Part 4
[ Cupcakesလေးတွေက ပြောတယ် ထပ်တူအချော့ခံချင်ပါတယ်တဲ့ ]
နေ့လည် ထမင်းစားနားသည့် အချိန်တွင် ပုံမှန်လို Matthew ရောက်မလာသေးပါ။ အရင်ကဆို နေ့တိုင်း ကြိုရောက်နေတတ်သည့် ကောင်လေးက ဒီနေ့မှ ဘယ်လိုဖြစ်တယ်ရယ် မသိ။ Jiwoongနှင့် Rickyတို့ စားနေချိန်အထိ မရောက်လာသေးချေ။
" မင်း ဖုန်းဆက်ကြည့်ပြီးပြီလား Jiwoong "
" အင်း ငါဖုန်းလည်းဆက်သေးတယ် Kakao talkမှာလည်း ပြောထားတယ်။ စာမပြန်သေးတာ "
ထမင်းစားဆောင်က ယောကျာ်းလေးနှင့် မိန်းကလေးခွဲထားသည်မလို့ Yeriက Jiwoongတို့နှင့်တော့ အတူရှိမနေပါ။
နှစ်ယောက်လည်း အတူတူထိုင်နေကြနေရာလေးမှာ Matthewကို စောင့်ကာ စားရင်း စားလို့သာ ကုန်သွားသည်။ တစ်ယောက်သောသူကတော့ အခုထိပေါ်မလာသေး။
" ငါ Matthewအခန်းဆီ လိုက်သွားကြည့်လိုက်ဦးမယ် "
" အင်း ငါလည်းလိုက်မယ် သူတစ်ခုခုဖြစ်နေလို့လား မသိဘူး "
ထမင်းဗန်းတွေ ထားပြီးသွားမယ် အလုပ်မှာမှ သူတို့ရှိရာဆီသို့ လျှောက်လှမ်းလာသည့် ကောင်ကလေး။
" Matthew!! ဘယ်တွေရောက်နေတာလဲ Hyungတို့ စိတ်ပူနေတာ ဖုန်းလည်းမကိုင် စာလည်းမပြန်လို့ "
Matthewမျက်နှာက အနည်းငယ်မကောင်းဖြစ်နေသည်ကိုတော့ Jiwoongမရိပ်မိပေမဲ့ Rickyရိပ်မိသည်။
" Matthew တစ်ခုခုဖြစ်ထားလို့လား မျက်နှာလည်း မကောင်းဘူး "
" မဟုတ်ပါဘူး Ge ကျွန်တော် ဘာမှမဖြစ်ထားပါဘူး။ စာလုပ်နေလို့ နေ့လည်စာလာမစားဖြစ်တာပါ အဲ့တာထက် ကျွန်တော် Jiwoong Hyungကို မေးစရာရှိတယ် "
" အင်း မေးလေ "
" Hyung ကျွန်တော်လုပ်ပေးထားတဲ့ Cupcakesတွေ စားလိုက်တယ်မလား "
Jiwoongက တစ်ချက်စဥ်းစားလိုက်မိသည်။ သူအမှန်တစ်ကယ်တော့ မစားရသေးပေမဲ့ အဲ့လိုပြောလိုက်လျှင် Matthewစိတ်မကောင်းဖြစ်သွားမှာစိုးသည့်အတွက်ကြောင့် မုသားသုံးရန်ဆုံးဖြတ်လိုက်သည်။
" Cupcakesတွေလား....အာ...အင်း စားလိုက်တယ်လေ "
Matthewက ပြုံးလည်းမပြုံးနေသည့် မျက်နှာထားဖြင့် Jiwoongကို ဆက်မေးလိုက်သည်။
" ဘယ်အရသာ စားလိုက်လဲ "
" ဘလူးဘယ်ရီ အရသာ စားလိုက်တယ် "
" ကျွန်တော် လုပ်ပေးထားတဲ့ထဲမှာ ဘလူးဘယ်ရီအရသာ မပါဘူး Hyung "
Jiwoongအမှန်တိုင်းပြောရမည်ဆိုလျှင် အနည်းငယ်တုန်လှုပ်နေမိပါသည်။ Matthewကို စိတ်မကောင်းမှ သူမဖြစ်စေချင်ဘဲ။
Matthewက သူ့ဖုန်းကိုထုတ်ပြရင်း
" Hyungစားလိုက်တယ်ဆိုရင် Yeri Noonaတင်ထားတဲ့ ဟာတွေက ဘယ်ကဝယ်တာမလို့လဲ! "
" အဲ့တာက...... "
Jiwoong ပြန်ဖြေဖို့ရန် အဖြေပင်မရှိဖြစ်နေပါသည်။အနားမှာရှိသည့် Rickyကတော့ အခြေနေကို နားလည်သဘောပေါက်ဟန်ဖြင့် ဘေးနားမှာပဲ ဆက်ရှိနေသည်။
" ကျွန်တော် ကိုယ်တိုင် အိပ်ရေးပျက်ခံပြီး Hyungကိုစားစေချင်လို့ လုပ်ပေးထားတာလေဗျာ။ အဲ့တာကို Hyungက တစ်ခုလေးတောင် မစားဘဲ ပေးလိုက်တာပေါ့။ "
" ကိုယ်စားမလို့ လုပ်နေတဲ့အချိန်မှာ Yeriက စားချင်တယ်ပြောလို့ ပေးလိုက်မိတာပါကွာ။ Yeriကိုလည်း Matthewခင်နေတာပဲ "
Matthewက သက်ပြင်းကိုချပြီး
" ကျွန်တော်က Yeri Noonaကို မကျွေးချင်လို့ ပြောနေတာမဟုတ်ဘူး။ Hyungကို စားစေချင်လို့ လုပ်လာပေးတာကို မစားတဲ့အပြင် တစ်ခြားလူကိုပေးပစ်လို့ ပြောနေတာ။ ဒါတောင် ဝန်မခံဘဲ Hyung ကျွန်တော့်ကိုလိမ်ရက်တယ်နော် "
Jiwoongက Matthewလက်ကို အသာလေးဆွဲယူကိုင်ကာ
" ကိုယ်လိမ်ပြောရတာ Matthewစိတ်မကောင်းဖြစ်မှာစိုးလို့ဆိုပြီး- "
" အဲ့လိုပြောတာကမှ ကျွန်တော့်ကို စိတ်ဆိုးစေတယ် Hyung။ ကျွန်တော် လိမ်တဲ့သူတွေကို မကြိုက်ဆုံးပဲဆိုတာ Hyungသိပါတယ်။ ကျွန်တော် Hyungကို စိတ်ဆိုးတယ် တစ်ကယ် "
ဆိုကာ ဆွဲယူကိုင်ခံထားရသည့် လက်နှစ်ဖက်လုံးကို ရုန်းကာ ပြန်လှည့်ထွက်လာခဲ့လိုက်သည်။
နာကျင်ရသည်။ ရင်ဘတ်ထဲက ဆစ်ခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ Matthewရဲ့ သူ့ကိုစိတ်ဆိုးတယ် ဟုပြောပြီး ကျောခိုင်းကာ လှည့်ထွက်သွားသည်က Jiwoongကို နာကျင်ရစေပါသည်။
...............
" ဒီကိစ္စက မင်းမှားတာပဲ မင်းMatthewကို အချိန်တစ်ခုသေချာပေးပြီး တောင်းပန်လိုက်ပါ "
" အင်း ငါတောင်းပန်မှာပါ အချိန်ပိုအတန်းပြီးတာနဲ့ သူ့အိမ်သွားလိုက်မယ် "
Rickyက ခေါင်းငြိမ့်ပြသည်။
" Ricky... "
" အင်း... "
" ငါ နားမလည်တာ Matthewဘာလို့ အဲ့လောက်ထိ အကြီးကျယ် စိတ်ဆိုးသွားလဲဆိုတာပဲ ဒီလောက်ကိစ္စလေးနဲ့ သူဒီလိုဖြစ်စရာလိုလို့လား ဘယ်လိုပဲ ဒါကသူစိတ်ဆိုးချင်စရာပေမဲ့လည်း"
Ricky စိတ်ထဲတွေးလိုက်မိပါသည်။ Jiwoongက ငတုံးဆိုတာ။
" ဖြစ်စရာလိုလို့ ဖြစ်တာပေါ့။ မင်းတွေးကြည့်ကြည့်လေ မင်းအတွက် အရေးပါတဲ့ လူတစ်ယောက််ကို မင်းသေချာအပင်ပန်းခံပြီး လုပ်ထားတဲ့ လက်ဆောင်တစ်ခုပေးမယ်ကွာ ဒါပေမဲ့ အဲ့လူက မင်းပေးထားတဲ့ လက်ဆောင်ကို အလေးမထားဘဲ တစ်ခြားသူကို ပေးလိုက်မယ်ဆိုရင်ရော "
Jiwoongက Rickyပြောတာကို သေချာနားထောင်ပြီး နားလည်သဘောပေါက်လာသယောင်ရှိသည်။
" ဒါပေမဲ့ Yeriက တစ်ခြားသူမှမဟုတ်တာ "
Rickyမရှည်သည့် စိတ်ကိုမနည်းဆွဲဆန့်ထားရပြီး Jiwoongကို ထမရိုက်မိရန် စိတ်ထိန်းထားရပါသည်။
" မင်းအတွက်က တစ်ခြားသူမဟုတ်ပေမဲ့ Matthewအတွက်ကတော့ တစ်ခြားသူပဲလေ မင်းကြောင့်နဲ့သာ သူ့ကို ငါတို့ကသိနေတာ တစ်ကယ်တမ်းက ငါတို့နဲ့ ဘာပတ်သက်မှုမှမရှိတဲ့ သူပဲကို "
ထိုအခါမှသာ Jiwoongက ဟုတ်သားပဲ ဆိုသည့် မျက်နှာထားဖြစ်သွားသည်။
..............
ပြောထားသည့်အတိုင်း ညနေအချိန်ပိုအတန်းပြီးတာနဲ့ Jiwoong Matthewတို့အိမ်ကို ရောက်လာခဲ့သည်။ သူငယ်ချင်းကောင်းလေးဖြစ်သူ Rickyကလည်း သူ့ကားဖြင့်လိုက်ပို့ပေးရှာပါသည်။
သေချာမှာကြားလိုက်သေးသည်က Matthewကို ထပ်ပြီး စိတ်ဆိုးအောင်မလုပ်မိစေနဲ့ တဲ့။
တံခါး bellကို တီးလိုက်တော့ Matthew တီလေးက လာဖွင့်ပေးရှာသည်။
" Jiwoongပါလား လာလေ အထဲကိုဝင် "
အမြဲတမ်းမဟုတ်ပေမဲ့ တစ်ခါတစ်လေ လာနေကျမလို့ Matthew တီလေးက ဝမ်းပန်းတစ်သာ ကြိုဆိုသည်။
" Matthewကတော့ အိမ်နောက်ဖက်က ခြံထဲမှာ ဂိမ်းဆော့နေလားမသိပါဘူး။ ပြန်ရောက်ကတည်းက အဝတ်အစားလဲရေမိုးချိုးပြီး နေနေတာပဲ "
" အာ...ဟုတ်ကဲ့ ဒါဆို ကျွန်တော် လိုက်သွားလိုက်ပါ့မယ် "
တီလေးက ညစာချက်နေရင်းဖြစ်နေသည်မလို့ Jiwoongကို နားလည်ကြောင်း အသံပြုလိုက်သည်။
အိမ်အနောက်ဘက်က ခြံထဲကို သွားကြည့်တော့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ မိုးပြာရောင်ဖျာလေးခင်းထားပြီး ဂိမ်းထိုင်ဆော့နေသည့် Matthewကို တွေ့လိုက်ရသည်။
သူ့ဘက်ကို ကျောပေးထားပြီး ရှပ်အင်္ကျီအနက်ရောင်လေးကိုဝတ်ထားသည့် Matthewကို မြင်တော့ Jiwoong နှုတ်ခမ်းလေး ကော့ညွှတ်သွားသည်မှာ ကာယကံရှင်ဖြစ်တဲ့ သူကိုယ်တိုင်တောင် မသိလိုက်။
အနောက်ကို တိတ်တိတ်လေးသွားပြီး မသိမသာ ဘေးမှာဝင်ထိုင်လိုက်သည်။ ဂိမ်းကိုသာအာရုံရောက်နေသည့် Matthewကတော့ သူရောက်လာသည်ကိုပင် သတိမထားမိ။
" တီလေး သား ညစာမစားသေးဘူးလို့ ခဏနေမှ လာခဲ့မယ် "
သူ့တီလေးထင်ပြီး ဖုန်းကိုအကြည့်မလွှဲဘဲပြောလာတာကို Jiwoong ပြုံးပြီးကြည့်နေမိပြန်သည်။
" ဒါဆို ခဏနေမှ Hyungနဲ့ အတူတူစားကြမလား "
ရုတ်တစ်ရက် ထွက်ပေါ်လာသည့် Jiwoongရဲ့ အသံခပ်သြသြကြောင့် Matthew အနည်းငယ်လန့်သွားမိသည်။
" Hyung... ဘယ်တုန်းကရောက်လာတာလဲ "
" အခုလေးတင်ပါပဲ "
Matthewက Jiwoongကို အလိုမကျသည့် မျက်နှာဖြင့် ကြည့်လာပြီး
" ဘာလာလုပ်တာလဲ ဒီကို! "
" ဘာလာလုပ်ရမှာလဲ Hyungရဲ့ Matthewလေး စိတ်ကောက်နေတာကို လာချော့တာပေါ့ "
" မလိုအပ်ဘူး အခုပြန်တော့ "
" အဲ့လိုကြီး မနှင်ထုတ်ပါနဲ့ Matthewလေးကလည်း "
Jiwoongက ချွဲပြီးပြောလာတော့ Matthewမယ် မရယ်ဘဲ မနေနိုင်။ တီလေးပြောသလို ရုပ်ကြမ်းကြီးနဲ့ နွဲ့တာမျိုး။ သို့ပေမဲ့လည်း သူက စိတ်ဆိုးနေတာမလို့ ရယ်ချင်တာတောင် မရယ်ခဲ့ချေ။
" Hyungကို ပြန်တော့လို့ ပြောနေတယ်နော်! "
" ဟင်....ဒီလိုလည်း ချော့လို့မရဘူးလား ဒါဆို ပြောပါဦး ဘယ်လိုလုပ်ပေးရင် စိတ်ပြန်ပြေမလဲ "
" Hyung ကိုယ့်အိမ်ကိုသာ ပြန်သွားလိုက် "
အရင်ကဆို Matthewလက်မောင်းလေးကို ကိုင်ပြီး Hyungရဲ့ Matthewလေး လို့ ခေါ်လိုက်တာနဲ့ စိတ်ပြေတတ်သည့် ကောင်လေးက အခုမှာတော့ မတူတော့ချေ။ ကြည့်ရတာ အမှန်တစ်ကယ်ပင် စိတ်ဆိုးသွားတာဖြစ်မယ်ဟု တွေးမိပါသည်။
ဒါကြောင့် Jiwoongလည်း သူ့ကိုယ်သူတောင် သတိမထားမိလိုက်ခင် အချိန်ပိုင်းလေးအတွင်းမှာ ဘေးတစ်စောင်းနေနေသည့် Matthewရဲ့ ပါးပြင်လေးပေါ်မှာ ညှင်သာလှသည့် အနမ်းလေးတစ်ပွင့်ကို နှုတ်ခမ်းဖြင့် ထိကာပေးလိုက်မိသည်။
*kiss*
" Hyung!!! "
အနမ်းခံလိုက်ရသည့် ပါးပြင်လေးကိုကိုင်ကာ Jiwoongကို ပြူးတိပြူးကြောင်ကြည့်လာသည့် Mattewပုံအား ကြည့်ကာ Jiwoongခပ်ဟဟလေး ရယ်မိသည်။
" Hyung ဒါ ဘာလုပ်တာလဲ! "
" စိတ်ဆိုးနေတဲ့ကောင်လေး စိတ်ဆိုးတာပြေဖို့ နမ်းလိုက်တာလေ "
အပြင်ကို ခုန်ထွက်လာတော့မဲ့မတတ် ခုန်နေသည့် နှလုံးသားလေးကို Matthewမနည်း ထိန်းထားရတော့သည်။
" ဟာ....ကျွန်တော်က လာနမ်းခိုင်းနေတာမလို့လား။ ပြီးတော့ Hyungမှာ ကောင်မလေးရှိတယ်လေ ဘာလို့အဲ့လို အခြားလူတစ်ယောက်ကို လက်လွတ်စပယ် နမ်းရတာလဲ "
Matthewရဲ့ စကားလုံးများအား Jiwoongဘဝင်မကျပါ။
" Matthewက ကိုယ့်အတွက် အခြားလူမှမဟုတ်တာ ကောင်မလေးရှိတာကသပ်သပ်လေ Matthewက Matthewလေ စိတ်ကောက်နေလို့ပြေအောင်ချော့တာ ဘာမှားလို့လဲ "
Matthewဘာမှပြန်မပြောနိုင်ခဲ့ချေ။ စွဲမက်ချင်စရာကောင်းလောက်အောင် အပြုံးများ အကြည့်များနှင့် အမြဲပြုစားတတ်သည့် Jiwoongက သူ့အား မထင်မှတ်ထားပဲ အခုလိုလာနမ်းတော့ ပြောစရာ စကားလုံးပင် ရှာမတွေ့ဖြစ်ရချေပြီ။
" ဘာလဲ Matthew က တစ်ဖက်တည်းနမ်းလို့ စိတ်မပြေတာလား ဒါဆို ဟိုဘက်ပါးလေးပါ နမ်းပေးရမှာပေါ့ "
ဆိုကာ အမှန်ကန် လာနမ်းမည်ကြံတော့ Matthewမယ် အတင်းရုန်းကာ တားရသည်။
" ရပြီ! Hyung တော်တော့ ကျွန်တော် စိတ်ပြေပါပြီ "
ထိုအခါမှ Jiwoongက Matthewကို မျက်ဝန်းများစုံကာကြည့်လာသည်။ သေချာပေါက် Matthewသဘောကျရတဲ့ အပြုံးလေးတွေပါပြုံးရင်းပေါ့။
" Hyung တစ််ကယ် တောင်းပန်ပါတယ်နော် Matthewရဲ့ စေတနာတွေကို Hyungမလေးစားရာရောက်သလိုဖြစ်သွားခဲ့တယ် Hyung တစ်ကယ်မကောင်းဘူးနော် အဲ့တာကြောင့်မလို့ Matthewကပဲ Hyungကို ခွင့်လွှတ်ပေးပါ နော်...Matthewလေး "
တစ်နော်နော်နဲ့ Matthewလေးချင်းထပ်အောင် ပြောနေတော့ ဒီတစ်ခါ Matthewမထိန်းနိုင်တော့ပဲ လိုက်ပြုံးမိသည်။
" အင်းပါ....နောက်အခါကျ အဲ့လိုထပ်မဖြစ်စေနဲ့ပေါ့ မဟုတ်ရင် ကျွန်တော် ဒီတစ်ခါလို ခွင့်လွှတ်မှာမဟုတ်ဘူး "
" နောက်ဘယ်တော့မှ အခုလိုထပ်မဖြစ်စေရဘူး "
" ကဲ အဲ့တာဆို ကျွန်တော့်ကို ဂိမ်းဆော့ကူ မနေ့ညက Rankတွေ ကျကုန်တာ အဲ့တာပြန်တက်အောင်လုပ်ပေး! "
Matthewက Jiwoong လက်မောင်းကို မနာအောင် အသာလေးထိုးကာ ပြောလာတော့ Jiwoongမှ
" သခင်လေး သဘောအတိုင်းပါပဲခင်ဗျာ "
.....................
Thanks for reading🌸
Zawgyi
[ Cupcakesေလးေတြက ေျပာတယ္ ထပ္တူအေခ်ာ့ခံခ်င္ပါတယ္တဲ့ ]
ေန႕လည္ ထမင္းစားနားသည့္ အခ်ိန္တြင္ ပုံမွန္လို Matthew ေရာက္မလာေသးပါ။ အရင္ကဆို ေန႕တိုင္း ႀကိဳေရာက္ေနတတ္သည့္ ေကာင္ေလးက ဒီေန႕မွ ဘယ္လိုျဖစ္တယ္ရယ္ မသိ။ Jiwoongႏွင့္ Rickyတို႔ စားေနခ်ိန္အထိ မေရာက္လာေသးေခ်။
" မင္း ဖုန္းဆက္ၾကည့္ၿပီးၿပီလား Jiwoong "
" အင္း ငါဖုန္းလည္းဆက္ေသးတယ္ Kakao talkမွာလည္း ေျပာထားတယ္။ စာမျပန္ေသးတာ "
ထမင္းစားေဆာင္က ေယာက်ာ္းေလးႏွင့္ မိန္းကေလးခြဲထားသည္မလို႔ Yeriက Jiwoongတို႔ႏွင့္ေတာ့ အတူရွိမေနပါ။
ႏွစ္ေယာက္လည္း အတူတူထိုင္ေနၾကေနရာေလးမွာ Matthewကို ေစာင့္ကာ စားရင္း စားလို႔သာ ကုန္သြားသည္။ တစ္ေယာက္ေသာသူကေတာ့ အခုထိေပၚမလာေသး။
" ငါ Matthewအခန္းဆီ လိုက္သြားၾကည့္လိုက္ဦးမယ္ "
" အင္း ငါလည္းလိုက္မယ္ သူတစ္ခုခုျဖစ္ေနလို႔လား မသိဘူး "
ထမင္းဗန္းေတြ ထားၿပီးသြားမယ္ အလုပ္မွာမွ သူတို႔ရွိရာဆီသို႔ ေလွ်ာက္လွမ္းလာသည့္ ေကာင္ကေလး။
" Matthew!! ဘယ္ေတြေရာက္ေနတာလဲ Hyungတို႔ စိတ္ပူေနတာ ဖုန္းလည္းမကိုင္ စာလည္းမျပန္လို႔ "
Matthewမ်က္ႏွာက အနည္းငယ္မေကာင္းျဖစ္ေနသည္ကိုေတာ့ Jiwoongမရိပ္မိေပမဲ့ Rickyရိပ္မိသည္။
" Matthew တစ္ခုခုျဖစ္ထားလို႔လား မ်က္ႏွာလည္း မေကာင္းဘူး "
" မဟုတ္ပါဘူး Ge ကြၽန္ေတာ္ ဘာမွမျဖစ္ထားပါဘူး။ စာလုပ္ေနလို႔ ေန႕လည္စာလာမစားျဖစ္တာပါ အဲ့တာထက္ ကြၽန္ေတာ္ Jiwoong Hyungကို ေမးစရာရွိတယ္ "
" အင္း ေမးေလ "
" Hyung ကြၽန္ေတာ္လုပ္ေပးထားတဲ့ Cupcakesေတြ စားလိုက္တယ္မလား "
Jiwoongက တစ္ခ်က္စဥ္းစားလိုက္မိသည္။ သူအမွန္တစ္ကယ္ေတာ့ မစားရေသးေပမဲ့ အဲ့လိုေျပာလိုက္လွ်င္ Matthewစိတ္မေကာင္းျဖစ္သြားမွာစိုးသည့္အတြက္ေၾကာင့္ မုသားသုံးရန္ဆုံးျဖတ္လိုက္သည္။
" Cupcakesေတြလား....အာ...အင္း စားလိုက္တယ္ေလ "
Matthewက ၿပဳံးလည္းမၿပဳံးေနသည့္ မ်က္ႏွာထားျဖင့္ Jiwoongကို ဆက္ေမးလိုက္သည္။
" ဘယ္အရသာ စားလိုက္လဲ "
" ဘလူးဘယ္ရီ အရသာ စားလိုက္တယ္ "
" ကြၽန္ေတာ္ လုပ္ေပးထားတဲ့ထဲမွာ ဘလူးဘယ္ရီအရသာ မပါဘူး Hyung "
Jiwoongအမွန္တိုင္းေျပာရမည္ဆိုလွ်င္ အနည္းငယ္တုန္လႈပ္ေနမိပါသည္။ Matthewကို စိတ္မေကာင္းမွ သူမျဖစ္ေစခ်င္ဘဲ။
Matthewက သူ႕ဖုန္းကိုထုတ္ျပရင္း
" Hyungစားလိုက္တယ္ဆိုရင္ Yeri Noonaတင္ထားတဲ့ ဟာေတြက ဘယ္ကဝယ္တာမလို႔လဲ! "
" အဲ့တာက...... "
Jiwoong ျပန္ေျဖဖို႔ရန္ အေျဖပင္မရွိျဖစ္ေနပါသည္။အနားမွာရွိသည့္ Rickyကေတာ့ အေျခေနကို နားလည္သေဘာေပါက္ဟန္ျဖင့္ ေဘးနားမွာပဲ ဆက္ရွိေနသည္။
" ကြၽန္ေတာ္ ကိုယ္တိုင္ အိပ္ေရးပ်က္ခံၿပီး Hyungကိုစားေစခ်င္လို႔ လုပ္ေပးထားတာေလဗ်ာ။ အဲ့တာကို Hyungက တစ္ခုေလးေတာင္ မစားဘဲ ေပးလိုက္တာေပါ့။ "
" ကိုယ္စားမလို႔ လုပ္ေနတဲ့အခ်ိန္မွာ Yeriက စားခ်င္တယ္ေျပာလို႔ ေပးလိုက္မိတာပါကြာ။ Yeriကိုလည္း Matthewခင္ေနတာပဲ "
Matthewက သက္ျပင္းကိုခ်ၿပီး
" ကြၽန္ေတာ္က Yeri Noonaကို မေကြၽးခ်င္လို႔ ေျပာေနတာမဟုတ္ဘူး။ Hyungကို စားေစခ်င္လို႔ လုပ္လာေပးတာကို မစားတဲ့အျပင္ တစ္ျခားလူကိုေပးပစ္လို႔ ေျပာေနတာ။ ဒါေတာင္ ဝန္မခံဘဲ Hyung ကြၽန္ေတာ့္ကိုလိမ္ရက္တယ္ေနာ္ "
Jiwoongက Matthewလက္ကို အသာေလးဆြဲယူကိုင္ကာ
" ကိုယ္လိမ္ေျပာရတာ Matthewစိတ္မေကာင္းျဖစ္မွာစိုးလို႔ဆိုၿပီး- "
" အဲ့လိုေျပာတာကမွ ကြၽန္ေတာ့္ကို စိတ္ဆိုးေစတယ္ Hyung။ ကြၽန္ေတာ္ လိမ္တဲ့သူေတြကို မႀကိဳက္ဆုံးပဲဆိုတာ Hyungသိပါတယ္။ ကြၽန္ေတာ္ Hyungကို စိတ္ဆိုးတယ္ တစ္ကယ္ "
ဆိုကာ ဆြဲယူကိုင္ခံထားရသည့္ လက္ႏွစ္ဖက္လုံးကို ႐ုန္းကာ ျပန္လွည့္ထြက္လာခဲ့လိုက္သည္။
နာက်င္ရသည္။ ရင္ဘတ္ထဲက ဆစ္ခနဲ နာက်င္မႈကို ခံစားလိုက္ရသည္။ Matthewရဲ႕ သူ႕ကိုစိတ္ဆိုးတယ္ ဟုေျပာၿပီး ေက်ာခိုင္းကာ လွည့္ထြက္သြားသည္က Jiwoongကို နာက်င္ရေစပါသည္။
...............
" ဒီကိစၥက မင္းမွားတာပဲ မင္းMatthewကို အခ်ိန္တစ္ခုေသခ်ာေပးၿပီး ေတာင္းပန္လိုက္ပါ "
" အင္း ငါေတာင္းပန္မွာပါ အခ်ိန္ပိုအတန္းၿပီးတာနဲ႕ သူ႕အိမ္သြားလိုက္မယ္ "
Rickyက ေခါင္းၿငိမ့္ျပသည္။
" Ricky... "
" အင္း... "
" ငါ နားမလည္တာ Matthewဘာလို႔ အဲ့ေလာက္ထိ အႀကီးက်ယ္ စိတ္ဆိုးသြားလဲဆိုတာပဲ ဒီေလာက္ကိစၥေလးနဲ႕ သူဒီလိုျဖစ္စရာလိုလို႔လား ဘယ္လိုပဲ ဒါကသူစိတ္ဆိုးခ်င္စရာေပမဲ့လည္း"
Ricky စိတ္ထဲေတြးလိုက္မိပါသည္။ Jiwoongက ငတုံးဆိုတာ။
" ျဖစ္စရာလိုလို႔ ျဖစ္တာေပါ့။ မင္းေတြးၾကည့္ၾကည့္ေလ မင္းအတြက္ အေရးပါတဲ့ လူတစ္ေယာက္္ကို မင္းေသခ်ာအပင္ပန္းခံၿပီး လုပ္ထားတဲ့ လက္ေဆာင္တစ္ခုေပးမယ္ကြာ ဒါေပမဲ့ အဲ့လူက မင္းေပးထားတဲ့ လက္ေဆာင္ကို အေလးမထားဘဲ တစ္ျခားသူကို ေပးလိုက္မယ္ဆိုရင္ေရာ "
Jiwoongက Rickyေျပာတာကို ေသခ်ာနားေထာင္ၿပီး နားလည္သေဘာေပါက္လာသေယာင္ရွိသည္။
" ဒါေပမဲ့ Yeriက တစ္ျခားသူမွမဟုတ္တာ "
Rickyမရွည္သည့္ စိတ္ကိုမနည္းဆြဲဆန့္ထားရၿပီး Jiwoongကို ထမရိုက္မိရန္ စိတ္ထိန္းထားရပါသည္။
" မင္းအတြက္က တစ္ျခားသူမဟုတ္ေပမဲ့ Matthewအတြက္ကေတာ့ တစ္ျခားသူပဲေလ မင္းေၾကာင့္နဲ႕သာ သူ႕ကို ငါတို႔ကသိေနတာ တစ္ကယ္တမ္းက ငါတို႔နဲ႕ ဘာပတ္သက္မႈမွမရွိတဲ့ သူပဲကို "
ထိုအခါမွသာ Jiwoongက ဟုတ္သားပဲ ဆိုသည့္ မ်က္ႏွာထားျဖစ္သြားသည္။
..............
ေျပာထားသည့္အတိုင္း ညေနအခ်ိန္ပိုအတန္းၿပီးတာနဲ႕ Jiwoong Matthewတို႔အိမ္ကို ေရာက္လာခဲ့သည္။ သူငယ္ခ်င္းေကာင္းေလးျဖစ္သူ Rickyကလည္း သူ႕ကားျဖင့္လိုက္ပို႔ေပးရွာပါသည္။
ေသခ်ာမွာၾကားလိုက္ေသးသည္က Matthewကို ထပ္ၿပီး စိတ္ဆိုးေအာင္မလုပ္မိေစနဲ႕ တဲ့။
တံခါး bellကို တီးလိုက္ေတာ့ Matthew တီေလးက လာဖြင့္ေပးရွာသည္။
" Jiwoongပါလား လာေလ အထဲကိုဝင္ "
အၿမဲတမ္းမဟုတ္ေပမဲ့ တစ္ခါတစ္ေလ လာေနက်မလို႔ Matthew တီေလးက ဝမ္းပန္းတစ္သာ ႀကိဳဆိုသည္။
" Matthewကေတာ့ အိမ္ေနာက္ဖက္က ၿခံထဲမွာ ဂိမ္းေဆာ့ေနလားမသိပါဘူး။ ျပန္ေရာက္ကတည္းက အဝတ္အစားလဲေရမိုးခ်ိဳးၿပီး ေနေနတာပဲ "
" အာ...ဟုတ္ကဲ့ ဒါဆို ကြၽန္ေတာ္ လိုက္သြားလိုက္ပါ့မယ္ "
တီေလးက ညစာခ်က္ေနရင္းျဖစ္ေနသည္မလို႔ Jiwoongကို နားလည္ေၾကာင္း အသံျပဳလိုက္သည္။
အိမ္အေနာက္ဘက္က ၿခံထဲကို သြားၾကည့္ေတာ့ ျမက္ခင္းစိမ္းစိမ္းေပၚမွာ မိုးျပာေရာင္ဖ်ာေလးခင္းထားၿပီး ဂိမ္းထိုင္ေဆာ့ေနသည့္ Matthewကို ေတြ႕လိုက္ရသည္။
သူ႕ဘက္ကို ေက်ာေပးထားၿပီး ရွပ္အကၤ်ီအနက္ေရာင္ေလးကိုဝတ္ထားသည့္ Matthewကို ျမင္ေတာ့ Jiwoong ႏႈတ္ခမ္းေလး ေကာ့ၫႊတ္သြားသည္မွာ ကာယကံရွင္ျဖစ္တဲ့ သူကိုယ္တိုင္ေတာင္ မသိလိုက္။
အေနာက္ကို တိတ္တိတ္ေလးသြားၿပီး မသိမသာ ေဘးမွာဝင္ထိုင္လိုက္သည္။ ဂိမ္းကိုသာအာ႐ုံေရာက္ေနသည့္ Matthewကေတာ့ သူေရာက္လာသည္ကိုပင္ သတိမထားမိ။
" တီေလး သား ညစာမစားေသးဘူးလို႔ ခဏေနမွ လာခဲ့မယ္ "
သူ႕တီေလးထင္ၿပီး ဖုန္းကိုအၾကည့္မလႊဲဘဲေျပာလာတာကို Jiwoong ၿပဳံးၿပီးၾကည့္ေနမိျပန္သည္။
" ဒါဆို ခဏေနမွ Hyungနဲ႕ အတူတူစားၾကမလား "
႐ုတ္တစ္ရက္ ထြက္ေပၚလာသည့္ Jiwoongရဲ႕ အသံခပ္ၾသၾသေၾကာင့္ Matthew အနည္းငယ္လန့္သြားမိသည္။
" Hyung... ဘယ္တုန္းကေရာက္လာတာလဲ "
" အခုေလးတင္ပါပဲ "
Matthewက Jiwoongကို အလိုမက်သည့္ မ်က္ႏွာျဖင့္ ၾကည့္လာၿပီး
" ဘာလာလုပ္တာလဲ ဒီကို! "
" ဘာလာလုပ္ရမွာလဲ Hyungရဲ႕ Matthewေလး စိတ္ေကာက္ေနတာကို လာေခ်ာ့တာေပါ့ "
" မလိုအပ္ဘူး အခုျပန္ေတာ့ "
" အဲ့လိုႀကီး မႏွင္ထုတ္ပါနဲ႕ Matthewေလးကလည္း "
Jiwoongက ခြၽဲၿပီးေျပာလာေတာ့ Matthewမယ္ မရယ္ဘဲ မေနနိုင္။ တီေလးေျပာသလို ႐ုပ္ၾကမ္းႀကီးနဲ႕ ႏြဲ႕တာမ်ိဳး။ သို႔ေပမဲ့လည္း သူက စိတ္ဆိုးေနတာမလို႔ ရယ္ခ်င္တာေတာင္ မရယ္ခဲ့ေခ်။
" Hyungကို ျပန္ေတာ့လို႔ ေျပာေနတယ္ေနာ္! "
" ဟင္....ဒီလိုလည္း ေခ်ာ့လို႔မရဘူးလား ဒါဆို ေျပာပါဦး ဘယ္လိုလုပ္ေပးရင္ စိတ္ျပန္ေျပမလဲ "
" Hyung ကိုယ့္အိမ္ကိုသာ ျပန္သြားလိုက္ "
အရင္ကဆို Matthewလက္ေမာင္းေလးကို ကိုင္ၿပီး Hyungရဲ႕ Matthewေလး လို႔ ေခၚလိုက္တာနဲ႕ စိတ္ေျပတတ္သည့္ ေကာင္ေလးက အခုမွာေတာ့ မတူေတာ့ေခ်။ ၾကည့္ရတာ အမွန္တစ္ကယ္ပင္ စိတ္ဆိုးသြားတာျဖစ္မယ္ဟု ေတြးမိပါသည္။
ဒါေၾကာင့္ Jiwoongလည္း သူ႕ကိုယ္သူေတာင္ သတိမထားမိလိုက္ခင္ အခ်ိန္ပိုင္းေလးအတြင္းမွာ ေဘးတစ္ေစာင္းေနေနသည့္ Matthewရဲ႕ ပါးျပင္ေလးေပၚမွာ ညွင္သာလွသည့္ အနမ္းေလးတစ္ပြင့္ကို ႏႈတ္ခမ္းျဖင့္ ထိကာေပးလိုက္မိသည္။
*kiss*
" Hyung!!! "
အနမ္းခံလိုက္ရသည့္ ပါးျပင္ေလးကိုကိုင္ကာ Jiwoongကို ျပဴးတိျပဴးေၾကာင္ၾကည့္လာသည့္ Mattewပုံအား ၾကည့္ကာ Jiwoongခပ္ဟဟေလး ရယ္မိသည္။
" Hyung ဒါ ဘာလုပ္တာလဲ! "
" စိတ္ဆိုးေနတဲ့ေကာင္ေလး စိတ္ဆိုးတာေျပဖို႔ နမ္းလိုက္တာေလ "
အျပင္ကို ခုန္ထြက္လာေတာ့မဲ့မတတ္ ခုန္ေနသည့္ ႏွလုံးသားေလးကို Matthewမနည္း ထိန္းထားရေတာ့သည္။
" ဟာ....ကြၽန္ေတာ္က လာနမ္းခိုင္းေနတာမလို႔လား။ ၿပီးေတာ့ Hyungမွာ ေကာင္မေလးရွိတယ္ေလ ဘာလို႔အဲ့လို အျခားလူတစ္ေယာက္ကို လက္လြတ္စပယ္ နမ္းရတာလဲ "
Matthewရဲ႕ စကားလုံးမ်ားအား Jiwoongဘဝင္မက်ပါ။
" Matthewက ကိုယ့္အတြက္ အျခားလူမွမဟုတ္တာ ေကာင္မေလးရွိတာကသပ္သပ္ေလ Matthewက Matthewေလ စိတ္ေကာက္ေနလို႔ေျပေအာင္ေခ်ာ့တာ ဘာမွားလို႔လဲ "
Matthewဘာမွျပန္မေျပာနိုင္ခဲ့ေခ်။ စြဲမက္ခ်င္စရာေကာင္းေလာက္ေအာင္ အၿပဳံးမ်ား အၾကည့္မ်ားႏွင့္ အၿမဲျပဳစားတတ္သည့္ Jiwoongက သူ႕အား မထင္မွတ္ထားပဲ အခုလိုလာနမ္းေတာ့ ေျပာစရာ စကားလုံးပင္ ရွာမေတြ႕ျဖစ္ရေခ်ၿပီ။
" ဘာလဲ Matthew က တစ္ဖက္တည္းနမ္းလို႔ စိတ္မေျပတာလား ဒါဆို ဟိုဘက္ပါးေလးပါ နမ္းေပးရမွာေပါ့ "
ဆိုကာ အမွန္ကန္ လာနမ္းမည္ႀကံေတာ့ Matthewမယ္ အတင္း႐ုန္းကာ တားရသည္။
" ရၿပီ! Hyung ေတာ္ေတာ့ ကြၽန္ေတာ္ စိတ္ေျပပါၿပီ "
ထိုအခါမွ Jiwoongက Matthewကို မ်က္ဝန္းမ်ားစုံကာၾကည့္လာသည္။ ေသခ်ာေပါက္ Matthewသေဘာက်ရတဲ့ အၿပဳံးေလးေတြပါၿပဳံးရင္းေပါ့။
" Hyung တစ္္ကယ္ ေတာင္းပန္ပါတယ္ေနာ္ Matthewရဲ႕ ေစတနာေတြကို Hyungမေလးစားရာေရာက္သလိုျဖစ္သြားခဲ့တယ္ Hyung တစ္ကယ္မေကာင္းဘူးေနာ္ အဲ့တာေၾကာင့္မလို႔ Matthewကပဲ Hyungကို ခြင့္လႊတ္ေပးပါ ေနာ္...Matthewေလး "
တစ္ေနာ္ေနာ္နဲ႕ Matthewေလးခ်င္းထပ္ေအာင္ ေျပာေနေတာ့ ဒီတစ္ခါ Matthewမထိန္းနိုင္ေတာ့ပဲ လိုက္ၿပဳံးမိသည္။
" အင္းပါ....ေနာက္အခါက် အဲ့လိုထပ္မျဖစ္ေစနဲ႕ေပါ့ မဟုတ္ရင္ ကြၽန္ေတာ္ ဒီတစ္ခါလို ခြင့္လႊတ္မွာမဟုတ္ဘူး "
" ေနာက္ဘယ္ေတာ့မွ အခုလိုထပ္မျဖစ္ေစရဘူး "
" ကဲ အဲ့တာဆို ကြၽန္ေတာ့္ကို ဂိမ္းေဆာ့ကူ မေန႕ညက Rankေတြ က်ကဳန္တာ အဲ့တာျပန္တက္ေအာင္လုပ္ေပး! "
Matthewက Jiwoong လက္ေမာင္းကို မနာေအာင္ အသာေလးထိုးကာ ေျပာလာေတာ့ Jiwoongမွ
" သခင္ေလး သေဘာအတိုင္းပါပဲခင္ဗ်ာ "
.....................
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com