Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥
10
မိုမိုလျုပ်ထားသည်က သားမွှေး ကုတ်လက်ရှည်ဖြစ်ကာ သားမွှေးရဲ့ အရေပြားက ချောကျိကျိ ရှိတာမို့ ဇိုင်းရွက်ဖြင့်တွဲချုက်ထားသောကြောင့် နေရတာ အဆင်ပြေကာ နူးညံ့တဲ့ ခံစားချက်ကိုရပြီးနွေးလည်းနွေးသည်။
"မိုက်လိုက်တာ"
ယခုလို သားမွှေးကုတ် သာရှိရင် အပြင်ထွက် အမဲလိုက်လို့လည်း ရကာ အတော်လေး အဆင်ပြေသည်ပင်။
သားရဲကမ္ဘာ တွင် ညဆိုမှောင်ကာ မည်သည့်အလင်းပေး ပစ္စည်းမှ မရှိသဖြင့်နေဝင်ခါနီး အချိန်ဆို အိပ်ကြတာများသည်။
ယနေ့ကလပြည့်နေ့မို့ အပြင်တွင်လင်းနေကာ လက သူ့ရဲ့ခေါက်းပေါ် တည့်တည့်တွင်ရှိ သူလုပ်နေသည်များကိုစပ်စုနေသည်။
ရှဲရှဲ
အရိုင်းသားရဲများလား
မြောင်
မြောင်
"ဘာဖြစ်လို့လည်း "
"ဟမ် မွေးမယ်"
"ကောင်းကောင်းသွားပါ"
"ရှင်းယုမို "
မြောင်မြောင်
uni
မိုမို သားကောင်များထည့်ထားသော ခြင်းဖြင့်ဂူထဲရောက်လာတော့ ဖုန်းကျင်း က သူ့ကိုဂူရှေ့မှာစောင့်နေတာကိုတွေ့လိုက်ရသည်။ သူ့အဒေါ်ဆုံးပြီးနောက် သူတစ်ယောက်တည်းနေရတာကြောင့် သူအလုပ်ပြန်သည့်အခါ သူ့ကိုကြိုဆိုနေ သည်မှာ တိတ်ဆိတ်နေသော အိမ်သာဖြစ်သည်။
သူဒီကမ်ဘာ ကိုရောက်တော့လည်း သူ့မွေးစားအမေနှင့်အတူနေပေမယ့် အထီးကျန်မြဲပင်။ သူအမြဲအိမ် ဖြစ်ဖြစ် သူ့ရဲ့ ဂူ ကိုဖြစ်ဖြစ်ပြန်လာလျှင် ကြိုဆိုမည့်သူမရှိခဲ့ပေ။ ယခုလိုသူ့ကိုစောင့်နေသော ဖုန်းကျင်းကိုတွေ့လိုက်ရတော့ သူ ့ရင်ထဲနွေးထွေးသွားသလို ခံစားလိုက်ရကာ ပျော်လည်းပျော်မိသည်။
သူပြန်လာတာကိုဖုန်းကျင်းမြင်တော့ သူဆီလာကာ ဘေးကခြင်းတောင်းကို ယူလိုက်သည်။ သူတို့နှစ်ယောက် ဂူထဲဝင်ပြီးနောက် အသားတစ်ဝက်ကို အခြောက်လှန်းရန် ဖုန်းကျင့်နှင့်အတူ အသားကို ပိုင်းဖြတ်ကြသည်။
ထို့နောက် ဟိုလိုသီး နှင့်အသားများကို ဇိုင်းရွက်ပေါ်တင်ကာ ဂူအမိုးပေါ်တွင်အခြောက်လှန်းရင်း သားမွှေးအချို့ကို ကိုင်ကာ မိုမိုလည်းဂူပေါ်သို့တက်သွားသည်။
ဖုန်းကျင်းက သူနဲ့အတူလိုက်လာခဲ့သည်။ မိုမိုက ဇိုင်းရွက်ဖြင့်လုပ်ထားသော အိတ်မှ အပ်လေးကိုထုတ်လိုက်သည်။ ထိုအပ်ကို အရိုးဖြင့်ပြုလုပ်ထားကာ သေးငယ်ပြီး သိပ်လည်းမသပ်ရပ်ပေ။ သို့သော် မိုမို အတွက်တော့အကောင်းဆုံး အပ်ပင်။
မိုမို ထိုအပ်ပေါက်ထဲ အစိမ်းရောင်နွယ်ကြိုးမျှင်ကိုထည့်လိုက့သည်။ ဖုန်းကျင်းက နွယ်ကြိုးကို အံဩတကြီးကိုင်ကြာ့်နေတာကိုမြင်တော့ မိုမို အသံထွက် ရီလိုက်မိသည်။
ဖုန်းကျင်းက ခပ်ရှက်ရှက်ဖြင့်မိုမို ကိုလှည့်ကြည့်လာတော့ မိုမိုက သူမမေးခင်ဖြေလိုက်သည်။
"အဲ့တာ အစိမ်းရောင်နွယ်ကို ခွဲထားတာလေ"
"ကိုယ် အစိမ်းရောင်နွယ် ကိုခွဲထားတာ မြင်ဖူးပေမယ့် ဒီလောက်မသေးဘူး"
မိုမို ခပ်ဖွဖွ ရယ်ရင်း သူ့သူငယ်ချင်းလေးကိုရှင်းပြရပြန်သည်။
ပထမဆုံး ရေနွေးတည်ရကာ ဆူလာသည်နှင့် တောထဲမှရသည့် ဆေးပင်တစ်ပင် ကိုထည့်လိုက်သည်။ ထိုဆေးပင်က ရေထဲတွင်ပျော်ဝင်သွားသည့်အခါ တည်ထားသည့် အိုး သို့ ဝါးကျည်တောက် ကို မီးဖိုမှချလိုက်ပြီး အစိမ်းရောင်နွယ် များထည့်ရသည်။
ထိုနွယ်များက ရေထဲတွင် စိမ်ခံရသည့်အခါ မူရင်း နွယ်ပင် လုံးပတ်ထက် သုံးဆ ဖြစ်အောင်ပွလာသည်။.ထိုအခါ ထိုနွယ်ကို ဓားသုံးပြီး အနေတော်အရွယ် အမျှင်လေးတွေအဖြစ်ခွဲပေးရသည်။
ထို့နောက် အခြောက်လှန်းလိုက်သောအခါ နွယ်ပင်မှ စုပ်ယူထားသော ရေများ အငွေ့ပျံပြီး နွယ်ပင်က မူလအရွယ်ပြန်ဖြစ်သွားသည်။ ထို့ကြောင့်သေးငယ်ပြီး အပ်ချည်ကြိုးနှင့်ဆင်သော နွယ်ကြိုးများရလာသည်။ ထိုနွယ်များက သေးပေမယ့် ခိုင်ခံ့ကြသည်။
ဖုန်းကျင်း မိုမို စကားကိုကြားတော့အံ့ဩရပြန်သည်။
"ဒီလောက်တန်ဖိုးရှိတယ့်နည်းကို မင်းကိုယ့်ကိုပြောပြလို့ဖြစ်လိုလား"
ဖုန်းကျင်းကတော့ ထိုနည်းက အတော်လေးအဖိုးတန်သည် ဟုသာတွေးမိသည်။ ပုံမှန်ဆိုသူတို့သုံးသည့် နွယ်ကြိုးက ကြီးကာ အမျှင်အဖြစ်ခွဲထုတ် လျှင်တောင် အရွယ်ကြီးနေတုန်းဖြစ်ကာ အပ်ဖြင့်ချုပ်လျှင် ထိုနွယ်များက ဇိုင်းရွက် တွင် အပေါက်ဖြစ်ကာ ပြဲလွယ်သည်။
ထို့ပြင် အပ်များကလည်း အကြီးအကြီးတွေဖြစ်သည်။ သို့သော် မိုမို အပ်ကတော့အတော်လေးသေးငယ်သည်။
မိုမိုက သူဓားအရွက်များကို အသုံးပြု၍လုပ်ထားသော ကပ်ကြေးကို ယူကာ သားမွှေးကို ဖြတ်လိုက်သည်။ ထို့နောက် ဇိုင်းရွက်ကို သားရေ ဘက်တွင်ထားကာ သားမွှေးတွင်ပါသော အမွှေးများကိုအပြင်မှာထားရင်းတွဲချုပ်လိုသည်။
မိုမို ကအမြဲလုပ်နေကျမို့ အမြန်ပင်ချုပ်ပြီးသွားကာ သူ့ဘေးရှိဖုန်းကျင်း ကိုပေးလိုက်သည်။ ဖုန်းကျင်းက သူ့ကိုလှည့်ကြည့်လာတော့ မိုမိုက ပြုံးရင်း သူ့ကိုဝတ်ခိုင်းလိုက်သည်။
မိုမိုလျုပ်ထားသည်က သားမွှေး ကုတ်လက်ရှည်ဖြစ်ကာ သားမွှေးရဲ့ အေရျပားက ချောကျိကျိ ရှိတာမို့ ဇိုင်းရွက်ဖြင့်တွဲချုက်ထားသောကြောင့် နေရတာ အဆင်ပြေကာ နူးညံ့တဲ့ ခံစားချက်ကိုရပြီးနွေးလည်းနွေးသည်။
မိုမို သူ့လက်ရာကိုကြည့်ပြီး ကျေနပ်သွားသည်။ သူက ဖုန်းကျင်းကိုယ်တိုင်းကို မှန်းပြီးချုပ်လိုက်သော်လည်း မှန်သွားသည်။
"ဆောင်းဝင်ရင် အဲ့လိုသားမွှေး အဝတ်တွေဝတ်လိုက်ရင် နွေးသွားပြီး အပြင်သွားလို့လည်းရတယ်လေ"
"မိုက်လိုက်တာ"
ဖုန်းကျင်း သူ့ရဲ့ သားမွှေးကုတ်ကို ရတနာသဖွယ်သဘောထားနေတာကို မြင်တော့ မိုမို ခေါင်းသာခါလိုက်သည်။ ဖုန်းကျင်းက မိုမို တုန့်ပြန်မှု့ကိုမြင်တော့ သူလည်းမတက်နိုင်ပေ။ ဆောင်းရောက်ရင် လူတိုင်းဂူထဲတွက်သာနေကြကာ အပြင်သို့မထွက် ဆောင်းခိုသဖြင့် ရိက္ခာ ပြတ်သွားသည်များလည်းရှိကြကာ ထိုအချိန်ဆို ပြဿနာများစွာကြုံရတတ်သည်။
ယခုလို သားမွှေးကုတ် သာရှိရင် အပြင်ထွက် အမဲလိုက်လို့လည်း ရတာ အတော်လေး အဆင်ပြေသည်ပင်။
ဖုန်းကျင်းက မိုမိုပြောထားသည့်အတိုင်း သားမွှေး များကို ညှပ်နေကာ မိုမိုကတော့ ဂူထဲသို့ ညစာချက်ရန် ဂူပေါ်တွင် အခြောက်လှန်းထားသော ပစ္စည်း များယူ၍ ဝင်သွားသည်။
"တော်တော်ခြောက်သွားပြီဘဲ နက်ဖန် လှန်းလိုက်ရင်ရပြီ"
မိုမိုက အသားများကို ကိုင်ကြည့်ရင်းပြောလိုက်သည်။ ထို့​နောက် အသားခြောက် မီးဖုတ်နှင့် ပြောင်းဖူး မုန်လာဥနီ ရယ်ဖြင့် ဆန်ပြုတ်ချက်ကာ ထိုထဲသို့ ဆားနှင့် သကြားအနည်းငယ်ထည့်လိုက်သည်။
စွပ်ပြုတ်ဆူတော့ ဝါးကျည်တောက်ကို ချလိုက်ကာ ဝါးဇွန်းဖြင့် အနည်းငယ် မြည်းကြည့်လိုက်သည်။ အရင်ကလို့ ပေါ့ရွတ်ရွတ်မဟုတ်ဘဲ ချိုမြမြ အရသာရှိကာ အခြားပါဝင်ပစ္စည်းများသာရှိရင် ဟူး...မိုမို သက်ပြင်းချရင်း ဖုန်းကျင်းကို ညစာစားရန်ခေါ်ကာ သားမွှေးများကို ဂူပေါ်တွင်သာထားခဲ့ခိုင်းသည်။
ဖုန်းကျင်းက ဆန်ပြုတ်တစ်လုပ်စားပြီးနောက် တစ်လုပ်ပြီးတစ်လုပ် ဆက်တိုက်စားပြန်သည်။ ထို့နောက်တွင် အသားခြောက်များကိုစားကာ နောက်ဆုံးတွင်ဗိုက်တင်းသွားသည်။
ထို့နောက် ဖုန်းကျင်းရဲ့ နတ်ဘုရားသဖွယ်ကြည့်ခြင်းကို ခံလိုက်ရပြန်သည်။ မိုမိုက ရယ်ရင်း ဝါးကျည်တောက် တွေကိုသိမ်းကာ ဖုန်းကျင်းက အိပ်ရန်ပြင်သည်။ မိုမို ဖုန်းကျင်း မအိပ်ခင် အဝါရောင်အသီးပေးလိုက်သည်။ ဖုန်းကျင်းက ထိုအသီးကို မြင်သည်နှင့်မျက်နှာပျက်သွားပြန်သည်။
သို့သော်လည်း လိမ္မာစွာဖြင့် စားသည်ပင်။ ယနေ့တွင် ဖုန်းကျင်း ကအတော်ပင်ပန်းနေသည့်ပုံပင် လှဲချလိုက်သည်နှင့်တစ်ခါတည်း တန်းအိပ်ပျော်သွားသည်။
မိုမို ကတော့ ဂူပေါ်သို့တက်ကာ နေဝင်အလှကိုကြည့်ရင်း သားမွှေးများကိုချုပ်နေသည်။
သားရဲကမ်ဘာ တွင် ညဆိုမှောင်ကာ မည်သည့်အလင်းပေး ပစ္စည်းမှ မရှိသဖြင့်နေဝင်ခါနီး အချိန်ဆို အိပ်ကြတာများသည်။
ယနေ့ကလပြည့်နေ့မို့ အပြင်တွင်လင်းနေကာ လက သူ့ရဲ့ခေါင်းပေါ် တည့်တည့်တွင်ရှိ သူလုပ်နေသည်များကိုစပ်စုနေသည်။
မိုမို သူ့လက်ထဲရှိ ယုန်အရိုင်းသားရဲ ဖြင့်လုပ်ထားသော ခေါင်းဆောင်းကို ဝတ်ကြည့်လိုက်သည်။ ယုန်ရဲ့ အမွှေးက အဖြူရောင်ဖြစ်ကာ ဦးထုပ်ကို အဝိုင်းပုံဖြစ်ပြီး ကျန်သည့် သားမွှေးဖြင့် နာရွက်ကလေးလုပ်ကာ ဦးထုပ်ဘေးတွင်တပ်လိုက်သည်။
ပုံက နာရွက်ကျယုန်ရဲ့ နားကဲ့သို့တပ်ထားတာကြောင့် နားကို ဖုံးထားသည့် အတွက် နားအေးမှာမပူရပေ။
ရှဲရှဲ
မိုမို သူ့ဦးထုပ်ကို ဆောင်းကြည့်နေတုန်း တစ်နေရာမှ သစ်ရွက်လှုပ်သံများကို ကြားလိုက်တာကြောင့် မတ်တပ်ရပ်ကာ တိုက်ခိုက်ရန် သတိအနေအထားဖြင့် နေလိုက်သည်။
အရိုင်းသားရဲများလား
မိုမို ထိုသို့တွေးပြီးမကြာခင် ဂူနားရှိ ချုံမှ လှုပ်ရှားသံများကြားလိုက်ရသည်။ သူထိုဘက်သို့လှည့်ကြည့်ကာ ကပ်ကြေးကို တင်းတင်းဆုပ်ထားလိုက်သည်။
မြောင်
ထိုချုံပုတ်မှ အလွန်ချစ်စရာကောင်းသော အမွှေးဖွားဖွားဖြင့် အဖြူရောင်ကြောင် လေးခုန်ထွက်လာသည်။ ထိုကြောင်လေးက အနီရောင်မျက်လုံးများနှင့် သူ့ကိုစိုက်ကြည့်လာကာ ဂူအမိုးသို့တစ်ချက်တည်းခုန်လိုက်ကာ မိုမို ခြေထောက်နား သို့ရောက်လာသည်။
မိုမို အလန့်တကြားနောက်သို့ဆုတ်ကာ ဖင်ထိုင်ရက်ကျသွားမိသည်။ ပုံမှန်ဆိုနားပါးသည့် ဖုန်းကျင်းက ချက်ချင်းရောက်လာမည်ဖြစ်သော်လည်း ယနေ့တွင်ကောင်းကောင်းအိပ်မောကျနေတာကြောင့်ရောက်မလာပေ။
ထိုကြောင်က မိုမို ခြေထောက်ကို ကိုပွတ်သပ်ကာတမြောင်မြောင် အော်နေသည်။
မိုမိုက သတိထားကာ ထိုကြောင်ကို မချီလိုက်ရင်း ကြောင်မျက်လုံးကိုကြည့်လိုက် သည်။
အရိုင်းသားရဲနဲ့တူသလိုလို မတူသလိုလိုနဲ့
မြောင်
မိုမို ထိုကြောင်ကို ချပေးရင်းအမွှေးများကိုပွတ်သပ်ပေးလိုက်သည်။ နူးညံနေတာဘဲ ထို့နောက်ထိုကြောင်ကို အောက်သို့ချပေးကာ သူ့ပစ္စည်းများကို ယူပြီးဂူထဲဝင်သွားသည်။
ထိုကြောင်က ဂူရှေ့တွင်ထိုင်ကာ မိုမို ကိုကြည့်နေရင်း ကြမ်းပြင်တွင်အိပ်ရန်နေရာရှာပြီးနောက် စက်ဝိုင်းငယ်လေးလိုကွေးလိုက်သည်။
နောက်တစ်နေ့တွင်ဖုန်းကျင်း အရင်နိုးကာ မိုမိုက နောက်မှနိုးလာသည်။ နှစ်ယောက်သားမနေ့က စွပ်ပြုတ်ကိုနွေးစားပြီးနောက် ဖုန်းကျင်း ကိုကျန်သည့်သားမွှေးများကို ညှပ်ပေးရန်အကူညီတောင်းကာ သူကတော့မနေ့ကကျန်သည့် သားကောင်များကို သန့်ရှင်းရန် မြစ်သို့သွားသည်။
ဂူပေါက်ဝတွင် ရပ်နေသောမိုမိုကိုကြည့်ကာ ဖုန်းကျင်း ကသူ့နောက်လိုက်သွားရင်းမေးလိုက်သည်။
"ဘာဖြစ်လို့လည်း "
"ဖုန်းကျင်း ဒီကြောင်ကို အရိုင်းသားရဲထင်လား"
မိုမို ကြောင်လေးကို ဖုန်းကျင်းရှေ့မြှောက်ပြရင်းမေးလိုက်သည်။ ဖုန်းကျင်းက ကြောင် နားကိုသွားပြီးသေချာကြည့်လိုက်သည်။
"သူ့မှာ သားရဲအထီး အနံ့ ရပေမယ့် အရိုင်းသားရဲ အနံနည်းနည်းရောနေတယ် အမွှေးထူတဲ့သားရဲတွေကအနံခံဖို့ သိပ်မလွယ်ဘူး"
"ဒါဆို ကျွန်တော်တို့ ဒီကြောင်ကို မွေးလို့ရလား"
"ဟမ် မွေးမယ်"
ဖုန်းကျင်း တစ်ခါမှ ခုလို သားရဲတွေမွေးတာမကြားဖူးပေ။
"အင်း သူ့ကိုမွေးမယ်ဆို သူက ကျွန်တော် တို့နဲ့နေရမှာ"
"အဲ့လိုလား အန္တရာယ် ရှိပုံမပေါ်ဘူး မွေးလို့ရလောက်တယ်"
"ဒါဆိုကျွန်တော်သွားတော့မယ်"
"ကောင်းကောင်းသွားပါ"
မိုမို ကြောင်ကိုပိုက်ရင်း မနေ့က ကျန်သည့်သားရဲများကိုသန့်ရှင်းရန် မြစ်သို့ပြန်လာသည်။
ကြောင်ငယ်လေးက အလွန်နာခံကာ သူ့ဘေးမှာငြိမ်ငြိမ်လေးထိုင်နေသည်။ မိုမို သားကောင် သန့်ရှင်းပြီးနောက် လက်ရှိရေများကိုခါလိုက်ပြီး ကြောင်ကို ကိုင် လိုက်သည်။
"မင်းကို ဘယ်လို ခေါ်ရမလဲ"
"ငါကနာမည်ပေးမတော်ပါဘူးဆို"
"မြောင်မြောင် ဖြူလေး အဝိုင်းလေး"
"ဒါငါစဉ်းစားလို့ရသမျှဘဲ ဘယ်နာမည်ကြိုက်လည်း"
"အိုး.. ဒါမှမဟုတ် မီမီ ကော ကောင်းတယ် ခုကစပြီး မင်းက မီမီ ဘဲ"
"ရှင်းယုမို "
မိုမို ကြောင်နဲ့စကားပြောရင်းသူ့နောက်က ချိုသာသည့်အသံထွက်လာတာကြောင့် လှည့်ကြည့်လိုက်တော့ မနေ့က တွေ့ခဲ့သည့်အမပင်"
"မိုမို လို့ဘဲခေါ်ပါတော့ အဲ့နာမည်နဲ့အသားကျနေပြီလေ ဟုတ်သား မနေ့က နာမည်မေးဖို့မေ့သွားတယ်"
"ထင်သားမေးမှ မေးပါ့မလားလို့ ငါ့နာမည်က ရှန်ဖူ လေ"
"နင့်လက်ထဲကကြောင်လေးက ချစ်စရာလေး"
"သူ့နာမည်က မီမီ လေ မနေ့ကတွေ့ခဲ့တာ"
" အာ့ဆို ငါ့ကိုပေးလိုက်"
ထိုသို့ပြောရင်း ရှန်ဖူ မိုမို လက်ထဲက ကြောင်လေးကို လုယူ လိုက်သည်။
မိုမို ရှန်ဖူ ကို ကြည့်လိုက်ရင်း ပြန်လုတော့သည်။ သူ့ဘဝမှာ ခုလိုလူတစ်ခါမှမမြင် ဖူးပေ။ သူများကြောင်ကို ခုလို ခပ်တည်တည်ကြီး သူ့ကြောင်လို့လာလုတဲ့လူကို ပေါ့။
မြောင်မြောင်
မီမီ ကရှန်ဖူလက်ထဲတွင် အသည့်သန်ရုန်းရင်း သူ့ရဲ့ လက်သည်းကိုထုတ်ကာ ရှန်ဖူလက်ကို ကုတ်ပြီး နောက်မိုမို ဆီခုန်ပြေးတော့သည်။ မိုမို သူ့ဆီ ရောက်လာသော ကြောင်လေးကိုပိုက်ထားရင်း ရှန်ဖူ ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
ထိုအခါမှ ရှန်ဖူ သူဘာလုပ်မိမှန်းသတိထားမိကာ သူ့ရဲ့ ဒေါသထွက်နေသော မျက်နှာတွင် အားတင်းပြုံးထားသော အပြုံးတစ်ခုပေါ်လာသည်။
" ငါကကြောင်အရမ်းချစ်တော့လေ ကြောင်တွေ့တော့ မနေနိုင်ဖြစ်သွားတာ မင်းစိတ်မရှိရင် အဲ့ကြောင်ကို ငါ့ကိုပေးလိုက်လေ ငါက သားရဲနတ်ဘုရားတမန်တော် ဆိုတဲ့ဘွဲ့ ရထားတော့ နင့်လို လူထက် ပိုစောင့်ရှောက် နိုင်မှာပါ"
မိုမို ရှန်ဖူ ပြောစကားကြောင့် ကြောင်သွားသည်။ သူဘဲ လူမှု့ ဆက်ဆံရေး ညံ့လို့လား ဘာလားတော့မသိပေမယ့် ခုလိုသူများကြောင်ကိုလုတာတော့မဟုတ် သေးဘူးလေ ။
ဘယ်လောက်ဘဲ ကြောင်ချစ်သူ ဖြစ်နေပါစေပေါ့။ မိုမို ကြောင်ကိုပိုက်ပြီး ခြင်းကို လွယ်ကာဘာစကားမှမပြောဘဲ ရှန်ဖူကို လျစ်လျူရှု့ကာ ဂူသို့ပြန်သွားသည်။
ရှန်ဖူ သူ့ကို လျစ်လျူရူ့ သွားသော မိုမိုကိုကြည့်ကာ တောက်ခေါက်ရင်း လက်သီး စုပ်လိုက်မိသည်။
သူ့လို လူက ဘာများသိလို့လည်း အဲ့ကြောင်ဆီကနေ အင်အားကြီးတဲ့ အငွေ့သက်ကို ခံစားနေရတယ်။ သေချာတယ် အဲ့ကြောင်ကတစ်ခုခုဘဲ ။
ရှန်ဖူ သူကူးပြောင်းလာသည့်အချိန်က စွမ်းရည်တစ်ခုရခဲ့သည်။ ထိုစွမ်းကည်က အရိုင်းသားရဲ ဖြစ်ဖြစ် သားရဲဖြစ်ဖြစ် အမ မိန်းမ ဘယ်သူဘဲဖြစ်ဖြစ် သက်ရှိများရဲ့ အင်အားကို ခံစားလို့ရသည်။
ရှန်ဖူ သူ့လက်ရှိကြောင်ကုတ်ရာကိုကြည့်ကာ ကောက်ကျစ်စွာပြုံးရင်း တောထဲ ဝင်သွားသည်။
"မိုမို မိုမို သနားစရာကောင်လေး သူက ငါ့ကို ဆန့်ကျင်ရင် ဖြစ်မလဲမသိရှာဘူး "
Bạn đang đọc truyện trên: Truyen4U.Com