Chapter 7
{ အလယ်တန်းနှစ် }
"ကိုကိုရေ......Jaeကိုဒါလေးလာယူပေးပါဦး"
စီးနေကျစက်ဘီးလေးအားရေဆေးနေတုန်းသူ့အနားသို့ရောက်လာကာခေါ်လာသောJaehyun။လူကသာအလယ်တန်းရောက်လာတယ်။စိတ်ကတော့မူလတန်းအရွယ်လောက်သာရှိသေးသည့်Jaehyunလေးနဲ့အတူတူရှိလာကြသည်မှာယခုအချိန်ထိ။သူကပဲရင့်ကျက်လွန်းတာလားတော့မသိ။Jaehyunလေးကအခုချိန်ထိသူ့ကိုကလေးလိုနွဲ့ဆိုးဆိုးတုန်းပင်။
"ဘာဖြစ်ပြန်ပြီလည်းJae"
"ဟိုလေ....Jaeပူစီဖောင်းလေးလက်ကလွတ်ပြီးအပင်မှာသွားငြိနေလို့"
ဆိုကာသူတို့အိမ်ရှေ့မှအပင်ကိုလက်ညိုးထိုးပြလာသည်။Juyeonလည်းခေါင်းငြိမ့်ကာစက်ဘီးဆေးနေလက်စကိုထားခဲ့ပြီးယူပေးလိုက်တော့သူ့အကျင့်အတိုင်းပြုံးပြလာသည်။အဲ့အပြုံးလေးနဲ့ပဲJuyeonကိုအနိုင်ယူနေသည်မှာလည်းကြာပေါ့။Juyeonကလည်းသိသိရက်နဲ့ကိုအလျှော့ပေးရှာပါသည်။
"ဒါနဲ့....Jaeစက်ဘီးစီးမသင်သေးဘူးလား....ဒီစက်ဘီးနဲ့အခုJaeအရပ်နဲ့ဆိုမှီနေပြီပဲဟာကို"
"ဟင့်အင်း.....မသင်ချင်ပါဘူး....Jaeပြောပြီးပြီးလေ...Jaeမှာကိိုကိုတစ်ယောက်လုံးရှိနေတာကိိုကို့နောက်ပဲလိုက်စီးမှာပေါ့..."
"ဒါပေမဲ့လည်းJaeရယ်....ကိုကိုမရှိတဲ့အချိန်ကျရင်ကော....ဘယ်လိုလုပ်မှာလည်း"
Juyeonပြောလိုက်သည့်စကားအားJaehyunလေးသဘောမကျချင်။
"ကိုကိုကဘာလို့မရှိရမှာလည်း.....ကိုကိုကJaeအနားမှာအမြဲရှိနေမှာပဲဟာကို"
"အော်....အဲ့လိုတော့လည်းဘယ်ဟုတ်မလည်းJaeရယ်....ကိုကိုတို့ကြီးလာတဲ့အခါကျကိုယ့်လမ်းကိုယ်လျှောက်ရမှာလေ...အဲ့ကျရင်Jaeလည်းကိုယ့်ဟာကိုနေရမှာအဲ့တာကိုပြောတာပါ"
"ဟင့်အင်း.....Jaeကကြီးလာရင်လည်းတစ်ယောက်တည်းမနေပါဘူး...ကိုကိုနဲ့ပဲနေမှာပေါ့"
"ဘယ်ရမလည်းJaeရဲ့....Jaeကြီးလာတဲ့အခါကျရင်ကိုယ့်ဟာကိုနေရမယ်....ဒါမှမဟုတ်မိန်းမယူပြီးအိမ်ထောင်ဦးစီးလုပ်ရမယ်လေ"
Juyeonကတော့နဂိုကတည်းကရင့်ကျက်နေသည့်စိတ်ကြောင့်ပြောပေမဲ့ကလေးစိတ်မပျောက်ချင်ဘဲJuyeonကိုသာအားကိုးနေသည့်Jaehyunလေးကတော့ဒါကိုနားမလည်နိုင်သေးပါ။
"ဟင့်အင်း.....Jaeကကြီးလာရင်မိန်းမမယူပါဘူး....ကိုကို့ကိုပဲယူမှာ"
"အမလေး...ဘယ်လို!!"
Jaehyunပြောသည့်စကားကြောင့်Juyeonမှာရယ်ရခက်ငိုရခက်။ကောင်လေးကသူ့တောင်ယူမယ်တဲ့တော်။
"ကိုကိုလည်းJaeကိုပဲယူပေါ့....အဲ့လိုဆိုJaeနဲ့ကိုကိုနဲ့အတူတူနေလို့ရပြီလေ"
Jaehyunလေးမှာနားမလည်နိုင်ရှာသေးတော့လည်းJuyeonမှာခေါင်းသာငြိမ့်ရုံကလွဲပြီးမတတ်နိုင်။ဒါပေမဲ့ဒီကောင်လေးကသူ့အားဒီလောက်ထိခင်တွယ်အားကိုးရှာတယ်ဆိုတော့သူကလည်းဒီကောင်လေးအတွက်ဆိုအားကိုးလို့ရမဲ့သူငယ်ချင်းကောင်းဖြစ်ပေးဖို့အဆင်သင့်ပါပဲ။
.......................................
"မေမေ"
"ဟင်ပြောလေ....Jae"
Jaehyunလေးမှာမအိပ်ခင်သူ့ကိုလာကြည့်အမေဖြစ်သူအားလှမ်းခေါ်လိုက်တော့မေမေကကုတင်စောင်းလေးမှာလာထိုင်ပေးသည်။
"Jaeကြီးလာရင်လေ......ဟိုဘက်အိမ်ကကိုကိုJuyeonကိုလက်ထပ်လို့ရတယ်မလား"
Jaehyunမေးလိုက်တဲ့မေးခွန်းကြောင့်အမေဖြစ်သူမှာတောင်ပြောစရာစကားလုံးပျောက်ရှသွားလေသည်။
"ငါ့သားရယ်.....မအိပ်ခင်ဘာတွေလျှောက်မေးနေတာလည်း....အချိန်လည်းနောက်ကျနေပြီအိပ်တော့"
"ဟာ.....မေမေကလည်းJaeမေးတာဖြေပေးပါ"
"သားကြီးလာရင်ချစ်ရတဲ့သူပေါ်လာမှာပေါ့....အဲ့ကျမှသားသိလိမ့်မယ်"
"ချစ်ရင်လက်ထပ်လို့ရတယ်ပေါ့"
"အင်းရတယ်...."
"ဒါဆိုကိုကိုJuyeonကိုလက်ထပ်လို့ရပြီ"
Jaehyunပုံကိုကြည့်ပြီးအမေဖြစ်သူမှာတော့မနိုင်တော့ဘူးဆိုသည့်အနေဖြင့်ခေါင်းခါလျက်။
"ငါ့သားကအဲ့ကောင်လေးကိုတစ်အားခင်တွယ်ရှာတာပဲ"
"အင်းလေ....မေမေကလည်းJaeမှာကိိုကိုတစ်ယောက်တည်းပဲရှိတာကို"
"အမလေး.....ဒါဆိုရှင့်ကိုကျွေးမွေးထားရတဲ့ကျွန်မတို့လင်မယားကကော"
"ဟဲဟဲ....မေမေတို့ကတော့ချွင်းချက်ပေါ့"
"ဟုတ်ပါပြီ.....ဒါဆိုအိပ်တော့......အိပ်မက်ထဲထိမင်္ဂလာတွေဆောင်မနေနဲ့ဦး"
"အင်းပါမေမေကလည်း"
Jaehyunလေးမှာမအိပ်ခင်လည်းပြတင်းပေါက်ကနေလှမ်းပြီးJuyeonအခန်းဘက်ကိုကြည့်လိုက်သေးသည်။မီးပိတ်ထားတာမြင်တော့မှJuyeonအိပ်လောက်ပြီးဟုတွေးကာသူလည်းအိပ်တော့သည်။အကယ်လို့Juyeonအခန်းမီးဖွင့်ထားသေးရင်ခြံထဲတို့ဘာတို့မှာထိုင်နေပြီးတစ်ယောက်တည်းငိုနေမဆိုး၍ညတိုင်းလှမ်းလှမ်းကြည့်ရသည်မှာပျိုးထောင်စရာမလိုသည့်အကျင့်တစ်ခုလိုပင်ဖြစ်နေလေသည်။
Jaehyunလေးရဲ့Juyeonအပေါ်ခင်တွယ်မှုကသာမန်လူတွေလိုရိုးရိုးရှင်းရှင်းပါပဲ။စတွေ့သည့်နေ့ကတည်းကဘယ်သူနဲ့မှမတူအောင်အထီးကျန်နေသည့်ပုံစံလေးမလို့Jaehyunအတွက်တော့အဖော်မွန်ကောင်းတစ်ယောက်ရသည်ဟုတွေးမိပါသည်။
ဒါကြောင့်လည်းကလေးပီပီအဖော်မက်တော့ခင်မင်ချင်သည်။သူငယ်ချင်းဖြစ်ချင်သည်။အတူတူခင်လာတာကြာတော့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာပြီးပိုပြီးလည်းဂရုစိုက်မိလာသည်။ဖေးမကူညီပေးသည်။
Jaehyunလေးအတွက်ကတော့Juyeonသူ့အနားရှိလျှင်သူပျော်သည်။ဘယ်သူမှသူ့ကိုမခေါ်ချင်နေပါစေ။Juyeonသာသူ့အတွက်ရှိနေခဲ့ရင်ရပါပြီ။ဘာမှလည်းထပ်မလိုတော့ချေ။အဲ့လောက်ထိကိုသူခင်တွယ်ပါသည်။
ရိုးရိုးရှင်းရှင်းသာစခဲ့သည့်Jaehyunရဲ့Juyeonအပေါ်ထားတဲ့သံယောဇဥ်လေးကအချိန်ကြာလာရင်ကော.....ဆက်ပြီးရိုးရှင်းနိုင်ပါဦးမလား?????
__________________________________________
ဒီကြားထဲမှာupdateလည်းကြာသွားလို့တောင်းပန်ပါတယ်🙏အခုအပိုင်းလေးကလည်းတိုတော့တိုသွားပါတယ်နော်😁😁ဒါနဲ့အားလုံးပဲHappy Valentine dayပါ✨✨
Thanks for reading🌸
Zawgyi
{ အလယ္တန္းႏွစ္ }
"ကိုကိုေရ......Jaeကိုဒါေလးလာယူေပးပါဦး"
စီးေနက်စက္ဘီးေလးအားေရေဆးေနတုန္းသူ႕အနားသို႔ေရာက္လာကာေခၚလာေသာJaehyun။လူကသာအလယ္တန္းေရာက္လာတယ္။စိတ္ကေတာ့မူလတန္းအ႐ြယ္ေလာက္သာရွိေသးသည့္Jaehyunေလးနဲ႕အတူတူရွိလာၾကသည္မွာယခုအခ်ိန္ထိ။သူကပဲရင့္က်က္လြန္းတာလားေတာ့မသိ။Jaehyunေလးကအခုခ်ိန္ထိသူ႕ကိုကေလးလိုႏြဲ႕ဆိုးဆိုးတုန္းပင္။
"ဘာျဖစ္ျပန္ၿပီလည္းJae"
"ဟိုေလ....Jaeပူစီေဖာင္းေလးလက္ကလြတ္ၿပီးအပင္မွာသြားၿငိေနလို႔"
ဆိုကာသူတို႔အိမ္ေရွ႕မွအပင္ကိုလက္ညိုးထိုးျပလာသည္။Juyeonလည္းေခါင္းၿငိမ့္ကာစက္ဘီးေဆးေနလက္စကိုထားခဲ့ၿပီးယူေပးလိုက္ေတာ့သူ႕အက်င့္အတိုင္းၿပဳံးျပလာသည္။အဲ့အၿပဳံးေလးနဲ႕ပဲJuyeonကိုအနိုင္ယူေနသည္မွာလည္းၾကာေပါ့။Juyeonကလည္းသိသိရက္နဲ႕ကိုအေလွ်ာ့ေပးရွာပါသည္။
"ဒါနဲ႕....Jaeစက္ဘီးစီးမသင္ေသးဘူးလား....ဒီစက္ဘီးနဲ႕အခုJaeအရပ္နဲ႕ဆိုမွီေနၿပီပဲဟာကို"
"ဟင့္အင္း.....မသင္ခ်င္ပါဘူး....Jaeေျပာၿပီးၿပီးေလ...Jaeမွာကိိုကိုတစ္ေယာက္လုံးရွိေနတာကိိုကို႔ေနာက္ပဲလိုက္စီးမွာေပါ့..."
"ဒါေပမဲ့လည္းJaeရယ္....ကိုကိုမရွိတဲ့အခ်ိန္က်ရင္ေကာ....ဘယ္လိုလုပ္မွာလည္း"
Juyeonေျပာလိုက္သည့္စကားအားJaehyunေလးသေဘာမက်ခ်င္။
"ကိုကိုကဘာလို႔မရွိရမွာလည္း.....ကိုကိုကJaeအနားမွာအၿမဲရွိေနမွာပဲဟာကို"
"ေအာ္....အဲ့လိုေတာ့လည္းဘယ္ဟုတ္မလည္းJaeရယ္....ကိုကိုတို႔ႀကီးလာတဲ့အခါက်ကိဳယ့္လမ္းကိုယ္ေလွ်ာက္ရမွာေလ...အဲ့က်ရင္Jaeလည္းကိုယ့္ဟာကိုေနရမွာအဲ့တာကိုေျပာတာပါ"
"ဟင့္အင္း.....Jaeကႀကီးလာရင္လည္းတစ္ေယာက္တည္းမေနပါဘူး...ကိုကိုနဲ႕ပဲေနမွာေပါ့"
"ဘယ္ရမလည္းJaeရဲ႕....Jaeႀကီးလာတဲ့အခါက်ရင္ကိုယ့္ဟာကိုေနရမယ္....ဒါမွမဟုတ္မိန္းမယူၿပီးအိမ္ေထာင္ဦးစီးလုပ္ရမယ္ေလ"
Juyeonကေတာ့နဂိုကတည္းကရင့္က်က္ေနသည့္စိတ္ေၾကာင့္ေျပာေပမဲ့ကေလးစိတ္မေပ်ာက္ခ်င္ဘဲJuyeonကိုသာအားကိုးေနသည့္Jaehyunေလးကေတာ့ဒါကိုနားမလည္နိုင္ေသးပါ။
"ဟင့္အင္း.....Jaeကႀကီးလာရင္မိန္းမမယူပါဘူး....ကိုကို႔ကိုပဲယူမွာ"
"အမေလး...ဘယ္လို!!"
Jaehyunေျပာသည့္စကားေၾကာင့္Juyeonမွာရယ္ရခက္ငိုရခက္။ေကာင္ေလးကသူ႕ေတာင္ယူမယ္တဲ့ေတာ္။
"ကိုကိုလည္းJaeကိုပဲယူေပါ့....အဲ့လိုဆိုJaeနဲ႕ကိုကိုနဲ႕အတူတူေနလို႔ရၿပီေလ"
Jaehyunေလးမွာနားမလည္နိုင္ရွာေသးေတာ့လည္းJuyeonမွာေခါင္းသာၿငိမ့္႐ုံကလြဲၿပီးမတတ္နိုင္။ဒါေပမဲ့ဒီေကာင္ေလးကသူ႕အားဒီေလာက္ထိခင္တြယ္အားကိုးရွာတယ္ဆိုေတာ့သူကလည္းဒီေကာင္ေလးအတြက္ဆိုအားကိုးလို႔ရမဲ့သူငယ္ခ်င္းေကာင္းျဖစ္ေပးဖို႔အဆင္သင့္ပါပဲ။
.......................................
"ေမေမ"
"ဟင္ေျပာေလ....Jae"
Jaehyunေလးမွာမအိပ္ခင္သူ႕ကိုလာၾကည့္အေမျဖစ္သူအားလွမ္းေခၚလိုက္ေတာ့ေမေမကကုတင္ေစာင္းေလးမွာလာထိုင္ေပးသည္။
"Jaeႀကီးလာရင္ေလ......ဟိုဘက္အိမ္ကကိုကိုJuyeonကိုလက္ထပ္လို႔ရတယ္မလား"
Jaehyunေမးလိုက္တဲ့ေမးခြန္းေၾကာင့္အေမျဖစ္သူမွာေတာင္ေျပာစရာစကားလုံးေပ်ာက္ရွသြားေလသည္။
"ငါ့သားရယ္.....မအိပ္ခင္ဘာေတြေလွ်ာက္ေမးေနတာလည္း....အခ်ိန္လည္းေနာက္က်ေနၿပီအိပ္ေတာ့"
"ဟာ.....ေမေမကလည္းJaeေမးတာေျဖေပးပါ"
"သားႀကီးလာရင္ခ်စ္ရတဲ့သူေပၚလာမွာေပါ့....အဲ့က်မွသားသိလိမ့္မယ္"
"ခ်စ္ရင္လက္ထပ္လို႔ရတယ္ေပါ့"
"အင္းရတယ္...."
"ဒါဆိုကိုကိုJuyeonကိုလက္ထပ္လို႔ရၿပီ"
Jaehyunပုံကိုၾကည့္ၿပီးအေမျဖစ္သူမွာေတာ့မနိုင္ေတာ့ဘူးဆိုသည့္အေနျဖင့္ေခါင္းခါလ်က္။
"ငါ့သားကအဲ့ေကာင္ေလးကိုတစ္အားခင္တြယ္ရွာတာပဲ"
"အင္းေလ....ေမေမကလည္းJaeမွာကိိုကိုတစ္ေယာက္တည္းပဲရွိတာကို"
"အမေလး.....ဒါဆိုရွင့္ကိုေကြၽးေမြးထားရတဲ့ကြၽန္မတို႔လင္မယားကေကာ"
"ဟဲဟဲ....ေမေမတို႔ကေတာ့ခြၽင္းခ်က္ေပါ့"
"ဟုတ္ပါၿပီ.....ဒါဆိုအိပ္ေတာ့......အိပ္မက္ထဲထိမဂၤလာေတြေဆာင္မေနနဲ႕ဦး"
"အင္းပါေမေမကလည္း"
Jaehyunေလးမွာမအိပ္ခင္လည္းျပတင္းေပါက္ကေနလွမ္းၿပီးJuyeonအခန္းဘက္ကိုၾကည့္လိုက္ေသးသည္။မီးပိတ္ထားတာျမင္ေတာ့မွJuyeonအိပ္ေလာက္ၿပီးဟုေတြးကာသူလည္းအိပ္ေတာ့သည္။အကယ္လို႔Juyeonအခန္းမီးဖြင့္ထားေသးရင္ၿခံထဲတို႔ဘာတို႔မွာထိုင္ေနၿပီးတစ္ေယာက္တည္းငိုေနမဆိုး၍ညတိုင္းလွမ္းလွမ္းၾကည့္ရသည္မွာပ်ိဳးေထာင္စရာမလိုသည့္အက်င့္တစ္ခုလိုပင္ျဖစ္ေနေလသည္။
Jaehyunေလးရဲ႕Juyeonအေပၚခင္တြယ္မႈကသာမန္လူေတြလိုရိုးရိုးရွင္းရွင္းပါပဲ။စေတြ႕သည့္ေန႕ကတည္းကဘယ္သူနဲ႕မွမတူေအာင္အထီးက်န္ေနသည့္ပုံစံေလးမလို႔Jaehyunအတြက္ေတာ့အေဖာ္မြန္ေကာင္းတစ္ေယာက္ရသည္ဟုေတြးမိပါသည္။
ဒါေၾကာင့္လည္းကေလးပီပီအေဖာ္မက္ေတာ့ခင္မင္ခ်င္သည္။သူငယ္ခ်င္းျဖစ္ခ်င္သည္။အတူတူခင္လာတာၾကာေတာ့တစ္ေယာက္အေၾကာင္းတစ္ေယာက္ပိုသိလာၿပီးပိုၿပီးလည္းဂ႐ုစိုက္မိလာသည္။ေဖးမကူညီေပးသည္။
Jaehyunေလးအတြက္ကေတာ့Juyeonသူ႕အနားရွိလွ်င္သူေပ်ာ္သည္။ဘယ္သူမွသူ႕ကိုမေခၚခ်င္ေနပါေစ။Juyeonသာသူ႕အတြက္ရွိေနခဲ့ရင္ရပါၿပီ။ဘာမွလည္းထပ္မလိုေတာ့ေခ်။အဲ့ေလာက္ထိကိုသူခင္တြယ္ပါသည္။
ရိုးရိုးရွင္းရွင္းသာစခဲ့သည့္Jaehyunရဲ႕Juyeonအေပၚထားတဲ့သံေယာဇဥ္ေလးကအခ်ိန္ၾကာလာရင္ေကာ.....ဆက္ၿပီးရိုးရွင္းနိုင္ပါဦးမလား?????
__________________________________________
ဒီၾကားထဲမွာupdateလည္းၾကာသြားလို႔ေတာင္းပန္ပါတယ္🙏အခုအပိုင္းေလးကလည္းတိုေတာ့တိုသြားပါတယ္ေနာ္😁😁ဒါနဲ႕အားလုံးပဲHappy Valentine dayပါ✨✨
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com