Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 8

{ အထက်တန်းနှစ် }

"Yahh!!!!! Juyeon!!!! Jaeကိုစောင့်ဦးလေ!!!!"

"ဟဟ.....Jaeမှီအောင်လိုက်!!!"

အထက်တန်းကျောင်းသွားရာမြေညီလမ်းတစ်လျှောက်၌စက်ဘီးလေးတစ်စီးသွားရာနောက်သို့အမှီပြေးလိုက်နေသောကောင်လေးတစ်ယောက်။စက်ဘီးကိုအမြန်နင်းနေတဲ့ကောင်လေးကလည်းစနောက်ချင်ဇောနှင့်အမြန်စီးနင်းနေလေသည်။ဘယ်လောက်ပဲအပြေးမြန်ပါစေဦးတော့အရှိန်နဲ့သွားနေသည့်စက်ဘီးနောက်ကိုတော့ကောင်လေးမှီမည်မထင်ပါ။

သွားနေသည့်စက်ဘီးလေးရုတ်တစ်ရက်ရပ်လိုက်တော့မှ

"ဟူး....အမလေး...မောလိုက်တာ.....Juကလည်းဘာလို့အမြန်စီးနေတာလည်း.....Jaeကိုလည်းမခေါ်ဘူး"

မောပြီးသူ့ကိုပြောဆိုနေသောJaehyunလေးရဲ့ခေါင်းအားJuyeonကိုင်ကာဖွလိုက်ပြီး

"ဟဟ.....ပြေးလိုက်ရတာမောသွားပြီပေါ့"

"မမောပဲနေပါ့မလားလို့"

"ကဲပါ....လာတက်...ကျောင်းရောက်ရင်အအေးဝယ်တိုက်မယ်"

"မုန့်ပါစားမှာနော်"

"သဘောပါဗျာ"

"ဟိဟိ....."

မုန့်ဝယ်ကျွေးမယ်လည်းဆိုကောပြုံးပျော်ပြီးစက်ဘီးနောက်ကိုတက်လာလေသည်။

ပြေပြစ်စွာခင်းထားသည့်ကတ္တရာလမ်းလေးပေါ်၌သွားနေသောစက်ဘီးလေးတစ်စီးပေါ်တွင်လိုက်ပါစီးနင်းလာသောကောင်ငယ်လေးနှစ်ယောက်။Juyeonနဲ့Jaehyunတို့ငယ်ငယ်ကတည်းကတူတူသွားနေကြဒီလမ်းလေးဟာလည်းပိုကောင်းလာသည်ကလွဲ၍ကျန်တာဘာမှတော့မပြောင်းလဲသွားချေ။

သွားရာလမ်းတစ်လျှောက်မှာအုပ်မိုးနေသည့်သစ်ပင်ကြီးတွေရယ်......ထိုသစ်ပင်ကြီးတွေကြားထဲကထိုးနေတတ်တဲ့နေပျောက်စက်လေးတွေရယ်.....ဘေးပတ်ဝန်းကျင်မှာရှိတဲ့စိုက်ခင်းမြေစိမ်းစိုစိုတို့ရယ်.....Jaehyunမျက်နှာလေးမှာပေါ်နေကြအပြုံးလေးရယ်....ဖက်ထားသည့်ကိုယ်ကအနွေးဓာတ်ကလေးရယ်......။

Juyeonခါးကိုတင်းကြပ်စွာနောက်ကနေဖက်ပြီးစက်ဘီးလိုက်စီးရသည််ကိုJaehyunသဘောကျသည်။ဒါကြောင့်နေ့တိုင်းစီးနေရတာတောင်သူ့မှာမရိုးအီသွားခြင်းဖြစ်သည်။ကျောင်းသွားရင်လည်းအတူတူဒီလိုပဲသွားပြီးတော့ကျောင်းပိတ်ရက်တွေမှာဆိုရင်တော့သူတို့ရပ်ကွက်တစ်ပတ်လောက်စက်ဘီးပတ်စီးဖြစ်ရင်လည်းနောက်ကနေထိုင်ပြီးလိုက်စီးလေ့ရှိသည်။ဒါကြောင့်အခုချိန်ထိJuyeonကစက်ဘီးစီးသင်ပေးတာတောင်မသင်ချေ။
..............

"Jaeဘာမုန့်စားမှာလည်း"

"အင်း.....ဒါပဲယူတော့မယ်"

ဆိုကာပေါင်မုန့်လေးတစ်ထုတ်နဲ့နွားနို့လေးတစ်ဘူးသာယူလေသည်။

"Jaeကလည်းဒီထက်ပိုကောင်းတာစားပါ"

"ဟင့်အင်း....တော်ပြီ"

Jaehyunကြောင့်Juyeonလည်းသက်ပြင်းချရုံမှလွဲပြီးမတတ်နိုင်။Jaehyunကငယ်ငယ်လေးကတည်းကခုချိန်ထိJuyeonမုန့်ဝယ်ကျွေးမည်ဆိုပါကပေါင်မုန့်လေးရယ်နွားနို့ဘူးရယ်သာယူလေ့ရှိသည်။တစ်ခြားမုန့်တွေစားခိုင်းရင်လည်းမရချေ။တစ်ခါနှစ်ခါမဟုတ်တော့Juyeonလည်းမေးမိသည်။ဘာကြောင့်များသူမုန့်ဝယ်ကျွေးရင်ဒါတွေပဲစားနေရတာလည်းလို့မေးတော့Jaehyunလေးပြန်ဖြေသည်က
Jaeကမုန့်တွေအများကြီးစားရင်Juyeonပိုက်ဆံကုန်သွားမှပေါ့တဲ့။ဒါကြောင့်စျေးနည်းသည့်မုန့်အားယူစားခြင်းဖြစ်သည်တဲ့လေ။

Jaehyunလေးကသူ့ကိုဆိုအသေးစိတ်ကအစလိုက်ပြီးငဲ့ညှာတတ်သည်။ကြီးပြင်းလာရသည့်မိသားစုနှစ်ခုမတူတော့Jueyonကိုလည်းသူစာနာသည်။ဘယ်တော့မှအနိုင်ယူပြီးနိုင့်ထက်စီးနင်းလုပ်တာမျိုးလည်းမရှိ။တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးကြသည်မို့ရန်လည်းတစ်ခါမှမဖြစ်ဖူးချေ။ဖြစ်ရင်လည်းအနည်းငယ်စကားများရုံလောက်သာ။

"Jaeဒီနေ့ကျူရှင်ပြီးရင်Juအလုပ်ဆီလာမယ်နော်ပြီးမှတူတူပြန်ကြမယ်"

"အင်း...အင်း...ရပါတယ်"

နှစ်ယောက်သားကတစ်ချိန်လုံးနီးနီးလောက်တူတူရှိတတ်ကြပေမဲ့ကျောင်းဆင်းပြီးချိန်ကျရင်တော့Jaehyunလေးကကျူရှင်သွားပြီးJuyeonကတော့mini martတစ်ခုမှာအချိန်ပိုင်းအလုပ်လုပ်သည်မလို့သူတို့ထိုအချိန်ခနလေးတော့မတွေ့ရတတ်ချေ။

Juyeonရဲ့ပထွေးဖြစ်သူကပိုက်ဆံလည်းပုံမှန်တော့ပေးပါသည်။မပြေလည်တာမျိုးတော့မဟုတ်ပေမဲ့Juyeonအတွက်တော့အလုပ်လည်းမလုပ်ဘဲအိမ်မှာအနေများပြီးအရက်ထိုင်သောက်နေတတ်သည့်သူ့ပထွေးကပိုက်ဆံအမြဲရှိနေသည်ကိုတော့သံသယဖြစ်မိသည်။မေးလည်းမမေးရဲတော့ကျောင်းလခလောက်သာလက်ခံပြီးသူ့ကိုယ်အတွက်တော့သူ့ဟာသူရှာမည်ဟုတွေးကာအလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။

အစကဒီကိစ္စကိုJaehyunလေးနဲ့တိုင်ပင်တော့လက်မခံချင်။သူနဲ့အတူတူကျူရှင်တက်ခိုင်းပေမဲ့ကျူရှင်လခထပ်ကုန်မှာစိုးနေသည့်Juyeonကငြင်းခဲ့သည်။အဲ့ကိစ္စကြောင့်Jaehyunသူ့ကိုတစ်ရက်လောက်စိတ်ကောက်ပါသေးသည်။ပြီးတော့Juyeonကလိုက်ချော့ရင်းရှင်းပြတော့မှသာလက်ခံတော့သည်။အမှန်ကတော့JuyeonကိုJaehyunကမပင်ပန်းစေချင်ရုံပါ။
.............

"Jaehyun nah!!!"

ကျူရှင်မှာအတူတူထိုင်နေကျကောင်လေးYounghoonမှခေါ်လာတော့Jaehyunလှည့်ကြည့်လိုက်သည်။

"ငါတို့ကျူရှင်ပြီးရင်Hot potသွားစားကြမလို့ငါ့မွေးနေ့ဆိုတော့ငါကျွေးမှာပါ....လိုက်ခဲ့လေနော်"

"ဟင့်အင်း....လာခေါ်တာကျေးဇူးတင်ပေမဲ့ငါချိန်းထားတာရှိသေးလို့"

"ချိန်းထားတာရှိသေးလို့ဆိုတော့မဟုတ်မှလွဲရောမင်းရည်းစားရနေတာလား"

"မဟုတ်ပါဘူး....ဒီအတိုင်းပဲသူငယ်ချင်းနဲ့"

"အော်.......မင်းကအမြဲတမ်းဒီလိုပဲနော်ကျူရှင်ဆင်းတာနဲ့တန်းပြန်တာငါတို့တောင်မစောင့်ဘူးဆိုတော့ရည်းစားနဲ့ချိန်းထားတယ်ထင်နေတာ"

"ငါ့မှာရည်းစားမရှိပါဘူး...အဲ့ထက်ပိုအရေးကြီးတဲ့သူပဲရှိတာ.....သွားလိုက်ဦးမယ်နော်...."

"အင်းအင်း"
...................

"ဒေါက်....ဒေါက်"

မှန်သုတ်နေရင်းတန်းလန်းမှန်ကိုခေါက်လာသောကြောင့်Juyeonသေချာကြည့်မိတော့Jaehyunလေးဖြစ်နေသည်မို့ချက်ချင်းပြုံးမိသည်။တစ်ခြားလူသာဆိုရင်မှန်ခေါက်တာကိုပြောမိမှာဖြစ်ပေမဲ့Jaehyunလေးကတော့ချွင်းချက်။

အထဲကိုလည်းရောက်လာတော့

"Jaeကျူရှင်ပြီးပြီပေါ့"

"အင်းပြီးပြီ....ဒါနဲ့စျေးဝယ်တဲ့သူတွေလည်းမရှိသေးဘူးနော်တော်ပါသေးတယ်"

"အင်း...ခနနေလောက်ဆိုရင်တော့လာကြတော့မှာ ညနေရောက်နေပြီလေ"

"အဲ့တာဆိုလူမများခင်နေဦးမယ်"

Juyeonကတော့ခေါင်းငြိမ့်ပြရင်းမှန်ဆက်သုတ်နေလေသည်။Jaehyunကတော့ဘေးကခုံလေးမှာထိုင်ရင်းဘာရယ်မဟုတ်Juyeonကိုငေးကြည့်နေမိသည်။

သူနဲ့အတူတူကြီးပြင်းလာပြီးအရပ်လည်းညီတယ်လို့ပြောလို့ရပေမဲ့Juyeonရဲ့အရပ်ကသူ့ထက်တောင်ပိုကြည့်ကောင်းနေသယောင်။Juyeonကတစ်ခုခုကိုအာရုံစိုက်နေပြီဆိုရင်လူကအလိုလိုကြည့်ကောင်းသွားတတ်သည်ကိုJaehyunသတိထားမိလေသည်။မျက်တောင်မခတ်စိုက်ကြည့်နေတော့Juyeonနှဖူးပေါ်ကချွေးစလေးတွေကိုပါသွားမြင်သည်မလို့Jaehyunမတုံ့မဆိုင်းဘဲသူ့အိပ်ကပ်ထဲကလက်ကိုင်ပုဝါလေးထုတ်လိုက်ကာသွားသုတ်ပေးမိလေသည်။

မှန်သုတ်နေရင်းရုတ်တစ်ရက်နှဖူးကိုလာထိသည်ကြောင့်လှည့်ကြည့်မိတော့Jaehyunကသူ့အားချွေးလာသုတ်ပေးခြင်းဖြစ်နေသည်။

"Juရယ်....နားနားပြီးလုပ်တာမဟုတ်ဘူး....ဒီမှာချွေးတွေတောင်ထွက်နေပြီ"

"ရပါတယ်...."

"မရပါဘူး....ဖယ်...ချွေးတွေJaeသုတ်ပေးမယ်"

ဆိုကာဇွတ်ကိုလုပ်ပေးချင်နေသောJaehyunလေးရယ်ပါ။စိတ်တိုင်းအလိုကျချွေးသုတ်ပြီးသွားတော့ကျေနပ်သွားသည့်မျက်နှာထားလေးဖြင့်

"အင်း....ရပြီ"
................

နွေရာသီကုန်ဆုံးခါနီးဆောင်းဝင်ခါစဖြစ်တာမလို့ညလေအေးရဲ့တိုက်ခတ်မှုဟာကျောင်းunifrom coatသာဝတ်လာတဲ့စက်ဘီးပေါ်ကကောင်လေးနှစ်ယောက်အပေါ်ကျရောက်နေသောကြောင့်နှစ်ယောက်လုံးအနည်းငယ်တော့အေးနေကြသည်။

"Jaeလက်တွေအေးစက်နေတာပဲ"

ရုတ်တစ်ရက်စက်ဘီးနင်းနေတုန်းJuyeonရဲ့လက်ဟာခါးမှာကိုင်ထားတဲ့Jaehyunရဲ့လက်ကိုလာထိပြီးပြောလိုက်သည်။

"မဖြစ်တော့ဘူး.....Jaeလက်ကိုငါ့အိပ်ကပ်ထဲထည့်ထားနော်"

ဆိုပြီးJaehyunလက်တွေကိုဆွဲကာသူ့အိပ်ကပ်ထဲလှမ်းထည့်လေသည်။

"Jaeကရပါတယ်"

"မရပါဘူး....ဟိုအရင်နှစ်တုန်းကJaeလက်တွေအေးလာပြီးခြေထောက်တွေပါအေးလာတာလေပြီးတော့နောက်နေ့နှာစီးပြီးနေမကောင်းဖြစ်တာပဲမလားအခုလည်းအဲ့လိုမဖြစ်အောင်ဂရုစိုက်ရမယ်လေJaeရဲ့"

Juyeonအပြောကြောင့်Jaehyunပြုံးမိပါသည်။အပြောအဆိုထင်သလောက်မချိုသာပေမဲ့စိတ်ရင်းကောင်းသောJuyeonလိုသူငယ်ချင်းမျိုးပိုင်ဆိုင်ထားတာကြောင့်Jaehyunပီတိဖြစ်မိပါသည်။

ညလေအေးကြောင့်အေးစက်နေခဲ့တဲ့လက်ချောင်းလေးတွေကလည်းတစ်ယောက်သောသူရဲ့အိပ်ကပ်ထဲမှာနွေးထွေးသွာသလိုအတွင်းထဲမှနှလုံးသားလေးကလည်းထိုတစ်ယောက်သောသူရဲ့ဂရုစိုက်မှုတွေကြောင့်နွေးထွေးသွားရပြန်ပါသည်။
__________________________________________

Maureenအရင်ရက်တွေက ကလောကိုခနခရီးသွားနေလို့updateမမှန်ဖြစ်သွားပါတယ်နော်။နောက်ဆိုသေချာလေးအတတ်နိုင်ဆုံးupdateမှန်ပေးပါ့မယ်။requestတွေလည်းများလာပြီမလို့Maureenပိုပြီးကောင်းအောင်ရေးပေးပါ့မယ်နော်။Sunnewလေးကတော့ဒီလကုန်လောက်အပြီးအပ်ပေးပါ့မယ်နော်🤗🤗

Thanks for reading🌸

Zawgyi

{ အထက္တန္းႏွစ္ }

"Yahh!!!!! Juyeon!!!! Jaeကိုေစာင့္ဦးေလ!!!!"

"ဟဟ.....Jaeမွီေအာင္လိုက္!!!"

အထက္တန္းေက်ာင္းသြားရာေျမညီလမ္းတစ္ေလွ်ာက္၌စက္ဘီးေလးတစ္စီးသြားရာေနာက္သို႔အမွီေျပးလိုက္ေနေသာေကာင္ေလးတစ္ေယာက္။စက္ဘီးကိုအျမန္နင္းေနတဲ့ေကာင္ေလးကလည္းစေနာက္ခ်င္ေဇာႏွင့္အျမန္စီးနင္းေနေလသည္။ဘယ္ေလာက္ပဲအေျပးျမန္ပါေစဦးေတာ့အရွိန္နဲ႕သြားေနသည့္စက္ဘီးေနာက္ကိုေတာ့ေကာင္ေလးမွီမည္မထင္ပါ။

သြားေနသည့္စက္ဘီးေလး႐ုတ္တစ္ရက္ရပ္လိုက္ေတာ့မွ

"ဟူး....အမေလး...ေမာလိုက္တာ.....Juကလည္းဘာလို႔အျမန္စီးေနတာလည္း.....Jaeကိုလည္းမေခၚဘူး"

ေမာၿပီးသူ႕ကိုေျပာဆိုေနေသာJaehyunေလးရဲ႕ေခါင္းအားJuyeonကိုင္ကာဖြလိုက္ၿပီး

"ဟဟ.....ေျပးလိုက္ရတာေမာသြားၿပီေပါ့"

"မေမာပဲေနပါ့မလားလို႔"

"ကဲပါ....လာတက္...ေက်ာင္းေရာက္ရင္အေအးဝယ္တိုက္မယ္"

"မုန့္ပါစားမွာေနာ္"

"သေဘာပါဗ်ာ"

"ဟိဟိ....."

မုန့္ဝယ္ေကြၽးမယ္လည္းဆိုေကာၿပဳံးေပ်ာ္ၿပီးစက္ဘီးေနာက္ကိုတက္လာေလသည္။

ေျပျပစ္စြာခင္းထားသည့္ကတၱရာလမ္းေလးေပၚ၌သြားေနေသာစက္ဘီးေလးတစ္စီးေပၚတြင္လိုက္ပါစီးနင္းလာေသာေကာင္ငယ္ေလးႏွစ္ေယာက္။Juyeonနဲ႕Jaehyunတို႔ငယ္ငယ္ကတည္းကတူတူသြားေနၾကဒီလမ္းေလးဟာလည္းပိုေကာင္းလာသည္ကလြဲ၍က်န္တာဘာမွေတာ့မေျပာင္းလဲသြားေခ်။

သြားရာလမ္းတစ္ေလွ်ာက္မွာအုပ္မိုးေနသည့္သစ္ပင္ႀကီးေတြရယ္......ထိုသစ္ပင္ႀကီးေတြၾကားထဲကထိုးေနတတ္တဲ့ေနေပ်ာက္စက္ေလးေတြရယ္.....ေဘးပတ္ဝန္းက်င္မွာရွိတဲ့စိုက္ခင္းေျမစိမ္းစိုစိုတို႔ရယ္.....Jaehyunမ်က္ႏွာေလးမွာေပၚေနၾကအၿပဳံးေလးရယ္....ဖက္ထားသည့္ကိုယ္ကအႏြေးဓာတ္ကေလးရယ္......။

Juyeonခါးကိုတင္းၾကပ္စြာေနာက္ကေနဖက္ၿပီးစက္ဘီးလိုက္စီးရသည္္ကိုJaehyunသေဘာက်သည္။ဒါေၾကာင့္ေန႕တိုင္းစီးေနရတာေတာင္သူ႕မွာမရိုးအီသြားျခင္းျဖစ္သည္။ေက်ာင္းသြားရင္လည္းအတူတူဒီလိုပဲသြားၿပီးေတာ့ေက်ာင္းပိတ္ရက္ေတြမွာဆိုရင္ေတာ့သူတို႔ရပ္ကြက္တစ္ပတ္ေလာက္စက္ဘီးပတ္စီးျဖစ္ရင္လည္းေနာက္ကေနထိုင္ၿပီးလိုက္စီးေလ့ရွိသည္။ဒါေၾကာင့္အခုခ်ိန္ထိJuyeonကစက္ဘီးစီးသင္ေပးတာေတာင္မသင္ေခ်။
..............

"Jaeဘာမုန့္စားမွာလည္း"

"အင္း.....ဒါပဲယူေတာ့မယ္"

ဆိုကာေပါင္မုန့္ေလးတစ္ထုတ္နဲ႕ႏြားနို႔ေလးတစ္ဘူးသာယူေလသည္။

"Jaeကလည္းဒီထက္ပိုေကာင္းတာစားပါ"

"ဟင့္အင္း....ေတာ္ၿပီ"

Jaehyunေၾကာင့္Juyeonလည္းသက္ျပင္းခ်႐ုံမွလြဲၿပီးမတတ္နိုင္။Jaehyunကငယ္ငယ္ေလးကတည္းကခုခ်ိန္ထိJuyeonမုန့္ဝယ္ေကြၽးမည္ဆိုပါကေပါင္မုန့္ေလးရယ္ႏြားနို႔ဘူးရယ္သာယူေလ့ရွိသည္။တစ္ျခားမုန့္ေတြစားခိုင္းရင္လည္းမရေခ်။တစ္ခါႏွစ္ခါမဟုတ္ေတာ့Juyeonလည္းေမးမိသည္။ဘာေၾကာင့္မ်ားသူမုန့္ဝယ္ေကြၽးရင္ဒါေတြပဲစားေနရတာလည္းလို႔ေမးေတာ့Jaehyunေလးျပန္ေျဖသည္က
Jaeကမုန့္ေတြအမ်ားႀကီးစားရင္Juyeonပိုက္ဆံကုန္သြားမွေပါ့တဲ့။ဒါေၾကာင့္ေစ်းနည္းသည့္မုန့္အားယူစားျခင္းျဖစ္သည္တဲ့ေလ။

Jaehyunေလးကသူ႕ကိုဆိုအေသးစိတ္ကအစလိုက္ၿပီးငဲ့ညွာတတ္သည္။ႀကီးျပင္းလာရသည့္မိသားစုႏွစ္ခုမတူေတာ့Jueyonကိုလည္းသူစာနာသည္။ဘယ္ေတာ့မွအနိုင္ယူၿပီးနိုင့္ထက္စီးနင္းလုပ္တာမ်ိဳးလည္းမရွိ။တစ္ေယာက္နဲ႕တစ္ေယာက္နားလည္ေပးၾကသည္မို႔ရန္လည္းတစ္ခါမွမျဖစ္ဖူးေခ်။ျဖစ္ရင္လည္းအနည္းငယ္စကားမ်ား႐ုံေလာက္သာ။

"Jaeဒီေန႕က်ဴရွင္ၿပီးရင္Juအလုပ္ဆီလာမယ္ေနာ္ၿပီးမွတူတူျပန္ၾကမယ္"

"အင္း...အင္း...ရပါတယ္"

ႏွစ္ေယာက္သားကတစ္ခ်ိန္လုံးနီးနီးေလာက္တူတူရွိတတ္ၾကေပမဲ့ေက်ာင္းဆင္းၿပီးခ်ိန္က်ရင္ေတာ့Jaehyunေလးကက်ဴရွင္သြားၿပီးJuyeonကေတာ့mini martတစ္ခုမွာအခ်ိန္ပိုင္းအလုပ္လုပ္သည္မလို႔သူတို႔ထိုအခ်ိန္ခနေလးေတာ့မေတြ႕ရတတ္ေခ်။

Juyeonရဲ႕ပေထြးျဖစ္သူကပိုက္ဆံလည္းပုံမွန္ေတာ့ေပးပါသည္။မေျပလည္တာမ်ိဳးေတာ့မဟုတ္ေပမဲ့Juyeonအတြက္ေတာ့အလုပ္လည္းမလုပ္ဘဲအိမ္မွာအေနမ်ားၿပီးအရက္ထိုင္ေသာက္ေနတတ္သည့္သူ႕ပေထြးကပိုက္ဆံအၿမဲရွိေနသည္ကိုေတာ့သံသယျဖစ္မိသည္။ေမးလည္းမေမးရဲေတာ့ေက်ာင္းလခေလာက္သာလက္ခံၿပီးသူ႕ကိုယ္အတြက္ေတာ့သူ႕ဟာသူရွာမည္ဟုေတြးကာအလုပ္လုပ္ခဲ့ျခင္းျဖစ္သည္။

အစကဒီကိစၥကိုJaehyunေလးနဲ႕တိုင္ပင္ေတာ့လက္မခံခ်င္။သူနဲ႕အတူတူက်ဴရွင္တက္ခိုင္းေပမဲ့က်ဴရွင္လခထပ္ကုန္မွာစိုးေနသည့္Juyeonကျငင္းခဲ့သည္။အဲ့ကိစၥေၾကာင့္Jaehyunသူ႕ကိုတစ္ရက္ေလာက္စိတ္ေကာက္ပါေသးသည္။ၿပီးေတာ့Juyeonကလိုက္ေခ်ာ့ရင္းရွင္းျပေတာ့မွသာလက္ခံေတာ့သည္။အမွန္ကေတာ့JuyeonကိုJaehyunကမပင္ပန္းေစခ်င္႐ုံပါ။
.............

"Jaehyun nah!!!"

က်ဴရွင္မွာအတူတူထိုင္ေနက်ေကာင္ေလးYounghoonမွေခၚလာေတာ့Jaehyunလွည့္ၾကည့္လိုက္သည္။

"ငါတို႔က်ဴရွင္ၿပီးရင္Hot potသြားစားၾကမလို႔ငါ့ေမြးေန႕ဆိုေတာ့ငါေကြၽးမွာပါ....လိုက္ခဲ့ေလေနာ္"

"ဟင့္အင္း....လာေခၚတာေက်းဇူးတင္ေပမဲ့ငါခ်ိန္းထားတာရွိေသးလို႔"

"ခ်ိန္းထားတာရွိေသးလို႔ဆိုေတာ့မဟုတ္မွလြဲေရာမင္းရည္းစားရေနတာလား"

"မဟုတ္ပါဘူး....ဒီအတိုင္းပဲသူငယ္ခ်င္းနဲ႕"

"ေအာ္.......မင္းကအၿမဲတမ္းဒီလိုပဲေနာ္က်ဴရွင္ဆင္းတာနဲ႕တန္းျပန္တာငါတို႔ေတာင္မေစာင့္ဘူးဆိုေတာ့ရည္းစားနဲ႕ခ်ိန္းထားတယ္ထင္ေနတာ"

"ငါ့မွာရည္းစားမရွိပါဘူး...အဲ့ထက္ပိုအေရးႀကီးတဲ့သူပဲရွိတာ.....သြားလိုက္ဦးမယ္ေနာ္...."

"အင္းအင္း"
...................

"ေဒါက္....ေဒါက္"

မွန္သုတ္ေနရင္းတန္းလန္းမွန္ကိုေခါက္လာေသာေၾကာင့္Juyeonေသခ်ာၾကည့္မိေတာ့Jaehyunေလးျဖစ္ေနသည္မို႔ခ်က္ခ်င္းၿပဳံးမိသည္။တစ္ျခားလူသာဆိုရင္မွန္ေခါက္တာကိုေျပာမိမွာျဖစ္ေပမဲ့Jaehyunေလးကေတာ့ခြၽင္းခ်က္။

အထဲကိုလည္းေရာက္လာေတာ့

"Jaeက်ဴရွင္ၿပီးၿပီေပါ့"

"အင္းၿပီးၿပီ....ဒါနဲ႕ေစ်းဝယ္တဲ့သူေတြလည္းမရွိေသးဘူးေနာ္ေတာ္ပါေသးတယ္"

"အင္း...ခနေနေလာက္ဆိုရင္ေတာ့လာၾကေတာ့မွာ ညေနေရာက္ေနၿပီေလ"

"အဲ့တာဆိုလူမမ်ားခင္ေနဦးမယ္"

Juyeonကေတာ့ေခါင္းၿငိမ့္ျပရင္းမွန္ဆက္သုတ္ေနေလသည္။Jaehyunကေတာ့ေဘးကခုံေလးမွာထိုင္ရင္းဘာရယ္မဟုတ္Juyeonကိုေငးၾကည့္ေနမိသည္။

သူနဲ႕အတူတူႀကီးျပင္းလာၿပီးအရပ္လည္းညီတယ္လို႔ေျပာလို႔ရေပမဲ့Juyeonရဲ႕အရပ္ကသူ႕ထက္ေတာင္ပိုၾကည့္ေကာင္းေနသေယာင္။Juyeonကတစ္ခုခုကိုအာ႐ုံစိုက္ေနၿပီဆိုရင္လူကအလိုလိုၾကည့္ေကာင္းသြားတတ္သည္ကိုJaehyunသတိထားမိေလသည္။မ်က္ေတာင္မခတ္စိုက္ၾကည့္ေနေတာ့Juyeonႏွဖူးေပၚကေခြၽးစေလးေတြကိုပါသြားျမင္သည္မလို႔Jaehyunမတုံ႕မဆိုင္းဘဲသူ႕အိပ္ကပ္ထဲကလက္ကိုင္ပုဝါေလးထုတ္လိုက္ကာသြားသုတ္ေပးမိေလသည္။

မွန္သုတ္ေနရင္း႐ုတ္တစ္ရက္ႏွဖူးကိုလာထိသည္ေၾကာင့္လွည့္ၾကည့္မိေတာ့Jaehyunကသူ႕အားေခြၽးလာသုတ္ေပးျခင္းျဖစ္ေနသည္။

"Juရယ္....နားနားၿပီးလုပ္တာမဟုတ္ဘူး....ဒီမွာေခြၽးေတြေတာင္ထြက္ေနၿပီ"

"ရပါတယ္...."

"မရပါဘူး....ဖယ္...ေခြၽးေတြJaeသုတ္ေပးမယ္"

ဆိုကာဇြတ္ကိုလုပ္ေပးခ်င္ေနေသာJaehyunေလးရယ္ပါ။စိတ္တိုင္းအလိုက်ေခြၽးသုတ္ၿပီးသြားေတာ့ေက်နပ္သြားသည့္မ်က္ႏွာထားေလးျဖင့္

"အင္း....ရၿပီ"
................

ႏြေရာသီကုန္ဆုံးခါနီးေဆာင္းဝင္ခါစျဖစ္တာမလို႔ညေလေအးရဲ႕တိုက္ခတ္မႈဟာေက်ာင္းunifrom coatသာဝတ္လာတဲ့စက္ဘီးေပၚကေကာင္ေလးႏွစ္ေယာက္အေပၚက်ေရာက္ေနေသာေၾကာင့္ႏွစ္ေယာက္လုံးအနည္းငယ္ေတာ့ေအးေနၾကသည္။

"Jaeလက္ေတြေအးစက္ေနတာပဲ"

႐ုတ္တစ္ရက္စက္ဘီးနင္းေနတုန္းJuyeonရဲ႕လက္ဟာခါးမွာကိုင္ထားတဲ့Jaehyunရဲ႕လက္ကိုလာထိၿပီးေျပာလိုက္သည္။

"မျဖစ္ေတာ့ဘူး.....Jaeလက္ကိုငါ့အိပ္ကပ္ထဲထည့္ထားေနာ္"

ဆိုၿပီးJaehyunလက္ေတြကိုဆြဲကာသူ႕အိပ္ကပ္ထဲလွမ္းထည့္ေလသည္။

"Jaeကရပါတယ္"

"မရပါဘူး....ဟိုအရင္ႏွစ္တုန္းကJaeလက္ေတြေအးလာၿပီးေျခေထာက္ေတြပါေအးလာတာေလၿပီးေတာ့ေနာက္ေန႕ႏွာစီးၿပီးေနမေကာင္းျဖစ္တာပဲမလားအခုလည္းအဲ့လိုမျဖစ္ေအာင္ဂ႐ုစိုက္ရမယ္ေလJaeရဲ႕"

Juyeonအေျပာေၾကာင့္Jaehyunၿပဳံးမိပါသည္။အေျပာအဆိုထင္သေလာက္မခ်ိဳသာေပမဲ့စိတ္ရင္းေကာင္းေသာJuyeonလိုသူငယ္ခ်င္းမ်ိဳးပိုင္ဆိုင္ထားတာေၾကာင့္Jaehyunပီတိျဖစ္မိပါသည္။

ညေလေအးေၾကာင့္ေအးစက္ေနခဲ့တဲ့လက္ေခ်ာင္းေလးေတြကလည္းတစ္ေယာက္ေသာသူရဲ႕အိပ္ကပ္ထဲမွာႏြေးေထြးသြာသလိုနအတြင္းထဲမွႏွလုံးသားေလးကလည္းထိုတစ္ေယာက္ေသာသူရဲ႕ဂ႐ုစိုက္မႈေတြေၾကာင့္ႏြေးေထြးသြားရျပန္ပါသည္။
__________________________________________

Maureenအရင္ရက္ေတြက ကေလာကိုခနခရီးသြားေနလို႔updateမမွန္ျဖစ္သြားပါတယ္ေနာ္။ေနာက္ဆိုေသခ်ာေလးအတတ္နိုင္ဆုံးupdateမွန္ေပးပါ့မယ္။requestေတြလည္းမ်ားလာၿပီမလို႔Maureenပိုၿပီးေကာင္းေအာင္ေရးေပးပါ့မယ္ေနာ္။Sunnewေလးကေတာ့ဒီလကုန္ေလာက္အၿပီးအပ္ေပးပါ့မယ္ေနာ္🤗🤗

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com