Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥
21
ရုတ်တရက် သူရေထဲမှာရှိနေသလို မျောလွင့်နေသောခံစားချက်မှ ကမ္ဘာ မြေဆွဲအားသက်ရောက်မှု့ ခံရသည့်ခံစားချက်မျိုးရလိုက်သည်၊၊
ဒုတ်
ထို့နောက် ကျောက်စိမ်းကဲ့သို့ဖြူဖွေးလှပသော လက်တစ်ဖက်က ရှေ့ရှိ များပြားလှသော လိုက်ကာစများကိုဖယ်လိုက်သည်။
"ရောက်လာပြီလား"
"လာခဲ့လေ"
"မား (အမေ)''
"အင်း"
"မား. မားမား"
မိုမို ရဲ့မိဘတွေကသူငယ်ငယ်ကတည်းက ကွာရှင်းခဲ့တာဖြစ်ပြီး အဖေဖြစ်သူက သူငယ်ငယ်ကတည်းကထွက်သွားကာ အမေဖြစ်သူကတော့ သူနဲ့အတူ ငါးနှစ်အရွယ်ထိနေထိုင်ခဲ့ပြီးမှ ထွက်သွားလေသည်။
"ဘယ်တစ်ခုကိုမေးတာလဲ"
"တောင်းပန်ပါတယ်"
"တောင်းပန်ပါတယ်"
မိုမိုရုတ်တရက်ကမ္ဘာမြေကြီးရဲ့ဆွဲအားမှကင်းလွတ်သွားသလိုခံစားလိုက်ရကာ သူအသိပြန်မဝင်ခင် များပြားလှသောရေများက သူ့နှာခေါင်း ပါးစပ်နှင့် နားထဲအလုံးအရင်းဝင်လာသည်။
မိုမိုရေထဲကျသွားပြီးနောက် ခုနကအသက်ရှုမှားလောက်အောင် လှပနေသော နေရာကရုတ်တရက် ပျောက်ကွယ်သွားကာ အိုဟောင်းပြီး ညစ်ပတ်နေသော ကန်ထဲရှိ ရုပ်ဆိုးအကျည်းတန်သော ကြာပန်းများနှင့် ဖြူဖွေးလှပသော လိုက်ကာစများက ပြဲစုတ်နေကာ ကျက်သရေရှိလှသော အဆောင်ငယ်လေးက အိုဟောင်းယိုယွင်းနေသည်။
uni
မိုမို တော့ရစ်အတိုင်း အော်ရိုခရစ်စတယ် နံရံကိုလက်ဖဝါးဖြင့်ထိလိုက်သည်။ အေးစိမ့်နေသော အထိတွေ့ကြောင့်သူ့တစ်ကိုယ်လုံး တုန်ယင်သွားကာ လျှပ်စီးလျော့ရိုက်လိုက်သလို ကျင်သွားပြီး အလိုလျောက်မျက်လုံးမိတ်လိုက်မိသည်။
ရုတ်တရက် သူရေထဲမှာရှိနေသလို မျောလွင့်နေသောခံစားချက်မှ ကမ်ဘာ မြေဆွဲအားသက်ရောက်မှု့ ခံရသည့်ခံစားချက်မျိုးရလိုက်သည်၊၊
သူမျက်လုံးဖွင့်လိုက်တော့ သူ့ရှေ့ကမြင်ကွင်းက လုံဝပြောင်းလဲသွားကာ အော်ရိုခရစ်စတယ် နံရံ ကြီးကမရှိတော့ဘဲ ထိုအစား မြူတွေနှင့်ဖုံးနေသော ကြာကန်တစ်ခုကိုရောက်နေသည်။
သူကလှေပေါ်မှာထိုင်နေကာ သူ့ရှေ့မှာတော့ တရုတ်ရှေးပန်းချီကားတွေလိုမျိုး မြင်ကွင်းတစ်ခုရှိနေသည်။ ကြာကန်ထဲတွင် ကြာပန်းပုံဖော်ထားသော မီးအိမ်ငယ်လေးတွေမျောနေကာ အလယ်တွင် နားနေဆောင်ပုံစံအဆောင်လေး တစ်ခုရှိသည်။
ထိုအဆောင်လေးကို အဖြူရောင်ပိုးစလိုက်ကာများဖြင့်ကာထားကာ အထဲတွင်တစ်စုံတစ်ယောက်ရဲ့အရိပ်ကို ဝိုးတိုးဝါးတားမြင်ရသည်။ ထိုအဆောင်လေးထဲတွင် နူးညံ့နေထွေးသော မီးအလင်းရောင်နှင့်အတူ သာယာသော ကုချင်းသံကိုကြားနေရသည်။
သူထိုင်နေသောသစ်သားလှေက ထိန်းချုပ်မှု့မပြုလုပ်ဘဲ ထိုအဆောင်ရှေ့မျောသွားလေသည်။
ဒုတ်
လှေထိပ်နှင့် အဆောင်ရဲ့ အောက်ခြေကထိမိပြီးတိုးညင်းသောအသံတစ်သံ ထွက်လာလေသည်။
ထို့နောက် ကျောက်စိမ်းကဲ့သို့ဖြူဖွေးလှပသော လက္တစ္ဖက္က ရှေ့ရှိ များပြားလှသော လိုက်ကာစများကိုဖယ်လိုက်သည်။
ထို့နောက်အဆောင်မှ အလွန်လှပသောအမျိုးသမီးတစ်ဦးပေါ်လာလေသည်။ သူမက အဖြူနှင့်အပြာ စပ်ထားသော လက်ကျယ်ရိုးရာ ဝတ္စုံဝတ္ထားကာ သူမရဲ့အဖြူရောင်ဆံနွယ်များကို ကြာပန်းပုံဆံထိုးလေးဖြင့်တစ်ဝက်သိမ်း ထာပြီး ကျန်တစ်ဝက်ကိုချထားလေသည်။ သူမနောက်တွင် လွင့်မျောနေသော အစတစ်ခုရှိပြီး ရှေးခေတ်ပန်းချီကားများက နတ်သမီးတွေဝတ်ထားသလိုဝတ်ဆင်ထားသည်။
"ရောက်လာပြီလား"
သူမရဲ့အသံက ကုချင်းသံထက်ကြည်လင်ပြီး ချိုမြကာ အလွန်နားထောင်ကောင်းနေသည်။
"လာခဲ့လေ"
ရုတ်တရက်တိုက်ခတ်လာသော လေနှင့်အတူ မိုမို ထိုအဆောင်ပေါ်သို့ ဘယ်ကဘယ်လိုရောက်သွားမှန်းမသိလိုက်ပေ။
"ဒီအရွယ်တောင်ရောက်လာပြီဘဲ"
သူမက သူ့ရဲ့ပါးကိုငြင်သာစွာပွတ်ကာ နီရဲနေသောမျက်လုံးများဖြင့်ကြည့်လာသည်။
"မား (အေမ)''
"အင်း"
မိုမို ရုတ်တရက်သူမကိုအမေလို့ခေါ်လိုက်မိပြီးတောင်းပန်ရင် ပြင်ချိန်မှာ ခပ်တိုးတိုးပြန်ဖြေသံကိုကြာလိုက်ရသည်။
ရုတ်တရက်သူ့တစ်ကိုယ်လုံးအပူတွေဆောင့်တက်လာသလိုဖြစ်သွားပြီး နှလုံးခုန်မြန်လာကာ သူ့မျက်လုံးက နီရဲလာပြီး မျက်ရည်များထိန်းအရအောင်ကျဆင်းလာသည်။
"မား. မားမား"
မိုမို ငိုသံစွတ်နေသောအသံဖြင့်ထပ်ကာထပ်ကာခေါ်နေမိသည်။
"အွန်း.. ကလေးလေး မားကလေးလေး ဘာလို့ငိုနေတာတုန်း"
ထိုအမျိုးသမီးက မိုမိုရဲ့မျက်ရည်တွေကို သူမအိင်္ကျီလက်ဖြင့် ငြင်သာစွာသုတ်ကာမေးလိုက်သည်။ သုမ မျက်လုံးမှ ရွှေရောက်မျက်ရည်များစီးကျလာကာ မျက်လုံးမှ ထွက်ထွက်ချင်း ထိုမျက်ရည်များက ရွှေရောင်အမှုန်အဖြစ်ပျောက်ကွယ်သွားသည်။
ကန်ထဲရှိကြာပန်းများက အသက်ရှိနေသလို အဝေးတွင် ပြန့်ကြဲနေသောပန်းများက အဆောင်နားတွင်စုရုံးလာပြီး သူတို့ရဲ့ပွင့်ချပ်တွေကိုလှုပ်ခါကာ ချော့မြူးနေသလို သေးငယ်သောအသံလှိုင်းများထုတ်လွှတ်နေသည်။
မိုမို ရဲ့မိဘတွေကသူငယ်ငယ်ကတည်းက ကွာရှင်းခဲ့တာဖြစ်ပြီး အေဖျဖစ္သူက သူငယ်ငယ်ကတည်းကထွက်သွားကာ အေမျဖစ္သူကေတာ့ သူနဲ့အတူ ငါးနှစ်အရွယ်ထိနေထိုင်ခဲ့ပြီးမှ ထွက်သွားလေသည်။
ပြောရရင်သူ့မိဘတွေရဲ့မျက်နှာကိုတောင် ကောင်းကောင်းမမှတ်မိပေ သူအရွယ်ရောက်လာသည့်အခါ သူ့မိဘတွေကိုရှာရန်မကြိုးစားခဲ့ပေ။ ဘာကြောင့်လဲဆိုတော့ သူတို့က မလိုချင်လို့စွန့်ပစ်ခဲ့တာလေ သွားရှာတော့ရောဘာများထူးလာမှာတုန်း။
ကျန်းလျိန်ဟွား သူမသားကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး ပါးစပ်မှတဖွားဖွားတောင်းပန်နေမိသည်။
"မာမား အခုက ဘာဖြစ်နေတာလဲပြောပြလို့ရမလား"
မိုမို အနည်းငယ်ထစ်နေသောအသံဖြင့်မေးလိုက်သည်။ သူ အမေလို့မခေါ်ခဲ့တာဆယ်စုနှစ် တစ်ခုထက်ကိုကျော်လွန်နေပြီ ဖြစ်ပြီး သူ့မွေးစားအမေကလွဲသာအကြိမ်အနည်းငယ် အမေလို့ခေါ်ခဲ့တာကြောင့် အမေဆိုသော စကားလုံးကိုပြောရတာအနည်းငယ်အသားမကျဖြစ်နေသည်။
လျိန်ဟွား ထိုအမေးကြောင့်တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
"ဘယ်တစ်ခုကိုမေးတာလဲ"
မိုမို သူ့ရဲ့အမေကိုစိုက်ကြည့်လိုက်ပြီး သူ့ပုခုံးပေါ်ရှိအမျိုးသမီးရဲ့လက်ကိုဖယ် လိုက်သည်။
"တောင်းပန်ပါတယ်"
လျိန်ဟွား အဖယ်ခံလိုက်ရသောသူမလက်ကို ကြည့်ကာခပ်တိုးတိုးပြောလိုက်သည်။
"အမေခုတော့ရှင်းပြလို့မရသေးဘူး အချိန်တန်ရင်သားသိလာမှာပါ"
"ဘယ်အချိန်ထိလဲ ကျွန်တော်သေပြီးနောင်ဘဝတစ်ခုကိုရောက်နေပြီ ဘာလဲ ကျွန်တော် ဘယ်နှစ်ခါလောက်သေပြီးမှ အဲ့အချိန်ဆိုတာကြီးကရောက်လာမှာလဲ ဘယ်ချိန်ထိလဲ "
မိုမို သူ့အမေစကားကြောင့်ဒေါသတကြီးအော်ဟစ် လိုက်မိသည်။
ရုတ်တရက်စကားတစ်ခွန်းမှမပြောဘဲ သူ့ရဲ့အဖေကထွက်သွားတယ် နောက်တော့ သူ့အမေကရုတ်တရက်လေလိုပျောက်သွားတယ် သူတစ်ယောက်ထဲ သူ့အဒေါ်တွေ လာမခေါ်ခင်ထိ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ ငါးနှစ်ကလေးလေးက လူမရှိတဲ့အိမ်ထဲမှာကြောက်လန့်တကြားဖြတ်သန်းခဲ့ရတယ် သူသေပြီး နောက်ဘဝတစ်ခုရောက်တော့လဲ အဲ့အမေဆိုသူကဘာမှမပြောဘဲ ပြန်ပေါ်လာတယ် သူဘာကိုမှမလိုချင်ပါဘူး သူသိချင်တာ ဒီတိုင်း ဘာလို့သူ့ကိုရုတ်တရက်ထားသွားရတာလဲဆိုတဲ့အကြောင်းလေးဘဲ သိချင်ခဲ့တာပါ သူလွန်သွားလို့လား။
"တောင်းပန်ပါတယ်"
လျိန်ဟွား သူမရှေ့ရှိ လူငယ်လေးရဲ့ခါးသီးစွာငိုနေသည့်ပုံကိုကြည့်ကာ သူမ ငိုသံဖြင့်တောင်းပန်စကားသာပြောထွက်သည်။ သူမနှလုံးသားက တစ်စုံတစ်ယောက်ဆုပ်ကိုင်ကစားနေသလို နာကျင်လွန်းလှကာ သူမခံနိုင်ရည်မရှိတော့ပေ။
ရုတ်ရက်သူမမျက်နှာက သေလုအောင်ဖြူဖျော့သွားသည်။
ုရုတ်တရက်မိုမို သူ့ရဲ့ နှဖူးမှနွေးထွေးသောအထိတွေ့နှင့်အတူ သူ့အမေရဲ့ခပ်တိုးတိုးစကားသံကိုကြားလိုက်ရသည်။
"ကလေးလေး မေမေမင်းကိုအမြဲချစ်နေမှာပါ မေမေ့အမှားတွေကိုတောင်းပန်ပါတယ်"
စကားဆုံးသည်နှင့် မိုမို ကြောင်နေသည်ကိုအခွင့်ယူကာ လျိန်းဟွာ သူမသားကိုတွန်းလိုက်သည်။
မိုမိုရုတ်တရက်ကမ်ဘာမြေကြီးရဲ့ဆွဲအားမှကင်းလွတ်သွားသလိုခံစားလိုက်ရကာ သူအသိပြန်မဝင်ခင် များပြားလှသောရေများက သူ့နှာခေါင်း ပါးစပ်နှင့် နားထဲအလုံးအရင်းဝင်လာသည်။
ထို့နောက်သူ့ကိုယ်ကို တစ်စုံတစ်ခုကရစ်ပတ်ကာ ဆွဲခေါ်သွားလေသည်။
မိုမိုရေထဲကျသွားပြီးနောက် ခုနကအသက်ရှုမှားလောက်အောင် လွပေနေသာ နေရာကရုတ်တရက် ပျောက်ကွယ်သွားကာ အိုဟောင်းပြီး ညစ်ပတ်နေသော ကန်ထဲရှိ ရုပ်ဆိုးအကျည်းတန်သော ကြာပန်းများနှင့် ဖြူဖွေးလှပသော လိုက္ကာစမ်ားက ပြဲစုတ်နေကာ ကျက်သရေရှိလှသော အဆောင်ငယ်လေးက အိုဟောင်းယိုယွင်းနေသည်။
အဆောင်ထဲရှိအမျိုးသမီးလျိန်ဟွား က ရုတ်တရက်ကြမ်းပြင်ပေါ်လဲကျသွားပြီး ရွှေရောင်ရှိသော သွေးများကို အဆက်မပြတ်အန်နေကာ ထိုသွေးများက ကြမ်းပြင်နှင့်မထိခင် အမှုန်အဖြစ်ပျောက်ကွယ်သွားသည်။
သူမ ဘေးရှိထောက်ကန်ပေးလာသောကြာအမြစ်များကို အားယူကာ ထရပ်လိုက်ပြီး ဗလာလေထုထဲသို့စိုက်ကြည့်လိုက်သည်။
"ရှင်စဉ်းတောင်မစဉ်းစားလိုက်နဲ့"
သူမ အက်ကွဲနေသောလေသံဖြင့်ပြောလိုက်ပြီးနောက်လဲကျသွားပြန်သည်။ သူမကိုထောက်ပံ့ပေးထားသောကြာမြစ်များက ခြောက်သွေ့သွားကာ ကြာကန်ထဲရှိ ကြာပန်းအချို့က အမှုန်တွေအဖြစ်ကူးပြောင်းသွားသည်။
သူမအဆေင်အစွန်းသို့သွားကာ သူမလက်ကိုဆန့်ထုတ်လိုက်ပြီး.အနီးရှိရေအချို့ကို သန့်စင်ရန်ကြိုးစားလိုက်သည်။
ကြာဆိုတာရေသန့်နေမှသာပေါက်ပေမယ့် သူမကြာပန်းတွေကတော့ ညစ်ပေနေသော ရေထဲတွင်ရှင်သန်နေရသည်။ သူမထိုရေတွေကိုအနည်းငယ်ဖြစ်ဖြစ် သန့်ရှင်းစေချင်သည်။
သို့သော် ယခင်နေ့များအတိုင်း ရေကပြောင်းလဲမှု့မရှိဘဲ ကြာကန်ထဲရှိ ကြာများသာ လျော့သွားသည်။ သူမ မောပန်းစွာဖြင့် အနီးရှိတိုင်တွင်မှီလိုက်သည်။ သူမရဲ့လှပသောဝတ်စုံကညစ်ပေနေကာ သပ်ရပ်လှသောဆံပင်များက ပြန့်ကြဲနေသည်မှာ ရောဂါဝေဒနာခံစားနေရသော သနားစရာအလှလေးနှင့်တူသည်။
Bạn đang đọc truyện trên: Truyen4U.Com