးအခန်းတွင်တော့ သူ့ချစ်သူရဲ့ နာမည်ကိုတွေ့လိုက်ရသည်။

အခန်းထဲကိုဝင်လိုက်တော့မှသာ Jaehyun အမောဖြေနိုင်တော့သည်။ ဆေးရုံကုတင်ထက်မှာ ဆေးသွင်းထားလျက်တန်းလန်း အောက်ဆီဂျင်ပေးသည့် ကိရိယာလေးလည်း တပ်ထားပြီး လှဲလျောင်းနေသည့် Juyeon ကိုကြည့်ကာ သူ စိတ်မကောင်းဖြစ်မိပါသည်။

Juyeonက အခုလိုနေရာမျိုးမှာ ရှိသင့်သည့်သူမျိုးမှမဟုတ်ဘဲ။

အနားနားလေးကို သွားကာ ဆေးသွင်းထားသည့် လက်ကလေးအား အသာယာဆုပ်ကိုင်လိုက်တော့ နွေးထွေးမှုလေးကို သူခံစားမိပါသေးသည်။

Juyeonလက်ဖဝါးကို ပါးမှာအပ်ရင်း ငိုမိပြန်သည်။ သြော်.....ဒီမကုန်ခမ်းနိုင်သည့် မျက်ရည်တွေကလည်း Jaehyunမျက်နှာတစ်ခုလုံးတောင် ပေပွနေစေသည်။

" Ju.....Jaeရောက်နေပြီလေ "

တိုးညှင်းစွာထွက်ပေါ်လာသည့် အသံလေးက စိတ်မကောင်းချင်ဖွယ်အတိ။

" Ju...မြန်မြန်ထလာရမယ်နော် Jaeတို့အတူတူ လျှောက်လည်ရဦးမယ်လေ အတူတူ မုန့်လုပ်စားကြဦးမယ် Juလုပ်ကျွေးတဲ့ ကြက်ဥလိပ်လည်းစားချင်သေးတယ် အဲ့တာကြောင့် Ju မြန်မြန်ထလာပေးနော် "

ရင်ထဲကလာသည့် စကားလုံးများအား တစ်လုံးချင်း ဖွင့်ဟ လာခဲ့သည်။ ထိုအချိန်ထိလည်း ဆုပ်ကိုင်ထားသည့် လက်ကလေးအား မလွှတ်ပေးနိုင်။

ကံကြမ္မာရယ်....Jaehyunအပေါ်ကိုရက်စက်လိုက်တာ။ ပထမဆုံး ချစ်သူနဲ့ခွဲခွာရတယ် မိဘအရင်းလို့ထင်ခဲ့တဲ့သူတွေက မိဘအရင်းဟုတ်မနေခဲ့ဘူး အလကားနေရင်း ချစ်သူကို မုန်းတယ်ပြောမိခဲ့တယ်။ အခုလည်း ချစ်ရသူကို ဘာမှမပြောနိုင် မလှုပ်နိုင်သည့် အ​ခြေအနေမျိုးကြီးနဲ့ တွေ့နေရပြန်တယ်။

Juyeonသူ့နားက ထွက်သွားတုန်းက ကျခဲ့ရတဲ့ မျက်ရည်တွေကို ကုန်ခမ်းပြီထင်ခဲ့တာ။ တစ်ကယ်တမ်းက မဟုတ်ပါလေ။

....................

YoungHoonနှင့် Hyunjun တို့ အတူတူဝင်လာတော့ Juyeonလက်ကလေးကို ဆုပ်ကိုင်ကာနေနေသည့် Jaehyunကို တွေ့လိုက်ရသည်။

" Hyung "

မနေနိုင်တော့သည့် Hyunjunက ခေါ်လာသည်။

Jaehyunက တစ်ဖြည်းဖြည်းချင်းလှည့်ကြည့်လာပြီး Hyunjunကို မြင်သည်နှင့် ခက်ထန်သည့်မျက်နှာထား ပြောင်းသွားသည်။

" မင်းတို့ ခဏ စကားပြောနှင့်ကြဦးနော် ငါ ကလေးတွေနဲ့ Yuriကို လိုက်ပို့ပေးလိုက်ဦးမယ် "

Younghoonက သူတို့နှစ်ယောက်ကို ရှောင်ပေးသည့် သဘောဖြင့် ခဏအပြင်ပြန်ထွက်သွားသည်။

" မင်းဘာလာလုပ်တာလဲ! "

စကားသံဟာ ခါတိုင်းလို နူးညံ့မနေ။

" ကျွန်တော်.....တောင်းပန်ပါတယ် Hyung စိတ်ရင်းနဲ့ကို တောင်းပန်ပါတယ် "

" မင်းတောင်းပန်လိုက်တော့ရော Juyeonက ပြန်ကောင်းလာနိုင်တော့မှာလား!! သေမလားရှင်မလားတောင် မသိနိုင်သေးတဲ့ အခြေအနေကိုတောင် ရောက်သွားတာ "

" ကျွန်တော်လည်း မရည်ရွယ်မိပါဘူး Hyungရဲ့ ကျွန်တော်က ဒီအတိုင်း သူ့ကို ခဏမထလာနိုင်အောင်လို့ ခြေထောက်နားလောက်ပဲ ချိန်လိုက်တာပါ"

" မင်းခြေထောက်နားချိန်တာကလည်း အခုတော့ ရင်ဘတ်တည့်တည့်ထိသွားတာလေ!! Juyeonက မင်းကို ငါကသံယောဇဥ်ရှိမှန်းသိလို့ မင်းထိခိုက်ရင် ငါပါဝမ်းနည်းရမှာစိုးလို့ သူတစ်မင်သေနတ်ကို ကားထဲမှာ ထားခဲ့တာ! မင်းကို သတ်ချင်ရင် အစောကြီးကတည်းက သတ်ပြီးနေပြီ Hyunjun"

Jaehyunမှ အော်ပြောလာတော့သည်။

" ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် Hyungကို မစွန့်လွှတ်နိုင်လို့ပါ သူသာခေါ်သွားရင် Hyungနဲ့ ကျွန်တော်ဝေးရမှာဆိုပြီး အတွေးဝင်လာမိလို့ အခုလို အမှားလုပ်ခဲ့မိတာပါ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ Hyung"

ဆိုကာ ငိုယိုပြီး Jaehyunကို လာဖက်ရှာသည်။ ဒါကို Jaehyunက အတင်းရုန်းကာ ပြန်လည်တွန်းထုတ်ရင်း Hyunjunမျက်နှာကိုပါ လက်သီးနဲ့ထိုးလိုက်သည်။

အားဖြင့် အထိုးခံလိုက်ရတာကြောင့် Hyunjun မှ လဲကျသွားသည်။

" Juက ငါ့အတွက် ဘာနဲ့မှအဖိုးဖြတ်လို့မရတဲ့ လူ ငါလောကကြီးမှာ အချစ်ဆုံးလူ အဲ့တာကို မင်းကအခုလို အနာတရဖြစ်အောင်လုပ်လိုက်တာကို ငါကမင်းကို ခွင့်လွှတ်ရမယ် ဟက်"

လက်မလျှော့သည့် Hyunjunက တစ်ဖန်ပြန်ထလာကာ Jaehyunလက်ကို ဆွဲကိုင်ပြန်သည်။

" ကျွန်တော်Hyungကို ချစ်လွန်းလို့ပါ ကျွန်တော့်နှလုံးသားထဲကကို နက်နက်ရှိုင်းရှိုင်းချစ်မိနေလို့ အခုလို မဆင်ခြင်ဘဲ လုပ်မိတာပါ Hyungရဲ့ "

" ငါမင်းကို သံယောဇဥ်ရှိပါတယ် Hyunjun ဒါပေမဲ့ အခုမင်းကို ငါမုန်းတယ် ဘာသံယောဇဥ်မှ မထားတော့ချင်လောက်အောက်ကို မုန်းသွားတာ "

Jaehyunလက်ကို ကိုင်ထားသည့် Hyunjumလက်တို့ အားလျော့လာကာ လွှတ်ချမိသည်။

မုန်းတယ်တဲ့လား..? သူသိပ်ချစ်နေမိရတဲ့ လူသားက သူ့ကိုမုန်းသည်တဲ့လား။ သူသိပ်ပြီးနမ်းချင်နေခဲ့တဲ့ မြတ်နိုးရတဲ့ နှုတ်ခမ်းပါးလေးကနေ ထွက်လာသည့် စကားက မုန်းတယ်တဲ့လား....?

" ကျွန်တော်......"

" မင်းအသံကိုငါမကြားချင်ဘူး သွား အခုထွက်သွား ငါနဲ့Juကို အေးအေးဆေးဆေးပေးနေပါတော့! "

Hyunjun ဘာမှပြန်မပြောနိုင်လောက်အောင်ကို စိတ်ဓာတ်ကျသွားပြီး ထွက်သွားမိပါသည်။ ချစ်ရသူက မုန်းကြောင်းပြောလာတာကို သူဘယ်လိုလုပ် ခံနိုင်ရည်ရှိပါတော့မလဲ။

ဆက်ပြီးနေနေရအောင်အထိလည်း သူမျက်နှာပြောင်မတိုက်တတ်။ သြော်.....လောကကြီးရယ် Hyunjunရဲ့ ပထမဆုံး အချစ်ဦးက နာကျင်စေရလိုက်တာ နှလုံးသားကြီးတစ်ခုလုံး တစ်စစီဖြစ်မတတ်ပဲကွယ်။

........................

ခြောက်လ.....

အချိန်အားဖြင့် Juyeon ကိုမာဝင်၍ လှဲနေရသည်မှာ ခြောက်လကြာမြင့်သွားလေပြီဖြစ်သည်။ Jaehyunမှာတော့ Juyeonနားမှာ အမြဲရှိနေခဲ့ပြီး အစစအရာရာ ဂရုစိုက်ပေးနေသည်မှာ သူ့ကိုယ်သူတောင် ပြန်ဂရုစိုက်ဖို့မေ့နေသည်အထိပင်။

မနက်ခင်းမိုးလင်းရင် Juyeonမျက်နှာလေးကို ရေပတ်ဝတ်လေးသုတ် သန့်စင်ပေးပြီး သူကိုယ်တိုင်ကျ မျက်နှာသစ်ဖို့တောင် မေ့နေတာမျိုး။

Juyeonလက်သည်းလေးတွေရှည်လာရင် ညှပ်ပေး။ နှုတ်ခမ်းမွှေးတွေရိတ်ပေးနဲ့။ ကုတင်ပေါ်မှာ လှဲနေသည့် သူကတော့ မျက်လုံးလေးမှိတ်လျက်သားပေမဲ့ Jaehyunကတော့ အကုန်အစဆုံး ဂရုစိုက်ပေးရှာပါသည်။

ပြန်လည်နိုးထလာမည့် တစ်ရက်ရက်ကိုစောင့်ရင်းပေါ့။ ဆရာဝန်တွေပြောချက်အရတော့ ခွဲစိတ်မှုအောင်မြင်ခဲ့ပေမဲ့ ပြန်ပြီးနိုးလာနိုင်ချေကတော့ နည်းတယ်တဲ့လေ။ တစ်သက်လုံး မနိုးတော့တာလည်း ဖြစ်နိုင်တယ်တဲ့။

Jaehyunခမျာ အဲ့စကားကြားတုန်းက ရယ်ရခက် ငိုရခက်။ သို့ပေမဲ့ သူအကြွင်းမဲ့ ယုံကြည်ထားပါသည်။ Juyeonက သူ့ဆီပြန်လာမည်ဆိုတာ။

Juyeonရဲ့ လက်ကလေးတွေကို ရေပတ်ဝတ်တိုက်ပေးနေရင်း တံခါးဖွင့်သံကြားလို့ လှည့်ကြည့်တော့ Hyunnie Winneရယ်နဲ့ Rakwonတို့။

လက်ထဲမှာလည်း အထုတ်တွေကိုယ်စီနှင့် ပါလာကြသည်။

" ကလေးတွေ ဘာတွေဝယ်လာကြတာတုန်း "

" Tr. နဲ့အတူတူစားဖို့လေ ပဲခေါက်ဆွဲဝယ်လာတာ"

Hyunnieက အထုတ်တွေချရင်း ပြန်ဖြေသည်။
Rakwonကလည်း

" ကျွန်တော်တို့ကို Younghoon hyungက မုန့်ဖိုးတွေပေးခဲ့တာလေ နေ့လည်စာကို ဒီမှာပဲ လာလာစားနေတာသိတော့ Tr.ကိုလည်း အစားကောင်းကောင်းစားရအောင်လို့ ဆိုပြီး "

Hyunjunရဲ့ ညီမလေးနှစ်ယောက်က အခုဆို Rakwonနှင့် Yeonkyuတို့နဲ့ အတူ အထက်တန်းကျောင်း တက်ရောက်နေပြီဖြစ်သလို ကံကောင်းချင်တော့ သူတို့တက်နေသည့် ကျောင်းကလည်း ဆေးရုံနှင့် မဝေးချေ။

ဒါကြောင့် နေ့လည်စာစားချိန်လောက်ဆို သူတို့တစ်တွေအတူတူရောက်လာကြပြီး ကိုယ်ဟာကိုဆို နေ့လည်စာတောင် စားဖို့မေ့နေလောက်မှာ သိသည့် Jaehyunအတွက်ပါဝယ်လာကာ အတူတူစားလေ့ရှိသည်။

Jaehyunအဖေမှလည်း အခုလိုကလေးတွေလာတတ်တာသိတော့ ပိုကြီးသည့် အခန်းကိုပြောင်းထားသေးသည်။ ကလေးတွေ ပို၍ သက်တောင့်သက်သာဖြစ်အောင်လို့တဲ့။

" ဒါနဲ့ အပြင်က အစောင့်အကိုကြီးနှစ်ယောက်က ချောလိုက်တာနော် "

Winnieမှပြောလာခြင်းဖြစ်သည်။

" နေ့လည်စာရော စားပြီးကြပြီလားမသိဘူး မုန့်ဖြစ်ဖြစ်သွားပေးရင်ကောင်းမလား "

"yah! နင်က ဒီအထိလာပြီးတော့ကို အဆင်ငမ်းနိုင်သေးတယ်နော် ဆေးရုံပါဆို ပန်းခြံမှတ်နေလားမသိဘူး "

" ဟဲ့ အဆင်ငမ်းတယ်ဆိုတာ နေရာသတ်မှတ်တာမရှိဘူး ဆင်တာမြင်အကုန်ငမ်းရမှာပဲ ဘာဖြစ်လဲ! "

Winnieနှင့် Yeonkyuတို့ အခြေတင် စကားပြောနေတာလေးကိုကြည့်ပြီး Jaehyunသဘောတကျပြုံးမိပါသည်။ သူ့မယ် ဒီကလေးတွေရှိနေလို့တော်သေးသည် ပြောရမည်။ Younghoonနှင့် Yuriကလည်းမအားကြ။ Hyunjunနဲ့ကလည်း စကားမပြောဖြစ်သည်မှာ ကြာခဲ့ပြီဆိုတော့ သူ့မယ် ဒီကလေး လေးယောက်သာ အနားမှာ ကျန်တော့သည်။

Hyunnieနှင့် Winnieကလည်း ရင့်ကျက်ရှာပါသည်။ သူတို့အကိုနှင့် Jaehyun ကိစ္စကိုလည်း သိပြီးရော ဘာမှမေးမြန်းခြင်းမရှိဘဲ အထိုက်အလျောက်နေပေးသည်။ သူတို့နားလည်ပါသည်လေ။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို အခုလိုမြင်နေရတာ ဘယ်သူမှ ခံနိုင်ရည်ရှိမှာမဟုတ်။

" ကလေးတို့ ကျောင်းမှာရော အဆင်ပြေကြရဲ့လား စာတွေကော လိုက်နိုင်လား "

" ဟုတ် အခုလောက်တော့ တော်တော်အဆင်ပြေနေပါပြီ Tr. အရမ်းကြီးခက်ခဲတာတွေမရှိတော့ဘူးရယ် "

ကလေးတွေနှင့် နေ့လည်စာစားပြီး စကားပြောနေတုန်း Juyeonလှဲနေသည့် ကုတင်ဘေးက စက်မှ အသံထမြည်လာခဲ့သည်။

" တီ တီ တီ တီ "

အသံစူးစူးက ထမြည်လာတာမလို့ ကလေးတွေကော Jaehyunပါလန့်သွားပြီး ထကြည့်လိုက်မိသည်။

" Ju....Ju "

Juyeonတစ်ခုခုဖြစ်တယ်ထင်ပြီး Jaehyunက စိုးရိမ်၍ ရပ်နေသည့်အချိန်မှာ Rakwonက ခေါင်းရင်းနားရှိ ဆရာဝန် ခေါ်သည့် ခလုတ်အား အမြန်နှိပ်လိုက်သည်။

" စိတ်အေးအေးထားပါ Tr.ရယ် ဦးလေးJuyeon ဘာမှမဖြစ်လောက်ပါဘူး "

သိပ်မ​ကြာလိုက် ခဏလေးနှင့်ပင် ဆရာဝန်ရယ် သူနာပြုအချို့ရယ် ရောက်လာခဲ့ကြသည်။

စစ်ဆေးစရာရှိ စစ်ဆေးပြီးသွားတော့

" လူနာက အခြေနေကောင်းလာတယ်ပြောရမယ်ခင်ဗျ နှလုံးခုန်နှုန်းပြန်မှန်လာတယ် အောက်ဆီဂျင်လည်း လုံလုံလောက်လောက်ရနေတာမလို့ မကြာခင်အချိန်အတွင်း ပြန်နိုးနိုင်ချေ ရှိနေပါတယ် "

ဆရာဝန်စကားဆုံးသည်နှင့် မျက်လုံးအရောင်လေးများ တောက်ပလာသည့် Jaehyunအား ကလေးတွေက ကြည့်ပြီး ဝမ်းသာနေကြပါသည်။

...............

မကြာခင် နိုးလာနိုင်ချေ ရှိတယ်ပြောလို့ Jaehyun ဝမ်းသာမိနေပါသည်။ ကလေးတွေဝယ်ထားပေးခဲ့တဲ့ ညစာကိုစားပြီးတော့ ထုံးစံအတိုင်း Juyeon နားကို သွားကာလက်ကလေးကိုဆုပ်ကိုင်ရင်း ဆုတောင်းနေမိသည်။

" မြန်မြန်နိုးလာပါတော့ ကိုရယ်..."

သူကိုယ်တိုင်တောင် သတိမထားမိဘဲ ခေါ်လိုက်သည့် နာမ်စားလေးပေါ့။

Juyeonနှဖူးလေးကို တစ်ချက်နမ်းလိုက်ကာ အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်သည်။

မနက်ခင်း နှစ်နာရီ။

Jaehyun မှောက်ကာ အိပ်ပျော်နေရင်း သူ့ခေါင်းကို တစ်စုံတစ်ယောက်က လာပွတ်သပ်ပေးသလို ခံစားလိုက်ရသည်မလို့ နိုးလာခဲ့သည်။ မှောက်နေရာမှ ထကာ ကြည့်တော့ သူ့မျက်လုံးသူပင်မယုံနိုင်စွာ။

" Ju......."

သူ့ကိုပြုံးပြီး ကြည့်နေသည့် Juyeon။

" Ju......ဘယ်တုန်းက နိုးနေခဲ့တာလဲ "

" Jaeကိုယ့်ကို နမ်းပြီးအိပ်ပျော်သွားတုန်းက ထင်တယ် "

" ဒါ....ဒါ...အိပ်မက်မဟုတ်ပါဘူးနော် Juတစ်ကယ် ပြန်နိုးလာတာလား "

ပြောရင်း ငိုသံပါပါလာသည့် Jaehyun။

" အိပ်မက်မဟုတ်ပါဘူး Jaeကလည်း ကိုယ်တစ်ကယ် နိုးလာတာပါ "

ခံစားချက်တွေ မထိန်းနိုင်တော့သည့် အဆုံးမှာတော့ Jaehyun ငိုချပစ်မိသည်။

" ဟော....ငိုပြန်ပြီ မငိုရဘူးလေ Jaeရယ် ဒါငိုစရာကိစ္စမှမဟုတ်တာ မငိုရဘူး တိတ်တော့ တိတ်တော့"

Jaehyunကျောလေးကို သပ်ကာ ချော့နေရသည့် Juyeon။

" Juကို....ဆုံးရှုံးလိုက်ရတော့မယ်ထင်နေခဲ့တာ အကယ်လို့ ပြန်မနိုးလာခဲ့ရင်ရော ငါဘာဆက်လုပ်ရတော့မှာလဲ ဆိုပြီး "

" ဟာ....မဟုတ်တာ ကိုယ်က Jaeဆီသေချာပေါက်ပြန်လာရမှာပေါ့ ကိုယ့်ချစ်သူလေးဆီကို "

ပြောရင်း Jaehyunခေါင်းလေးကို သွားပွတ်သပ်ပေးမိသည်။

" ကိုယ်တောင်းပန်ပါတယ်နော် Jae "

ရုတ်တစ်ရက်ကြီး ထတောင်းပန်သည့် Juyeonကြောင့် Jaehyunလန့်သွားမိသည်။

" ဘာလို့လဲ Juရဲ့ "

" ကိုယ် အဲ့နေ့က Jaeကို အော်ခဲ့မိတာလေ ကလေးဆန်တဲ့အတွေးတွေ တွေးမိပြီး Hyunjunနဲ့ သဝန်တိုလို့ ကိုယ်မစဥ်းစားဘဲ ပြောမိခဲ့တာတွေအတွက် "

" Juကလည်း အဲ့တာတွေက ကြာခဲ့ပြီကို စိတ်ထဲမထားပါနဲ့ ဘာမှမဖြစ်ဘူး Juအခုလို ပြန်ကောင်းလာတာပဲ ကျေးဇူးတင်နေရပြီ Jaeအတွက် လုံလောက်တယ် "

Juyeonမှ Jaehyunအား ချစ်သည့် မျက်ဝန်းတွေဖြင့် တစ်ဝကြီးကြည့်မိသည်။ သူချစ်ရသူလေးက ဘယ်အချိန်ကြည့်ကြည့် သူ့အတွက်တော့ ​ငြိမ်းချမ်းရာ ရပ်ဝန်းလေးပင်။

သူအများကြီး ဒုက္ခတွေခံခိုင်းမိတာပဲ ဒီအဖိုးတန်လေးကို။

" Jae..."

" ဟင် ပြောလေ "

" အများကြီး အများကြီး ချစ်တယ်နော် "

" Jaeက ပိုတောင်ချစ်သေးတယ် Juရဲ့ "

ပြုံးမိလိုက်ပါသည်။

"အာ...ဒါနဲ့ ကိုယ့်ကို စောနက မအိပ်ခင် ခေါ်လိုက်သလိုလေး ခေါ်ကြည့်ပါဦးလား Jae "

Jaehyunက ခဏတာပြန်စဥ်းစားနေသေးသည်။ ပြီးတော့မှ မှတ်မိသွားဟန်ဖြင့်

"အာ...အဲ့တာလား အဲ့တာက ဒီအတိုင်း ဟို....အာ! ဟူတ်သား Juနိုးလာ​တာ ဆရာဝန်ခေါ်ရဦးမှာလေ မေ့နေတာ "

ရှက်တော့ စကားလမ်းကြောင်းတွေ စွတ် လွှဲပြီး ထသွားသည့် Jaehyunရယ်ပါ။

........................

ကိစ္စတွေအားလုံးလည်း ပြီးခဲ့ပါပြီ။

Juyeon ကိုမာဝင်နေရာမှ ခြောက်လအကြာမှာ ပြန်နိုးလာပြီး တစ်လလောက် ဆေးကုသမှု ခံယူပြီး နောက်မှာတော့ ဆေးရုံကဆင်းခွင့်ရခဲ့သည်။

Jaehyunရဲ့ ဂရုစိုက်မှာတွေကြောင့်ပဲလားမသိ။ မြန်မြန်ပြန်လည်နေကောင်းကျန်းမာလာသည့် Juyeonကို ဆရာဝန်တွေကလည်း ဝမ်းမြောက်မိကြသည်။ Juyeonဆေးရုံဆင်းသည့် နေ့ကျတော့ ကလေးတစ်သိုက်နှင့်အတူ Younghoonနှင့် Yuriကလည်း အတူတူရောက်လာကြသည်။

Jaehyunအဖေ, Juyeonရဲ့ Bossကတော့ သူ့လူတွေတစ်ရုန်းရုန်းနဲ့လာရင် အနေခက်မယ်စိုးသည် ဆိုသောကြောင့် Juyeonတို့ ပစ္စည်းတွေရွှေ့ပြီး အစောကတည်းက ပြန်သွားလိုက်သည်။

" ဒါ Yuriလေ မင်းမှတ်မိတယ်မလား "

" မမှတ်မိဘဲနေပါ့မလား Younghoonရယ် ငါ့ကိုတောင် Jaehyunကို ကြိုက်နေတယ်ထင်ပြီး သဝန်တိုခဲ့သေးတာ။ အမလေး အဲ့တုန်းကများ ငါ့ကိုဝါးစားမတတ်ကြည့်နေတာ "

Yuriက ပြောတော့ Juyeonက ရှက်သွားသည့် ပုံစံဖြင့် သူ့ဂုတ်သူပွတ်လျက်။ ကလေးတွေကလည်း Juyeonကို မရင်းနှီးသေးပေမဲ့ လာနှုတ်ဆက်ရှာသည်။

" ဦးလေး Juyeonအခုလို နေကောင်းသွားလို့ ကျွန်တော်တို့ ဝမ်းသာပါတယ် ဒါကျွန်တော်တို့ လေးယောက်ပေါင်းပြီးပေးတဲ့ လက်ဆောင်ပါ "

Rakwonက ဦးဆောင်ပြီး အိတ်ကလေးတစ်ခု ထိုးပေးလာသည်။ ပုံကြည့်ရတာ အဝတ်အစားbrandတစ်ခုခုကလို။

" ဟင်..pajama setလေးပါလား "

" ဟူတ်တယ် Tr.နဲ့ အတူတူဝတ်ရအောင် couple ဝယ်လာတာ "

" ကျေးဇူးတင်ပါတယ် ကလေးတို့ ဆေးရုံတက်နေတုန်းကလည်း Jaeကို အတူတူလာအဖော်ပြုပေးတာကော တစ်ကယ်ကျေးဇူးအများကြီးတင်ပါတယ် "

" ဟုတ်ကဲ့ ရပါတယ်ခင်ဗျ "

" ငါတို့ တစ်ခုခုသွားစားကြမလား ဒီနားမှာ Hot Potဆိုင်တစ်ဆိုင် အသစ်ဖွင့်တယ်ကြားတယ် သွားစားရအောင် "

" ကောင်းပြီလေ ဒီနေ့ ငါဒကာခံမယ် Jae အဖေ့ကိုပါ ခေါ်လိုက်မလား "

" အင်း ခေါ်လိုက်မယ်လေ "

Jaehyunနှင့် သူ့အဖေကလွဲလို့ ကျန်တာက သွေးသားမတော်စပ်သည့် သူစိမ်းတွေဆိုပေမဲ့ အားလုံးဟာ မိသားစုလေးတစ်ခုလိုပါပဲ။ အခက်ခဲဖြစ်နေချိန်မှာ တုံ့ဆိုင်းခြင်းမရှိ ကူညီပေးခဲ့ကြပြီး တန်ဖိုးထားတဲ့သူ ဝမ်းနည်းနေတာ မြင်၍လည်း အတတ်နိုင်ဆုံး အားအင်တစ်ခုဖြစ်ခဲ့ပေးကြသည်။

လိုလေသေးမရှိ အစစအရာရာ ဖြည့်ဆည်းပေးခဲ့ကြပြီး ပြည့်စုံတဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးကို ဖန်တီးကြသည်။

အတူတူ Hot Potစားနေတုန်း

" Hyunjun ရောက်လာပြီလား "

Juyeonမှ ပြောလာခြင်း။

" ထိုင်လေ မင်းအတွက် တစ်နေရာချန်ထားပေးတယ် "

Jaehyunက Juyeonကို လှည့်ကြည့်လာတော့

" ကိုယ်Younghoonတို့ကို အကူညီတောင်းပြီး ခေါ်ထားတာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မရှိချိန် Jaeအနားမှာ ရှိနေပေးခဲ့သူပဲမလား။ Hyunjunကို မမုန်းလိုက်ပါနဲ့ "

ကျန်တဲ့သူတွေကတော့ Juyeonကို စိတ်သဘောထားပြည့်ဝလိုက်တာဟူ၍ ချီးကျူးမိပါသည်။

အစကတော့ Juyeonခေါ်လို့သာ လာထိုင်နေရပေမဲ့ အရယ်အပြုံးမရှိနေသည့် Hyunjunက Jaehyunသူ့ပန်းကန်ထဲကို အသားကင်လာထည့်ပေးတော့မှသာ မျက်လုံးလေးတွေ အရောင်လက်သွားသည်။

" စားလေ Hot Potမင်းတစ်ယောက်စာပေးထားရတာ တန်အောင်စား! "

အကုန်လုံး ပြုံးလိုက်ကြပါသည်။

ဒါကတော့ Juyeonနှင့် Jaehyunတို့ရဲ့ ကမ္ဘာငယ်လေးပဲပေါ့။

အရင်းနှီးဆုံး သူစိမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာငယ်လေး။ ထိုကမ္ဘာငယ်လေးထဲမှာပဲ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ထပ်တူညီတဲ့ ချစ်ခြင်းတရာမျိုးပေးမှတော့ ပျော်စရာတွေနဲ့ပဲ ဝန်းရံထားသည့် ကမ္ဘာငယ်လေး ဖြစ်နေတော့တာပေါ့ကွယ်။

Redamancy

( The act of loving the one who loves you, a love return in full)

__________________________________________

The End

တစ်နှစ်ကျော်တောင်အချိန်တွေ ဆွဲပြီးရေးခဲ့တဲ့ Jumil ficလေးကတော့ ပြီးသွားခဲ့ပါပြီ။ မတတ်တစ်ခေါက် အရေးသားလေးကို ဖတ်ပေးကြတဲ့ တစ့်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်နော်။
ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းလေး ထားပြီးရေးချင်ပေမဲ့ ကြားထဲမှာ ပေါ့သွားတာမျိုး ရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ နောက်ပိုင်းficတွေမှာ ပိုကောင်းအောင် ကြိုးစားသွားပါ့မယ်။ ကျေးဇူးတင်ပါတယ်🌸

Zawgyi

Namwon ၿမိဳ႕နယ္၊ ျပည္သူ႕ေဆး႐ုံ၏ အေရးေပၚဌာနတြင္ ဆရာဝန္အခ်ိဳ႕ႏွင့္ သူနာျပဳမ်ား အလုပ္ရႈပ္လ်က္ရွိ​ၾကသည္။

ေတာ္႐ုံ ႀကီးႀကီးမားမားမျဖစ္တတ္သည့္ ၿမိဳ႕နယ္ပိုင္းေလးက အခုလို ႏွလုံးရွိရာေနရာတြင္ ေသနတ္ပစ္ခံထိထားေတာ့ ကြၽမ္းက်င္သည့္ ဆရာဝန္မ်ားေတာင္ ေခြၽးတစ္လုံးလုံးျဖင့္ ႀကိဳးစားေနၾကရသည္။

ခြဲစိတ္ခန္းအတြင္းမွာ သတိလစ္ေမ့ေမ်ာေနေသာ ေသနတ္ပစ္ခံထိထားသည့္ ေကာင္ေလးဟာလည္း အျပင္ဘက္ေလာကတြင္ ဘာျဖစ္ေနမွန္းမသိ။

ခြဲစိတ္ခန္း၏ အျပင္ဘက္တြင္ ေစာင့္ေနေသာ ေကာင္ေလးသုံးေယာက္သည္လည္း အေျခအေနကိုစိုးရိမ္လ်က္ရွိသည္။

Jaehyun တစ္ကိုယ္လုံးနီးပါးတြင္ Juyeon၏ ေသြးတို႔ ေပေနခဲ့ၿပီး ထိုအရာမ်ားကို ေဆးေၾကာဖို႔လည္း မေတြးမိခဲ့။ သူအခုစိုးရိမ္ေနသည္က Juyeonကိုပင္။ ေခါင္းထဲမွာ Juyeonတစ္ေယာက္ကို စိုးရိမ္ျခင္းေတြသာလွ်င္ ႀကီးစိုးေနတာေၾကာင့္ Younghoonက စိတ္ေအးေအးထားၿပီး ထိုင္ခိုင္းတာေတာင္ သူအာ႐ုံမရေခ်။

" Jaehyun! ခဏေလာက္ ထိုင္လိုက္ မင္းစိတ္ တည္ၿငိမ္ဖို႔လိုတယ္ "

" ငါဘယ္လိုလုပ္ စိတ္တည္​ၿငိမ္နိုင္မွာလဲ!! Juyeonက ေသေရးရွင္ေရးျဖစ္ေနတာ ငါကဘာလို႔ စိတ္ကိုတည္ၿငိမ္ေအာင္ ထားရမွာလဲ!! "

Younghoonလည္း Jaehyunကို ေျပာမရေတာ့မယ္မွန္းသိတာမလို႔ လက္ေလွ်ာ့လိုက္ၿပီး ဆရာဝန္ထြက္လာသည္ကိုပဲ အတူတူေစာင့္ဆိုင္းေနလိုက္ေတာ့သည္။

နာရီလက္တံေတြ တစ္ေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာသည္ႏွင့္အမွ် ခြဲစိတ္ခန္းထဲမွ ဆရာဝန္ဟာ အခုထိထြက္မလာေသးတာမလို႔ Jaehyunရဲ႕ စိုးရိမ္စိတ္တို႔ ပိုမိုျမင့္တက္လာရသည္။

အခ်ိန္အားျဖင့္လည္း ငါးနာရီၾကာေနၿပီမဟုတ္ပါလား။ အခုေလာက္ဆို ထြက္လာသင့္ေနၿပီး Juyeonဘာမွ မျဖစ္ေၾကာင္း ေျပာသင့္ေနၿပီေလ။ သို႔ေပမဲ့ ဆရာဝန္၏ အရိပ္အေယာင္ေလး တစ္စြန္းတစ္စေတာင္မွ မျမင္ရေသးေခ်။

အနားရွိ Hyunjunမွာလည္း Juyeonအတြက္ စိတ္ပူေနသည့္ Jaehyunကိုၾကည့္ကာ စိတ္မေကာင္းလ်က္ရွိသည္။ Jaehyunကို ဝမ္းမနည္းေစခ်င္ခါမွပဲ အခုလိုေတြျဖစ္လာရတယ္လို႔။

ဒါဟာလည္း သူ႕အျပစ္ေၾကာင့္ပဲေလ။ သူသာ...ေသနတ္ကိုယူၿပီး မပစ္ခဲ့ရင္ အခုလိုအေျခအေနထိေရာက္နိုင္မည္မဟုတ္ေခ်။ သို႔ေပမဲ့ Hyunjunနားမလည္နိုင္သည့္ တစ္ခုက Juyeonဟာ သူ႕အား ေသနတ္နဲ႕တစ္ခါတည္း ပစ္သတ္လို႔ ရပါလ်က္နဲ႕ အဘယ္ေၾကာင့္ ေသနတ္ကို ကားထဲမွာ ထားခဲ့ၿပီး ဒီအတိုင္းတိုက္ခိုက္ရတာလဲဆိုတာပင္ျဖစ္သည္။

ထိုင္မရ ထမရႏွင့္ အဆက္မျပတ္ မ်က္ရည္မ်ားက်ဆင္းကာ ဝမ္းနည္းေနေသာ Jaehyunကို Hyunjunဖက္ထားေပးကာ ႏွစ္သိမ့္ေပးခ်င္ေနမိသည္။ သို႔ေပမဲ့ သူဟာအျပစ္လုပ္ထားသူမလို႔ မရဲဝံ့ပါေလ။

Jaehyun သူ႕ကိုမုန္းသြားမွာကိုလည္း စိုးရိမ္မိသည္။ Jaehyunဝမ္းနည္းတာကို စိတ္မေကာင္းျဖစ္သည္ကတစ္ဖက္ သူ႕ကိုမုန္းသြားမွာစိုး၍ စိတ္ပူသည္က တစ္ဖက္ႏွင့္ Hyunjunအေတြးမ်ားေနရသည္။

ခဏၾကာေတာ့ ေဆး႐ုံအတြင္းသို႔ အနက္ေရာင္ဝတ္စုံဝတ္ထားသည့္သူမ်ား ေလွ်ာက္လမ္းအျပည့္ေရာက္လာၾကသည္။ ထိုထဲမွ ေခါင္းေဆာင္လိုျဖစ္သူက အလယ္မွာေနရာယူၿပီး သူတို႔ရွိရာဆီသို႔လာေနေလသည္။

" သား!! "

Jaehyunေခၚသံ ၾကား၍ လွည့္ၾကည့္လိုက္ေတာ့ သူ၏အေဖျဖစ္သူ။

" Appa "

အေဖျဖစ္သူမွ Jaehyunအား ဖက္လိုက္သည္။ နားမလည္နိုင္စြာျဖင့္ ေၾကာင္ၾကည့္ေနၾကသည့္ သူမ်ားမွာ Younghoonႏွင့္ Hyunjunပင္။ သို႔ေပမဲ့ ကိစၥေတြက ေမးလို႔ေကာင္းသည့္ အခ်ိန္မဟုတ္ေသးေတာ့ ဒီအတိုင္းၿငိမ္ေနလိုက္ၾကသည္။

Jaehyunက သူအေဖရင္ခြင္ထဲမွာ ပို၍ငိုေနၿပီး ပါးစပ္မွလည္း

" Appa! Juyeon....Juyeon ကြၽန္ေတာ့္နားကေနထြက္သြားရင္ ဘယ္လိုလုပ္မလဲ"

ငိုယိုၿပီးေျပာလာသည့္ စကားသံမ်ားက နာက်င္ဖြယ္ရာအတိ။

" ငါ့သားကလည္း အဲ့လိုမေျပာရဘူးေလ Juyeonက ဘယ္ေလာက္ေတာင္သန္မာလိုက္သလဲ။ ဘာမွမျဖစ္ဘူး အဆင္ေျပသြားလိမ့္မယ္ "

Jaehyunရဲ႕ ေခါင္းေလးအား အသာယာပြတ္ၿပီး ႏွစ္သိမ့္လာရွာသည္။

" Juyeon ေကာင္းေကာင္းေက်ာ္လႊားနိုင္မွာပါေနာ္..."

" ဒါေပါ့ သားရဲ႕ ဒါေပါ့ အဲ့တာေၾကာင့္သားက စိတ္ေအးေအးေလးထားၿပီး ေစာင့္ေနေနာ္ "

Jaehyunေခါင္းအသာေလးၿငိမ့္ျပမိသည္။

နာရီေပါင္းမ်ားစြာ ထပ္မံေက်ာ္ျဖတ္ၿပီးတဲ့ေနာက္မွာေတာ့ ခြဲစိတ္ခန္းတံခါးရဲ႕ အေပၚမွ မီးလုံးေလးဟာ မွိတ္သြားသည္။ ခြဲစိတ္ခန္းထဲမွလည္း ဆရာဝန္ႏွင့္ သူနာျပဳတစ္ခ်ိဳ႕တို႔ အသီးသီးထြက္လာၾကတာျမင္ေတာ့ Jaehyunကအရင္ေျပးကာ တာဝန္ခံဆရာဝန္နား သြားေမးသည္။

" ေဒါက္တာ....Juေရာ...Juyeonေရာဟင္ သူ...သူအဆင္ေျပတယ္မလား ေဒါက္တာ ကြၽန္ေတာ့္ကို ေျပာျပပါဦး!! "

" ဟုတ္ကဲ့ ကြၽန္ေတာ္ေျပာျပပါ့မယ္ ။ လူနာLee Juyeonရဲ႕ က်ည္ဆန္ကိုေတာ့ ထုတ္ေပးၿပီးသြားပါၿပီ ခက္ခဲတဲ့ ခြဲစိတ္မႈျဖစ္ခဲ့ေပမဲ့ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမဲ့ အခုေလာေလာဆယ္မွာေတာ့ လူနာ Lee Juyeonက ကိုမာဝင္သြားတဲ့ အေနအထားပါ။ "

" ခင္ဗ်ာ? ကိုမာဝင္တယ္? "

" ဟုတ္ပါတယ္ဗ် "

Jaehyunမွာ မတ္တပ္ရပ္ဖို႔ အားပင္မရွိေတာ့သည္အထိ သူေပ်ာ့ေခြက်သြားေတာ့သည္။

" Jaehyun! "

Younghoonက အေျပးလာၿပီး Jaehyunကို လာတြဲကူေပးေပမဲ့ Jaehyunလုံးဝပင္ အားမရွိေတာ့ေခ်။  ေဒါက္တာမွ က်န္သည့္ သူနာျပဳမ်ားကို ေခၚၿပီး Jaehyunကို စစ္ေဆးေပးရန္ ေအာ္ေခၚေလသည္။

ထိုအထိ စကားသံေတြ Jaehyunၾကားေပမဲ့ တစ္ေျဖးေျဖး အျမင္ေတြမႈန္ဝါးလာသည္။ အသံမ်ားအား ၾကားတစ္ခ်က္မၾကားတစ္ခ်က္ျဖစ္လာၿပီး လုံးဝ ေမွာင္ပိန္းမက်သြားခင္အထိ သူ႕ႏႈတ္ခမ္းပါးေလးကေန ထြက္လာသည့္ အမည္နာမတစ္ခုက " Ju.." တဲ့။

............................

ေဆး႐ုံရဲ႕ ပိုးသတ္ေဆးအနံ႕က အေတာ္ေလးပင္ စူးရွလွသည္။ မ်က္လုံးမ်ားပင္ မဖြင့္ခင္ ႏွာေခါင္းထဲသို႔ စူးဝင္လာသည့္ အနံ႕ေၾကာင့္ Jaehyun မ်က္ေမွာင္မ်ား ႀကဳံ႕လိုက္မိသည္။

" သား နိုးလာၿပီလား "

နားထဲမွာ ၾကားလိုက္ရသည္က အေဖျဖစ္သူ၏အသံ။

မ်က္လုံးႏွစ္လုံးကို ဖြင့္ကာၾကည့္ေတာ့ ႀကိဳဆိုေနသည္က အျဖဴေရာင္မ်က္ႏွာၾကက္။ ေဘးကိုအနည္းငယ္ ေစာင္းကာၾကည့္လိုက္ေတာ့ အေဖျဖစ္သူႏွင့္ Younghoonကိုေတြ႕လိုက္ရသည္။

" Jaehyun မင္းသတိရလာၿပီပဲ "

" အင္း..... "

Jaehyun အားယူကာထလိုက္ၿပီးေနာက္

" Appa! Younghoon! Juyeonေရာဟင္ "

Younghoonက ျပန္မေျပာေသးဘဲ Jaehyun အေဖကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ အေဖျဖစ္သူမွ

" စိတ္မပူပါနဲ႕ အခု Juyeonကိုေရာ သားကိုေရာ Appa Seoul ကေဆး႐ုံမွာ ေ႐ႊ႕ထားေပးတာ Juyeonက အခု VIP roomထဲမွာ ရွိေနတယ္ "

" အဲ့တာဆို Ju ဆီသြားမယ္ ကြၽန္ေတာ္သြားမွရမယ္ "

ဆိုကာ သူ႕လက္မွာ သြင္ထားသည့္ ေဆးထိုးအပ္ကို ဆြဲျဖဳတ္ကာ Juyeonရွိသည္ဆိုေသာ အခန္းကို ေျပးထြက္သြားသည္။ မည္သူမွ်ေတာင္ တားခ်ိန္မရလိုက္။

Juyeonကို စိတ္ပူေဇာကပ္ေနသည့္ Jaehyunမွာ သူ႕ေဆး႐ုံခန္းထဲတြင္ Hyunjunႏွင့္ Yuriရယ္ ၿပီးေတာ့ ကေလးေတြရယ္ပါ အတူတူရွိေနတာကို သတိမထားမိသည္အထိ။

" Tr.အတြက္ စိတ္မေကာင္းလြန္းလို႔ ဘယ္လိုလုပ္ရမလဲ "

Hyunieေျပာသည္ကို Rakwonကလည္း ေခါင္းေလးတစ္ၿငိမ့္​ၿငိမ့္ႏွင့္။ ကေလးေတြမွာလည္း သူတို႔ Tr.ကို ျပန္ေတြ႕ၿပီေျပာေတာ့ ဝမ္းပန္းတစ္သာ ျဖစ္သြားၾကေပမဲ့ အေျခေနကိုျမင္လိုက္ရသည့္ အခါတြင္ စိတ္မေကာင္းျဖစ္သြားၾကရသည္။

...............

Juyeonကို VIP roomမွာ ထားထားသည္သာေျပာတာ ဘယ္မွာလဲ သူမသိတာမလို႔ ေျပးထြက္လာလာခ်င္း ေတြ႕သည့္ ဆရာဝန္တစ္ေယာက္အား ေမးလိုက္သည္။

" ေဒါက္တာ! VIP roomေတြ​က ဘယ္ဘက္မွာလဲဟင္ "

"VIP roomေတြက အေပၚက 13လႊာမွာပါ ဒါနဲ႕ လူနာခင္ဗ် အခုလို ေလွ်ာက္သြားေနလို႔ မရပါဘူး အရင္ဆုံး အခန္းကို ျပန္- "

ဆရာဝန္စကားေတာင္ မဆုံးေသးခင္မွာ ဓာတ္ေလွကားရွိရာဆီသို႔ ေျပးထြက္သြားသည့္ Jahyun။

ခ်စ္ရသူကို စိတ္ပူ၍ ေဆာက္တည္ရာမရျဖစ္ေနသည့္ Jaehyunခမ်ာမွာ ေတြ႕လိုက္သည္သူတိုင္းအဖို႔ စိတ္မေကာင္းဝမ္းနည္းစရာပင္။ ေျပးထြက္လာတာ ဖိနပ္လည္းမပါ။ လက္ကေဆးပိုက္ျဖဳတ္ထားေတာ့ ေသြးအနည္းငယ္က ထြက္ေနေသးသည္။

မ်က္ရည္မ်ားလည္း က်ေနၿပီး ပတ္ဝန္းက်င္ရဲ႕ ဘာကိုမွ သူဂ႐ုမစိုက္နိုင္ေခ်။

သူအခု Juyeonရဲ႕ မ်က္ႏွာေလးကို ျမင္လိုက္ရမွ အဆင္ေျပသြားနိုင္မည္ျဖစ္သည္။ က်ဆင္းလာသည့္ မ်က္ရည္ေတြကို လက္ခုံျဖင့္ အၾကမ္းပတမ္း ပြတ္သုတ္ရင္း ဓာတ္ေလွကားတံခါးျမန္ျမန္ပြင့္လာဖို႔ ဆုေတာင္းေနသည္။

7လႊာကေန 13လႊာကို သြားရသည္မွာ မၾကာေပမဲ့ အပူေဇာနဲ႕ ေလာေနသည့္ Jaehyunအတြက္ေတာ့ အခ်ိန္ေတာ္ေတာ္ၾကာျမင့္သည္ဟု ေတြးထင္ေနမိပါသည္။

ဓာတ္ေလွကားတံခါးပြင့္သည့္ႏွင့္ မ်ားမ်ားစားစားမရွိသည့္ VIP roomတံခါးေပၚမွာ ေရးထားသည့္ နာမည္ေတြကိုလိုက္ၾကည့္ရင္း အစြန္ဆုံးအခန္းတြင္ေတာ့ သူ႕ခ်စ္သူရဲ႕ နာမည္ကိုေတြ႕လိုက္ရသည္။

အခန္းထဲကိုဝင္လိုက္ေတာ့မွသာ Jaehyun အေမာေျဖနိုင္ေတာ့သည္။ ေဆး႐ုံကုတင္ထက္မွာ ေဆးသြင္းထားလ်က္တန္းလန္း ေအာက္ဆီဂ်င္ေပးသည့္ ကိရိယာေလးလည္း တပ္ထားၿပီး လွဲေလ်ာင္းေနသည့္ Juyeon ကိုၾကည့္ကာ သူ စိတ္မေကာင္းျဖစ္မိပါသည္။

Juyeonက အခုလိုေနရာမ်ိဳးမွာ ရွိသင့္သည့္သူမ်ိဳးမွမဟုတ္ဘဲ။

အနားနားေလးကို သြားကာ ေဆးသြင္းထားသည့္ လက္ကေလးအား အသာယာဆုပ္ကိုင္လိုက္ေတာ့ ႏြေးေထြးမႈေလးကို သူခံစားမိပါေသးသည္။

Juyeonလက္ဖဝါးကို ပါးမွာအပ္ရင္း ငိုမိျပန္သည္။ ေၾသာ္.....ဒီမကုန္ခမ္းနိုင္သည့္ မ်က္ရည္ေတြကလည္း Jaehyunမ်က္ႏွာတစ္ခုလုံးေတာင္ ေပပြေနေစသည္။

" Ju.....Jaeေရာက္ေနၿပီေလ "

တိုးညွင္းစြာထြက္ေပၚလာသည့္ အသံေလးက စိတ္မေကာင္းခ်င္ဖြယ္အတိ။

" Ju...ျမန္ျမန္ထလာရမယ္ေနာ္ Jaeတို႔အတူတူ ေလွ်ာက္လည္ရဦးမယ္ေလ အတူတူ မုန့္လုပ္စားၾကဦးမယ္ Juလုပ္ေကြၽးတဲ့ ၾကက္ဥလိပ္လည္းစားခ်င္ေသးတယ္ အဲ့တာေၾကာင့္ Ju ျမန္ျမန္ထလာေပးေနာ္ "

ရင္ထဲကလာသည့္ စကားလုံးမ်ားအား တစ္လုံးခ်င္း ဖြင့္ဟ လာခဲ့သည္။ ထိုအခ်ိန္ထိလည္း ဆုပ္ကိုင္ထားသည့္ လက္ကေလးအား မလႊတ္ေပးနိုင္။

ကံၾကမၼာရယ္....Jaehyunအေပၚကိုရက္စက္လိုက္တာ။ ပထမဆုံး ခ်စ္သူနဲ႕ခြဲခြာရတယ္ မိဘအရင္းလို႔ထင္ခဲ့တဲ့သူေတြက မိဘအရင္းဟုတ္မေနခဲ့ဘူး အလကားေနရင္း ခ်စ္သူကို မုန္းတယ္ေျပာမိခဲ့တယ္။ အခုလည္း ခ်စ္ရသူကို ဘာမွမေျပာနိုင္ မလႈပ္နိုင္သည့္ အ​ေျခအေနမ်ိဳးႀကီးနဲ႕ ေတြ႕ေနရျပန္တယ္။

Juyeonသူ႕နားက ထြက္သြားတုန္းက က်ခဲ့ရတဲ့ မ်က္ရည္ေတြကို ကုန္ခမ္းၿပီထင္ခဲ့တာ။ တစ္ကယ္တမ္းက မဟုတ္ပါေလ။

....................

YoungHoonႏွင့္ Hyunjun တို႔ အတူတူဝင္လာေတာ့ Juyeonလက္ကေလးကို ဆုပ္ကိုင္ကာေနေနသည့္ Jaehyunကို ေတြ႕လိုက္ရသည္။

" Hyung "

မေနနိုင္ေတာ့သည့္ Hyunjunက ေခၚလာသည္။

Jaehyunက တစ္ျဖည္းျဖည္းခ်င္းလွည့္ၾကည့္လာၿပီး Hyunjunကို ျမင္သည္ႏွင့္ ခက္ထန္သည့္မ်က္ႏွာထား ေျပာင္းသြားသည္။

" မင္းတို႔ ခဏ စကားေျပာႏွင့္ၾကဦးေနာ္ ငါ ကေလးေတြနဲ႕ Yuriကို လိုက္ပို႔ေပးလိုက္ဦးမယ္ "

Younghoonက သူတို႔ႏွစ္ေယာက္ကို ေရွာင္ေပးသည့္ သေဘာျဖင့္ ခဏအျပင္ျပန္ထြက္သြားသည္။

" မင္းဘာလာလုပ္တာလဲ! "

စကားသံဟာ ခါတိုင္းလို ႏူးညံ့မေန။

" ကြၽန္ေတာ္.....ေတာင္းပန္ပါတယ္ Hyung စိတ္ရင္းနဲ႕ကို ေတာင္းပန္ပါတယ္ "

" မင္းေတာင္းပန္လိုက္ေတာ့ေရာ Juyeonက ျပန္ေကာင္းလာနိုင္ေတာ့မွာလား!! ေသမလားရွင္မလားေတာင္ မသိနိုင္ေသးတဲ့ အေျခအေနကိုေတာင္ ေရာက္သြားတာ "

" ကြၽန္ေတာ္လည္း မရည္႐ြယ္မိပါဘူး Hyungရဲ႕ ကြၽန္ေတာ္က ဒီအတိုင္း သူ႕ကို ခဏမထလာနိုင္ေအာင္လို႔ ေျခေထာက္နားေလာက္ပဲ ခ်ိန္လိုက္တာပါ"

" မင္းေျခေထာက္နားခ်ိန္တာကလည္း အခုေတာ့ ရင္ဘတ္တည့္တည့္ထိသြားတာေလ!! Juyeonက မင္းကို ငါကသံေယာဇဥ္ရွိမွန္းသိလို႔ မင္းထိခိုက္ရင္ ငါပါဝမ္းနည္းရမွာစိုးလို႔ သူတစ္မင္ေသနတ္ကို ကားထဲမွာ ထားခဲ့တာ! မင္းကို သတ္ခ်င္ရင္ အေစာႀကီးကတည္းက သတ္ၿပီးေနၿပီ Hyunjun"

Jaehyunမွ ေအာ္ေျပာလာေတာ့သည္။

" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ Hyungကို မစြန့္လႊတ္နိုင္လို႔ပါ သူသာေခၚသြားရင္ Hyungနဲ႕ ကြၽန္ေတာ္ေဝးရမွာဆိုၿပီး အေတြးဝင္လာမိလို႔ အခုလို အမွားလုပ္ခဲ့မိတာပါ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ Hyung"

ဆိုကာ ငိုယိုၿပီး Jaehyunကို လာဖက္ရွာသည္။ ဒါကို Jaehyunက အတင္း႐ုန္းကာ ျပန္လည္တြန္းထုတ္ရင္း Hyunjunမ်က္ႏွာကိုပါ လက္သီးနဲ႕ထိုးလိုက္သည္။

အားျဖင့္ အထိုးခံလိုက္ရတာေၾကာင့္ Hyunjun မွ လဲက်သြားသည္။

" Juက ငါ့အတြက္ ဘာနဲ႕မွအဖိုးျဖတ္လို႔မရတဲ့ လူ ငါေလာကႀကီးမွာ အခ်စ္ဆုံးလူ အဲ့တာကို မင္းကအခုလို အနာတရျဖစ္ေအာင္လုပ္လိုက္တာကို ငါကမင္းကို ခြင့္လႊတ္ရမယ္ ဟက္"

လက္မေလွ်ာ့သည့္ Hyunjunက တစ္ဖန္ျပန္ထလာကာ Jaehyunလက္ကို ဆြဲကိုင္ျပန္သည္။

" ကြၽန္ေတာ္Hyungကို ခ်စ္လြန္းလို႔ပါ ကြၽန္ေတာ့္ႏွလုံးသားထဲကကို နက္နက္ရွိုင္းရွိုင္းခ်စ္မိေနလို႔ အခုလို မဆင္ျခင္ဘဲ လုပ္မိတာပါ Hyungရဲ႕ "

" ငါမင္းကို သံေယာဇဥ္ရွိပါတယ္ Hyunjun ဒါေပမဲ့ အခုမင္းကို ငါမုန္းတယ္ ဘာသံေယာဇဥ္မွ မထားေတာ့ခ်င္ေလာက္ေအာက္ကို မုန္းသြားတာ "

Jaehyunလက္ကို ကိုင္ထားသည့္ Hyunjumလက္တို႔ အားေလ်ာ့လာကာ လႊတ္ခ်မိသည္။

မုန္းတယ္တဲ့လား..? သူသိပ္ခ်စ္ေနမိရတဲ့ လူသားက သူ႕ကိုမုန္းသည္တဲ့လား။ သူသိပ္ၿပီးနမ္းခ်င္ေနခဲ့တဲ့ ျမတ္နိုးရတဲ့ ႏႈတ္ခမ္းပါးေလးကေန ထြက္လာသည့္ စကားက မုန္းတယ္တဲ့လား....?

" ကြၽန္ေတာ္......"

" မင္းအသံကိုငါမၾကားခ်င္ဘူး သြား အခုထြက္သြား ငါနဲ႕Juကို ေအးေအးေဆးေဆးေပးေနပါေတာ့! "

Hyunjun ဘာမွျပန္မေျပာနိုင္ေလာက္ေအာင္ကို စိတ္ဓာတ္က်သြားၿပီး ထြက္သြားမိပါသည္။ ခ်စ္ရသူက မုန္းေၾကာင္းေျပာလာတာကို သူဘယ္လိုလုပ္ ခံနိုင္ရည္ရွိပါေတာ့မလဲ။

ဆက္ၿပီးေနေနရေအာင္အထိလည္း သူမ်က္ႏွာေျပာင္မတိုက္တတ္။ ေၾသာ္.....ေလာကႀကီးရယ္ Hyunjunရဲ႕ ပထမဆုံး အခ်စ္ဦးက နာက်င္ေစရလိုက္တာ ႏွလုံးသားႀကီးတစ္ခုလုံး တစ္စစီျဖစ္မတတ္ပဲကြယ္။

........................

ေျခာက္လ.....

အခ်ိန္အားျဖင့္ Juyeon ကိုမာဝင္၍ လွဲေနရသည္မွာ ေျခာက္လၾကာျမင့္သြားေလၿပီျဖစ္သည္။ Jaehyunမွာေတာ့ Juyeonနားမွာ အၿမဲရွိေနခဲ့ၿပီး အစစအရာရာ ဂ႐ုစိုက္ေပးေနသည္မွာ သူ႕ကိုယ္သူေတာင္ ျပန္ဂ႐ုစိုက္ဖို႔ေမ့ေနသည္အထိပင္။

မနက္ခင္းမိုးလင္းရင္ Juyeonမ်က္ႏွာေလးကို ေရပတ္ဝတ္ေလးသုတ္ သန့္စင္ေပးၿပီး သူကိုယ္တိုင္က် မ်က္ႏွာသစ္ဖို႔ေတာင္ ေမ့ေနတာမ်ိဳး။

Juyeonလက္သည္းေလးေတြရွည္လာရင္ ညွပ္ေပး။ ႏႈတ္ခမ္းေမႊးေတြရိတ္ေပးနဲ႕။ ကုတင္ေပၚမွာ လွဲေနသည့္ သူကေတာ့ မ်က္လုံးေလးမွိတ္လ်က္သားေပမဲ့ Jaehyunကေတာ့ အကုန္အစဆုံး ဂ႐ုစိုက္ေပးရွာပါသည္။

ျပန္လည္နိုးထလာမည့္ တစ္ရက္ရက္ကိုေစာင့္ရင္းေပါ့။ ဆရာဝန္ေတြေျပာခ်က္အရေတာ့ ခြဲစိတ္မႈေအာင္ျမင္ခဲ့ေပမဲ့ ျပန္ၿပီးနိုးလာနိုင္ေခ်ကေတာ့ နည္းတယ္တဲ့ေလ။ တစ္သက္လုံး မနိုးေတာ့တာလည္း ျဖစ္နိုင္တယ္တဲ့။

Jaehyunခမ်ာ အဲ့စကားၾကားတုန္းက ရယ္ရခက္ ငိုရခက္။ သို႔ေပမဲ့ သူအႂကြင္းမဲ့ ယုံၾကည္ထားပါသည္။ Juyeonက သူ႕ဆီျပန္လာမည္ဆိုတာ။

Juyeonရဲ႕ လက္ကေလးေတြကို ေရပတ္ဝတ္တိုက္ေပးေနရင္း တံခါးဖြင့္သံၾကားလို႔ လွည့္ၾကည့္ေတာ့ Hyunnie Winneရယ္နဲ႕ Rakwonတို႔။

လက္ထဲမွာလည္း အထုတ္ေတြကိုယ္စီႏွင့္ ပါလာၾကသည္။

" ကေလးေတြ ဘာေတြဝယ္လာၾကတာတုန္း "

" Tr. နဲ႕အတူတူစားဖို႔ေလ ပဲေခါက္ဆြဲဝယ္လာတာ"

Hyunnieက အထုတ္ေတြခ်ရင္း ျပန္ေျဖသည္။
Rakwonကလည္း

" ကြၽန္ေတာ္တို႔ကို Younghoon hyungက မုန့္ဖိုးေတြေပးခဲ့တာေလ ေန႕လည္စာကို ဒီမွာပဲ လာလာစားေနတာသိေတာ့ Tr.ကိုလည္း အစားေကာင္းေကာင္းစားရေအာင္လို႔ ဆိုၿပီး "

Hyunjunရဲ႕ ညီမေလးႏွစ္ေယာက္က အခုဆို Rakwonႏွင့္ Yeonkyuတို႔နဲ႕ အတူ အထက္တန္းေက်ာင္း တက္ေရာက္ေနၿပီျဖစ္သလို ကံေကာင္းခ်င္ေတာ့ သူတို႔တက္ေနသည့္ ေက်ာင္းကလည္း ေဆး႐ုံႏွင့္ မေဝးေခ်။

ဒါေၾကာင့္ ေန႕လည္စာစားခ်ိန္ေလာက္ဆို သူတို႔တစ္ေတြအတူတူေရာက္လာၾကၿပီး ကိုယ္ဟာကိုဆို ေန႕လည္စာေတာင္ စားဖို႔ေမ့ေနေလာက္မွာ သိသည့္ Jaehyunအတြက္ပါဝယ္လာကာ အတူတူစားေလ့ရွိသည္။

Jaehyunအေဖမွလည္း အခုလိုကေလးေတြလာတတ္တာသိေတာ့ ပိုႀကီးသည့္ အခန္းကိုေျပာင္းထားေသးသည္။ ကေလးေတြ ပို၍ သက္ေတာင့္သက္သာျဖစ္ေအာင္လို႔တဲ့။

" ဒါနဲ႕ အျပင္က အေစာင့္အကိုႀကီးႏွစ္ေယာက္က ေခ်ာလိုက္တာေနာ္ "

Winnieမွေျပာလာျခင္းျဖစ္သည္။

" ေန႕လည္စာေရာ စားၿပီးၾကၿပီလားမသိဘူး မုန့္ျဖစ္ျဖစ္သြားေပးရင္ေကာင္းမလား "

"yah! နင္က ဒီအထိလာၿပီးေတာ့ကို အဆင္ငမ္းနိုင္ေသးတယ္ေနာ္ ေဆး႐ုံပါဆို ပန္းၿခံမွတ္ေနလားမသိဘူး "

" ဟဲ့ အဆင္ငမ္းတယ္ဆိုတာ ေနရာသတ္မွတ္တာမရွိဘူး ဆင္တာျမင္အကုန္ငမ္းရမွာပဲ ဘာျဖစ္လဲ! "

Winnieႏွင့္ Yeonkyuတို႔ အေျခတင္ စကားေျပာေနတာေလးကိုၾကည့္ၿပီး Jaehyunသေဘာတက်ၿပဳံးမိပါသည္။ သူ႕မယ္ ဒီကေလးေတြရွိေနလို႔ေတာ္ေသးသည္ ေျပာရမည္။ Younghoonႏွင့္ Yuriကလည္းမအားၾက။ Hyunjunနဲ႕ကလည္း စကားမေျပာျဖစ္သည္မွာ ၾကာခဲ့ၿပီဆိုေတာ့ သူ႕မယ္ ဒီကေလး ေလးေယာက္သာ အနားမွာ က်န္ေတာ့သည္။

Hyunnieႏွင့္ Winnieကလည္း ရင့္က်က္ရွာပါသည္။ သူတို႔အကိုႏွင့္ Jaehyun ကိစၥကိုလည္း သိၿပီးေရာ ဘာမွေမးျမန္းျခင္းမရွိဘဲ အထိုက္အေလ်ာက္ေနေပးသည္။ သူတို႔နားလည္ပါသည္ေလ။ ကိုယ္ခ်စ္တဲ့လူတစ္ေယာက္ကို အခုလိုျမင္ေနရတာ ဘယ္သူမွ ခံနိုင္ရည္ရွိမွာမဟုတ္။

" ကေလးတို႔ ေက်ာင္းမွာေရာ အဆင္ေျပၾကရဲ႕လား စာေတြေကာ လိုက္နိုင္လား "

" ဟုတ္ အခုေလာက္ေတာ့ ေတာ္ေတာ္အဆင္ေျပေနပါၿပီ Tr. အရမ္းႀကီးခက္ခဲတာေတြမရွိေတာ့ဘူးရယ္ "

ကေလးေတြႏွင့္ ေန႕လည္စာစားၿပီး စကားေျပာေနတုန္း Juyeonလွဲေနသည့္ ကုတင္ေဘးက စက္မွ အသံထျမည္လာခဲ့သည္။

" တီ တီ တီ တီ "

အသံစူးစူးက ထျမည္လာတာမလို႔ ကေလးေတြေကာ Jaehyunပါလန့္သြားၿပီး ထၾကည့္လိုက္မိသည္။

" Ju....Ju "

Juyeonတစ္ခုခုျဖစ္တယ္ထင္ၿပီး Jaehyunက စိုးရိမ္၍ ရပ္ေနသည့္အခ်ိန္မွာ Rakwonက ေခါင္းရင္းနားရွိ ဆရာဝန္ ေခၚသည့္ ခလုတ္အား အျမန္ႏွိပ္လိုက္သည္။

" စိတ္ေအးေအးထားပါ Tr.ရယ္ ဦးေလးJuyeon ဘာမွမျဖစ္ေလာက္ပါဘူး "

သိပ္မ​ၾကာလိုက္ ခဏေလးႏွင့္ပင္ ဆရာဝန္ရယ္ သူနာျပဳအခ်ိဳ႕ရယ္ ေရာက္လာခဲ့ၾကသည္။

စစ္ေဆးစရာရွိ စစ္ေဆးၿပီးသြားေတာ့

" လူနာက အေျခေနေကာင္းလာတယ္ေျပာရမယ္ခင္ဗ် ႏွလုံးခုန္ႏႈန္းျပန္မွန္လာတယ္ ေအာက္ဆီဂ်င္လည္း လုံလုံေလာက္ေလာက္ရေနတာမလို႔ မၾကာခင္အခ်ိန္အတြင္း ျပန္နိုးနိုင္ေခ် ရွိေနပါတယ္ "

ဆရာဝန္စကားဆုံးသည္ႏွင့္ မ်က္လုံးအေရာင္ေလးမ်ား ေတာက္ပလာသည့္ Jaehyunအား ကေလးေတြက ၾကည့္ၿပီး ဝမ္းသာေနၾကပါသည္။

...............

မၾကာခင္ နိုးလာနိုင္ေခ် ရွိတယ္ေျပာလို႔ Jaehyun ဝမ္းသာမိေနပါသည္။ ကေလးေတြဝယ္ထားေပးခဲ့တဲ့ ညစာကိုစားၿပီးေတာ့ ထုံးစံအတိုင္း Juyeon နားကို သြားကာလက္ကေလးကိုဆုပ္ကိုင္ရင္း ဆုေတာင္းေနမိသည္။

" ျမန္ျမန္နိုးလာပါေတာ့ ကိုရယ္..."

သူကိုယ္တိုင္ေတာင္ သတိမထားမိဘဲ ေခၚလိုက္သည့္ နာမ္စားေလးေပါ့။

Juyeonႏွဖူးေလးကို တစ္ခ်က္နမ္းလိုက္ကာ အိပ္စက္ျခင္းဆီသို႔ ဦးတည္လိုက္သည္။

မနက္ခင္း ႏွစ္နာရီ။

Jaehyun ေမွာက္ကာ အိပ္ေပ်ာ္ေနရင္း သူ႕ေခါင္းကို တစ္စုံတစ္ေယာက္က လာပြတ္သပ္ေပးသလို ခံစားလိုက္ရသည္မလို႔ နိုးလာခဲ့သည္။ ေမွာက္ေနရာမွ ထကာ ၾကည့္ေတာ့ သူ႕မ်က္လုံးသူပင္မယုံနိုင္စြာ။

" Ju......."

သူ႕ကိုၿပဳံးၿပီး ၾကည့္ေနသည့္ Juyeon။

" Ju......ဘယ္တုန္းက နိုးေနခဲ့တာလဲ "

" Jaeကိုယ့္ကို နမ္းၿပီးအိပ္ေပ်ာ္သြားတုန္းက ထင္တယ္ "

" ဒါ....ဒါ...အိပ္မက္မဟုတ္ပါဘူးေနာ္ Juတစ္ကယ္ ျပန္နိုးလာတာလား "

ေျပာရင္း ငိုသံပါပါလာသည့္ Jaehyun။

" အိပ္မက္မဟုတ္ပါဘူး Jaeကလည္း ကိုယ္တစ္ကယ္ နိုးလာတာပါ "

ခံစားခ်က္ေတြ မထိန္းနိုင္ေတာ့သည့္ အဆုံးမွာေတာ့ Jaehyun ငိုခ်ပစ္မိသည္။

" ေဟာ....ငိုျပန္ၿပီ မငိုရဘူးေလ Jaeရယ္ ဒါငိုစရာကိစၥမွမဟုတ္တာ မငိုရဘူး တိတ္ေတာ့ တိတ္ေတာ့"

Jaehyunေက်ာေလးကို သပ္ကာ ေခ်ာ့ေနရသည့္ Juyeon။

" Juကို....ဆုံးရႈံးလိုက္ရေတာ့မယ္ထင္ေနခဲ့တာ အကယ္လို႔ ျပန္မနိုးလာခဲ့ရင္ေရာ ငါဘာဆက္လုပ္ရေတာ့မွာလဲ ဆိုၿပီး "

" ဟာ....မဟုတ္တာ ကိုယ္က Jaeဆီေသခ်ာေပါက္ျပန္လာရမွာေပါ့ ကိုယ့္ခ်စ္သူေလးဆီကို "

ေျပာရင္း Jaehyunေခါင္းေလးကို သြားပြတ္သပ္ေပးမိသည္။

" ကိုယ္ေတာင္းပန္ပါတယ္ေနာ္ Jae "

႐ုတ္တစ္ရက္ႀကီး ထေတာင္းပန္သည့္ Juyeonေၾကာင့္ Jaehyunလန့္သြားမိသည္။

" ဘာလို႔လဲ Juရဲ႕ "

" ကိုယ္ အဲ့ေန႕က Jaeကို ေအာ္ခဲ့မိတာေလ ကေလးဆန္တဲ့အေတြးေတြ ေတြးမိၿပီး Hyunjunနဲ႕ သဝန္တိုလို႔ ကိုယ္မစဥ္းစားဘဲ ေျပာမိခဲ့တာေတြအတြက္ "

" Juကလည္း အဲ့တာေတြက ၾကာခဲ့ၿပီကို စိတ္ထဲမထားပါနဲ႕ ဘာမွမျဖစ္ဘူး Juအခုလို ျပန္ေကာင္းလာတာပဲ ေက်းဇူးတင္ေနရၿပီ Jaeအတြက္ လုံေလာက္တယ္ "

Juyeonမွ Jaehyunအား ခ်စ္သည့္ မ်က္ဝန္းေတြျဖင့္ တစ္ဝႀကီးၾကည့္မိသည္။ သူခ်စ္ရသူေလးက ဘယ္အခ်ိန္ၾကည့္ၾကည့္ သူ႕အတြက္ေတာ့ ​ၿငိမ္းခ်မ္းရာ ရပ္ဝန္းေလးပင္။

သူအမ်ားႀကီး ဒုကၡေတြခံခိုင္းမိတာပဲ ဒီအဖိုးတန္ေလးကို။

" Jae..."

" ဟင္ ေျပာေလ "

" အမ်ားႀကီး အမ်ားႀကီး ခ်စ္တယ္ေနာ္ "

" Jaeက ပိုေတာင္ခ်စ္ေသးတယ္ Juရဲ႕ "

ၿပဳံးမိလိုက္ပါသည္။

"အာ...ဒါနဲ႕ ကိုယ့္ကို ေစာနက မအိပ္ခင္ ေခၚလိုက္သလိုေလး ေခၚၾကည့္ပါဦးလား Jae "

Jaehyunက ခဏတာျပန္စဥ္းစားေနေသးသည္။ ၿပီးေတာ့မွ မွတ္မိသြားဟန္ျဖင့္

"အာ...အဲ့တာလား အဲ့တာက ဒီအတိုင္း ဟို....အာ! ဟူတ္သား Juနိုးလာ​တာ ဆရာဝန္ေခၚရဦးမွာေလ ေမ့ေနတာ "

ရွက္ေတာ့ စကားလမ္းေၾကာင္းေတြ စြတ္ လႊဲၿပီး ထသြားသည့္ Jaehyunရယ္ပါ။

........................

ကိစၥေတြအားလုံးလည္း ၿပီးခဲ့ပါၿပီ။

Juyeon ကိုမာဝင္ေနရာမွ ေျခာက္လအၾကာမွာ ျပန္နိုးလာၿပီး တစ္လေလာက္ ေဆးကုသမႈ ခံယူၿပီး ေနာက္မွာေတာ့ ေဆး႐ုံကဆင္းခြင့္ရခဲ့သည္။

Jaehyunရဲ႕ ဂ႐ုစိုက္မွာေတြေၾကာင့္ပဲလားမသိ။ ျမန္ျမန္ျပန္လည္ေနေကာင္းက်န္းမာလာသည့္ Juyeonကို ဆရာဝန္ေတြကလည္း ဝမ္းေျမာက္မိၾကသည္။ Juyeonေဆး႐ုံဆင္းသည့္ ေန႕က်ေတာ့ ကေလးတစ္သိုက္ႏွင့္အတူ Younghoonႏွင့္ Yuriကလည္း အတူတူေရာက္လာၾကသည္။

Jaehyunအေဖ, Juyeonရဲ႕ Bossကေတာ့ သူ႕လူေတြတစ္႐ုန္း႐ုန္းနဲ႕လာရင္ အေနခက္မယ္စိုးသည္ ဆိုေသာေၾကာင့္ Juyeonတို႔ ပစၥည္းေတြေ႐ႊ႕ၿပီး အေစာကတည္းက ျပန္သြားလိုက္သည္။

" ဒါ Yuriေလ မင္းမွတ္မိတယ္မလား "

" မမွတ္မိဘဲေနပါ့မလား Younghoonရယ္ ငါ့ကိုေတာင္ Jaehyunကို ႀကိဳက္ေနတယ္ထင္ၿပီး သဝန္တိုခဲ့ေသးတာ။ အမေလး အဲ့တုန္းကမ်ား ငါ့ကိုဝါးစားမတတ္ၾကည့္ေနတာ "

Yuriက ေျပာေတာ့ Juyeonက ရွက္သြားသည့္ ပုံစံျဖင့္ သူ႕ဂုတ္သူပြတ္လ်က္။ ကေလးေတြကလည္း Juyeonကို မရင္းႏွီးေသးေပမဲ့ လာႏႈတ္ဆက္ရွာသည္။

" ဦးေလး Juyeonအခုလို ေနေကာင္းသြားလို႔ ကြၽန္ေတာ္တို႔ ဝမ္းသာပါတယ္ ဒါကြၽန္ေတာ္တို႔ ေလးေယာက္ေပါင္းၿပီးေပးတဲ့ လက္ေဆာင္ပါ "

Rakwonက ဦးေဆာင္ၿပီး အိတ္ကေလးတစ္ခု ထိုးေပးလာသည္။ ပုံၾကည့္ရတာ အဝတ္အစားbrandတစ္ခုခုကလို။

" ဟင္..pajama setေလးပါလား "

" ဟူတ္တယ္ Tr.နဲ႕ အတူတူဝတ္ရေအာင္ couple ဝယ္လာတာ "

" ေက်းဇူးတင္ပါတယ္ ကေလးတို႔ ေဆး႐ုံတက္ေနတုန္းကလည္း Jaeကို အတူတူလာအေဖာ္ျပဳေပးတာေကာ တစ္ကယ္ေက်းဇူးအမ်ားႀကီးတင္ပါတယ္ "

" ဟုတ္ကဲ့ ရပါတယ္ခင္ဗ် "

" ငါတို႔ တစ္ခုခုသြားစားၾကမလား ဒီနားမွာ Hot Potဆိုင္တစ္ဆိုင္ အသစ္ဖြင့္တယ္ၾကားတယ္ သြားစားရေအာင္ "

" ေကာင္းၿပီေလ ဒီေန႕ ငါဒကာခံမယ္ Jae အေဖ့ကိုပါ ေခၚလိုက္မလား "

" အင္း ေခၚလိုက္မယ္ေလ "

Jaehyunႏွင့္ သူ႕အေဖကလြဲလို႔ က်န္တာက ေသြးသားမေတာ္စပ္သည့္ သူစိမ္းေတြဆိုေပမဲ့ အားလုံးဟာ မိသားစုေလးတစ္ခုလိုပါပဲ။ အခက္ခဲျဖစ္ေနခ်ိန္မွာ တုံ႕ဆိုင္းျခင္းမရွိ ကူညီေပးခဲ့ၾကၿပီး တန္ဖိုးထားတဲ့သူ ဝမ္းနည္းေနတာ ျမင္၍လည္း အတတ္နိုင္ဆုံး အားအင္တစ္ခုျဖစ္ခဲ့ေပးၾကသည္။

လိုေလေသးမရွိ အစစအရာရာ ျဖည့္ဆည္းေပးခဲ့ၾကၿပီး ျပည့္စုံတဲ့ ကိုယ္ပိုင္ကမၻာငယ္ေလးကို ဖန္တီးၾကသည္။

အတူတူ Hot Potစားေနတုန္း

" Hyunjun ေရာက္လာၿပီလား "

Juyeonမွ ေျပာလာျခင္း။

" ထိုင္ေလ မင္းအတြက္ တစ္ေနရာခ်န္ထားေပးတယ္ "

Jaehyunက Juyeonကို လွည့္ၾကည့္လာေတာ့

" ကိုယ္Younghoonတို႔ကို အကူညီေတာင္းၿပီး ေခၚထားတာ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္မရွိခ်ိန္ Jaeအနားမွာ ရွိေနေပးခဲ့သူပဲမလား။ Hyunjunကို မမုန္းလိုက္ပါနဲ႕ "

က်န္တဲ့သူေတြကေတာ့ Juyeonကို စိတ္သေဘာထားျပည့္ဝလိုက္တာဟူ၍ ခ်ီးက်ဴးမိပါသည္။

အစကေတာ့ Juyeonေခၚလို႔သာ လာထိုင္ေနရေပမဲ့ အရယ္အၿပဳံးမရွိေနသည့္ Hyunjunက Jaehyunသူ႕ပန္းကန္ထဲကို အသားကင္လာထည့္ေပးေတာ့မွသာ မ်က္လုံးေလးေတြ အေရာင္လက္သြားသည္။

" စားေလ Hot Potမင္းတစ္ေယာက္စာေပးထားရတာ တန္ေအာင္စား! "

အကုန္လုံး ၿပဳံးလိုက္ၾကပါသည္။

ဒါကေတာ့ Juyeonႏွင့္ Jaehyunတို႔ရဲ႕ ကမၻာငယ္ေလးပဲေပါ့။

အရင္းႏွီးဆုံး သူစိမ္းေတြနဲ႕ ဖြဲ႕စည္းထားတဲ့ ကမၻာငယ္ေလး။ ထိုကမၻာငယ္ေလးထဲမွာပဲ ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကို ထပ္တူညီတဲ့ ခ်စ္ျခင္းတရာမ်ိဳးေပးမွေတာ့ ေပ်ာ္စရာေတြနဲ႕ပဲ ဝန္းရံထားသည့္ ကမၻာငယ္ေလး ျဖစ္ေနေတာ့တာေပါ့ကြယ္။

Redamancy

( The act of loving the one who loves you, a love return in full)

__________________________________________

The End

တစ္ႏွစ္ေက်ာ္ေတာင္အခ်ိန္ေတြ ဆြဲၿပီးေရးခဲ့တဲ့ Jumil ficေလးကေတာ့ ၿပီးသြားခဲ့ပါၿပီ။ မတတ္တစ္ေခါက္ အေရးသားေလးကို ဖတ္ေပးၾကတဲ့ တစ့္ဦးတစ္ေယာက္ခ်င္းစီတိုင္းကိုလည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္ေနာ္။
ဇာတ္လမ္း ဇာတ္အိမ္ေကာင္းေကာင္းေလး ထားၿပီးေရးခ်င္ေပမဲ့ ၾကားထဲမွာ ေပါ့သြားတာမ်ိဳး ရွိခဲ့ရင္လည္း ေတာင္းပန္ပါတယ္။ ေနာက္ပိုင္းficေတြမွာ ပိုေကာင္းေအာင္ ႀကိဳးစားသြားပါ့မယ္။ ေက်းဇူးတင္ပါတယ္🌸

Bạn đang đọc truyện trên: Truyen4U.Com